Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

မေလးရွားေရာက္ ျမန္မာႏုိင္ငံသားတစ္ဦး လစာမရ၍ ကုိယ့္ကုိယ္ကုိယ္ ေသေၾကာင္းၾကံ



မေလးရွားႏုိင္ငံ၊ ပီတလင္ဂ်ာယာၿမဳိ႕ရွိ ျမန္မာႏုိင္ငံသား တစ္ဦးသည္ လုပ္ခလစာ မရရိွသျဖင့္ ကုိယ့္ကုိယ္ကုိယ္ ေသေၾကာင္းႀကံစည္မႈ ျဖစ္ပြားခဲ့သည္ဟု ေဒသခံရဲတပ္ဖြဲ႕က ေျပာၾကားသည္။ ေသေၾကာင္းႀကံစည္သူမွာ မုဒံုၿမဳိ႕မွ အသက္ ၂၄ ႏွစ္ရွိ ကုိေက်ာ္လင္းထုိက္ ဟု သိရသည္။

ယင္းသည္ မွန္ကြဲစတစ္ခုျဖင့္ မိမိလည္ပင္းကုိ လွီးျဖတ္ကာ ေသေၾကာင္းႀကံစည္ျခင္းျဖစ္ၿပီး ယခုအခါ ဆန္ဂိုင္းဘူလုိေဆး႐ံုသုိ႔ ပုိ႔ေဆာင္ကာ ေဆးကုသလ်က္ရွိသည္ဟု ဆုိသည္။

ကုိေက်ာ္လင္းထုိက္သည္ ပါရေမာင့္ဂါးဒင္းရွိ စားေသာက္ဆုိင္တစ္ခုတြင္ အလုပ္လုပ္ေနသူ ဟု ယံုၾကည္ရၿပီး အဂၤါေန႔ည ၇ နာရီခြဲခန္႔တြင္ အမႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ပီတလင္ဂ်ာယာ ရဲတပ္ဖြဲ႕မွ အရာရွိ မုိ႔ဒ္ဇာနီက ေျပာၾကားသည္။

“အခင္းျဖစ္ပြားခ်ိန္မွာ အနားမွာရွိေနတဲ့ ဆရာ၀န္တစ္ဦးက လာေရာက္ကူညီေပးခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ စစ္ေဆးမႈေတြအရ သူ (ကုိေက်ာ္လင္းထုိက္) ဟာ လုပ္ခလစာေပးဖုိ႔ ျငင္းပယ္ခံရတဲ့အတြက္ စိတ္ဓာတ္က်ၿပီး အခုလုိ လုပ္ခဲ့တာလုိ႔ သိရပါတယ္” ဟု မုိ႔ဒ္ဇာနီက ေျပာၾကားခဲ့သည္။

KHTun
Photo : The Star Online
The Ladies News
https://www.facebook.com/News.TheLadies
............


မလေးရှားနိုင်ငံ၊ ပီတလင်ဂျာယာမြို့ရှိ မြန်မာနိုင်ငံသား တစ်ဦးသည် လုပ်ခလစာ မရရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။ သေကြောင်းကြံစည်သူမှာ မုဒုံမြို့မှ အသက် ၂၄ နှစ်ရှိ ကိုကျော်လင်းထိုက် ဟု သိရသည်။

ယင်းသည် မှန်ကွဲစတစ်ခုဖြင့် မိမိလည်ပင်းကို လှီးဖြတ်ကာ သေကြောင်းကြံစည်ခြင်းဖြစ်ပြီး ယခုအခါ ဆန်ဂိုင်းဘူလိုဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသလျက်ရှိသည်ဟု ဆိုသည်။

ကိုကျော်လင်းထိုက်သည် ပါရမောင့်ဂါးဒင်းရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသူ ဟု ယုံကြည်ရပြီး အင်္ဂါနေ့ည ရ နာရီခွဲခန့်တွင် အမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပီတလင်ဂျာယာ ရဲတပ်ဖွဲ့မှ အရာရှိ မို့ဒ်ဇာနီက ပြောကြားသည်။

“အခင်းဖြစ်ပွားချိန်မှာ အနားမှာရှိနေတဲ့ ဆရာဝန်တစ်ဦးက လာရောက်ကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ စစ်ဆေးမှုတွေအရ သူ (ကိုကျော်လင်းထိုက်) ဟာ လုပ်ခလစာပေးဖို့ ငြင်းပယ်ခံရတဲ့အတွက် စိတ်ဓာတ်ကျပြီး အခုလို လုပ်ခဲ့တာလို့ သိရပါတယ်” ဟု မို့ဒ်ဇာနီက ပြောကြားခဲ့သည်။

KHTun
Photo : The Star Online
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment