Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

ဦးပိုင္၊ ဝမ္ေပါင္ႏွင့္ ရဲတို႔အား နာေရးခ်သည့္သရုပ္ေဖာ္မႈမ်ားျဖင့္ သီးႏွံေလ်ာ္ေၾကး ရရွိရန္ေတာင္းဆို

သတင္း  ျပည္တြင္း
မာန္ဇာေျမမြန္

မံုရြာ၊ ေဖေဖာ္ဝါရီ ၈ ။ ။ လက္ပံေတာင္းေတာင္ ေဒသခံမ်ား တစ္ႏွစ္စာသီးႏွံေလ်ာ္ေၾကးရရွိရန္ အတြက္ ဦးပိုင္ကုမၸဏီ၊ ဝမ္ေပါင္ကုမၼဏီ ႏွင့္ ရဲတပ္ဖြဲ႔တို႔အား နာေရးခ်သည့္သရုပ္ေဖာ္မႈမ်ားျဖင့္ ေဖေဖာ္ဝါရီ ၈ ရက္ မြန္းလႊဲ ၂ နာရီခန္႔က ေတာင္းဆိုခ့ဲၾကသည္။

ပုသိမ္ မံုရြာ လမ္းဆံုတြင္ ယင္းသုိ႔ ေတာင္းဆိုခ့ဲၾကျခင္းျဖစ္ျပီး ျမန္မာဝမ္ေပါင္ကုမၸဏီသို႔ သြားေရာက္ ေတာင္းဆိုမည္ျဖစ္ေသာ္လည္း သြပ္ဆူးႀကိဳးမ်ားျဖင့္ ကာရံကာလမ္းပိတ္ဆို႔ထားသည့္ အတြက္ ယင္းေနရာ၌သာ ဆႏၵထုတ္ေဖာ္ခ့ဲျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကေျပာသည္။

"တစ္ႏွစ္စာသီးႏွံေလ်ာ္ေၾကးရရွိဖို႔ စီမံကိန္းက တာဝန္ရွိသူေတြနဲ႔ေတြ႔ဆံုဖို႔ လာေရာက္ခ့ဲၾကျခင္းျဖစ္ပါတယ္။ လမ္းဆံုမွာ သြပ္ဆူးႀကိဳးေတြနဲ႔ ကာရံထားတ့ဲအတြက္ ဒီေနရာမွာပဲ ဆႏၵျပေႂကြးေၾကာ္ခ့ဲၾကပါတယ္။ အႀကိမ္ႀကိမ္ေတာင္းဆိုခ့ဲေပမ့ဲ ေဒသခံေတြကို လာေရာက္ညိႇႏိႈင္းျခင္း မရွိခ့ဲပါဘူး။ ကုမၸဏီနဲ႔အတူ လမ္းပိတ္ဆို႔ခ့ဲတ့ဲ ရဲေတြဟာ ေဒသခံေတြအတြက္ ေသဆံုးသြားခ့ဲပါျပီ။" ဟု တံုေက်းရြာေဒသခံ မစႏၵာက ေျပာသည္။

ထို႔ျပင္ ပုသိမ္ မံုရြာလမ္းဆံုတြင္ စီမံကိန္းလုပ္ေဆာင္ေနေသာ ကုမၸဏီအား ငွက္ေပ်ာပြဲမ်ားျဖင့္ က်ိန္စာတိုက္ခ့ဲၾကျပီး ေၾကးနီစီမံကိန္း ဖ်က္သိမ္းေပးရန္အတြက္ ေႂကြးေၾကာ္ခ့ဲၾကသည္။

ဇန္နဝါရီလအတြင္းမွ စတင္ကာ တစ္ႏွစ္စာသီးႏွံေလ်ာ္ေၾကးရရွိရန္အတြက္ ဆႏၵျပေတာင္းဆိုခ့ဲၾကေသာ္လည္း ေလ်ာ္ေၾကးမရရွိခ့ဲသည့္အတြက္ ထပ္မံဆႏၵျပ ေတာင္းဆိုခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

ဇန္နဝါရီလအတြင္းက ဆႏၵထုတ္ေဖာ္ခ့ဲၾကသည့္ ေဒသခံမ်ားအား ပုဒ္မ ၁၈ျဖင့္ အမႈဖြင့္လွစ္ျခင္းမ်ားလည္း ရွိခ့ဲသည္။

- See more at: http://mizzimaburmese.com/article/10932#sthash.sao7exeR.X8TfC0oI.dpuf
.....................
ဦးပိုင်၊ ဝမ်ပေါင်နှင့် ရဲတို့အား နာရေးချသည့်သရုပ်ဖော်မှုများဖြင့် သီးနှံလျော်ကြေး ရရှိရန်တောင်းဆို
သတင်း  ပြည်တွင်း
မာန်ဇာမြေမွန်

မုံရွာ၊ ဖေဖော်ဝါရီ ၈ ။ ။ လက်ပံတောင်းတောင် ဒေသခံများ တစ်နှစ်စာသီးနှံလျော်ကြေးရရှိရန် အတွက် ဦးပိုင်ကုမ္ပဏီ၊ ဝမ်ပေါင်ကုမ္မဏီ နှင့် ရဲတပ်ဖွဲ့တို့အား နာရေးချသည့်သရုပ်ဖော်မှုများဖြင့် ဖေဖော်ဝါရီ ၈ ရက် မွန်းလွှဲ ၂ နာရီခန့်က တောင်းဆိုခဲ့ကြသည်။

ပုသိမ် မုံရွာ လမ်းဆုံတွင် ယင်းသို့ တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ သွားရောက် တောင်းဆိုမည်ဖြစ်သော်လည်း သွပ်ဆူးကြိုးများဖြင့် ကာရံကာလမ်းပိတ်ဆို့ထားသည့် အတွက် ယင်းနေရာ၌သာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

"တစ်နှစ်စာသီးနှံလျော်ကြေးရရှိဖို့ စီမံကိန်းက တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ လာရောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ လမ်းဆုံမှာ သွပ်ဆူးကြိုးတွေနဲ့ ကာရံထားတဲ့အတွက် ဒီနေရာမှာပဲ ဆန္ဒပြကြွေးကြော်ခဲ့ကြပါတယ်။ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ ဒေသခံတွေကို လာရောက်ညှိနှိုင်းခြင်း မရှိခဲ့ပါဘူး။ ကုမ္ပဏီနဲ့အတူ လမ်းပိတ်ဆို့ခဲ့တဲ့ ရဲတွေဟာ ဒေသခံတွေအတွက် သေဆုံးသွားခဲ့ပါပြီ။" ဟု တုံကျေးရွာဒေသခံ မစန္ဒာက ပြောသည်။

ထို့ပြင် ပုသိမ် မုံရွာလမ်းဆုံတွင် စီမံကိန်းလုပ်ဆောင်နေသော ကုမ္ပဏီအား ငှက်ပျောပွဲများဖြင့် ကျိန်စာတိုက်ခဲ့ကြပြီး ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန်အတွက် ကြွေးကြော်ခဲ့ကြသည်။

ဇန်နဝါရီလအတွင်းမှ စတင်ကာ တစ်နှစ်စာသီးနှံလျော်ကြေးရရှိရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း လျော်ကြေးမရရှိခဲ့သည့်အတွက် ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလအတွင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဒေသခံများအား ပုဒ်မ ၁၈ဖြင့် အမှုဖွင့်လှစ်ခြင်းများလည်း ရှိခဲ့သည်။

- See more at: http://mizzimaburmese.com/article/10932#sthash.sao7exeR.X8TfC0oI.dpuf

No comments:

Post a Comment