Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 27, 2016

ဗုိလ္ေအာင္ေက်ာ္လုိ တာဝန္သိ သူေတြ လုိအပ္ေနတယ္ လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ (ဗိုလ်အောင်ကျော်လို တာဝန်သိ သူတွေ လိုအပ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော )

ဗိုလ္ေအာင္ေက်ာ္ရာျပည့္ပြဲ က်င္းပတဲ့ အဂၤပူၿမိဳ႕နယ္၊ မဲဇလီၿမိဳ႕ ႐ုန္းဇင္ေက်းရြာမွာ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ေဒၚေအာင္ဆန္း စုၾကည္ ေပးပို႔ေသာသဝဏ္လႊာကို ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌ ဦးေအာင္ေက်ာ္ခိုင္ ဖတ္ၾကားစဥ္။ Photo:Kyaw Kyaw Htwe (face book)
တိုင္းျပည္တည္ေဆာက္ဖို႔အတြက္ ဗိုလ္ေအာင္ေက်ာ္လို တိုင္းျပည္အေပၚတာ၀န္သိတဲ့ သားေကာင္း သမီးေကာင္းေတြ လိုအပ္ေနတယ္လို႔ ဒီေန႔က်ေရာက္တဲ့ ဗိုလ္ေအာင္ေက်ာ္ ႏွစ္ ၁ဝဝ ျပည့္ေမြ႔ေန႔ အထိမ္းအမွတ္ အခမ္းအနားမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က သဝဏ္လႊာေပးပို႔ လိုက္ပါတယ္။

အဲ့ဒီသဝဏ္လြာကို ဧရာဝတီတုိင္းေဒသႀကီး အဂၤပူၿမိဳ႕နယ္၊ ရုံးဇင္ေက်းရြာမွာ ျပဳလုပ္ခဲ့ၿပီး ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠဌ ဦးေအာင္ေက်ာ္ခုိင္က ဖတ္ၾကားခဲ့ပါတယ္။

"အလုပ္တာဝန္ေတြေၾကာင့္ မလာႏိုင္တဲ့အတြက္ကိုေလ သဝဏ္လႊာပါးရတဲ့အေၾကာင္း ဒါေလးျဖစ္ရတယ္ နိဒါန္းေရးပါတယ္ဗ်၊ အာဇာနည္ကိုေတာ့ ႏွစ္ေပါင္းရာေထာင္မက သတိရေနတက္ပါတယ္တဲ့၊ ဗိုလ္ေအာင္ေက်ာ္ကလည္း ျမန္မာ့ယဥ္ေက်းမႈ၊ ျမန္မာ့က႑ကို ျမတ္ႏိုးတန္ဖိုးထားတယ္၊ ျမန္မာျပည္ႀကီးကို ခ်စ္ခဲ့တယ္၊ သူခ်စ္တဲ့ သူ႔တိုင္းျပည္အတြက္ ရဲရဲ႕ဝင့္ဝင့္ လုပ္ေဆာင္တယ္ဆိုေတာ့ ၁၃ဝဝ ျပည့္ အေရးေတာ္ပံုရဲ႕ တာဝန္ေတြကို ထမ္းေဆာင္ရင္း က်ဆံုးသြားတယ္၊ အေရးေတာ္ပံုၿပီးတဲ့ေနာက္ ၁ဝ ႏွစ္ၾကာမွ ဗမာျပည္ လြတ္လပ္ေရး ရခဲ့ပါတယ္၊ အဲ့ဒီေနာက္ ေနာင္ အႏွစ္ ၅ဝ ၾကာမွ ၈၈ က်ေနာ္တို႔ အေရးေတာ္ပံုႀကီး ေပၚေပါက္ခဲ့တယ္၊ ဒါေပမဲ့ တာဝန္ေတြက မၿပီးဆံုးေသးပါဘူး၊ မၿပီးဆံုးေသးတဲ့ တာဝန္ေတြကို ဆက္ၿပီးထမ္းေဆာင္ဖို႔က ယေန႔ မ်ိဳးဆက္ေတြရဲ႕တာဝန္ပါပဲ၊ ကိုယ့္ကံပါေပါ့ဗ်ာ ဗိုလ္ေအာင္ေက်ာ္လို တိုင္းျပည္အေပၚတာဝန္ေက်တဲ့ တာဝန္သိသူေတြ လိုအပ္တဲ့အေၾကာင္းကို သက္ဆိုင္ရာက႑ေတြအားလံုးအတြက္ ၿငိမ္းခ်မ္းမႈ၊ ေရရွည္ေကာင္းစားဖို႔အတြက္ ဗိုလ္ေအာင္ေက်ာ္ကို ဂုဏ္ျပဳၾကဖို႔ တုိက္တြန္းတယ္"

ဗိုလ္ေအာင္ေက်ာ္ ႏွစ္တစ္ရာျပည့္ ေမြးေန႔အခမ္းအနားကို ဗိုလ္ေအာင္ေက်ာ္ ေမြးဖြားခဲ့တဲ့ ဧရာဝတီတိုင္း အဂၤပူၿမိဳ႕နယ္က ရံုးဇင္ေက်းရြာမွာ ဗိုလ္ေအာင္ေက်ာ္ ျပခန္းကိုလည္း ဖြင့္လွစ္ခဲ့ၿပီး က်င္းပခဲ့တာျဖစ္ပါတယ္။

အဂၤပူၿမိဳ႕နယ္က မယ္ဇလီကုန္းေက်းရြာနဲ႔ ဗိုလ္ေအာင္ေက်ာ္ေမြးဖြားခဲ့တဲ့ ရံုးဇင္ေက်းရြာေတြမွာ က်င္းပေနတာျဖစ္ ၿပီး ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ကစတင္ကာ ၂၈ ရက္ေန႔အထိ ၃ ရက္ၾကာက်င္းပမွာျဖစ္ပါတယ္။

ေမြးေန႔အထိမ္းအမွတ္အျဖစ္ မယ္ဇလီကုန္းေက်းရြာက ဗိုလ္ေအာင္ေက်ာ္ခန္းမမွာ ဗိုလ္ေအာင္ေက်ာ္ရုပ္ထုကို မေန႔ကဖြင့္လွစ္ခဲ့ၿပီး ဆြမ္းဆပ္ကပ္လွဴဒါန္းပြဲ၊ စာေပေဟာေျပာပြဲနဲ႔ ေဖ်ာ္ေျဖပြဲေတြကို က်င္းပေနပါတယ္။

အရင္ႏွစ္ေတြက ဗိုလ္ေအာင္ေက်ာ္ ေမြးေန႔အထိမ္းအမွတ္ကို ေဆြမ်ိဳးသားခ်င္းေတြက အက်ဥ္းရံုးၿပီး က်င္းပခဲ့ေပမယ့္ ဒီႏွစ္မွာ ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္အျဖစ္ ေဒသခံေတြက ပြဲျဖစ္ေျမာက္ေရးေကာ္မတီ ဖြဲ႔စည္းက်င္းပခဲ့တာျဖစ္ပါတယ္။

ဒီေန႔က်င္းပတဲ့အခမ္းအနားကို ဧရာဝတီတုိင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌ ဦးေအာင္ေက်ာ္ခုိင္နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ၊ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေတြျဖစ္တဲ့ ဦးမင္းကိုႏိုင္၊ ဦးကိုကိုႀကီးတို႔အျပင္ စာေရးဆရာ၊ ဆရာမေတြနဲ႔ ေဒသခံေတြတက္ေရာက္ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........
 ဗိုလ်အောင်ကျော်ရာပြည့်ပွဲ ကျင်းပတဲ့ အင်္ဂပူမြို့နယ်၊ မဲဇလီမြို့ ရုန်းဇင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် ပေးပို့သောသဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင် ဖတ်ကြားစဉ်။ Photo:Kyaw Kyaw Htwe (face book)
တိုင်းပြည်တည်ဆောက်ဖို့အတွက် ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ်တာဝန်သိတဲ့ သားကောင်း သမီးကောင်းတွေ လိုအပ်နေတယ်လို့ ဒီနေ့ကျရောက်တဲ့ ဗိုလ်အောင်ကျော် နှစ် ၁ဝဝ ပြည့်မွေ့နေ့ အထိမ်းအမှတ် အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ လိုက်ပါတယ်။

အဲ့ဒီသဝဏ်လွာကို ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ရုံးဇင်ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်က ဖတ်ကြားခဲ့ပါတယ်။

"အလုပ်တာဝန်တွေကြောင့် မလာနိုင်တဲ့အတွက်ကိုလေ သဝဏ်လွှာပါးရတဲ့အကြောင်း ဒါလေးဖြစ်ရတယ် နိဒါန်းရေးပါတယ်ဗျ၊ အာဇာနည်ကိုတော့ နှစ်ပေါင်းရာထောင်မက သတိရနေတက်ပါတယ်တဲ့၊ ဗိုလ်အောင်ကျော်ကလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ကဏ္ဍကို မြတ်နိုးတန်ဖိုးထားတယ်၊ မြန်မာပြည်ကြီးကို ချစ်ခဲ့တယ်၊ သူချစ်တဲ့ သူ့တိုင်းပြည်အတွက် ရဲရဲ့ဝင့်ဝင့် လုပ်ဆောင်တယ်ဆိုတော့ ၁၃ဝဝ ပြည့် အရေးတော်ပုံရဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးသွားတယ်၊ အရေးတော်ပုံပြီးတဲ့နောက် ၁ဝ နှစ်ကြာမှ ဗမာပြည် လွတ်လပ်ရေး ရခဲ့ပါတယ်၊ အဲ့ဒီနောက် နောင် အနှစ် ၅ဝ ကြာမှ ၈၈ ကျနော်တို့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်၊ ဒါပေမဲ့ တာဝန်တွေက မပြီးဆုံးသေးပါဘူး၊ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့က ယနေ့ မျိုးဆက်တွေရဲ့တာဝန်ပါပဲ၊ ကိုယ့်ကံပါပေါ့ဗျာ ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ်တာဝန်ကျေတဲ့ တာဝန်သိသူတွေ လိုအပ်တဲ့အကြောင်းကို သက်ဆိုင်ရာကဏ္ဍတွေအားလုံးအတွက် ငြိမ်းချမ်းမှု၊ ရေရှည်ကောင်းစားဖို့အတွက် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုကြဖို့ တိုက်တွန်းတယ်"

ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကို ဗိုလ်အောင်ကျော် မွေးဖွားခဲ့တဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က ရုံးဇင်ကျေးရွာမှာ ဗိုလ်အောင်ကျော် ပြခန်းကိုလည်း ဖွင့်လှစ်ခဲ့ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

အင်္ဂပူမြို့နယ်က မယ်ဇလီကုန်းကျေးရွာနဲ့ ဗိုလ်အောင်ကျော်မွေးဖွားခဲ့တဲ့ ရုံးဇင်ကျေးရွာတွေမှာ ကျင်းပနေတာဖြစ် ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစတင်ကာ ၂၈ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပါတယ်။

မွေးနေ့အထိမ်းအမှတ်အဖြစ် မယ်ဇလီကုန်းကျေးရွာက ဗိုလ်အောင်ကျော်ခန်းမမှာ ဗိုလ်အောင်ကျော်ရုပ်ထုကို မနေ့ကဖွင့်လှစ်ခဲ့ပြီး ဆွမ်းဆပ်ကပ်လှူဒါန်းပွဲ၊ စာပေဟောပြောပွဲနဲ့ ဖျော်ဖြေပွဲတွေကို ကျင်းပနေပါတယ်။

အရင်နှစ်တွေက ဗိုလ်အောင်ကျော် မွေးနေ့အထိမ်းအမှတ်ကို ဆွေမျိုးသားချင်းတွေက အကျဉ်းရုံးပြီး ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဒေသခံတွေက ပွဲဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့အပြင် စာရေးဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေတက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment