႐ုပ္ပ်က္ဆင္းပ်က္ ျမန္မာ့ပညာေရး (ရုပ်ပျက်ဆင်းပျက် မြန်မာ့ပညာရေး )


ျမန္မာႏိုင္ငံပညာေရး နိမ့္က်ေနသည္။ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဖာ္ေဆာင္မည္ဟု ဦးသိန္းစိန္အစိုးရတက္ လာၿပီးေနာက္ ပညာေရးႏွင့္ပတ္သက္၍ ပထမဆံုး၀န္ခံေျပာဆိုခဲ့သည္။ လက္ေတြ႕တြင္ ပညာေရးစနစ္ျပဳျပင္ ေျပာင္းလဲရန္ မူ၀ါဒဥပေဒၾကမ္းကိစၥပင္ ၿပီးျပတ္ခဲ့ေပ။ သို႔ေသာ္ တို႔တို႔တိတိ ျပဳျပင္မႈမ်ားကိုကား ငါးႏွစ္တာ ကာလအတြင္း ျပဳလုပ္ခဲ့၏။ ထိုတို႔တို႔တိတိ ျပဳျပင္ျခင္းထဲတြင္ ေလးတန္း၊ ရွစ္တန္းစာေမးပဲြကိစၥ ပါ၀င္ခဲ့ပါသည္။

၁၉၈၈ ေနာက္ပိုင္းအမ်ဳိးသားပညာေရးေကာ္မတီဥကၠ႒အျဖစ္ ဗိုလ္ခ်ဳပ္ခင္ညြန္႔တာ၀န္ယူစဥ္မွစ၍ အက်မရိွေစရ ဆိုေသာမူအရ စာလိုက္ႏိုင္ေသာေက်ာင္းသား၊ မလိုက္ႏိုင္ေသာေက်ာင္းသားအားလံုးကို အခိ်န္တန္လွ်င္ အတန္းတင္ေပးခဲ့ၾကရသည္။ ယခုထိလည္း ထိုမူထဲတြင္ ၀ဲလည္ေနသည္။ အရိွအရိွအတိုင္းစာေမးပဲြရမွတ္ျဖင့္ ဆံုးျဖတ္ေအာင္ စာရင္းထုတ္ပါက အက်အ႐ံႈးမ်ားလွ်င္ သက္ဆိုင္ရာေက်ာင္းအုပ္ႏွင့္ အတန္းပိုင္ဆရာက ထုေခ်လႊာတင္ရသည္။

သင္ၾကားေနသည့္ စနစ္ကလည္း မူလတန္း၊ အလယ္တန္း၊ အထက္တန္းဆင့္မ်ားကိုထားေတာ့။ တကၠသိုလ္အဆင့္တြင္ပင္ ေရွ႕မွ ဆရာက စာတိုင္ေပးလ်က္ ေက်ာင္းသားမ်ားကေနာက္မွလိုက္၍ ေအာ္ဆို ေနၾကသည္ကို ၾကံဳခဲ့ရသည္ဟု မိဘတဦးက ညည္းတြားပါသည္။

လက္ရိွအစိုးရက မႏွစ္ကစ၍ ေလးတန္းႏွင့္ ရွစ္တန္းစာေမးပဲြမ်ားကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရစစ္အျဖစ္ က်င့္သံုးခဲ့သည္။ ဘာေၾကာင့္ ဤသို႔ ေျပာင္းလဲစစ္ေဆးေၾကာင္း တာ၀န္ရိွသူမ်ားက က်ယ္က်ယ္ျပန္႔ျပန္႔ ရွင္းျပျခင္း မရိွခဲ့ပါ။ ေက်ာင္းမ်ားတြင္ အသားက်ေနသည့္၊ “''ဒေလး လံုး ပညာေရး'' “ဒါသင္၊ ဒါက်က္၊ ဒါေမး၊ ဒါေျဖစနစ္မက်င့္သံုးဘဲ ေမးခြန္းပံုစံသစ္ (Unseen Question) ျဖင့္ စစ္ေဆးလိုက္ရာ ေလးတန္းကေလးမ်ား၊ ရွစ္တန္းကေလးမ်ား အတံုးအရံုးစာေမးပဲြက်ကုန္ၾကသည္။ ဆရာ၊ ဆရာမမ်ား၊ ကာယကံရွင္ေက်ာင္းသား မ်ားႏွင့္ မိဘမ်ားၾကား ေလးတန္းႏွင့္ ရွစ္တန္းအက်အရံႈးမ်ားမႈ ဂယက္ရိုက္ခတ္ပံုကို မီဒီယာမ်ားကလည္း ေ၀ဖန္ေရးသားၾကသည္။

သို႔ျဖင့္ မႏွစ္က (၂၀၁၄ - ၂၀၁၅ ပညာသင္ႏွစ္) က်႐ံႈးေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ကုစားစာေမးပဲြကို ျပန္ေျဖၾကရသည္။ ကုစားစာေမးပဲြတြင္ ကေလးအမ်ားစု ျပန္ေအာင္ၾကေသာ္လည္း က်ရံႈးသည့္ ကေလးမ်ား လည္း ရိွၾကပါသည္။ ပညာေရးဌာနက စမ္းသပ္မႈတခုျပဳလိုက္တိုင္း ေနာက္ဆံုးထိခိုက္ၾကရသူမ်ားမွာ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားႏွင့္ သူတို႔၏မိဘမ်ား ျဖစ္ၾကပါသည္။

ကေလးမ်ားခမ်ာ ျပင္ပတြင္လည္း က်ဴရွင္ယူၾကရသည္။ အတန္းပိုင္ဆရာထံတြင္လည္း က်ဴရွင္ယူၾကရသည္။ သို႔မွသာ သူတို႔အတြက္ ဒါသင္၊ ဒါက်က္၊ ဒါေမး၊ ဒါေျဖစနစ္ႏွင့္ အဆင္ေျပကာ ပံုမွန္တႏွစ္တတန္း တက္လာၾက သည္။ မိဘမ်ားက ေငြကုန္ခံရေစကာမူ သားသမီးတႏွစ္တ တန္းေအာင္သည္ကို ေက်နပ္ၾကသည္။ ေက်ာင္းသားမ်ားက ဆရာ၀ါးခံြ႕သည္ကို မ်ဳိခ်သည္။ သို႔ျဖင့္ တႏွစ္တတန္းေအာင္လာေသာ အေနအထား မႏွစ္ကစ၍ ပ်က္ယြင္းသြားသည္။ ယခုႏွစ္ေလးတန္းႏွင့္ ရွစ္တန္းစာေမးပဲြတြင္ က်ရံႈးေသာကေလးမ်ားကို ျပန္လည္ကုစားေပးမည္ မဟုတ္ဟု သက္ဆိုင္ရာက ၾကိဳတင္ေၾကညာထားသည္။

၂၀၁၅- ၂၀၁၆ ပညာသင္ႏွစ္အတြက္ အ႒မတန္းစာေမးပဲြမ်ားကို ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔မွ စတင္ စစ္ေဆးခဲ့ရာ ၁၈ ရက္ေန႔တြင္ ေျဖဆိုရမည့္ ပထ၀ီ၀င္ဘာသာရပ္ေမးခြန္းသည္ ၁၇ ရက္ေန႔ကတည္းက မေကြးတိုင္းေဒသႀကီး၌ ေပါက္ၾကားခဲ့သည္။ ရွစ္တန္းေမးခြန္းေပါက္ၾကားေၾကာင္း လူမႈကြန္ရက္ ေဖ့စ္ဘုတ္ေပၚတြင္ တက္လာသည္။ မေရွးမေႏွာင္း၌ပင္ ေလးတန္းေမးခြန္းလည္း မေကြး တိုင္းေဒသႀကီးတြင္ ေပါက္ၾကားေၾကာင္း လူမႈကြန္ရက္တြင္ ပ်ံ႕လာသည္။

ပဲခူးတိုင္းေဒသႀကီး အ႒မတန္းပထ၀ီ၀င္ဘာသာရပ္ ေမးခြန္းတြင္မူ တရုတ္ျပည္သူ႕သမၼတျမန္မာနိုင္ငံဟု ေရးသားထားသည္ကို ေဖ့စ္ဘုတ္ေပၚတင္လိုက္၍ ေ၀ဖန္ခ်က္မ်ဳိးစံုေပၚထြက္လာသည္။ တဖန္ စတုတၳတန္း သခၤ်ာေမးခြန္းတြင္ တည္ကိန္းထက္ အၾကြင္းကပိုၾကီးေနေသာ ပုစၧာ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ေမြးေန႔ကို ကြယ္လြန္သည့္ေန႔အျဖစ္ ျပထားသည့္ ေမးခြန္း၊ က်န္းမာေရးႏွင့္ပတ္သက္၍ လူမႈေရးေမးခြန္းတြင္ ဆိုးဆိုးရြားရြား မွားေရးသားထားျခင္းမ်ား တခုျပီးတခု ေဖ့စ္ဘုတ္ေပၚတက္လာၾကသည္။

ေသြးအားနည္းေရာဂါမျဖစ္ေစရန္ မည္သို႔ေသာ ေရာဂါရႏိုင္သနည္း။ ေနျပည္ေတာ္ျပည္ေထာင္စုတြင္ မည္သည့္ျမိဳ႕နယ္မ်ား ပါ၀င္ဖဲြ႕စည္းထားသနည္းဟူေသာ ေမးခြန္းႏွစ္ခုကလည္း ေမးခြန္းထုတ္သူမ်ား ညံ့ဖ်င္းလွေသာ အရည္အခ်င္းကို ျပသေနၾကပါသည္။ ထိုမွ် ညံ့ဖ်င္းေသာသူမ်ားဦးေဆာင္ေနသည့္ ပညာေရးေအာက္မွ ကေလးမ်ား၏ အနာဂတ္ကား မေတြး၀ံ့စရာ ရင္ေလးဖြယ္ေကာင္းလွပါသည္။

ေလးတန္း၊ ရွစ္တန္းကို မူသစ္ျဖင့္ စစ္ေဆးမည္ဟု ဆံုးျဖတ္စဥ္ကပင္ ေမးခြန္းမည္သူထုတ္မည္။ ေမးခြန္းလံုျခံဳမႈကိုမည္သို႔ေဆာင္ရြက္မည္ဟူသည့္ စီမံခ်က္ခ်မွတ္ခဲ့ရမည္ျဖစ္၏။ ဤကား အဆန္းမဟုတ္။ ပညာေရးတြင္ လုပ္ရိုးလုပ္စဥ္သာ ျဖစ္ပါသည္။ ယခုႏွစ္ေလးတန္းႏွင့္ ရွစ္တန္းေမးခြန္းမ်ား ေပါက္ၾကားျခင္း၊ ေမးခြန္းအမွားမ်ားေမးထားျခင္း အေပၚတာ၀န္ရိွသူအဆင့္ဆင့္ကို ခ်က္ခ်င္းသိရမည္ျဖစ္ေသာ္လည္း ထံုးစံ အတိုင္း ထမင္းရည္ပူလာလွ်ာလဲႊစကားသံမ်ားသာ ထြက္လာေပသည္။

မေကြးတိုင္းေဒသႀကီးတြင္ ေလးတန္းႏွင့္ ရွစ္တန္းေမးခြန္းမ်ား ေပါက္ၾကားမႈအတြက္ အထက္တန္းျပ ဆရာမတဦးနွင့္ မိတၱဴကူးဆိုင္ပိုင္ရွင္အား စတင္စစ္ေဆးေနျပီဟု သတင္းစာတေစာင္က ေဖာ္ျပသည္။ ဤကား အေျဖမွန္မဟုတ္ေပ။ တိုင္းေဒသၾကီးႏွင့္ ျပည္နယ္အဆင့္ အစိုးရ စစ္စာေမးပဲြတြင္ အဓိကတာ၀န္ရိွသူမွာ ေမးခြန္းထုတ္သူႏွင့္ ထိုေမးခြန္းမ်ားကို ထိန္းသိမ္းရသူသာျဖစ္၏။ အစိုးရစစ္ ေမးခြန္းမ်ားကို ခိ်တ္ပိတ္ထားရျပီး စာေမးပဲြစရန္ မိနစ္ပိုင္းအလိုေရာက္မွသာ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးပိုင္းမွ တာ၀န္ရိွသူ (သို႔မဟုတ္ - သူ၏ ကိုယ္စားလွယ္) ၊ ရဲအရာရိွ၊ သက္ဆိုင္ရာေက်ာင္းမွ တာ၀န္ယူရိွသူဆရာ၊ ဆရာမမ်ား ေရွ႕ေမွာက္တြင္ ေဖာက္ရ၏။

၂၀ ရက္ ေဖေဖာ္၀ါရီ ၂၀၁၆ ထုတ္၊ ပုဂၢလိကသတင္းစာတေစာင္၏ ေဖာ္ျပခ်က္အရ ကိုယ္ပိုင္ေက်ာင္းမွ ဆရာမ တဦးႏွင့္ မိတၱဴကူးဆိုင္ပိုင္ရွင္ကို စစ္ေဆးေနျပီဟူ၏။ ကိုယ္ပိုင္ေက်ာင္းမွ အထက္တန္းျပဆရာမထံ အဘယ္ ေၾကာင့္ ေမးခြန္းၾကိဳေရာက္ေနပါသနည္း။

ေမးခြန္းေပါက္ၾကားမႈမ်ား၊ မမွားသင့္ေသာ ေမးခြန္းအမွားမ်ားႏွင့္ ပတ္သက္၍ တာ၀န္ရိွသူတဦးက ကြန္ပ်ဴတာ စာရိုက္သူ၏အမွားေၾကာင့္လည္းျဖစ္ႏိုင္ေၾကာင္း ဆင္ေျခေပးပါသည္။ ေမးခြန္းမ်ား (အထူးသျဖင့္ အစိုးရစစ္ေမးခြန္း)ကို ေမးခြန္းထုတ္သူကိုယ္တိုင္က ရိုက္ရ၊ ေရးရပါသည္။ကြန္ပ်ဴတာပဲသံုးသံုး၊ လက္ႏိွပ္စက္ပဲ သံုးသံုး စာေရးအဆင့္ကို ခိုင္းခဲ့သည္ရိွေသာ္ ျပႆနာျဖစ္လာလွ်င္ တာ၀န္ယူရမည့္သူမွာ ေမးခြန္းထုတ္သူႏွင့္ ေမးခြန္းကို ထိန္းသိမ္းထားရသူ ႏွစ္ဦးတည္းသာျဖစ္ပါသည္။

ျမန္မာႏိုင္ငံတြင္ ျပႆနာတခုျဖစ္လာပါက အမွန္တကယ္တာ၀န္ အရိွဆံုးသူမ်ားက တာ၀န္မယူဘဲ အဖ်ား အနားတာ၀န္ရိွသူမ်ားအေပၚ အျပစ္ပံုခ်လာသည့္ ယဥ္ေက်းမႈကိုက်င့္သံုးလာသည္က အာဏာရွင္အစိုးရ အဆက္ဆက္လက္ထက္သာမက ဒီမိုကေရစီကိုေဖာ္ေဆာင္ေနသည္ဆိုသည့္ လက္ရိွဦးသိန္းစိန္ အစိုးရ လက္ထက္ထိ ျဖစ္ပါသည္။ တာ၀န္ရိွေသာ ေက်ာင္းအုပ္ႀကီး၊ ေမးခြန္းထုတ္သည့္ဆရာ၊ ပညာေရးမွဴး၊ အေျခခံ ပညာဦးစီးဌာနမွ တာ၀န္ရိွသူမ်ားႏွင့္ ပညာေရး၀န္ႀကီးသည္ တာ၀န္အရိွဆံုး ပုဂၢိဳလ္မ်ားျဖစ္ၾကပါသည္။ သူတို႔ထဲမွ မည္သူမွ လူထုေရွ႕ထြက္လာျခင္း၊ တာ၀န္ယူစကားေျပာၾကားျခင္း၊ တာ၀န္ခံျခင္းမရိွ။ ေနာက္ဆံုးထြက္လာ သည္က အဖ်ားအနားမိတၱဴကူးေပးသူႏွင့္ ကိုယ္ပိုင္ေက်ာင္းမွ ဆရာမ ျဖစ္ေနသည္။

ဦးသိန္းစိန္ အစိုးရသက္တမ္းတေလွ်ာက္ ပညာေရးကို ျပဳျပင္ရန္ လုပ္ေဆာင္ေနသည္ဟု အစဥ္ တစိုက္ေျပာၾကားခဲ့သည္။ သို႔ေသာ္ လက္ေတြ႕တြင္ အမ်ဳိးသားပညာေရးဥပေဒၾကမ္းကိုပင္ အဆံုးမသတ္ႏိုင္ခဲ့။ ေက်ာင္းမ်ားေဆာက္ေပးျခင္း၊ ေန႔စားလရွင္း မူလတန္းဆရာ၊ ဆရာမမ်ားခန္႔ထားေပးျခင္း၊ အခမဲ့ မူလတန္း ပညာေရးကိုေဆာင္ရြက္ေနၿပီ စသည္ စသည္ လုပ္ေဆာင္ခဲ့ေသာ္လည္း၊ ဆရာမ်ား၏ အရည္အေသြးကို စစ္ေဆးမႈ မရိွခဲ့ေၾကာင္း မဖြယ္မရာမွားသည့္ ေမးခြန္းမ်ားက ေဖာ္ျပေနၾကပါသည္။

၂၀၁၅- ၂၀၁၆ ပညာသင္ႏွစ္ေလးတန္းႏွင့္ ရွစ္တန္းစာေမးပဲြကိစၥမ်ားက လက္ရိွ ျမန္မာ့ပညာေရးေလာက၏ ေပါ့ဆမႈ၊ တာ၀န္မသိမႈ၊ တာ၀န္မခံမႈ၊ ပ်က္ယြင္းေနေသာ ပညာေရး၀န္ထမ္းမ်ား၏ ကိုယ္က်င့္တရားႏွင့္ အရည္ အခ်င္းမဲ့မႈ အားလံုးကိုလွစ္ဟျပလိုက္ျခင္း ျဖစ္ပါသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔၊ ေသေန႔ကိုမွ် မသိေသာဆရာ၊ ဆရာမ။ ျပည္ေထာင္စုဟူေသာအဓိပၸာယ္ကိုမွ် မသိေသာဆရာ၊ ဆရာမ။ သခၤ်ာဘာသာရပ္တြင္ တည္ကိန္းထက္ အၾကြင္းငယ္ရသည္ဆိုေသာ အေျခခံကိုမွ် မသိေသာဆရာ၊ ဆရာမ။ တရုတ္သမၼတ ျမန္မာနိုင္ငံဟု မွားေရးသည္ထိ ေပါ့ဆသည့္ ဆရာ၊ ဆရာမ(သို႔မဟုတ္) မိမိႏိုင္ငံ အမည္ပင္မွန္ေအာင္မသိေသာဆရာ၊ ဆရာမမ်ား။ ေမးခြန္း မဟုတ္သည့္ ေမးခြန္း ေသြးအားနည္းေရာဂါမျဖစ္ေစရန္ မည္သည့္ေရာဂါ ရေစသနည္းဟူေသာ ၀ါက်မ်ဳိးတည္ေဆာက္သည့္ ဆရာ၊ ဆရာမမ်ားလက္၀ယ္ အပ္ႏံွထားရမည့္ ျမန္မာ့ပညာေရးကားထင္ထားသည္ထက္ပင္ နိမ့္က်ေနပါသည္။

ျမန္မာ့ပညာေရး ျပဳျပင္ေရးတြင္ ဦးဆံုးေဆာင္ရြက္ရမည္မွာ ဆရာ ဆရာမမ်ား၏ အရည္အေသြးႏွင့္ ကိုယ္က်င့္တရားျဖစ္ေၾကာင္း၊ လက္ရိွ ေလးတန္း၊ ရွစ္တန္းေမးခြန္းေပါက္ၾကားမႈ ကေမာက္ကမေမးခြန္းမ်ား ေမးခြန္း အမွားမ်ားထုတ္မႈက မီးေမာင္းထိုးျပေနေပသည္။

ခင္ႏွင္းဦး
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
............


မြန်မာနိုင်ငံပညာရေး နိမ့်ကျနေသည်။ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်မည်ဟု ဦးသိန်းစိန်အစိုးရတက် လာပြီးနောက် ပညာရေးနှင့်ပတ်သက်၍ ပထမဆုံးဝန်ခံပြောဆိုခဲ့သည်။ လက်တွေ့တွင် ပညာရေးစနစ်ပြုပြင် ပြောင်းလဲရန် မူဝါဒဥပဒေကြမ်းကိစ္စပင် ပြီးပြတ်ခဲ့ပေ။ သို့သော် တို့တို့တိတိ ပြုပြင်မှုများကိုကား ငါးနှစ်တာ ကာလအတွင်း ပြုလုပ်ခဲ့၏။ ထိုတို့တို့တိတိ ပြုပြင်ခြင်းထဲတွင် လေးတန်း၊ ရှစ်တန်းစာမေးပွဲကိစ္စ ပါ၀င်ခဲ့ပါသည်။

၁၉၈၈ နောက်ပိုင်းအမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ခင်ညွန့်တာဝန်ယူစဉ်မှစ၍ အကျမရှိစေရ ဆိုသောမူအရ စာလိုက်နိုင်သောကျောင်းသား၊ မလိုက်နိုင်သောကျောင်းသားအားလုံးကို အချိန်တန်လျှင် အတန်းတင်ပေးခဲ့ကြရသည်။ ယခုထိလည်း ထိုမူထဲတွင် ၀ဲလည်နေသည်။ အရှိအရှိအတိုင်းစာမေးပွဲရမှတ်ဖြင့် ဆုံးဖြတ်အောင် စာရင်းထုတ်ပါက အကျအရှုံးများလျှင် သက်ဆိုင်ရာကျောင်းအုပ်နှင့် အတန်းပိုင်ဆရာက ထုချေလွှာတင်ရသည်။

သင်ကြားနေသည့် စနစ်ကလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆင့်များကိုထားတော့။ တက္ကသိုလ်အဆင့်တွင်ပင် ရှေ့မှ ဆရာက စာတိုင်ပေးလျက် ကျောင်းသားများကနောက်မှလိုက်၍ အော်ဆို နေကြသည်ကို ကြုံခဲ့ရသည်ဟု မိဘတဦးက ညည်းတွားပါသည်။

လက်ရှိအစိုးရက မနှစ်ကစ၍ လေးတန်းနှင့် ရှစ်တန်းစာမေးပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရစစ်အဖြစ် ကျင့်သုံးခဲ့သည်။ ဘာကြောင့် ဤသို့ ပြောင်းလဲစစ်ဆေးကြောင်း တာဝန်ရှိသူများက ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခြင်း မရှိခဲ့ပါ။ ကျောင်းများတွင် အသားကျနေသည့်၊ “''ဒလေး လုံး ပညာရေး'' “ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေစနစ်မကျင့်သုံးဘဲ မေးခွန်းပုံစံသစ် (Unseen Question) ဖြင့် စစ်ဆေးလိုက်ရာ လေးတန်းကလေးများ၊ ရှစ်တန်းကလေးများ အတုံးအရုံးစာမေးပွဲကျကုန်ကြသည်။ ဆရာ၊ ဆရာမများ၊ ကာယကံရှင်ကျောင်းသား များနှင့် မိဘများကြား လေးတန်းနှင့် ရှစ်တန်းအကျအရှုံးများမှု ဂယက်ရိုက်ခတ်ပုံကို မီဒီယာများကလည်း ဝေဖန်ရေးသားကြသည်။

သို့ဖြင့် မနှစ်က (၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်) ကျရှုံးသော ကျောင်းသား၊ ကျောင်းသူများ ကုစားစာမေးပွဲကို ပြန်ဖြေကြရသည်။ ကုစားစာမေးပွဲတွင် ကလေးအများစု ပြန်အောင်ကြသော်လည်း ကျရှုံးသည့် ကလေးများ လည်း ရှိကြပါသည်။ ပညာရေးဌာနက စမ်းသပ်မှုတခုပြုလိုက်တိုင်း နောက်ဆုံးထိခိုက်ကြရသူများမှာ ကျောင်းသား၊ ကျောင်းသူလေးများနှင့် သူတို့၏မိဘများ ဖြစ်ကြပါသည်။

ကလေးများခမျာ ပြင်ပတွင်လည်း ကျူရှင်ယူကြရသည်။ အတန်းပိုင်ဆရာထံတွင်လည်း ကျူရှင်ယူကြရသည်။ သို့မှသာ သူတို့အတွက် ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေစနစ်နှင့် အဆင်ပြေကာ ပုံမှန်တနှစ်တတန်း တက်လာကြ သည်။ မိဘများက ငွေကုန်ခံရစေကာမူ သားသမီးတနှစ်တ တန်းအောင်သည်ကို ကျေနပ်ကြသည်။ ကျောင်းသားများက ဆရာဝါးခွံ့သည်ကို မျိုချသည်။ သို့ဖြင့် တနှစ်တတန်းအောင်လာသော အနေအထား မနှစ်ကစ၍ ပျက်ယွင်းသွားသည်။ ယခုနှစ်လေးတန်းနှင့် ရှစ်တန်းစာမေးပွဲတွင် ကျရှုံးသောကလေးများကို ပြန်လည်ကုစားပေးမည် မဟုတ်ဟု သက်ဆိုင်ရာက ကြိုတင်ကြေညာထားသည်။

၂၀၁၅- ၂၀၁၆ ပညာသင်နှစ်အတွက် အဋ္ဌမတန်းစာမေးပွဲများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင် စစ်ဆေးခဲ့ရာ ၁၈ ရက်နေ့တွင် ဖြေဆိုရမည့် ပထဝီဝင်ဘာသာရပ်မေးခွန်းသည် ၁၇ ရက်နေ့ကတည်းက မကွေးတိုင်းဒေသကြီး၌ ပေါက်ကြားခဲ့သည်။ ရှစ်တန်းမေးခွန်းပေါက်ကြားကြောင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် တက်လာသည်။ မရှေးမနှောင်း၌ပင် လေးတန်းမေးခွန်းလည်း မကွေး တိုင်းဒေသကြီးတွင် ပေါက်ကြားကြောင်း လူမှုကွန်ရက်တွင် ပျံ့လာသည်။

ပဲခူးတိုင်းဒေသကြီး အဋ္ဌမတန်းပထဝီဝင်ဘာသာရပ် မေးခွန်းတွင်မူ တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံဟု ရေးသားထားသည်ကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်၍ ဝေဖန်ချက်မျိုးစုံပေါ်ထွက်လာသည်။ တဖန် စတုတ္ထတန်း သင်္ချာမေးခွန်းတွင် တည်ကိန်းထက် အကြွင်းကပိုကြီးနေသော ပုစ္ဆာ၊ ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ကွယ်လွန်သည့်နေ့အဖြစ် ပြထားသည့် မေးခွန်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ လူမှုရေးမေးခွန်းတွင် ဆိုးဆိုးရွားရွား မှားရေးသားထားခြင်းများ တခုပြီးတခု ဖေ့စ်ဘုတ်ပေါ်တက်လာကြသည်။

သွေးအားနည်းရောဂါမဖြစ်စေရန် မည်သို့သော ရောဂါရနိုင်သနည်း။ နေပြည်တော်ပြည်ထောင်စုတွင် မည်သည့်မြို့နယ်များ ပါ၀င်ဖွဲ့စည်းထားသနည်းဟူသော မေးခွန်းနှစ်ခုကလည်း မေးခွန်းထုတ်သူများ ညံ့ဖျင်းလှသော အရည်အချင်းကို ပြသနေကြပါသည်။ ထိုမျှ ညံ့ဖျင်းသောသူများဦးဆောင်နေသည့် ပညာရေးအောက်မှ ကလေးများ၏ အနာဂတ်ကား မတွေးဝံ့စရာ ရင်လေးဖွယ်ကောင်းလှပါသည်။

လေးတန်း၊ ရှစ်တန်းကို မူသစ်ဖြင့် စစ်ဆေးမည်ဟု ဆုံးဖြတ်စဉ်ကပင် မေးခွန်းမည်သူထုတ်မည်။ မေးခွန်းလုံခြံုမှုကိုမည်သို့ဆောင်ရွက်မည်ဟူသည့် စီမံချက်ချမှတ်ခဲ့ရမည်ဖြစ်၏။ ဤကား အဆန်းမဟုတ်။ ပညာရေးတွင် လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါသည်။ ယခုနှစ်လေးတန်းနှင့် ရှစ်တန်းမေးခွန်းများ ပေါက်ကြားခြင်း၊ မေးခွန်းအမှားများမေးထားခြင်း အပေါ်တာဝန်ရှိသူအဆင့်ဆင့်ကို ချက်ချင်းသိရမည်ဖြစ်သော်လည်း ထုံးစံ အတိုင်း ထမင်းရည်ပူလာလျှာလွှဲစကားသံများသာ ထွက်လာပေသည်။

မကွေးတိုင်းဒေသကြီးတွင် လေးတန်းနှင့် ရှစ်တန်းမေးခွန်းများ ပေါက်ကြားမှုအတွက် အထက်တန်းပြ ဆရာမတဦးနှင့် မိတ္တူကူးဆိုင်ပိုင်ရှင်အား စတင်စစ်ဆေးနေပြီဟု သတင်းစာတစောင်က ဖော်ပြသည်။ ဤကား အဖြေမှန်မဟုတ်ပေ။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အစိုးရ စစ်စာမေးပွဲတွင် အဓိကတာဝန်ရှိသူမှာ မေးခွန်းထုတ်သူနှင့် ထိုမေးခွန်းများကို ထိန်းသိမ်းရသူသာဖြစ်၏။ အစိုးရစစ် မေးခွန်းများကို ချိတ်ပိတ်ထားရပြီး စာမေးပွဲစရန် မိနစ်ပိုင်းအလိုရောက်မှသာ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ (သို့မဟုတ် - သူ၏ ကိုယ်စားလှယ်) ၊ ရဲအရာရှိ၊ သက်ဆိုင်ရာကျောင်းမှ တာဝန်ယူရှိသူဆရာ၊ ဆရာမများ ရှေ့မှောက်တွင် ဖောက်ရ၏။

၂၀ ရက် ဖေဖော်ဝါရီ ၂၀၁၆ ထုတ်၊ ပုဂ္ဂလိကသတင်းစာတစောင်၏ ဖော်ပြချက်အရ ကိုယ်ပိုင်ကျောင်းမှ ဆရာမ တဦးနှင့် မိတ္တူကူးဆိုင်ပိုင်ရှင်ကို စစ်ဆေးနေပြီဟူ၏။ ကိုယ်ပိုင်ကျောင်းမှ အထက်တန်းပြဆရာမထံ အဘယ် ကြောင့် မေးခွန်းကြိုရောက်နေပါသနည်း။

မေးခွန်းပေါက်ကြားမှုများ၊ မမှားသင့်သော မေးခွန်းအမှားများနှင့် ပတ်သက်၍ တာဝန်ရှိသူတဦးက ကွန်ပျူတာ စာရိုက်သူ၏အမှားကြောင့်လည်းဖြစ်နိုင်ကြောင်း ဆင်ခြေပေးပါသည်။ မေးခွန်းများ (အထူးသဖြင့် အစိုးရစစ်မေးခွန်း)ကို မေးခွန်းထုတ်သူကိုယ်တိုင်က ရိုက်ရ၊ ရေးရပါသည်။ကွန်ပျူတာပဲသုံးသုံး၊ လက်နှိပ်စက်ပဲ သုံးသုံး စာရေးအဆင့်ကို ခိုင်းခဲ့သည်ရှိသော် ပြဿနာဖြစ်လာလျှင် တာဝန်ယူရမည့်သူမှာ မေးခွန်းထုတ်သူနှင့် မေးခွန်းကို ထိန်းသိမ်းထားရသူ နှစ်ဦးတည်းသာဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပြဿနာတခုဖြစ်လာပါက အမှန်တကယ်တာဝန် အရှိဆုံးသူများက တာဝန်မယူဘဲ အဖျား အနားတာဝန်ရှိသူများအပေါ် အပြစ်ပုံချလာသည့် ယဉ်ကျေးမှုကိုကျင့်သုံးလာသည်က အာဏာရှင်အစိုးရ အဆက်ဆက်လက်ထက်သာမက ဒီမိုကရေစီကိုဖော်ဆောင်နေသည်ဆိုသည့် လက်ရှိဦးသိန်းစိန် အစိုးရ လက်ထက်ထိ ဖြစ်ပါသည်။ တာဝန်ရှိသော ကျောင်းအုပ်ကြီး၊ မေးခွန်းထုတ်သည့်ဆရာ၊ ပညာရေးမှူး၊ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးသည် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ သူတို့ထဲမှ မည်သူမှ လူထုရှေ့ထွက်လာခြင်း၊ တာဝန်ယူစကားပြောကြားခြင်း၊ တာဝန်ခံခြင်းမရှိ။ နောက်ဆုံးထွက်လာ သည်က အဖျားအနားမိတ္တူကူးပေးသူနှင့် ကိုယ်ပိုင်ကျောင်းမှ ဆရာမ ဖြစ်နေသည်။

ဦးသိန်းစိန် အစိုးရသက်တမ်းတလျှောက် ပညာရေးကို ပြုပြင်ရန် လုပ်ဆောင်နေသည်ဟု အစဉ် တစိုက်ပြောကြားခဲ့သည်။ သို့သော် လက်တွေ့တွင် အမျိုးသားပညာရေးဥပဒေကြမ်းကိုပင် အဆုံးမသတ်နိုင်ခဲ့။ ကျောင်းများဆောက်ပေးခြင်း၊ နေ့စားလရှင်း မူလတန်းဆရာ၊ ဆရာမများခန့်ထားပေးခြင်း၊ အခမဲ့ မူလတန်း ပညာရေးကိုဆောင်ရွက်နေပြီ စသည် စသည် လုပ်ဆောင်ခဲ့သော်လည်း၊ ဆရာများ၏ အရည်အသွေးကို စစ်ဆေးမှု မရှိခဲ့ကြောင်း မဖွယ်မရာမှားသည့် မေးခွန်းများက ဖော်ပြနေကြပါသည်။

၂၀၁၅- ၂၀၁၆ ပညာသင်နှစ်လေးတန်းနှင့် ရှစ်တန်းစာမေးပွဲကိစ္စများက လက်ရှိ မြန်မာ့ပညာရေးလောက၏ ပေါ့ဆမှု၊ တာဝန်မသိမှု၊ တာဝန်မခံမှု၊ ပျက်ယွင်းနေသော ပညာရေးဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် အရည် အချင်းမဲ့မှု အားလုံးကိုလှစ်ဟပြလိုက်ခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့၊ သေနေ့ကိုမျှ မသိသောဆရာ၊ ဆရာမ။ ပြည်ထောင်စုဟူသောအဓိပ္ပာယ်ကိုမျှ မသိသောဆရာ၊ ဆရာမ။ သင်္ချာဘာသာရပ်တွင် တည်ကိန်းထက် အကြွင်းငယ်ရသည်ဆိုသော အခြေခံကိုမျှ မသိသောဆရာ၊ ဆရာမ။ တရုတ်သမ္မတ မြန်မာနိုင်ငံဟု မှားရေးသည်ထိ ပေါ့ဆသည့် ဆရာ၊ ဆရာမ(သို့မဟုတ်) မိမိနိုင်ငံ အမည်ပင်မှန်အောင်မသိသောဆရာ၊ ဆရာမများ။ မေးခွန်း မဟုတ်သည့် မေးခွန်း သွေးအားနည်းရောဂါမဖြစ်စေရန် မည်သည့်ရောဂါ ရစေသနည်းဟူသော ၀ါကျမျိုးတည်ဆောက်သည့် ဆရာ၊ ဆရာမများလက်ဝယ် အပ်နှံထားရမည့် မြန်မာ့ပညာရေးကားထင်ထားသည်ထက်ပင် နိမ့်ကျနေပါသည်။

မြန်မာ့ပညာရေး ပြုပြင်ရေးတွင် ဦးဆုံးဆောင်ရွက်ရမည်မှာ ဆရာ ဆရာမများ၏ အရည်အသွေးနှင့် ကိုယ်ကျင့်တရားဖြစ်ကြောင်း၊ လက်ရှိ လေးတန်း၊ ရှစ်တန်းမေးခွန်းပေါက်ကြားမှု ကမောက်ကမမေးခွန်းများ မေးခွန်း အမှားများထုတ်မှုက မီးမောင်းထိုးပြနေပေသည်။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)