Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

ျမန္မာ့လက္ေ႐ြးစင္ ေဘာလံုးအသင္း အဆင့္ငါးဆင့္တက္လာ


ေဖေဖာ္ဝါရီလအတြက္ ထုတ္ျပန္ခ်က္မွာ အဆင့္တက္လာတာျဖစ္ပါတယ္။
ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္(FIFA)ရဲ႕ ေဖေဖာ္ဝါရီလ အဆင့္သတ္မွတ္ခ်က္ ထုတ္ျပန္မႈမွာ ျမန္မာ့လက္ေ႐ြးစင္အသင္းက အဆင့္ ငါးဆင့္ ျမင့္တက္လာခဲဲ့ပါတယ္။ တစ္ကမၻာလံုးအဆင့္နဲ႔ယွဥ္ရင္ေတာ့ အဆင့္ ၁၅၃ ပါ။

ျမန္မာ့လက္ေ႐ြးစင္ ေဘာလံုးအသင္းဟာ ၿပီးခဲ့တဲ့လက ႏိုင္ငံတကာပြဲေတြ ကစားထားျခင္းမရွိခဲ့ပါဘူး။ ေဖေဖာ္ဝါရီလအတြက္ အဆင့္သတ္မွတ္ခ်က္မွာ ျမန္မာက အေ႐ွ႕ေတာင္အာ႐ွမွာ အဆင့္ ၅ ေနရာ ေရာက္လာခဲ့ၿပီး အာ႐ွႏိုင္ငံေတြထဲမွာေတာ့ အဆင့္ ၂၇ ေနရာမွာ ရပ္တည္ေနပါတယ္။ အေ႐ွ႕ေတာင္အာ႐ွရဲ႕ ထိပ္ဆံုးအဆင့္မွာ ထိုင္းအသင္းက ရပ္တည္ေနၿပီး ကမၻာ့အဆင့္မွာေတာ့ ဘယ္လ္ဂ်ီယံက အဆင့္ ၁ ျဖစ္ပါတယ္။Credit -Duwun
...............
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အဆင့်ငါးဆင့်တက်လာ

ဖေဖော်ဝါရီလအတွက် ထုတ်ပြန်ချက်မှာ အဆင့်တက်လာတာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ရဲ့ ဖေဖော်ဝါရီလ အဆင့်သတ်မှတ်ချက် ထုတ်ပြန်မှုမှာ မြန်မာ့လက်ရွေးစင်အသင်းက အဆင့် ငါးဆင့် မြင့်တက်လာခဲဲ့ပါတယ်။ တစ်ကမ္ဘာလုံးအဆင့်နဲ့ယှဉ်ရင်တော့ အဆင့် ၁၅၃ ပါ။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့လက နိုင်ငံတကာပွဲတွေ ကစားထားခြင်းမရှိခဲ့ပါဘူး။ ဖေဖော်ဝါရီလအတွက် အဆင့်သတ်မှတ်ချက်မှာ မြန်မာက အရှေ့တောင်အာရှမှာ အဆင့် ၅ နေရာ ရောက်လာခဲ့ပြီး အာရှနိုင်ငံတွေထဲမှာတော့ အဆင့် ၂၇ နေရာမှာ ရပ်တည်နေပါတယ်။ အရှေ့တောင်အာရှရဲ့ ထိပ်ဆုံးအဆင့်မှာ ထိုင်းအသင်းက ရပ်တည်နေပြီး ကမ္ဘာ့အဆင့်မှာတော့ ဘယ်လ်ဂျီယံက အဆင့် ၁ ဖြစ်ပါတယ်။Credit -Duwun

No comments:

Post a Comment