Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ဦးေတဇဟိုတယ္ကို အစိုးရသတိေပး

သတင္း  ျပည္တြင္း  ႏိုင္ငံေရး
မင္းမင္း

ဓာတ္ပံု- Shwe San Eain Hotel

ေနျပည္ေတာ္(ေဖေဖာ္ဝါရီ ၁၆)။ ။ ဟိုတယ္တြင္ ႏုိင္ငံေရးဆိုင္ရာ အစည္းအေဝးမ်ား က်င္းပခြင့္မျပဳေၾကာင္း သမၼတဦးသိန္းစိန္တိုက္႐ိုက္ခန္႔အပ္ထားသည့္ ေနျပည္ေတာ္ေကာင္စီက ဦးေတဇ၏ ထူးေဆာက္လုပ္ေရးဖြံ႔ၿဖိဳးမႈအဖြဲ႔ထံ အသိေပးစာတစ္ေစာင္ေပးပို႔ အေၾကာင္းၾကားထားသည္။

ေဖေဖာ္ဝါရီ ၁၆ရက္၊ ရက္စြဲျဖင့္လိပ္မူကာ ထူးေဆာက္လုပ္ေရးဖြံ႔ၿဖိဳးမႈအဖြဲ႔ထံ ေနျပည္ေတာ္ေကာင္စီဥကၠဌ ကိုယ္စား ေကာင္စီဝင္ျဖစ္သူ ဗိုလ္မွဴးႀကီးမင္းေနာင္က လက္မွတ္ေရးထိုးေပးပို႔ထားျခင္းျဖစ္ေၾကာင္း ထူးကုမၸဏီ၏ အႀကီးတန္းတာဝန္ရွိသူတစ္ဦးက မဇၩိမကို အတည္ျပဳသည္။

ဒကၡိဏသီရိၿမိဳ႕နယ္တြင္ ႏုိင္ငံေတာ္ဧည့္ေဂဟာအား အာဆီယံထိပ္သီးအစည္းအေဝးသို႔ ျပည္တြင္းျပည္ပမွ ဧည့္သည္မ်ားလာေရာက္စဥ္ တည္းခိုေနထိုင္ရန္အတြက္ ကုမၸဏီ(၁၀)ခုသို႔ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့စီးပြားေရးဘဏ္၏ လွည့္ပတ္ ရန္ပံုေငြမွ သင့္ေတာ္ေသာအတိုးႏႈန္းျဖင့္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွတစ္ဆင့္ ေခ်းေငြသက္တမ္း(၅)ႏွစ္၊ ဆိုင္းငံ့(၁၀)ႏွစ္၊ (၁၀)ရစ္ဆပ္ စုစုေပါင္း (၁၅)ႏွစ္ျဖင့္ ေဆာင္ရြက္ခဲ့ေၾကာင္း၊ သို႔ျဖစ္ပါ၍ လိပ္မူပါ ဟိုတယ္မ်ားသည္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ေခ်းယူထားသည့္ ေခ်းေငြမေက်ေသးသည့္ကာလမ်ားတြင္ အဆိုပါ  ဟိုတယ္မ်ားသည္ ႏုိင္ငံပိုင္ဟိုတယ္မ်ားသာျဖစ္သျဖင့္ ဟိုတယ္တြင္ ႏုိင္ငံေရးပါတီမ်ား အစည္းအေဝး က်င္းပခြင့္မျပဳဟု အေၾကာင္းၾကားစာတြင္ ေရးသားထားသည္။

၂၀၁၅ခုႏွစ္၊ ဒီဇင္ဘာလအတြင္းက ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဦးေတဇ၏ ထူးကုမၸဏီပိုင္ ေရႊစံအိမ္ဟိုတယ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီ၏ အႏုိင္ရအမတ္မ်ားကို စြမ္းရည္ျမွင့္သင္တန္း ပို႔ခ်ခဲ့သည္။

အဆိုပါ သင္တန္း၏ တာဝန္ခံတစ္ဦးျဖစ္သူ ဦးမ်ိဳးရန္ေနာင္သိမ္းက "ကၽြန္ေတာ္သိသေလာက္ေတာ့ဗ်ာ၊ သင္တန္းကို အဲ့ဒီဟိုတယ္မွာမလုပ္ဖို႔ အစိုးရဘက္က တားခဲ့တယ္။ ကၽြန္ေတာ္တုိ႔ကို ႏွင္ခ်ခိုင္းတဲ့သေဘာေပါ့။ ဒါေပမယ့္ ဦးေတဇက ကၽြန္ေတာ္တို႔ကို ခြင့္ျပဳေပးခဲ့တယ္။ ဒီစာေရာက္တာကလည္း အဲ့ဒါရဲ့ ေနာက္ဆက္တြဲပဲ ျဖစ္မွာပါ" ဟု မဇၩိမကို ေျပာသည္။

ေရႊစံအိမ္ဟိုတယ္တြင္ NLDအမတ္မ်ားကို သင္တန္းခန္းမအျပင္ ေနစရာ၊ စားစရာမ်ားကို ဟိုတယ္က အခမဲစီစဥ္ေပးခဲ့သည္။

သင္တန္းစတင္ဖြင့္လွစ္ခဲ့သည့္ ဒီဇင္ဘာ ၁၆ရက္ေန႔တြင္ ေရႊစံအိမ္ဟိုတယ္သို႔ NLDပါတီမွ နာယကျဖစ္သူ ဦးတင္ဦးအပါအဝင္ ဦးဝင္းထိန္တို႔လည္း တက္ေရာက္ခဲ့ၿပီး သင္တန္းအတြက္ စီစဥ္ေပးခဲ့ေသာ ဟိုတယ္မွ တာဝန္ရွိသူမ်ားကို ေက်းဇူးတင္ေၾကာင္း သင္တန္းဖြင့္ပြဲအမွာစကားေျပာၾကားစဥ္ ဦးဝင္းထိန္က ထည့္သြင္းေျပာဆိုခဲ့ေသးသည္။

ယင္းသင္တန္းတြင္ အမတ္မ်ားအား  ဖြဲ႔စည္းပံုအေျခခံဥပေဒ၊ ဘတ္ဂ်က္၊ အဂၤလိပ္စာစြမ္းရည္၊ ဥပေဒျပဳေရးဆိုင္ရာကိစၥမ်ား စသည္တုိ႔ကို ပို႔ခ်ခဲ့သည္။

- See more at: http://mizzimaburmese.com/article/11251#sthash.aVkpEzLn.dpuf
.........
ဦးတေဇဟိုတယ်ကို အစိုးရသတိပေး
သတင်း  ပြည်တွင်း  နိုင်ငံရေး
မင်းမင်း


ဓာတ်ပုံ- Shwe San Eain Hotel

နေပြည်တော်(ဖေဖော်ဝါရီ ၁၆)။ ။ ဟိုတယ်တွင် နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပခွင့်မပြုကြောင်း သမ္မတဦးသိန်းစိန်တိုက်ရိုက်ခန့်အပ်ထားသည့် နေပြည်တော်ကောင်စီက ဦးတေဇ၏ ထူးဆောက်လုပ်ရေးဖွံ့ဖြိုးမှုအဖွဲ့ထံ အသိပေးစာတစ်စောင်ပေးပို့ အကြောင်းကြားထားသည်။

ဖေဖော်ဝါရီ ၁၆ရက်၊ ရက်စွဲဖြင့်လိပ်မူကာ ထူးဆောက်လုပ်ရေးဖွံ့ဖြိုးမှုအဖွဲ့ထံ နေပြည်တော်ကောင်စီဥက္ကဌ ကိုယ်စား ကောင်စီဝင်ဖြစ်သူ ဗိုလ်မှူးကြီးမင်းနောင်က လက်မှတ်ရေးထိုးပေးပို့ထားခြင်းဖြစ်ကြောင်း ထူးကုမ္ပဏီ၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

ဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံတော်ဧည့်ဂေဟာအား အာဆီယံထိပ်သီးအစည်းအဝေးသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်များလာရောက်စဉ် တည်းခိုနေထိုင်ရန်အတွက် ကုမ္ပဏီ(၁၀)ခုသို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ လှည့်ပတ် ရန်ပုံငွေမှ သင့်တော်သောအတိုးနှုန်းဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှတစ်ဆင့် ချေးငွေသက်တမ်း(၅)နှစ်၊ ဆိုင်းငံ့(၁၀)နှစ်၊ (၁၀)ရစ်ဆပ် စုစုပေါင်း (၁၅)နှစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ လိပ်မူပါ ဟိုတယ်များသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ချေးယူထားသည့် ချေးငွေမကျေသေးသည့်ကာလများတွင် အဆိုပါ  ဟိုတယ်များသည် နိုင်ငံပိုင်ဟိုတယ်များသာဖြစ်သဖြင့် ဟိုတယ်တွင် နိုင်ငံရေးပါတီများ အစည်းအဝေး ကျင်းပခွင့်မပြုဟု အကြောင်းကြားစာတွင် ရေးသားထားသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဦးတေဇ၏ ထူးကုမ္ပဏီပိုင် ရွှေစံအိမ်ဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အနိုင်ရအမတ်များကို စွမ်းရည်မြှင့်သင်တန်း ပို့ချခဲ့သည်။

အဆိုပါ သင်တန်း၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းက "ကျွန်တော်သိသလောက်တော့ဗျာ၊ သင်တန်းကို အဲ့ဒီဟိုတယ်မှာမလုပ်ဖို့ အစိုးရဘက်က တားခဲ့တယ်။ ကျွန်တော်တို့ကို နှင်ချခိုင်းတဲ့သဘောပေါ့။ ဒါပေမယ့် ဦးတေဇက ကျွန်တော်တို့ကို ခွင့်ပြုပေးခဲ့တယ်။ ဒီစာရောက်တာကလည်း အဲ့ဒါရဲ့ နောက်ဆက်တွဲပဲ ဖြစ်မှာပါ" ဟု မဇ္ဈိမကို ပြောသည်။

ရွှေစံအိမ်ဟိုတယ်တွင် NLDအမတ်များကို သင်တန်းခန်းမအပြင် နေစရာ၊ စားစရာများကို ဟိုတယ်က အခမဲစီစဉ်ပေးခဲ့သည်။

သင်တန်းစတင်ဖွင့်လှစ်ခဲ့သည့် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ရွှေစံအိမ်ဟိုတယ်သို့ NLDပါတီမှ နာယကဖြစ်သူ ဦးတင်ဦးအပါအဝင် ဦးဝင်းထိန်တို့လည်း တက်ရောက်ခဲ့ပြီး သင်တန်းအတွက် စီစဉ်ပေးခဲ့သော ဟိုတယ်မှ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း သင်တန်းဖွင့်ပွဲအမှာစကားပြောကြားစဉ် ဦးဝင်းထိန်က ထည့်သွင်းပြောဆိုခဲ့သေးသည်။

ယင်းသင်တန်းတွင် အမတ်များအား  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဘတ်ဂျက်၊ အင်္ဂလိပ်စာစွမ်းရည်၊ ဥပဒေပြုရေးဆိုင်ရာကိစ္စများ စသည်တို့ကို ပို့ချခဲ့သည်။

- See more at: http://mizzimaburmese.com/article/11251#sthash.aVkpEzLn.dpuf

No comments:

Post a Comment