Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

KNU ဖဲြ႔စည္းျခင္း (၆၉)ႏွစ္ေျမာက္ အထိမ္းအမွတ္ KNU ထိန္းခ်ဳပ္နယ္ေျမအသီးသီးတြင္ က်င္းပ


ေဖေဖာ္၀ါရီ ၅ရက္၊ ၂၀၁၆ခုႏွစ္။ ေစာသိန္းျမင့္

ေဖေဖာ္ဝါရီ ၅ရက္ေန႔တြင္ က်ေရာက္ေသာ ကရင္အမ်ဳိးသားအစည္းအ႐ုံး(ေကအဲန္ယူ)ကို ဖဲြ႔စည္းျခင္း (၆၉) ႏွစ္ေျမာက္ အထိမ္းအမွတ္အေန႔ကို ေကအဲန္ယူ ထိန္းခ်ဳပ္ရာနယ္ေျမ သထုံ၊ ေတာင္ငူ၊ ေညာင္းေလးပင္၊ ဘိတ္ထားဝယ္၊ မူတေရာ္(ဖာပြန္)၊ ဒူးပလာယာႏွင့္ ဖားအံခ႐ုိင္တုိ႔တြင္ အသီးသီး က်င္းပခဲ့ၾကသည္ဟု KNU တြဲဖက္အတြင္းေရးမႉး(၁)ပဒုိေစာေသာသီဘဲြက ေျပာ သည္။

၎က “ကရင္အမ်ဳိးသားအစည္းအ႐ုံးကို ဖဲြ႔စည္းတည္ေထာင္ရတဲ့ ရည္ရြယ္ခ်က္ျဖစ္ေစ၊ လုပ္ေဖာ္ကုိင္ဖက္၊ ရဲေဘာ္ရဲဘက္၊ လူထုေတြကို အားေပးစကားေတြ ေျပာဖုိ႔အတြက္ျဖစ္ေစ ဒီေန႔ က်ေရာက္တဲ့ ကရင္အမ်ဳိးသားအစည္းအ႐ုံးေန႔မွာ သက္ဆုိင္ရာ ခ႐ုိင္၊ ၿမိဳ႕နယ္အသီးသီးေတြမွာ က်င္းပဖုိ႔ ညႊန္ၾကားထားၿပီးသားျဖစ္သလုိပဲ သူတုိ႔ အစီအစဥ္နဲ႔ သူတုိ႔ က်င္းပၾကတယ္״ဟု ေက အုိင္စီသုိ႔ ေျပာသည္။

KNU သည္ ကရင္တစ္မ်ဳိးသားလုံး စည္းလုံးညီညြတ္ေရး၊ ခ်စ္ခင္ရင္းႏွီးေရး၊ တစ္ျပည္ထဲ အတူေနထုိင္ႏုိင္ေရးတုိ႔ကို ျပန္လည္စု စည္းသည့္ အဖဲြ႔အစည္းျဖစ္၍ ကရင္တစ္မ်ဳိးသားလုံးအတြက္အေရးႀကီးေၾကာင္း၊ ၎ကရင္အမ်ဳိးသားအစည္းအ႐ုံး ျဖစ္ေပၚလာ ေရးအတြက္ ႀကိဳးပမ္းခဲ့ၾကေသာ ေခါင္းေဆာင္မ်ားကို ေအာက္ေမ့ဂုဏ္ျပဳသည့္အေနျဖင့္ က်င္းပရျခင္းျဖစ္သည္ဟုလည္း ပဒုိေစာ ေသာသီဘဲြက ျဖည့္စြက္ေျပာဆုိသည္။

ယေန႔ ဖားအံခ႐ုိင္၊ ေသ့ေဘ့ထာ့၌ က်င္းပသည့္ ၎ေကအဲန္ယူေန႔ အခမ္းအနားကို နံနက္ ၉နာရီမွ ၁၁နာရီအထိ က်င္းပခဲ့ၾကၿပီး ေကအဲန္ယူ အတြင္းေရးမႉးခ်ဳပ္ ပဒုိေစာကြယ္ထူး၀င္း၊ တြဲဖက္အတြင္းေရးမႉး(၁) ပဒုိေစာေသာသီဘဲြ၊ KNLA ဒု-စစ္ဦးစီးခ်ဳပ္ ဒုတိ ယဗုိလ္ခ်ဳပ္ႀကီး ေစာေဘာေက်ာ္ဟဲတုိ႔အျပင္ ရဲေဘာ္မ်ား၊ လူမႈအဖဲြ႔ႏွင့္ ေဒသခံရြာသားမ်ား စုစုေပါင္း ၃၀၀ေက်ာ္ တက္ေရာက္ခဲ့ ၾကကာ အခမ္းအနားတြင္ KNU ျဖစ္ေပၚလာပုံ စာတမ္းဖတ္ျပျခင္းႏွင့္ ေခါင္းေဆာင္မ်ားက အမွာစကား ေျပာၾကားခဲ့ၾကသည္။

ထို႔အျပင္ ေကအဲန္ယူ ဒူးပလာယာခ႐ုိင္၌ က်င္းပသည့္ ၆၉ႏွစ္ေျမာက္ KNU အထိမ္းအမွတ္ေန႔တြင္မူ ဒူးပလာယာခ႐ုိင္ ေကာ္မ တီဝင္မ်ား၊ ရဲေဘာ္ရဲဘက္မ်ားႏွင့္ ေဒသခံလူထုမ်ား စုေဝးၿပီး ေဟာေျပာပဲြ အစီအစဥ္မ်ား ျပဳလုပ္ခဲ့သည္ဟု ခ႐ုိင္ဥကၠ႒ျဖစ္သူ ပဒုိ ေစာေရႊေမာင္းက ေကအုိင္စီသုိ႔ ေျပာသည္။

“ကရင္အမ်ဳိးသားအစည္းအ႐ုံးကို ဖဲြ႔စည္းတည္ေထာင္ခဲ့တဲ့ ေခါင္းေဆာင္ေတြ သူတုိ႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈကို ေအာက္ေမ့ဂုဏ္ ျပဳဖုိ႔ ႏွစ္စဥ္ႏွစ္တုိင္း က်င္းပဖုိ႔က က်ေနာ္တုိ႔ရဲ႕ တာဝန္ျဖစ္တယ္။ က်ေနာ္တုိ႔ လုပ္ေဖာ္ကုိင္ဖက္ေတြၾကားမွာ ဒီေန႔ကို ျပန္လည္ သတိရဖုိ႔အတြက္ က်င္းပၾကတာျဖစ္ပါတယ္“ဟု ၎က ေျပာသည္။

၁၈၈၁ခုႏွစ္တြင္ ေဒါကလူအသင္း(Karen National Association) ဖဲြ႔စည္းခဲ့ပီးေနာက္ ၁၉၄၀ခုႏွစ္၌ ဗုဒၶဘာသာကရင္အမ်ဳိးသား အစည္းအ႐ုံး(BKNA)၊ ၁၉၄၃ခုႏွစ္တြင္ ကရင္ဗဟုိအဖဲြ႔ခ်ဳပ္(KCO)၊ ၁၉၄၆ခုႏွစ္၌ ကရင္လူငယ္အစည္းအ႐ုံး (KYO) စသည့္ အဖဲြ႔ အစည္း အမ်ားအျပား ေပၚေပါက္လာသည့္အေပၚ ႏုိင္ငံေရးေတာင္းဆုိမႈမ်ား လုပ္ေဆာင္သည့္အခါ အသံတစ္သံတည္းထြက္ရန္ ကရင္အမ်ဳိးသားအစည္းအ႐ုံး(KNU)ကို ၁၉၄၇ခုႏွစ္၊ ေဖေဖာ္၀ါရီ ၅ရက္ေန႔တြင္ စတင္ဖဲြ႔စည္းခဲ့ျခင္းျဖစ္သည္။

ေကအဲန္ယူ၏ ပထမဦးဆုံး ဥကၠဌမွာ ေစာစံဖုိးသင္ျဖစ္ၿပီး လက္ရွိ ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖုိးမွာ အ႒မေျမာက္ျဖစ္သည္။

 ေစာသိန္းျမင့္
ေကအုိင္စီ - KIC
http://kicnews.org
................


ဖေဖော်ဝါရီ ၅ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်

ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ကို ဖွဲ့စည်းခြင်း (၆၉) နှစ်မြောက် အထိမ်းအမှတ်အနေ့ကို ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေ သထုံ၊ တောင်ငူ၊ ညောင်းလေးပင်၊ ဘိတ်ထားဝယ်၊ မူတရော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံခရိုင်တို့တွင် အသီးသီး ကျင်းပခဲ့ကြသည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၁)ပဒိုစောသောသီဘွဲက ပြော သည်။

၎င်းက “ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်၊ လူထုတွေကို အားပေးစကားတွေ ပြောဖို့အတွက်ဖြစ်စေ ဒီနေ့ ကျရောက်တဲ့ ကရင်အမျိုးသားအစည်းအရုံးနေ့မှာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အသီးသီးတွေမှာ ကျင်းပဖို့ ညွှန်ကြားထားပြီးသားဖြစ်သလိုပဲ သူတို့ အစီအစဉ်နဲ့ သူတို့ ကျင်းပကြတယ်״ဟု ကေ အိုင်စီသို့ ပြောသည်။

KNU သည် ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ချစ်ခင်ရင်းနှီးရေး၊ တစ်ပြည်ထဲ အတူနေထိုင်နိုင်ရေးတို့ကို ပြန်လည်စု စည်းသည့် အဖွဲ့အစည်းဖြစ်၍ ကရင်တစ်မျိုးသားလုံးအတွက်အရေးကြီးကြောင်း၊ ၎င်းကရင်အမျိုးသားအစည်းအရုံး ဖြစ်ပေါ်လာ ရေးအတွက် ကြိုးပမ်းခဲ့ကြသော ခေါင်းဆောင်များကို အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်သည်ဟုလည်း ပဒိုစော သောသီဘွဲက ဖြည့်စွက်ပြောဆိုသည်။

ယနေ့ ဖားအံခရိုင်၊ သေ့ဘေ့ထာ့၌ ကျင်းပသည့် ၎င်းကေအဲန်ယူနေ့ အခမ်းအနားကို နံနက် ၉နာရီမှ ၁၁နာရီအထိ ကျင်းပခဲ့ကြပြီး ကေအဲန်ယူ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ KNLA ဒု-စစ်ဦးစီးချုပ် ဒုတိ ယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲတို့အပြင် ရဲဘော်များ၊ လူမှုအဖွဲ့နှင့် ဒေသခံရွာသားများ စုစုပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ ကြကာ အခမ်းအနားတွင် KNU ဖြစ်ပေါ်လာပုံ စာတမ်းဖတ်ပြခြင်းနှင့် ခေါင်းဆောင်များက အမှာစကား ပြောကြားခဲ့ကြသည်။

ထို့အပြင် ကေအဲန်ယူ ဒူးပလာယာခရိုင်၌ ကျင်းပသည့် ၆၉နှစ်မြောက် KNU အထိမ်းအမှတ်နေ့တွင်မူ ဒူးပလာယာခရိုင် ကော်မ တီဝင်များ၊ ရဲဘော်ရဲဘက်များနှင့် ဒေသခံလူထုများ စုဝေးပြီး ဟောပြောပွဲ အစီအစဉ်များ ပြုလုပ်ခဲ့သည်ဟု ခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒို စောရွှေမောင်းက ကေအိုင်စီသို့ ပြောသည်။

“ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို အောက်မေ့ဂုဏ် ပြုဖို့ နှစ်စဉ်နှစ်တိုင်း ကျင်းပဖို့က ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဒီနေ့ကို ပြန်လည် သတိရဖို့အတွက် ကျင်းပကြတာဖြစ်ပါတယ်“ဟု ၎င်းက ပြောသည်။

၁၈၈၁ခုနှစ်တွင် ဒေါကလူအသင်း(Karen National Association) ဖွဲ့စည်းခဲ့ပီးနောက် ၁၉၄၀ခုနှစ်၌ ဗုဒ္ဓဘာသာကရင်အမျိုးသား အစည်းအရုံး(BKNA)၊ ၁၉၄၃ခုနှစ်တွင် ကရင်ဗဟိုအဖွဲ့ချုပ်(KCO)၊ ၁၉၄၆ခုနှစ်၌ ကရင်လူငယ်အစည်းအရုံး (KYO) စသည့် အဖွဲ့ အစည်း အများအပြား ပေါ်ပေါက်လာသည့်အပေါ် နိုင်ငံရေးတောင်းဆိုမှုများ လုပ်ဆောင်သည့်အခါ အသံတစ်သံတည်းထွက်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ကို ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ ၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ၏ ပထမဦးဆုံး ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ပြီး လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှာ အဋ္ဌမမြောက်ဖြစ်သည်။

 စောသိန်းမြင့်
ကေအိုင်စီ - KIC
http://kicnews.org

No comments:

Post a Comment