Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

Online ေပၚက သတင္းကို သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း ေျဖ႐ွင္းပါၿပီ.


ဘယ္လိုရည္ရြယ္ခ်က္ေတြမ်ားလဲခင္မ်ာ ဘာအၿငိဳးေတြႀကီးေနၾကပါသလဲ
ဘာလို႔ခဏခဏအစေတြျပန္ျပန္ေဖၚၿပီး ရန္တိုက္ေနၾကပါသလဲ
 ေတာ္ေတာ္မ်ားမ်ားသိၿပီးျဖစ္ေပမယ့္ ထပ္ေျဖရွင္းဖို႔လိုအပ္မယ္ထင္လို႔ မသိေသးတဲ့သူမ်ားအတြက္
ထပ္ေျဖရွင္းလိုက္ပါတယ္ ဒီဓါတ္ပံုရဲ႕ရာဇဝင္ကိုစေျပာပါရေစ လြန္ခဲ့တဲ့၁၂ႏွစ္ေက်ာ္က ကၽြန္ေတာ့္သားႀကီး၅ ႏွစ္သားအရြယ္မွာ ဗုဒၶဘာသာဝင္တစ္ေယာက္အေနနဲ႔ ရွင္ျပဳေပးပါတယ္
သားရွင္ျပဳရင္းကၽြန္ေတာ့္သူငယ္ခ်င္းမ်ား လုပ္ေဖၚကိုင္ဘက္မ်ားအေတာ္မ်ားမ်ားကိုလဲ ကၽြန္ေတာ္တို႔မိသားစုမွရဟန္းဒါယကာခံၿပီး ကုသိုလ္ျပဳပါတယ္ ကၽြန္ေတာ္ကိုယ္တိုင္လဲရဟန္းဝတ္ပါတယ္
အပါးေလးဆယ္ေလာက္ အနဲဆံုးရွိပါလိမ့္မယ္ ကၽြန္ေတာ္တို႔ဒံုလဘဝတ္ေပမယ္ ဝိနည္း သိခၡါပုတ္ေတြကို တတ္ႏိုင္သမွ်ေစာင့္ထိမ္းပါတယ္ ဒီဓါတ္ပံုဟာ ကၽြန္ေတာ္တို႔လူထြက္တဲ့ေန႔မွာ ရဟန္းသိခါၡခ်အၿပီး ကိုရင္ႀကီးဘဝနဲ႔ ဘုန္းႀကီးေက်ာင္းသန္႔ရွင္းေရးလုပ္ၾကရင္း ႐ိုက္တဲ့ပံုျဖစ္ပါတယ္
အဲဒါေၾကာင့္အေပၚသဃၤန္းမပါျခင္းျဖစ္ပါတယ္ အမ်ားျပည္သူျပသဖို႔လဲမဟုတ္သလို Facebook အပါအဝင္ဘယ္မွာမွလဲမတင္ခဲ့ပါဘူး ဆိုလိုတာကသာသနာကို အၾကည္အၿငိဳပ်က္ေအာင္ ရည္ရြယ္ၾကံစည္
႐ိုက္ကူးေဖၚျပခဲ့ျခင္း လံုးဝမဟုတ္တာပါပဲ ေနာက္ႏွစ္အနည္းငယ္ၾကာေတာ့ ေရွြဝါေရာင္ေတာ္လွန္ေရးျဖစ္ပါတယ္ အဲဒီအခ်ိန္က်မွ အခ်ိန္ကိုက္ၿပီး (သာသနာေတာ္ကိုေစာ္ကားလိုက္တဲ့မင္းေမာ္ကြန္း) ဆိုတဲ့ေခါင္းစဥ္နဲ႔ အခုဓါတ္ပံုေတြတက္လာပါတယ္
ဘယ္ကဘယ္လိုဓါတ္ပံုေတြေပါက္သြားလဲ ကၽြန္ေတာ္စဥ္းစားလို႔မရပါဘူး ကၽြန္ေတာ္ေတာ္ေတာ္လည္းတုန္လႈပ္ပါတယ္ တကယ့္အိမ္မက္ဆိုးပါပဲ ကၽြန္ေတာ္လုပ္ခဲ့တဲ့ကုသိုလ္ဟာ အဲဒီအခ်ိန္မွာေတာ့အကုသိုလ္လို႔ အထင္ခံအျမင္ခံရပါတယ္ ေဝဖန္မႉေတြ အမ်ားႀကီးပါပဲ ဘယ္လိုရည္ရြယ္ခ်က္နဲ႔လုပ္လုပ္ ကၽြန္ေတာ့္
ဓါတ္ပံုေတြonline ေပၚတက္ေနပါၿပီ အိမ္သာေဆး တံပ်က္စည္းလွည္း ၾကမ္းတိုက္ အမိုက္သိမ္းေနတဲ့ပံုေတြက်ေတာ့ မပါပါဘူး ဘာပဲျဖစ္ျဖစ္အဲဒီဓါတ္ပံု႐ိုက္ခဲ့မိတာကိုက ကၽြန္ေတာ့္အမွားပါ ဘယ္သူတင္တင္
ကၽြန္ေတာ္တာဝန္ယူပါတယ္ ေခါင္းခံပါတယ္ ကၽြန္ေတာ္ခ်က္ခ်င္းေျဖရွင္းပါတယ္
Online က ဂ်ာနယ္ေတြက BBC,RFA စတဲ့ျမန္မာပိုင္းအစီအစဥ္ အင္တာဗ်ဴးေတြက ၿပီးေတာ့ သံဃာ့မဟာနာယကဆရာေတာ္ႀကီးေတြ ကၽြန္ေတာ္တို႔ဒံုလဘ ဝတ္တဲ့ ဓမၼေစတီေက်ာင္းတိုက္ကဆရာေတာ္
သံဃာေတာ္မ်ားကို အဖဲြ႕လိုက္(ဓါတ္ပံုထဲမွာပါသူမ်ား) ေလ်ာက္ထားေတာင္းပန္ခဲ့ၾကပါတယ္
ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီဒါဏ္ကေတာ့ ကၽြန္ေတာ္အလူးအလဲခံစားရတာပါပဲ
အဲဒီအတြက္ကိုလဲ ဘယ္သူ႔ကိုမွအျပစ္မတင္ပါဘူး ကိုယ္သတိမထားလို႔ မဆင္ျခင္လို႔ျဖစ္တယ္လို႔ပဲသေဘာထားပါတယ္ သင္ခန္းစာယူပါတယ္ ျပန္ေဆာက္တည္ပါတယ္ ခုထိလည္းအခ်ိန္ေပးၿပီး ဘာသာေရးလူမႉေရး ပရဟိတ ေတြကိုတတ္ႏိုင္သမွ်လုပေနတုန္းပါပဲ ကၽြန္ေတာ္ဗုဒၶဘာသာအစစ္ပါ
 ေန႔တိုင္းသရနဂံုေဆာက္တည္ပါတယ္ ကၽြန္ေတာ့္မိဘ ကၽြန္ေတာ့္အဖိုးအဖြား ကၽြန္ေတာ့္မ်ိဳး႐ိုးအကုန္ ဗုဒၶဘာသာေတြပါ ဘုရား တရား သံဃာ ကိုစိတ္နဲ႔ေတာင္မျပစ္မွားရဲပါဘူး
ကၽြန္ေတာ္သစၥာဆိုပါတယ္ အစျပန္မေဖၚၾကပါနဲ႔ေတာ့ဗ်ာ....
မင္းေမာ္ကြန္း
................


Online ပေါ်က သတင်းကို သရုပ်ဆောင် မင်းမော်ကွန်း ဖြေရှင်းပါပြီ...."

ဘယ်လိုရည်ရွယ်ချက်တွေများလဲခင်မျာ ဘာအငြိုးတွေကြီးနေကြပါသလဲ
ဘာလို့ခဏခဏအစတွေပြန်ပြန်ဖေါ်ပြီး ရန်တိုက်နေကြပါသလဲ
 တော်တော်များများသိပြီးဖြစ်ပေမယ့် ထပ်ဖြေရှင်းဖို့လိုအပ်မယ်ထင်လို့ မသိသေးတဲ့သူများအတွက်
ထပ်ဖြေရှင်းလိုက်ပါတယ် ဒီဓါတ်ပုံရဲ့ရာဇဝင်ကိုစပြောပါရစေ လွန်ခဲ့တဲ့၁၂နှစ်ကျော်က ကျွန်တော့်သားကြီး၅ နှစ်သားအရွယ်မှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ရှင်ပြုပေးပါတယ်
သားရှင်ပြုရင်းကျွန်တော့်သူငယ်ချင်းများ လုပ်ဖေါ်ကိုင်ဘက်များအတော်များများကိုလဲ ကျွန်တော်တို့မိသားစုမှရဟန်းဒါယကာခံပြီး ကုသိုလ်ပြုပါတယ် ကျွန်တော်ကိုယ်တိုင်လဲရဟန်းဝတ်ပါတယ်
အပါးလေးဆယ်လောက် အနဲဆုံးရှိပါလိမ့်မယ် ကျွန်တော်တို့ဒုံလဘဝတ်ပေမယ် ဝိနည်း သိခ္ခါပုတ်တွေကို တတ်နိုင်သမျှစောင့်ထိမ်းပါတယ် ဒီဓါတ်ပုံဟာ ကျွန်တော်တို့လူထွက်တဲ့နေ့မှာ ရဟန်းသိခါ္ခချအပြီး ကိုရင်ကြီးဘဝနဲ့ ဘုန်းကြီးကျောင်းသန့်ရှင်းရေးလုပ်ကြရင်း ရိုက်တဲ့ပုံဖြစ်ပါတယ်
အဲဒါကြောင့်အပေါ်သင်္ဃန်းမပါခြင်းဖြစ်ပါတယ် အများပြည်သူပြသဖို့လဲမဟုတ်သလို Facebook အပါအဝင်ဘယ်မှာမှလဲမတင်ခဲ့ပါဘူး ဆိုလိုတာကသာသနာကို အကြည်အငြိုပျက်အောင် ရည်ရွယ်ကြံစည်
ရိုက်ကူးဖေါ်ပြခဲ့ခြင်း လုံးဝမဟုတ်တာပါပဲ နောက်နှစ်အနည်းငယ်ကြာတော့ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပါတယ် အဲဒီအချိန်ကျမှ အချိန်ကိုက်ပြီး (သာသနာတော်ကိုစော်ကားလိုက်တဲ့မင်းမော်ကွန်း) ဆိုတဲ့ခေါင်းစဉ်နဲ့ အခုဓါတ်ပုံတွေတက်လာပါတယ်
ဘယ်ကဘယ်လိုဓါတ်ပုံတွေပေါက်သွားလဲ ကျွန်တော်စဉ်းစားလို့မရပါဘူး ကျွန်တော်တော်တော်လည်းတုန်လှုပ်ပါတယ် တကယ့်အိမ်မက်ဆိုးပါပဲ ကျွန်တော်လုပ်ခဲ့တဲ့ကုသိုလ်ဟာ အဲဒီအချိန်မှာတော့အကုသိုလ်လို့ အထင်ခံအမြင်ခံရပါတယ် ဝေဖန်မှူတွေ အများကြီးပါပဲ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်လုပ် ကျွန်တော့်
ဓါတ်ပုံတွေonline ပေါ်တက်နေပါပြီ အိမ်သာဆေး တံပျက်စည်းလှည်း ကြမ်းတိုက် အမိုက်သိမ်းနေတဲ့ပုံတွေကျတော့ မပါပါဘူး ဘာပဲဖြစ်ဖြစ်အဲဒီဓါတ်ပုံရိုက်ခဲ့မိတာကိုက ကျွန်တော့်အမှားပါ ဘယ်သူတင်တင်
ကျွန်တော်တာဝန်ယူပါတယ် ခေါင်းခံပါတယ် ကျွန်တော်ချက်ချင်းဖြေရှင်းပါတယ်
Online က ဂျာနယ်တွေက BBC,RFA စတဲ့မြန်မာပိုင်းအစီအစဉ် အင်တာဗျူးတွေက ပြီးတော့ သံဃာ့မဟာနာယကဆရာတော်ကြီးတွေ ကျွန်တော်တို့ဒုံလဘ ဝတ်တဲ့ ဓမ္မစေတီကျောင်းတိုက်ကဆရာတော်
သံဃာတော်များကို အဖွဲ့လိုက်(ဓါတ်ပုံထဲမှာပါသူများ) လျောက်ထားတောင်းပန်ခဲ့ကြပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဒါဏ်ကတော့ ကျွန်တော်အလူးအလဲခံစားရတာပါပဲ
အဲဒီအတွက်ကိုလဲ ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး ကိုယ်သတိမထားလို့ မဆင်ခြင်လို့ဖြစ်တယ်လို့ပဲသဘောထားပါတယ် သင်ခန်းစာယူပါတယ် ပြန်ဆောက်တည်ပါတယ် ခုထိလည်းအချိန်ပေးပြီး ဘာသာရေးလူမှူရေး ပရဟိတ တွေကိုတတ်နိုင်သမျှလုပနေတုန်းပါပဲ ကျွန်တော်ဗုဒ္ဓဘာသာအစစ်ပါ
 နေ့တိုင်းသရနဂုံဆောက်တည်ပါတယ် ကျွန်တော့်မိဘ ကျွန်တော့်အဖိုးအဖွား ကျွန်တော့်မျိုးရိုးအကုန် ဗုဒ္ဓဘာသာတွေပါ ဘုရား တရား သံဃာ ကိုစိတ်နဲ့တောင်မပြစ်မှားရဲပါဘူး
ကျွန်တော်သစ္စာဆိုပါတယ် အစပြန်မဖေါ်ကြပါနဲ့တော့ဗျာ....
မင်းမော်ကွန်း

No comments:

Post a Comment