Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 5, 2016
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တပ်မတော်နဲ့ ညှိနှိုင်းနေကြောင်း ကန် သတင်းစာရေးသား
အပြန်အလှန်အားဖြင့် NLD ပါတီဖက်ကလည်း အစိုးရထိပ်တန်း ရာထူးတချို့ကို တပ်မတော်အနေနဲ့ ခန့်အပ်ခွင့်ပြုဖို့ ကမ်းလှမ်းခဲ့ကြောင်း အမည်မဖေါ်လိုတဲ့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောကြားတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး စတင်ကျင်းပမယ့်  ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များ ရွေးချယ်တင်မြှောက်ရေးအတွက် လွတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့လိုက် ဒုတိယ သမ္မတလောင်း အဆိုပြုမယ့်အစည်းအဝေးများ ကျင်းပရမယ့်နေ့ရက်ကို သတ်မှတ်ကြေညာမည်ဖြစ်ကြောင်း  ဖော်ပြထားပါတယ်။
RFA Burmese
.................
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: RFA
မြန်မာအစိုးရအဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုထုတ် The New York Times သတင်းစာက ရေးသားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ယူခွင့်ရရေးအတွက် မြန်မာ့တပ်မတော်နဲ့ NLD ပါတီအကြား ဆွေးနွေးမှုတွေ ရှိနေတယ်လို့ NLD ထိပ်တန်း ခေါင်းဆောင် ၂ ဦးက သောကြာနေ့မှာ ပြောကြားခဲ့ကြောင်း အဲ့ဒီသတင်းဆောင်းပါး မှာ ဖေါ်ပြထားပါတယ်။
အပြန်အလှန်အားဖြင့် NLD ပါတီဖက်ကလည်း အစိုးရထိပ်တန်း ရာထူးတချို့ကို တပ်မတော်အနေနဲ့ ခန့်အပ်ခွင့်ပြုဖို့ ကမ်းလှမ်းခဲ့ကြောင်း အမည်မဖေါ်လိုတဲဲ့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောကြားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်မတော်နဲ့ NLD အကြား ဝင်ရောက်ညှိနိုင်းပေးနေသူတွေထဲမှာ သူရ ဦးရွှေမန်း ပါဝင်တယ်လို့ ယုံကြည်ရကြောင်းလည်း သတင်းထောက် ကိုဝေမိုးနဲ့ Thomas Fuller တို့ မနေ့ကရက်စွဲနဲ့ ရေးသားတဲ့ The New York Times သတင်းစာက ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ အခု သတင်းနဲ့ ပတ်သက်ပြီး NLD ပါတီဖက်က တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
ဒီအတောအတွင်း ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စုု လွှတ်တော် အစည်းအဝေး စတင်ကျင်းပမယ့်  ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ နုုိင်ငံတော်သမ္မတနှင့် ဒုုတိယသမ္မတ များ ရွေးချယ်တင်မြှောက်ရေးအတွက် လွတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့လိုက် ဒုတိယ သမ္မတလောင်း အဆိုပြုမယ့်အစည်းအဝေးများ ကျင်းပရမယ့်နေ့ရက်ကို သတ်မှတ်ကြေညာမည်ဖြစ်ကြောင်း  ဖော်ပြထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment