Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 27, 2016

ပုဂၢလိကေဆးရံုေဆာက္ခြင့္ ဖဲႀကိဳးနက္ဆရာဝန္မ်ားအဖြဲ႔ ကန္႔ကြက္


ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးကို ေတြ႔ရစဥ္။ Photo: RFA
ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းနဲ႔ ျပည္လမ္းေထာင့္မွာရွိတဲ့ သူနာျပဳတကၠသိုလ္ေရွ႕က က်မ္းမာေရးဝန္ႀကီးဌာနပိုင္ ေျမ ကြက္မွာ ျမန္မာႏိုင္ငံရင္းႏွီးျမွပ္ႏွံမႈေကာ္မရွင္က ပုဂၢလိကေဆးရံု ေဆာက္လုပ္ခြင့္ ခ်ထားေပးလိုက္တာကို အၿပီးတိုင္ပယ္ဖ်က္ေပးဖို႔ ဖဲႀကိဳးနက္ဆရာဝန္မ်ားအဖြဲ႔က လက္မွတ္ေပါင္း ၁ဝဝဝ ခန္႔ ႏိုင္ငံေတာ္သမၼတ ထံ ေပးပို႔ေတာင္းဆိုလိုက္ပါတယ္။

ျပည္သူေတြအတြက္ ဆံုးရံႈးနစ္နာမႈျဖစ္ေစတဲ့ ဒီစီမံကိန္းကို အၿပီးတိုင္ ပယ္ဖ်က္ေပးဖို႔ လက္မွတ္ေရးထိုး ေတာင္းဆို တာလို႔ ဖဲႀကိဳးနက္ဆရာဝန္မ်ားအဖြဲ႔ ဦးေဆာင္သူ ေဒါက္တာ အလကၤာက ေျပာပါတယ္။

"က်န္းမာေရးမိသားစုအေနနဲ႔ ရန္ကုန္ေဆးရံုးႀကီး အရာထမ္းဒီေနရာကို ပုဂၢလိကေဆးရံု စီမံကိန္းေပးတဲ့ အတြက္ က်မတို႔အတြက္ ဆံုးရံႈးနစ္နာမႈျဖစ္တယ္၊ လူနာေတြအတြက္လည္း အေျခခံအဓိကက် လိုအပ္တဲ့ အရာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ လူနာေတြအတြက္ေပါ့ေနာ္ ျပည္သူေတြအတြက္ အဓိကေနာ္ ဆံုးရံႈးနစ္နာမႈႀကီးျဖစ္တဲ့အတြက္ ဒီဟာကို က်မတို႔ က်န္းမာေရးမိသားစုအေနနဲ႔ ကန္႔ကြက္ေၾကာင္းနဲ႔ ဒီစီမံကိန္းကိုအၿပီးတိုင္ ဖယ္ဖ်က္ရပ္ဆိုင္းေပးဖို႔ က်မတို႔က တင္ျပသြားျခင္းျဖစ္ပါတယ္"

ဒီေန႔မွာ ေကာက္ခံရရွိထားၿပီးျဖစ္တဲ့ လက္မွတ္တစ္ေထာင္နီးပါးကို ႏိုင္ငံေတာ္သမၼတ၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ လႊတ္ေတာ္ ၃ ရပ္နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ၊ သက္ဆိုင္ရာဌာနေတြကို ေပးပို႔လိုက္တယ္လို႔ ေျပာပါတယ္။

ပါေမာကၡဆရာဝန္ႀကီးေတြ၊ အထူးကုဆရာဝန္ႀကီးေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေဆးတကၠသိုလ္ အသီးသီး တို႔က ေက်ာင္းသား၊ ေက်ာင္းသူေတြက ပါဝင္လက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီေျမေနရာကို ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္အဖြဲ႔က စင္ကာပူႏိုင္ငံအေျခစိုက္ Parkway Hospital အုပ္စု နဲ႔ ျမန္မာႏိုင္ငံက Andaman Alliance Healthcare လီမိတက္တို႔ကို ေဆးရံုစီမံကိန္း ႏွစ္ ၅ဝ ဌားရမ္းလုပ္ကိုင္ခြင့္ျပဳ လိုက္တာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.......

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ Photo: RFA
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ သူနာပြုတက္ကသိုလ်ရှေ့က ကျမ်းမာရေးဝန်ကြီးဌာနပိုင် မြေ ကွက်မှာ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ခွင့် ချထားပေးလိုက်တာကို အပြီးတိုင်ပယ်ဖျက်ပေးဖို့ ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က လက်မှတ်ပေါင်း ၁ဝဝဝ ခန့် နိုင်ငံတော်သမ္မတ ထံ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုဖြစ်စေတဲ့ ဒီစီမံကိန်းကို အပြီးတိုင် ပယ်ဖျက်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆို တာလို့ ဖဲကြိုးနက်ဆရာဝန်များအဖွဲ့ ဦးဆောင်သူ ဒေါက်တာ အလင်္ကာက ပြောပါတယ်။

"ကျန်းမာရေးမိသားစုအနေနဲ့ ရန်ကုန်ဆေးရုံးကြီး အရာထမ်းဒီနေရာကို ပုဂ္ဂလိကဆေးရုံ စီမံကိန်းပေးတဲ့ အတွက် ကျမတို့အတွက် ဆုံးရှုံးနစ်နာမှုဖြစ်တယ်၊ လူနာတွေအတွက်လည်း အခြေခံအဓိကကျ လိုအပ်တဲ့ အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူနာတွေအတွက်ပေါ့နော် ပြည်သူတွေအတွက် အဓိကနော် ဆုံးရှုံးနစ်နာမှုကြီးဖြစ်တဲ့အတွက် ဒီဟာကို ကျမတို့ ကျန်းမာရေးမိသားစုအနေနဲ့ ကန့်ကွက်ကြောင်းနဲ့ ဒီစီမံကိန်းကိုအပြီးတိုင် ဖယ်ဖျက်ရပ်ဆိုင်းပေးဖို့ ကျမတို့က တင်ပြသွားခြင်းဖြစ်ပါတယ်"

ဒီနေ့မှာ ကောက်ခံရရှိထားပြီးဖြစ်တဲ့ လက်မှတ်တစ်ထောင်နီးပါးကို နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ၃ ရပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာနတွေကို ပေးပို့လိုက်တယ်လို့ ပြောပါတယ်။

ပါမောက္ခဆရာဝန်ကြီးတွေ၊ အထူးကုဆရာဝန်ကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးတက္ကသိုလ် အသီးသီး တို့က ကျောင်းသား၊ ကျောင်းသူတွေက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီမြေနေရာကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အဖွဲ့က စင်ကာပူနိုင်ငံအခြေစိုက် Parkway Hospital အုပ်စု နဲ့ မြန်မာနိုင်ငံက Andaman Alliance Healthcare လီမိတက်တို့ကို ဆေးရုံစီမံကိန်း နှစ် ၅ဝ ဌားရမ်းလုပ်ကိုင်ခွင့်ပြု လိုက်တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment