Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ထိုင္းမွာ ကားခ်င္းတိုက္လို႔ ျမန္မာေတြ ေသဆုံး

 ေရလုပ္သားေတြ အပါအဝင္ ျမန္မာ အလုပ္သမား သန္းနဲ႔ခ်ီၿပီး ထိုင္းမွာ ရွိေန
ထိုင္းနိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ မနက္ ၃ နာရီေလာက္က ျမန္မာအလုပ္သမားေတြ လိုက္ပါလာတဲ့ ခရီးသည္တင္ ဘတ္စ္ကားနဲ႔ သဲကား တိုက္မိတဲ့ အတြက္ လူ ၆ ေယာက္ ေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့ ပါတယ္။

ဘန္ေကာက္ၿမိဳ႕ ေတာင္ဘက္ ခၽြန္းဘူရီၿမိဳ႕ ကေန မဲေဆာက္ၿမိဳ႕ကို သြားတဲ့ ႏွစ္ထပ္ ဘတ္စ္ကားနဲ႔ ၁၈ ဘီးတပ္ သဲကားတို႔ မဲေဆာက္ၿမိဳ႕မေရာက္ခင္ မိုင္ ၁၀ဝ ေက်ာ္ရွိတဲ့ ကမ္းဖဲန္ခရိုင္ ခေလာင္း ခလုန္ၿမိဳ႕ အနီးမွာ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့တာ ျဖစ္ပါတယ္။

ေသဆုံးသူက ၆ ေယာက္မွာ ျမန္မာ ၃ ေယာက္နဲ႔ ထိုင္း ၃ ေယာက္ ျဖစ္တယ္လို႔ ခေလာင္းခလုန္ ေဆး႐ုံ အေရးေပၚဌာနက က်န္းမာေရး ဝန္ထမ္း အမ်ိဳးသမီးက ေျပာပါတယ္။

ဒဏ္ရာရသူ စုစုေပါင္း ၄၉ ေယာက္ ရွိၿပီး ျမန္မာ ၃၄ ေယာက္ပါဝင္ ပါတယ္။

ဒဏ္ရာျပင္းသူ ၁၄ ေယာက္ကိုေတာ့ ကမ္းဖဲန္ေဖတ္ ခရိုင္ ေဆး႐ုံကို ပို႔ထားေၾကာင္းနဲ႔ သူတို႔ ေဆး႐ုံမွာ ၁၂ ေယာက္ပဲ က်န္တဲ့အေၾကာင္း အဲဒီ က်န္းမာေရး ဝန္ထမ္း အမ်ိဳးသမီးက ေျပာပါတယ္။

အြန္လိုင္းေပၚမွာ ေတြ႕ရတဲ့ ပုံေတြမွာ ကားႏွစ္စီးလုံး အႀကီးအက်ယ္ ပ်က္စီးသြားတာ ေတြ႕ရတာေၾကာင့္ ထိပ္တိုက္ တိုက္မိၾကတာ ျဖစ္နိုင္တယ္လို႔ ယူဆရပါတယ္။

ဘတ္စ္ကားေမာင္းသမားေရာ ကုန္တင္ကားေမာင္းသူပါ ေသဆုံးသြားတဲ့ အတြက္ ယာဥ္တိုက္မွု အေသးစိတ္ကို မသိေသးဘူးလို႔ ကယ္ဆယ္ေရးသမား တစ္ေယာက္က ဘီဘီစီကိုေျပာပါတယ္။

ခရီးသည္ေတြကလည္း အိပ္ေနလို႔ မသိလိုက္ဘူးလို႔ ဒဏ္ရာရသူ ျမန္မာအလုပ္သမားက ေျပာေၾကာင္း သူနာျပဳဆရာမက ျပန္ေျပာၿပ ပါတယ္။

ထိုင္းနိုင္ငံမွာ ယာဥ္တိုက္မွုေၾကာင့္ ေသဆုံးသူေတြ ရွိရင္ အာမခံကုမၸဏီက အနည္းဆုံး ၂ သိန္းကေန ၅ သိန္းအထိ ေလ်ာ္ေၾကး ရၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
.......
  ရေလုပ်သားတွေ အပါအဝင် မြန်မာ အလုပ်သမား သန်းနဲ့ချီပြီး ထိုင်းမှာ ရှိနေ
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၃ နာရီလောက်က မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ခရီးသည်တင် ဘတ်စ်ကားနဲ့ သဲကား တိုက်မိတဲ့ အတွက် လူ ၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ ပါတယ်။

ဘန်ကောက်မြို့ တောင်ဘက် ချွန်းဘူရီမြို့ ကနေ မဲဆောက်မြို့ကို သွားတဲ့ နှစ်ထပ် ဘတ်စ်ကားနဲ့ ၁၈ ဘီးတပ် သဲကားတို့ မဲဆောက်မြို့မရောက်ခင် မိုင် ၁၀ဝ ကျော်ရှိတဲ့ ကမ်းဖဲန်ခရိုင် ခလောင်း ခလုန်မြို့ အနီးမှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူက ၆ ယောက်မှာ မြန်မာ ၃ ယောက်နဲ့ ထိုင်း ၃ ယောက် ဖြစ်တယ်လို့ ခလောင်းခလုန် ဆေးရုံ အရေးပေါ်ဌာနက ကျန်းမာရေး ဝန်ထမ်း အမျိုးသမီးက ပြောပါတယ်။

ဒဏ်ရာရသူ စုစုပေါင်း ၄၉ ယောက် ရှိပြီး မြန်မာ ၃၄ ယောက်ပါဝင် ပါတယ်။

ဒဏ်ရာပြင်းသူ ၁၄ ယောက်ကိုတော့ ကမ်းဖဲန်ဖေတ် ခရိုင် ဆေးရုံကို ပို့ထားကြောင်းနဲ့ သူတို့ ဆေးရုံမှာ ၁၂ ယောက်ပဲ ကျန်တဲ့အကြောင်း အဲဒီ ကျန်းမာရေး ဝန်ထမ်း အမျိုးသမီးက ပြောပါတယ်။

အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ပုံတွေမှာ ကားနှစ်စီးလုံး အကြီးအကျယ် ပျက်စီးသွားတာ တွေ့ရတာကြောင့် ထိပ်တိုက် တိုက်မိကြတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဘတ်စ်ကားမောင်းသမားရော ကုန်တင်ကားမောင်းသူပါ သေဆုံးသွားတဲ့ အတွက် ယာဉ်တိုက်မှု အသေးစိတ်ကို မသိသေးဘူးလို့ ကယ်ဆယ်ရေးသမား တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

ခရီးသည်တွေကလည်း အိပ်နေလို့ မသိလိုက်ဘူးလို့ ဒဏ်ရာရသူ မြန်မာအလုပ်သမားက ပြောကြောင်း သူနာပြုဆရာမက ပြန်ပြောပြ ပါတယ်။

ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေ ရှိရင် အာမခံကုမ္ပဏီက အနည်းဆုံး ၂ သိန်းကနေ ၅ သိန်းအထိ လျော်ကြေး ရကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment