Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

ဧရာ၀တီလင္းပိုင္ေတြ မ်ိဳးတံုးမယ့္အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရ


ျမန္မာႏုိင္ငံက ဧရာ၀တီလင္းပိုင္ေတြ တႏွစ္ကို ၅ ေကာင္ႏႈန္းနဲ႔ ေလ်ာ့က်လာေနၿပီး မ်ိဳးတံုး ေပ်ာက္ကြယ္ေတာ့မယ့္အေရးနဲ႔ ရင္ဆုိင္ေနရတယ္လို႔ ဧရာ၀တီလင္းပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ေဆာင္ရြက္ ေနသူေတြက ေျပာဆိုပါတယ္။

ျမန္မာႏုိင္ငံမွာ အခုလက္ရွိ ဧရာ၀တီလင္းပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ေဆာင္ရြက္ခ်က္ေတြထက္ ပိုၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ထိန္းသိမ္းဖို႔ လိုေသးတယ္လု႔ိလည္း ေထာက္ျပ ေျပာဆိုပါတယ္။ မသိဂႌထုိက္ က အေၾကာင္းစံု တင္ျပထားပါတယ္။

မ်ိဳးတံုးေပ်ာက္ကြယ္ေတာ့မယ့္အေရးနဲ႔ ရင္ဆိုင္ေနရတဲ့ ဧရာ၀တီလင္းပိုင္ေတြရဲ႕ လက္ရွိ  အေျခအေနကို ႏုိင္ငံတကာ အဖြဲ႔အစည္းတခုျဖစ္တဲ့ Wildlife Conservation Society – WCS သားငွက္တိရစၦာန္ ထိန္းသိမ္းေရးအဖြဲ႔က  ဦးေက်ာ္လွသိန္းက အခုလို စၿပီး ေျပာပါတယ္။

“ဒီမ်ိဳးတံုးမယ့္အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရတယ္ဆုိတာ က်ေနာ္တုိ႔ ဒီ မႏၱေလးနဲ႔ ဗန္းေမာ္ၾကားေပါ့ေနာ္ ႏွစ္စဥ္ သုေတသနလုပ္ငန္းေတြ က်ေနာ္တုိ႔ လုပ္တာေပ့ါ။ ႏွစ္စဥ္လုပ္တဲ့အခါမွာ မႏၱေလးနဲ႔ ဗန္းေမာ္ၾကားမွာေတာ့ ၂၀၁၁ ခုႏွစ္ကစၿပီးေတာ့ က်ေနာ္တုိ႔ ၁ ႏွစ္ကို ၅ ေကာင္ေလာက္ ေလ်ာ့လာတယ္လို႔ စစ္တမ္းေတြအရ သိရတာေပါ့ေနာ္။”

WCS နဲ႔ ျမန္မာႏုိင္ငံ ငါးလုပ္ငန္း ဦးစီးဌာနတို႔ ႏွစ္စဥ္ ေကာက္ယူထားတဲ႔ တရား၀င္ စာရင္းဇယားေတြ အရေတာ့ ၂၀၁၂ ခုႏွစ္က ဧရာ၀တီလင္းပိုင္ ၈၆ ေကာင္ ရွိခဲ႔ရာကေန ၂၀၁၄ ခုႏွစ္ အေရာက္မွာေတာ့ ၅၈ ေကာင္ဘဲ က်န္ရွိေတာ့တယ္လို႔ WCS-Myanmar ရဲ႕ ၀ဘ္ဆုိက္မွာ ေဖာ္ျပပါတယ္။ သားငွက္တိရစၦာန္ထိန္းသိမ္းေရး အဖြဲ႔က ျမန္မာႏုိင္ငံ ငါးလုပ္ငန္း အဖြဲ႔ခ်ဳပ္နဲ႔ ပူးေပါင္းၿပီး ဧရာ၀တီ ျမစ္ေၾကာင္းတေလွ်ာက္က ဧရာ၀တီလင္းပိုင္ေတြကို ႏွစ္စဥ္ သုေတသနလုပ္ မွတ္တမ္းတင္ေနတာ ျဖစ္ပါတယ္။ ဒါ႔အျပင္ ဧရာ၀တီလင္းပိုင္ေတြ က်က္စားတဲ့ မႏၱေလးနဲ႔ ဗန္းေမာ္ၾကား ကီလိုမီတာ ၄၀၀ ခန္႔ ေဒသထဲကမွ ၇၄ ကီလိုမီတာရွိတဲ့ မႏၱေလးနဲ႔ ေက်ာက္ေျမာင္းၾကားကိုေတာ့ ဧရာ၀တီလင္းပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ေဒသအျဖစ္ ၂၀၀၅ ခုႏွစ္က စတင္သတ္မွတ္ၿပီး လစဥ္ ကင္းလွည့္ ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။  ဧရာ၀တီလင္းပိုင္ မ်ိဳးတံုးေပ်ာက္ကြယ္မယ့္ အေရးတင္မကဘဲ လင္းပိုင္ေတြနဲ႔ ငါးဖမ္းၾကတဲ့ ဓေလ့ကိုပါ မေပ်ာက္ကြယ္ေအာင္ ထိန္းသိမ္းေနတာ ျဖစ္တယ္လို႔လည္း ဦးေက်ာ္လွသိန္းက ေျပာပါတယ္။

ဒါေပမဲ့ ဧရာ၀တီလင္းပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ေရးမႈ လုပ္ငန္းေတြကို ႏုိင္ငံတကာ အဖြဲ႔အစည္း တခု ျဖစ္တဲ႔ Wildlife Conservation Society – WCS ရဲ႕ အကူအညီနဲ႔ ငါးလုပ္ငန္းဦးစီးဌာနရဲ႕ ေဆာင္ရြက္မႈက နယ္ေျမတခုလံုးကို ၿခံဳငံုႏုိင္ျခင္း မရွိေသးဘူးလို႔လည္း ဦးေက်ာ္လွသိန္းက ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ ဧရာ၀တီလင္းပိုင္နဲ႔ ပတ္သက္ၿပီးေတာ့ ဒီမွာထိန္းသိမ္းတာ က်ေနာ္တုိ႔ သားငွက္ထိန္းသိမ္းေရးအဖြဲ႔နဲ႔ ငါးလုပ္ငန္းဦးစီးဌာနနဲ႔ ေပါင္းၿပီးေတာ့ ဒါ လုပ္ေနတာေပါ့ေနာ္။ တျခားအဖြဲ႔အစည္းဆုိတာေတာ့ မရွိေသးဘူးဗ်။ မႏၱေလးနဲ႔ ေက်ာက္ေျမာင္းၾကားထဲမွာေတာ့ အရင္တုန္းက ၂၀၀၇၊ ၂၀၀၈ ေလာက္က ၁၈ ေကာင္ေလာက္ပဲရွိၿပီးေတာ့၊ က်ေနာ္တုိ႔ ထိန္းသိမ္းေရးေတြ လုပ္လာတယ္။ အဲဒီထဲမွာ တလကို ၂ ေခါက္ေလာက္ ပံုမွန္ ကင္းလွည့္ခရီးစဥ္နဲ႔ ပညာေပးခရီးစဥ္ေတြ လုပ္တဲ့အခါမွာ ၂၄ ေကာင္ေလာက္အထိ ဒီဧရိယာထဲမွာ တိုးလာတယ္ေပါ့ေနာ္။ ေမြးဖြားတာေတြ၊ ေသဆံုးတာေတြကိုလည္း က်ေနာ္တုိ႔ သိရတယ္ေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္တုိ႔ လက္လွမ္းမမီတဲ့ ဘယ္လိုေခၚမလဲ တႏွစ္တေခါက္ စစ္တမ္းေကာက္တဲ့ မႏၱေလးနဲ႔ ဗန္းေမာ္ၾကားေတာ့ လြတ္ေနတာေပ့ါေနာ္။ အထက္ပိုင္းေတြေပါ့ ေျပာရလို႔ရွိရင္။ ေက်ာက္ေျမာင္းရဲ႕အထက္ကေနၿပီးေတာ့ ဗန္းေမာ္အထိ အပိုင္းေတြေပါ့ေနာ္။ တကယ္လို႔ အဲဒီအပိုင္းေတြကိုပါ က်ေနာ္တုိ႔က ထိန္းသိမ္းႏုိင္မယ္ဆုိရင္ေတာ့ ပိုၿပီးေတာ့ အေကာင္အေရအတြက္လည္း တိုးတက္လာမယ္လို႔ က်ေနာ္ေတာ့ ထင္တာပဲခင္ဗ်။”

လင္းပိုင္ေတြ အဓိက ေသဆံုးရတာကေတာ့ ငါးဖမ္းပိုက္ေတြမွာ ၿငိမိတာ၊ ေနာက္ ဘက္ထရီ ေလွ်ာ့႐ိုက္ ဖမ္းဆီးမႈေတြေၾကာင့္ မေတာ္တဆ ေသဆံုးရတာေတြ ရွိေနတာလို႔လည္း ေထာက္ျပ ေျပာဆိုပါတယ္။ ဧရာ၀တီလင္းပိုင္ေတြက ျမန္မာ အပါအ၀င္ အေရွ႕ေတာင္ အာရွ ႏုိင္ငံေတြနဲ႔ ဘဂၤလားေဒရွ္႕ ႏုိင္ငံတို႔မွာ ေတြ႔ရၿပီး မ်ိဳးတံုးေပ်ာက္ကြယ္ေတာ့မယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတဲ့ ဧရာ၀တီလင္းပိုင္းေတြကို အကာအကြယ္ေပးၾကဖို႔  ေဟာင္ေကာင္မင္းသား ဂ်က္ကီခ်န္းကလည္း ၿပီးခဲ့တဲ့ႏွစ္အတြင္းက တုိက္တြန္းခဲ့ပါတယ္ရွင္။

မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........


မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင်တွေ တနှစ်ကို ၅ ကောင်နှုန်းနဲ့ လျော့ကျလာနေပြီး မျိုးတုံး ပျောက်ကွယ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက် နေသူတွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခုလက်ရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်ချက်တွေထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိန်းသိမ်းဖို့ လိုသေးတယ်လို့လည်း ထောက်ပြ ပြောဆိုပါတယ်။ မသိင်္ဂီထိုက် က အကြောင်းစုံ တင်ပြထားပါတယ်။

မျိုးတုံးပျောက်ကွယ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီလင်းပိုင်တွေရဲ့ လက်ရှိ  အခြေအနေကို နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Wildlife Conservation Society – WCS သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့က  ဦးကျော်လှသိန်းက အခုလို စပြီး ပြောပါတယ်။

“ဒီမျိုးတုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျနော်တို့ ဒီ မန္တလေးနဲ့ ဗန်းမော်ကြားပေါ့နော် နှစ်စဉ် သုတေသနလုပ်ငန်းတွေ ကျနော်တို့ လုပ်တာပေ့ါ။ နှစ်စဉ်လုပ်တဲ့အခါမှာ မန္တလေးနဲ့ ဗန်းမော်ကြားမှာတော့ ၂၀၁၁ ခုနှစ်ကစပြီးတော့ ကျနော်တို့ ၁ နှစ်ကို ၅ ကောင်လောက် လျော့လာတယ်လို့ စစ်တမ်းတွေအရ သိရတာပေါ့နော်။”

WCS နဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနတို့ နှစ်စဉ် ကောက်ယူထားတဲ့ တရားဝင် စာရင်းဇယားတွေ အရတော့ ၂၀၁၂ ခုနှစ်က ဧရာဝတီလင်းပိုင် ၈၆ ကောင် ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ် အရောက်မှာတော့ ၅၈ ကောင်ဘဲ ကျန်ရှိတော့တယ်လို့ WCS-Myanmar ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ဧရာဝတီ မြစ်ကြောင်းတလျှောက်က ဧရာဝတီလင်းပိုင်တွေကို နှစ်စဉ် သုတေသနလုပ် မှတ်တမ်းတင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့ မန္တလေးနဲ့ ဗန်းမော်ကြား ကီလိုမီတာ ၄၀၀ ခန့် ဒေသထဲကမှ ရ၄ ကီလိုမီတာရှိတဲ့ မန္တလေးနဲ့ ကျောက်မြောင်းကြားကိုတော့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအဖြစ် ၂၀၀၅ ခုနှစ်က စတင်သတ်မှတ်ပြီး လစဉ် ကင်းလှည့် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။  ဧရာဝတီလင်းပိုင် မျိုးတုံးပျောက်ကွယ်မယ့် အရေးတင်မကဘဲ လင်းပိုင်တွေနဲ့ ငါးဖမ်းကြတဲ့ ဓလေ့ကိုပါ မပျောက်ကွယ်အောင် ထိန်းသိမ်းနေတာ ဖြစ်တယ်လို့လည်း ဦးကျော်လှသိန်းက ပြောပါတယ်။

ဒါပေမဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးမှု လုပ်ငန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်တဲ့ Wildlife Conservation Society – WCS ရဲ့ အကူအညီနဲ့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဆောင်ရွက်မှုက နယ်မြေတခုလုံးကို ခြုံငုံနိုင်ခြင်း မရှိသေးဘူးလို့လည်း ဦးကျော်လှသိန်းက ပြောပါတယ်။

“လောလောဆယ်တော့ ဧရာဝတီလင်းပိုင်နဲ့ ပတ်သက်ပြီးတော့ ဒီမှာထိန်းသိမ်းတာ ကျနော်တို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပေါင်းပြီးတော့ ဒါ လုပ်နေတာပေါ့နော်။ တခြားအဖွဲ့အစည်းဆိုတာတော့ မရှိသေးဘူးဗျ။ မန္တလေးနဲ့ ကျောက်မြောင်းကြားထဲမှာတော့ အရင်တုန်းက ၂၀၀၇၊ ၂၀၀၈ လောက်က ၁၈ ကောင်လောက်ပဲရှိပြီးတော့၊ ကျနော်တို့ ထိန်းသိမ်းရေးတွေ လုပ်လာတယ်။ အဲဒီထဲမှာ တလကို ၂ ခေါက်လောက် ပုံမှန် ကင်းလှည့်ခရီးစဉ်နဲ့ ပညာပေးခရီးစဉ်တွေ လုပ်တဲ့အခါမှာ ၂၄ ကောင်လောက်အထိ ဒီဧရိယာထဲမှာ တိုးလာတယ်ပေါ့နော်။ မွေးဖွားတာတွေ၊ သေဆုံးတာတွေကိုလည်း ကျနော်တို့ သိရတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ လက်လှမ်းမမီတဲ့ ဘယ်လိုခေါ်မလဲ တနှစ်တခေါက် စစ်တမ်းကောက်တဲ့ မန္တလေးနဲ့ ဗန်းမော်ကြားတော့ လွတ်နေတာပေ့ါနော်။ အထက်ပိုင်းတွေပေါ့ ပြောရလို့ရှိရင်။ ကျောက်မြောင်းရဲ့အထက်ကနေပြီးတော့ ဗန်းမော်အထိ အပိုင်းတွေပေါ့နော်။ တကယ်လို့ အဲဒီအပိုင်းတွေကိုပါ ကျနော်တို့က ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ အကောင်အရေအတွက်လည်း တိုးတက်လာမယ်လို့ ကျနော်တော့ ထင်တာပဲခင်ဗျ။”

လင်းပိုင်တွေ အဓိက သေဆုံးရတာကတော့ ငါးဖမ်းပိုက်တွေမှာ ငြိမိတာ၊ နောက် ဘက်ထရီ လျှော့ရိုက် ဖမ်းဆီးမှုတွေကြောင့် မတော်တဆ သေဆုံးရတာတွေ ရှိနေတာလို့လည်း ထောက်ပြ ပြောဆိုပါတယ်။ ဧရာဝတီလင်းပိုင်တွေက မြန်မာ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့မှာ တွေ့ရပြီး မျိုးတုံးပျောက်ကွယ်တော့မယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီလင်းပိုင်းတွေကို အကာအကွယ်ပေးကြဖို့  ဟောင်ကောင်မင်းသား ဂျက်ကီချန်းကလည်း ပြီးခဲ့တဲ့နှစ်အတွင်းက တိုက်တွန်းခဲ့ပါတယ်ရှင်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment