Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

ဗုဒၶဘာသာ၀င္မ်ားကို သတ္ျဖတ္ပါက တစ္ႏိုင္ငံလံုးရွိ မြတ္စလင္မ်ားကို လက္တုံ႔ျပန္မည္ဟု ထိုင္းအထင္ကရဘုန္းႀကီး သတိေပး

ကမၻာ့သတင္း
စီအင္ေအ

ဘန္ေကာက္၊ ေဖေဖာ္၀ါရီ - ၈ ။              ။ ၄င္းတို႔၏ ဘာသာမွာ အစၥလာမ္၏ ၿခိမ္းေျခာက္မႈခံေနရသည္ဟု ယူဆေနၾကသည့္ ဗုဒၶဘာသာဘုန္းႀကီးမ်ားက ေသြးထိုးေနေသာေၾကာင့္ ထိုင္းႏိုင္ငံတြင္ အစၥလာမ္ ဆန္႔က်င္ေရး စိတ္ဓာတ္မ်ား ႏိုးၾကားလာေနလွ်က္ရွိသည္။

ေတာင္ပိုင္းတြင္ ၁၂ႏွစ္ၾကာ လက္နက္ကိုင္ေသာင္းက်မ္းမႈႏွင့္ အိမ္နီးခ်င္းျမန္မာႏိုင္ငံတြင္ ဗုဒၶဘာသာ အစြန္းေရာက္မ်ား ၾသဇာႀကီးထြားလာမႈမ်ားက အႏွံ႕အျပားျဖစ္ေပၚေနသည့္ စိုးရိမ္ေသာကမ်ားကို ပိုမိုဆိုးရြားသြားေစသည္ဟု ဆိုသည္။

ဘန္ေကာက္အေျခစိုက္ ဗုဒၶဘာသာဘုန္းႀကီး မဟာ အဖီခ်တ္မွာ သူ႔စိတ္ထဲရွိသည့္အတုိင္း ေျပာဖို႔ ၀န္မေလးသူပင္ျဖစ္သည္။ အသက္၃၀အရြယ္ရွိၿပီျဖစ္သည့္ အဖီခ်တ္မွာ မေလးမြတ္စလင္ အမ်ားစု ေနထိုင္ရာ ေတာင္ပိုင္းတြင္ အသတ္ခံခဲ့ရသည့္ ဘုန္းႀကီးတိုင္းအတြက္ ဗလီတစ္ခုကို မီးရိႈ႕ရန္ ထိုင္း ဗုဒၶဘာသာ၀င္မ်ားကို လူမႈမီဒီယာတြင္ တိုက္တြန္းၿပီးေနာက္တြင္ နာမည္ဆိုးျဖင့္ ေက်ာ္ၾကား လာခဲ့သည္။

၁၂ေက်ာ္ သူပုန္ထမႈတြင္ ဗုဒၶဘာသာဘုန္းႀကီး အပါး ၂၀ မွ် အသတ္ခံခဲ့ရၿပီး အေျမာက္အမ်ား ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ၾကသည္။ ‘စိတ္ဓာတ္ေရးရာအရ ဒီမက္ေဆ့ခ်္ကို တင္ခဲ့တာပါ။ က်ဳပ္တုိ႔ကို သတ္ျဖတ္ေနတာေတြကို ရပ္တန္႔ဖို႔ မြတ္စလင္ေတြကို ေျပာခ်င္တယ္။

က်ဳပ္တို႔ ဒါကို သည္းမခံႏိုင္ေတာ့ဘူး။ ဗုဒၶဘာသာ၀င္ေတြနဲ႔ ဘုန္းႀကီးေတြကို ထပ္ၿပီးသတ္ေနဦးမယ္ဆိုရင္ က်ဳပ္တို႔ လက္တု႔ံျပန္ရလိမ့္မယ္။ က်ေနာ္တို႔ရဲ႕ လက္တုန္႔ျပန္မႈက ေတာင္ပိုင္းတင္မဟုတ္ဘူး တစ္ႏိုင္ငံလံုးက မြတ္စလင္ေတြကိုပါ ဆန္႔က်င္သြားမယ္’ဟု အဖီခ်တ္က ေျပာၾကားခဲ့သည္။

ယခုအခ်ိန္အထိ မည္သည့္ ဗလီကိုမွ် မီးတင္မရႈိ႕ရေသးေသာ္လည္း အြန္လိုင္းတြင္ အစၥလာမ္ဆန္႔က်င္ေရးစိတ္ဓာတ္မ်ားမွာ ခိုင္မာအားေကာင္းလာေနၿပီျဖစ္ၿပီး၊ အဖီခ်က္ကလူမႈမီဒီယာကို ေကာင္းေကာင္း အသုံးခ်၍ အမုန္းပြားေစသည့္ သတင္းစကားကို ျဖန္႔ေ၀ေနသည္။

အဖီခ်တ္က ဇန္န၀ါရီလက ပတ္တာနီတြင္ ဗုဒၶဘာသာပန္းၿခံတစ္ခု တည္ေဆာက္မႈကို မြတ္စလင္အသိုင္းအ၀ိုင္းက ဆန္႔က်င္မႈႏွင့္ မၾကာေသးမီက ခ်င္းမိုင္တြင္ ဟာလာစားေသာက္ဆိုင္တစ္ခု ဖြင့္လွစ္မႈကို ဗုဒၶဘာသာဘုန္းႀကီးမ်ားက ကန္႔ကြက္မႈကဲ့သို႔ေသာ ေဒသတြင္းပဋိပကၡမ်ားကို အသံုးခ်ကာ ဘာသာေရးတင္းမာမႈမ်ား ျမင့္မားလာေအာင္ ေသြးထိုးလႈံ႕ေဆာ္ေနသည္။

အဖီခ်တ္၏ နည္းစနစ္မ်ားမွာ အံၾသစရာေတာ့မဟုတ္ပါ။ သူက ျမန္မာ အမာခံဘုန္းႀကီး အရွင္ ၀ီရသူႏွင့္ ၄င္း၏ မြတ္စလင္ဆန္႔က်င္ေရး ၾသ၀ါဒမ်ားကို ကိုးကားကာ ထိုင္းဗုဒၶဘာသာကို ကာကြယ္ရန္ အတြက္ စံနမူနာအျဖစ္ အတုယူသည္။

‘ေရႊျပည္ေအးတရားက ေတာင္ပိုင္းကလိုမ်ိဳး အႏၱရာယ္ေတြကို ရင္ဆိုင္ရာမွာ အကူအညီမျဖစ္ဘူး။ ဒါေပမယ့္ ရန္ကိုရန္ခ်င္းတုံ႔ႏွင္းမႈကသာလွ်င္ အလုပ္ျဖစ္ႏုိင္တယ္။ ဒါက ျမန္မာျပည္မွာ ျဖစ္ေနတာပဲ။ က်ဳပ္က ၀ီရသူရဲ႕နည္းလမ္းကို ထိုင္းႏိုင္ငံမွာ ျပန္သံုးေနတာပါ’ဟု အဖီခ်တ္က ေျပာၾကားခဲ့သည္။

- See more at: http://mizzimaburmese.com/article/10923#sthash.APkAQCQF.SeOFXFvT.dpuf
.................
ဗုဒ္ဓဘာသာဝင်များကို သတ်ဖြတ်ပါက တစ်နိုင်ငံလုံးရှိ မွတ်စလင်များကို လက်တုံ့ပြန်မည်ဟု ထိုင်းအထင်ကရဘုန်းကြီး သတိပေး
ကမ္ဘာ့သတင်း
စီအင်အေ

ဘန်ကောက်၊ ဖေဖော်ဝါရီ - ၈ ။              ။ ၄င်းတို့၏ ဘာသာမှာ အစ္စလာမ်၏ ခြိမ်းခြောက်မှုခံနေရသည်ဟု ယူဆနေကြသည့် ဗုဒ္ဓဘာသာဘုန်းကြီးများက သွေးထိုးနေသောကြောင့် ထိုင်းနိုင်ငံတွင် အစ္စလာမ် ဆန့်ကျင်ရေး စိတ်ဓာတ်များ နိုးကြားလာနေလျှက်ရှိသည်။

တောင်ပိုင်းတွင် ၁၂နှစ်ကြာ လက်နက်ကိုင်သောင်းကျမ်းမှုနှင့် အိမ်နီးချင်းမြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အစွန်းရောက်များ သြဇာကြီးထွားလာမှုများက အနှံ့အပြားဖြစ်ပေါ်နေသည့် စိုးရိမ်သောကများကို ပိုမိုဆိုးရွားသွားစေသည်ဟု ဆိုသည်။

ဘန်ကောက်အခြေစိုက် ဗုဒ္ဓဘာသာဘုန်းကြီး မဟာ အဖီချတ်မှာ သူ့စိတ်ထဲရှိသည့်အတိုင်း ပြောဖို့ ၀န်မလေးသူပင်ဖြစ်သည်။ အသက်၃၀အရွယ်ရှိပြီဖြစ်သည့် အဖီချတ်မှာ မလေးမွတ်စလင် အများစု နေထိုင်ရာ တောင်ပိုင်းတွင် အသတ်ခံခဲ့ရသည့် ဘုန်းကြီးတိုင်းအတွက် ဗလီတစ်ခုကို မီးရှို့ရန် ထိုင်း ဗုဒ္ဓဘာသာဝင်များကို လူမှုမီဒီယာတွင် တိုက်တွန်းပြီးနောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြား လာခဲ့သည်။

၁၂ကျော် သူပုန်ထမှုတွင် ဗုဒ္ဓဘာသာဘုန်းကြီး အပါး ၂၀ မျှ အသတ်ခံခဲ့ရပြီး အမြောက်အများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ‘စိတ်ဓာတ်ရေးရာအရ ဒီမက်ဆေ့ချ်ကို တင်ခဲ့တာပါ။ ကျုပ်တို့ကို သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ မွတ်စလင်တွေကို ပြောချင်တယ်။

ကျုပ်တို့ ဒါကို သည်းမခံနိုင်တော့ဘူး။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းကြီးတွေကို ထပ်ပြီးသတ်နေဦးမယ်ဆိုရင် ကျုပ်တို့ လက်တု့ံပြန်ရလိမ့်မယ်။ ကျနော်တို့ရဲ့ လက်တုန့်ပြန်မှုက တောင်ပိုင်းတင်မဟုတ်ဘူး တစ်နိုင်ငံလုံးက မွတ်စလင်တွေကိုပါ ဆန့်ကျင်သွားမယ်’ဟု အဖီချတ်က ပြောကြားခဲ့သည်။

ယခုအချိန်အထိ မည်သည့် ဗလီကိုမျှ မီးတင်မရှို့ရသေးသော်လည်း အွန်လိုင်းတွင် အစ္စလာမ်ဆန့်ကျင်ရေးစိတ်ဓာတ်များမှာ ခိုင်မာအားကောင်းလာနေပြီဖြစ်ပြီး၊ အဖီချက်ကလူမှုမီဒီယာကို ကောင်းကောင်း အသုံးချ၍ အမုန်းပွားစေသည့် သတင်းစကားကို ဖြန့်ဝေနေသည်။

အဖီချတ်က ဇန်နဝါရီလက ပတ်တာနီတွင် ဗုဒ္ဓဘာသာပန်းခြံတစ်ခု တည်ဆောက်မှုကို မွတ်စလင်အသိုင်းအဝိုင်းက ဆန့်ကျင်မှုနှင့် မကြာသေးမီက ချင်းမိုင်တွင် ဟာလာစားသောက်ဆိုင်တစ်ခု ဖွင့်လှစ်မှုကို ဗုဒ္ဓဘာသာဘုန်းကြီးများက ကန့်ကွက်မှုကဲ့သို့သော ဒေသတွင်းပဋိပက္ခများကို အသုံးချကာ ဘာသာရေးတင်းမာမှုများ မြင့်မားလာအောင် သွေးထိုးလှုံ့ဆော်နေသည်။

အဖီချတ်၏ နည်းစနစ်များမှာ အံသြစရာတော့မဟုတ်ပါ။ သူက မြန်မာ အမာခံဘုန်းကြီး အရှင် ၀ီရသူနှင့် ၄င်း၏ မွတ်စလင်ဆန့်ကျင်ရေး သြဝါဒများကို ကိုးကားကာ ထိုင်းဗုဒ္ဓဘာသာကို ကာကွယ်ရန် အတွက် စံနမူနာအဖြစ် အတုယူသည်။

‘ရွှေပြည်အေးတရားက တောင်ပိုင်းကလိုမျိုး အန္တရာယ်တွေကို ရင်ဆိုင်ရာမှာ အကူအညီမဖြစ်ဘူး။ ဒါပေမယ့် ရန်ကိုရန်ချင်းတုံ့နှင်းမှုကသာလျှင် အလုပ်ဖြစ်နိုင်တယ်။ ဒါက မြန်မာပြည်မှာ ဖြစ်နေတာပဲ။ ကျုပ်က ၀ီရသူရဲ့နည်းလမ်းကို ထိုင်းနိုင်ငံမှာ ပြန်သုံးနေတာပါ’ဟု အဖီချတ်က ပြောကြားခဲ့သည်။

- See more at: http://mizzimaburmese.com/article/10923#sthash.APkAQCQF.SeOFXFvT.dpuf

No comments:

Post a Comment