Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 10, 2016

လှည်းတန်းဈေးသည်တွေကို စည်ပင်က မတရား အရေးယူ


လှည်းတန်းဈေးအပြင်ဘက် လမ်းဘေးဈေးတစ်နေရာကို တွေ့ရစဉ်။ Photo: RFA
ရန်ကုန်မြို့ လှည်းတန်းလမ်းနဲ့ ထန်းတပင်လမ်းထောင့်နားက လမ်းဘေးဈေးသည်တွေကို သက်ဆိုင်ရာ စည်ပင်သာယာ ဝန်ထမ်းတွေက ဈေးရောင်းခွင့်မရှိဘူးလို့ မနေ့ညနေက တားမြစ်တဲ့အခါမှာ၊ ဈေးဗန်းတွေပါမှောက်သွန်ပစ်တဲ့အတွက် ဆင်းရဲသားဈေးသည်တချို့ အရင်းအနှီးတွေ ထိခိုက်နစ်နာ သွားရတယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ မန္တလေးအခမဲ့စာကြည့်တိုက် တည်ထောင်သူ ပြည်သူ့ ဂုဏ်ရည်ဆုရှင် ကိုဇော်ဇော်က စည်ပင်ဝန်ထမ်းတွေအနေနဲ့ ဈေးရောင်းတဲ့နေရာခအတွက် ငွေမပေးနိုင်တဲ့ဈေးသည်တွေကို ဖမ်းလေ့ရှိတယ်လို့ RFA ကိုပြောပါတယ်။

"စည်ပင်သာယာက ဈေးသည်တွေကို မရောင်းရဘူးပေါ့နော်၊ ဒါပေမယ့် သူတို့က ကြမ်းကြမ်းတမ်းတမ်းပေါ့နော် ၊ ဈေးသည်တွေရဲ့ ပြောင်းဖူးဗန်းတွေတို့၊ မြေပဲတို့ နောက်တော့ ဟင်းသီးဟင်းရွက်ပေါ့လေ ဆွဲပြီးတော့ လွှင့်တယ်ပြု တယ်ပေါ့လေ၊ ငိုယိုပြီး တောင်းပန်တာပေါ့နော်၊ သူတို့မှာမရှိလို့ ဈေးရောင်းစားတယ်ပေါ့နော်၊ ခြေထောက်ကို ဖက်ပြီးတောင်းပန်တာတောင်မှ စောင်းမြောင်းပြီးတောင်မှ ပြောသွားတယ်ပေါ့ သူတို့က၊ လှည်းတန်းလမ်းမရော လှည်းတန်းဈေးရှိတဲ့နေရာကျတော့ လမ်းဘေးကကျဉ်းကျဉ်းလေးရယ်၊ ဒါပေမဲ့ စည်ပင်သာယာကို ဆိုင်တွေကနေ ပိုက်ဆံပေးထားတဲ့အတွက် အစောကြီးထွက်ခွင့်တယ်ခင်ဗျ၊ ဒီလိုပဲ ထန်းတပင်လမ်းထဲက ဈေးသည်တွေ ကျတော့ ငွေကြေးအသပြာမရတဲ့အတွက် ဖမ်းတယ်ဆီးတယ်ပေါ့"

အဲ့ဒီလှည်းတန်းတဝိုက် လမ်းဘေးဈေးသည်တွေဟာ စည်ပင်ဝန်ထမ်းတွေကို နေရာအတွက် နေ့စဉ်ငွေပေးပြီး ဈေးရောင်း လုပ်ကိုင်စားနေရသလို၊ ဝန်ထမ်းတွေကလည်း ငွေမပေးနိုင်တဲ့ ဈေးသည်တွေဆိုရင် မျက်နှာသာမပေးဘူးလို့ ပြောပါတယ်။


RFA Burmese
.................

လှည်းတန်းစျေးအပြင်ဘက် လမ်းဘေးစျေးတစ်နေရာကို တွေ့ရစဉ်။ Photo: RFA
ရန်ကုန်မြို့ လှည်းတန်းလမ်းနဲ့ ထန်းတပင်လမ်းထောင့်နားက လမ်းဘေးစျေးသည်တွေကို သက်ဆိုင်ရာ စည်ပင်သာယာ ဝန်ထမ်းတွေက စျေးရောင်းခွင့်မရှိဘူးလို့ မနေ့ညနေက တားမြစ်တဲ့အခါမှာ၊ စျေးဗန်းတွေပါမှောက်သွန်ပစ်တဲ့အတွက် ဆင်းရဲသားစျေးသည်တချို့ အရင်းအနှီးတွေ ထိခိုက်နစ်နာ သွားရတယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ မန္တလေးအခမဲ့စာကြည့်တိုက် တည်ထောင်သူ ပြည်သူ့ ဂုဏ်ရည်ဆုရှင် ကိုဇော်ဇော်က စည်ပင်ဝန်ထမ်းတွေအနေနဲ့ စျေးရောင်းတဲ့နေရာခအတွက် ငွေမပေးနိုင်တဲ့စျေးသည်တွေကို ဖမ်းလေ့ရှိတယ်လို့ RFA ကိုပြောပါတယ်။

"စည်ပင်သာယာက စျေးသည်တွေကို မရောင်းရဘူးပေါ့နော်၊ ဒါပေမယ့် သူတို့က ကြမ်းကြမ်းတမ်းတမ်းပေါ့နော် ၊ စျေးသည်တွေရဲ့ ပြောင်းဖူးဗန်းတွေတို့၊ မြေပဲတို့ နောက်တော့ ဟင်းသီးဟင်းရွက်ပေါ့လေ ဆွဲပြီးတော့ လွှင့်တယ်ပြု တယ်ပေါ့လေ၊ ငိုယိုပြီး တောင်းပန်တာပေါ့နော်၊ သူတို့မှာမရှိလို့ စျေးရောင်းစားတယ်ပေါ့နော်၊ ခြေထောက်ကို ဖက်ပြီးတောင်းပန်တာတောင်မှ စောင်းမြောင်းပြီးတောင်မှ ပြောသွားတယ်ပေါ့ သူတို့က၊ လှည်းတန်းလမ်းမရော လှည်းတန်းစျေးရှိတဲ့နေရာကျတော့ လမ်းဘေးကကျဉ်းကျဉ်းလေးရယ်၊ ဒါပေမဲ့ စည်ပင်သာယာကို ဆိုင်တွေကနေ ပိုက်ဆံပေးထားတဲ့အတွက် အစောကြီးထွက်ခွင့်တယ်ခင်ဗျ၊ ဒီလိုပဲ ထန်းတပင်လမ်းထဲက စျေးသည်တွေ ကျတော့ ငွေကြေးအသပြာမရတဲ့အတွက် ဖမ်းတယ်ဆီးတယ်ပေါ့"

အဲ့ဒီလှည်းတန်းတဝိုက် လမ်းဘေးစျေးသည်တွေဟာ စည်ပင်ဝန်ထမ်းတွေကို နေရာအတွက် နေ့စဉ်ငွေပေးပြီး စျေးရောင်း လုပ်ကိုင်စားနေရသလို၊ ဝန်ထမ်းတွေကလည်း ငွေမပေးနိုင်တဲ့ စျေးသည်တွေဆိုရင် မျက်နှာသာမပေးဘူးလို့ ပြောပါတယ်။

ကိုဇော်ဇော်ဟာ အဲ့ဒီလှည်းတန်းလမ်းဘေးမှာ ညဘက်ငါးကင်ရောင်းပြီး အခမဲ့စာကြည့်တိုက် တည်ထောင်ထားတဲ့ သူဖြစ်ပါတယ်။

RFA Burmese
https://burview.rfaweb.org

No comments:

Post a Comment