Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

တပ္မေတာ္ေလ့က်င့္ေရးေလယာဥ္ပ်က္က်မႈ ဒဏ္ရာရက်န္ရစ္သူ ေဆး႐ုံ၌ကြယ္လြန္


ယေန႔ နံနက္ ၉ နာရီ ၄၄ မိနစ္တြင္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ လယ္ေ၀းျမိဳ႔နယ္အတြင္းရွိ ေရႊျပည္သာအုပ္စု ၾကံခင္းေက်းရြာပိုင္ ပဲစိုက္ခင္းအတြင္းသို႔ တပ္မေတာ္(ေလ)မွ ေလက်င့္ေရး ေလယာဥ္ ပ်က္က်ခဲ့မႈျဖစ္စဥ္တြင္ မေသဆံုးဘဲက်န္ရစ္သူ တဦးသည္လည္း ေဆး႐ုံတြင္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ ေလယာဥ္ပ်က္က်မႈေၾကာင့္ ၄ ဦးမွာ ပြဲခ်င္းျပီး ေသဆံုးခဲ့သည္။

အဆိုပါေလယာဥ္မွာ ေနျပည္ေတာ္ လယ္ေ၀းေလယာဥ္ကြင္းမွ ေျမာက္ဘက္သို႕ေထာင္တက္စဥ္ အင္ဂ်င္စက္ခ်ိဳ႕ယြင္းမွဳ တစံုတရာ ျဖစ္ႏိုင္ေျခရွိသည့္အတြက္ ေအာက္သို႕ျပန္ဆင္းရန္ ယင္းေလယာဥ္ ၏တာ၀န္ရွိသူ အရာရွိက ေျမျပင္မွ အမိန္႔ေပးခဲ့၍ ထိုသို႔ ေအာက္သို႕ ျပန္လည္ဆင္းသက္စဥ္ ပ်က္က်ခဲ့သည္ဟု အခင္းျဖစ္စဥ္သို႔ လာေရာက္ေသာ တပ္မေတာ္ေလမွ အရာရွိတစ္ဦးက ေျပာသည္။

ေလယာဥ္ပ်က္က်စဥ္ အခိုက္အတန္႕တြင္ ေလယာဥ္ပ်က္က်ခဲ့သည့္ ကြင္းႏွင့္ ကပ္လွ်က္ရွိေသာ ၾကံခင္းရြာမွ ပဲစိုက္ေတာင္သူ ဦး၀င္းျမင့္က “ က်ေနာ္ ပဲခင္းေစာင့္ေနတယ္။ ေလယာဥ္ပ်က္က်တာ က်ေနာ့္ကြင္းနဲ႔ ကပ္ရပ္ဆိုေတာ့ ေတာ္ေတာ္ လန္႔သြားတယ္။ ေလယာဥ္ တက္ကတည္းက အသံကတစ္မ်ိဳးပဲ။ ဒီလိုျဖစ္ခဲ့တာ ဒီေလယာဥ္ကြင္း ရွိျပီးမွ အခု တစ္ၾကိမ္ပဲျဖစ္တာ ၊ ေလယာဥ္ကေအာက္ကိုက်ေတာ့ မီးေလာင္တာ အမ်ားၾကီးပဲ။ ေလယာဥ္ေပၚမွာပါတဲ့ပစၥည္းေတြလည္း ျပန္႔ၾကဲေနတယ္၊ ရြားသားေတြလည္း သံေခ်ာင္းေတြေခါက္ျပီး မီး၀ိုင္းျငိမ္းဖို႔ ထြက္လာၾကတယ္ ၊ အာဏာပိုင္ေတြကေတာ့ ၁၅ မိနစ္ေလာက္မွ ေရာက္လာၾကတယ္၊ သူတို႕ကေတာ့ ရြားဘက္ကို က်မွာစိုးလို႕ အျပင္ဘက္ကို အေတာင္ေစာင္းျပီး လွည့္ဆင္းခဲ့တဲ့သေဘာရွိတယ္”ဟု ၎ကေျပာသည္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
.........


ယနေ့ နံနက် ၉ နာရီ ၄၄ မိနစ်တွင် နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်းရှိ ရွှေပြည်သာအုပ်စု ကြံခင်းကျေးရွာပိုင် ပဲစိုက်ခင်းအတွင်းသို့ တပ်မတော်(လေ)မှ လေကျင့်ရေး လေယာဉ် ပျက်ကျခဲ့မှုဖြစ်စဉ်တွင် မသေဆုံးဘဲကျန်ရစ်သူ တဦးသည်လည်း ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

အဆိုပါလေယာဉ်မှာ နေပြည်တော် လယ်ဝေးလေယာဉ်ကွင်းမှ မြောက်ဘက်သို့ထောင်တက်စဉ် အင်ဂျင်စက်ချို့ယွင်းမှု တစုံတရာ ဖြစ်နိုင်ခြေရှိသည့်အတွက် အောက်သို့ပြန်ဆင်းရန် ယင်းလေယာဉ် ၏တာဝန်ရှိသူ အရာရှိက မြေပြင်မှ အမိန့်ပေးခဲ့၍ ထိုသို့ အောက်သို့ ပြန်လည်ဆင်းသက်စဉ် ပျက်ကျခဲ့သည်ဟု အခင်းဖြစ်စဉ်သို့ လာရောက်သော တပ်မတော်လေမှ အရာရှိတစ်ဦးက ပြောသည်။

လေယာဉ်ပျက်ကျစဉ် အခိုက်အတန့်တွင် လေယာဉ်ပျက်ကျခဲ့သည့် ကွင်းနှင့် ကပ်လျှက်ရှိသော ကြံခင်းရွာမှ ပဲစိုက်တောင်သူ ဦးဝင်းမြင့်က “ ကျနော် ပဲခင်းစောင့်နေတယ်။ လေယာဉ်ပျက်ကျတာ ကျနော့်ကွင်းနဲ့ ကပ်ရပ်ဆိုတော့ တော်တော် လန့်သွားတယ်။ လေယာဉ် တက်ကတည်းက အသံကတစ်မျိုးပဲ။ ဒီလိုဖြစ်ခဲ့တာ ဒီလေယာဉ်ကွင်း ရှိပြီးမှ အခု တစ်ကြိမ်ပဲဖြစ်တာ ၊ လေယာဉ်ကအောက်ကိုကျတော့ မီးလောင်တာ အများကြီးပဲ။ လေယာဉ်ပေါ်မှာပါတဲ့ပစ္စည်းတွေလည်း ပြန့်ကြဲနေတယ်၊ ရွားသားတွေလည်း သံချောင်းတွေခေါက်ပြီး မီးဝိုင်းငြိမ်းဖို့ ထွက်လာကြတယ် ၊ အာဏာပိုင်တွေကတော့ ၁၅ မိနစ်လောက်မှ ရောက်လာကြတယ်၊ သူတို့ကတော့ ရွားဘက်ကို ကျမှာစိုးလို့ အပြင်ဘက်ကို အတောင်စောင်းပြီး လှည့်ဆင်းခဲ့တဲ့သဘောရှိတယ်”ဟု ၎င်းကပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment