Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 7, 2016

O သွေးပိုင်ရှင်တွေ အကြောင်း

O သွေးပိုင်ရှင်တွေ ကိုယ့်အကြောင်းကို ဖတ်ဖြစ်အောင် ဖတ်လိုက်နော်။

☆ အမြဲတည်း အေးအေးဆေးဆေး ပျော်ပျော်ပါးပါးပဲ နေတတ်တယ်။

☆ ဒီနေ့လည်း ကိုယ်လုပ်နိုင်သလောက်ပဲလုပ်မယ်။

☆ ပတ်ဝန်းကျင်က ဘယ်လိုပဲထင်ထင် ကိုယ်လုပ်ချင်တာကို လုပ်ရတာကို ကြိုက်တယ်။

☆ စိတ်ခံစားမှုတွေနဲ့ သိမ်မွေ့နေတတ်တယ်။
☆ စိတ်ဆိုးရင်လည်း ဘယ်သူမှတားမရအောင် စိတ်ဆိုးတတ်တယ်။
☆ အရမ်း ဝမ်းနည်း၊ ဝမ်းသာဖြစ်တဲ့အချိန်မှာ ငိုလိုက်ရမှ စိတ်သက်သာရာရတယ်။

☆ ပတ်ဝန်းကျင်နဲ့ အထိုက်အလျှောက်နေတတ်တယ်။
☆ ဆုံးဖြတ်ချက်ချတဲ့အခါမှာ တွေဝေမှုမရှိပါ။
☆ ကိစ္စတစ်ခုကို အသေးစိတ် စဉ်းစားတတ်သူဖြစ်တာကြောင့် စဉ်းစားလွန်သွားချိန်မှာ တွေဝေမှုတွေရှိတယ်။

☆ လုပ်စရာရှိတာကိုလုပ်မယ်။ ဘာကိုမှ မကြောက်ပါ။
☆ မလုပ်ချင်တော့ရင်လည်း ချက်ချင်းဆိုသလို ထားပြီး ထွက်ပြေးတယ်။

☆ ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့်ရှိတယ်။
☆ ဖန်တီးမှုနဲ့ ကံကောင်းချက်ကတော့ သူများနဲ့မတူ ထူးခြားတယ်။
☆ စဉ်းစာနေတာထက် ချက်ချင်းထလုပ်လိုက်တယ်။
☆ အဖြေဆိုတာ ပြီးမှသိရမယ်လို့ ခံယူထားတယ်။

☆ မှားခဲ့ရင်လည်း မသိချင်အောင် ဆောင်နေတတ်တယ်။
☆ တခါတလေကျတော့လည်း အမှန်တရားတွေကို ပြောနေတတ်တယ်။
☆ ပျော်နေချိန်မှာတော့ ကြောင်တောင်တောင် လူတစ်ယောက်ပါ။

☆ ဆုံးဖြတ်ချက်မပြတ်သားတာက သူတပါးကို အားနာလို့ပါ။
☆ အသေးစိတ် စဉ်းစားထားပင်မဲ့လည်း နောက်ဆုံးတော့ ဟိုမရောက်ဒီမရောက်ဖြစ်နေတတ်ပါတယ်။
☆ သူ့ကိုအားပေးရင် ကြိုးစားချင်တဲ့စိတ်ရှိတာကြောင့် တော်လာပါလိမ့်မယ်။
☆ ဟိုလူ့ကို ကပ်၊ ဒီလူ့ကို ကန်တော့ ရမယ်ဆိုရင် မလုပ်ဘူး။
☆ မကြိုက်တဲ့ကိစ္စဆိုရင် မကြိုက်ဘူးလို ရဲရဲကြီး ပြောရဲတယ်။
☆ ဘယ်လောက်ပဲ စိတ်ထဲမှာ ဒီလူကို မုန်းနေပါစေ၊ စိတ်ထဲမှာပဲ ထားပါတယ်။

☆ ပုံမှန်အားဖြင့် အတိုက်အခိုက်တွေကို မုန်းတယ်။
☆ ဘယ်လောက်ပဲမုန်းနေပါစေ၊ လက်မပါဘူး။
☆ စိတ်ရှုပ်စရာတွေကို တတ်နိုင်သလောက် ရှောင်ပြီး သွားလေ့ရှိတယ်။
☆ အပြိုင်အဆိုင်တွေကို မုန်းတယ်။
☆ သူများကို အားကျတယ်လို့လည်း သိပ်မထင်ပါ။
☆ အညှိုးအတေးထားတယ်လိုတာကိုလည်း မုန်းတယ်။
☆ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ပြီး၊ သူတပါးအောင်မြင်တာကို ကြည့်ပြီး ဝမ်းသာတယ်။
☆ ကျေးဇူးသိတတ်တဲ့သူပါ။
☆ ရေစက်ပါသူနဲ့ဆိုရင် ဘာပဲလုပ်ရလုပ်ရ အသက်ထက်ဆုံး အတူတူရှိနေချင်တယ်။

☆ လိုအပ်တဲ့ သတင်းကို ရှာရတာ တော်တယ်။
☆ မေးမြန်းတာလဲ တော်တယ်။
☆ လောကကြီးမှာ လှို့ဝှက်ချက်တွေရှိတယ်လို့လည်း မထင်ပါ။
☆ အားလုံး အဆင်ပြေနေရင် ပြီးတာပါပဲ။

☆ အချို့ကိစ္စတွေကတော့ စိတ်ဝင်စားပင်မဲ့လည်း ဖြစ်ချင်တာဖြစ် ရပါတယ်။
☆ တကယ်ဆိုရင် ဘာကိုမှ သိပ်ပြီး စိတ်မဝင်စားပါ။
☆ အနိုင်အရှုံး ဘာမှ မသက်ဆိုင်ပါ။
☆ အဖြေဆိုတာ နောက်ဆုံးတော့ သိရမှာဖြစ်တာကြောင့် သိပ်ပြီး စိတ်မဝင်စားပါ။
☆ မနက်ဖြန်အတွက်ဆိုပြီး စဉ်းစားပြီးလည်း မလုပ်တတ်ပါ။
☆ လောကကြီးထဲမှာ Oသွေးတွေချည်းပဲဆိုရင်လည်း ပျင်းစရာကြီးပါ။
☆ A,B ကပတ်ဝန်းကျင်မှာ ရှိရင်လည်း အဆင်ပြေအောင် ဆက်ဆံတတ်ပါတယ်။

☆ O,B ကတော့ ဘယ်သူမှ မနိုင်ပါ။
☆ A ကတော့ နည်းနည်း မျက်စိရှုပ်တတ်ပါတယ်။
☆ ပြုစုစောင့်ရှောက်တတ်တာက O ပါ။
☆ ကူညီရမယ်ဆိုရင် ထိပ်ကပင်မယ့်လည်း အလိမ်ခံရရင်လည်း ကိစ္စမရှိပါ။
☆ ဘာပဲဖြစ်ဖြစ် နောက်ဘဝမှာ လူဖြစ်ရင်လည်း O ပဲဖြစ်ချင်တယ်။

ChelmoTeam

No comments:

Post a Comment