Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

ေက်ာက္ကပ္အတြက္ ေဆးတစ္ခြက္

ျမန္မာႏုိင္ငံတြင္ တုိင္းရင္းေဆးအျဖစ္ အသုံးျပဳႏုိင္ေသာ သစ္သီးဝလံမ်ား ေပါမ်ားစြာရွိေနသည္။ လူတို႔ သည္ တန္ဖုိးနည္းေသာေဆးနည္းဆုိလွ်င္ အထင္ေသးစြာသုံးစြဲရမွာ အလြန္ဝန္ေလးတတ္ၾကသည္။ ထုိ႔ေၾကာင့္ ဤေဆာင္းပါးျဖင့္ ကုိယ္ေတြ႕ႀကံဳခဲ့ရေသာ ေဆးနည္းတစ္ခုကုိ ေရးသားေဖာ္ျပရျခင္းျဖစ္ သည္။

ကၽြန္မတုိ႔ေန႔စဥ္စားသုံးေနေသာ အသီးအႏွံမ်ားထဲမွ ေက်ာ္ကဖ႐ုံသီး၏ အက်ဳိးအာနိသင္ကုိ ေဖာ္ျပေပး ခ်င္သည္။ ကၽြန္မ၏ခင္ပြန္းသည္ ေက်ာက္ကပ္ေရာဂါကုိ ျပင္းထန္စြာခံစားခဲ့ရသည္။ ေဆးခန္းေပါင္း မ်ားစြာကုိျပသခဲ့ေသာ္လည္း ေဆးထုိးစဥ္ ခဏသာသက္သာခဲ့သည္။ တစ္ေန႔ကၽြန္မ၏မိတ္ေဆြက အမ်ဳိးသားခံစားေနရေသာ ေရာဂါအေၾကာင္းစကားစပ္ေျပာမိရာ ေက်ာက္ကပ္ေရာဂါႏွင့္ ပတ္သက္ လွ်င္ ေက်ာက္ဖ႐ုံသီးျဖင့္ အျမစ္ျပတ္ႏုိင္ေၾကာင္း အႀကံဉာဏ္ေပးေသာေၾကာင့္ ေက်ာက္ဖ႐ုံသီးကုိ ဂ်စ္ ျဖင့္ျခစ္ကာ ဆားအနည္းငယ္၊ သၾကားသင့္ေတာ္႐ုံထည့္၍ ေဖ်ာ္ရည္အျဖစ္ျပဳလုပ္ၿပီး ေန႔စဥ္နံနက္တစ္ ခြက္ ညတစ္ခြက္အၿမဲေသာက္သုံးေပးေသာေၾကာင့္ မခံမရပ္ႏုိင္ေအာင္ခံစားေနရေသာ ေဝဒနာသည္ ႏွစ္ပတ္ခန္႔အၾကာတြင္ ယူပစ္သလုိသက္သာေပ်ာက္ကင္းသြားသည္ကုိ လက္ေတြ႕ႀကံဳခဲ့ရသည္။ ေက်ာက္ဖ႐ုံသီးသည္ ေက်ာက္ကပ္ေရာဂါသာမက ဆီးလမ္းေၾကာင္းတြင္ ေက်ာက္တည္ျခင္းမ်ားကုိ လည္း ေပ်ာက္ကင္းေစေၾကာင္း သိခဲ့ရသည္။

ဆီးလမ္းေၾကာင္းတြင္ ပိတ္ဆုိ႔ေနေသာ ေက်ာင္းမ်ားကုိပင္ အရည္ေပ်ာ္ေစသည္မွာ အမ်ဳိးသားေၾကာင့္ လက္ေတြ႕ႀကံဳခဲ့ဖူးပါသည္။ ထုိ႔ေၾကာင့္ဆီးႏွင့္ပတ္သက္ေသာ ေရာဂါမ်ားတြင္လည္း ေက်ာက္ဖ႐ုံသီးကုိ လုိအပ္သလုိ စားသုံးေပးျခင္းျဖင့္ ေငြကုန္သက္သာ လူမပင္ပန္းဘဲ ေရာဂါေပ်ာက္ကင္းေစသည္။ ထုိ႔ ေၾကာင့္ျမန္မာ့စုိက္ပ်ဳိးေရးမွ ထြက္ေသာသီးႏွံမ်ားသည္ က်န္းမာေရးအတြက္ အထူးေကာင္းမြန္ေသာ အစားအစာမ်ားျဖစ္သလို အလြန္အသုံးဝင္ေသာ ေဆးစြမ္းေကာင္းမ်ားလည္းျဖစ္သည္။ ေက်ာက္ဖ႐ုံ သီးကုိေၾကာ္ခ်က္၍လည္းေကာင္း၊ ဟင္းခ်ဳိအျဖစ္လည္းေကာင္း၊ ႏွစ္သက္သလုိ ခ်က္ျပဳတ္၍လည္း စား သုံးႏုိင္သည္။ ေဝဒနာခံစားရေသာေရာဂါအတြက္ ေငြကုန္ေၾကးက်သက္သာသည့္ ေဆးေကာင္းတစ္ လက္ပင္ျဖစ္သည္။

ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္ဟူေသာ စကားႏွင့္အညီ ျမန္မာႏုိင္ငံတြင္ ေပါက္ေရာက္ေနေသာ အပင္ မ်ားသည္တုိင္းရင္းေဆးအျဖစ္ အသုံးဝင္လ်က္ရွိသည္ကုိ အသိနည္းေနေသးသည္။ ႏုိင္ငံျခားေဆးမ်ား ကုိသာ အေလးထားသုံးစြဲေနျခင္းေၾကာင့္ ေဘးထြက္ဆုိးက်ဳိးတုိ႔ကုိ ေတာရြာမ်ားသာမက ၿမိဳ႕ေပၚ၌ပင္ ခံစားေနရျခင္းျဖစ္သည္။ ႏုိင္ငံျခားမွတင္သြင္းေသာ ပဋိဇီဝေဆးမ်ားသည္ အခန္႔မသင့္လွ်င္ ဆုိးက်ဳိး မ်ားျဖစ္ေပၚေစၿပီး အထူးသျဖင့္ ေက်းလက္ေဒသႏွင့္ ေတာင္ေပၚေဒသတုိ႔တြင္ ကၽြမ္းက်င္ဆရာ၊ ဆရာ မမ်ားရွားပါးေနျခင္းေၾကာင့္ အစာလည္းေဆး၊ ေဆးလည္းအစာဟူေသာစကားကုိ ေမ့ေလ်ာ့လ်က္ ဆုိး က်ဳိးအခ်ဳိ႕ကုိ ႀကံဳ႕ေတြ႕ေနရျခင္းျဖစ္သည္။ ေက်ာက္ကပ္ေဝဒနာသည္ လြန္စြာခံရခက္ေသာ ေဝဒနာ ျဖစ္ေၾကာင္းခံစားရဖူးသူတုိင္း သိရွိၿပီးျဖစ္သည္။ ေယာက်္ားတြင္ ဆီး၊ မိန္းမတြင္ မီးဟူေသာ စကားႏွင့္ အညီအမ်ဳိးသမီးမ်ားအတြက္ ေက်ာက္ကပ္ေရာဂါသည္လည္း ဆုိးရြားစြာခံစားရကာ အသက္အႏၲရာယ္ ႏွင့္နီးစပ္ေၾကာင္း ေဝဒနာခံစားရဖူးသူတုိင္း သိရွိၿပီးျဖစ္သည္။

ေက်ာက္ဖ႐ုံသီးတစ္လုံးလုံးသာမက အရြတ္၊ အျမစ္ပါ ေက်ာက္ကပ္ေရာဂါအတြက္ အသုံးဝင္ေနပါ ေၾကာင္းကုိ အသုံးျပဳႏုိင္ရန္ စာဖတ္သူတုိ႔ထံ တင္ျပအပ္ပါသည္။

ျမန္မာ့အလင္းသတင္းစာ
............................
 ကျောက်ကပ်အတွက် ဆေးတစ်ခွက်

မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးအဖြစ် အသုံးပြုနိုင်သော သစ်သီးဝလံများ ပေါများစွာရှိနေသည်။ လူတို့ သည် တန်ဖိုးနည်းသောဆေးနည်းဆိုလျှင် အထင်သေးစွာသုံးစွဲရမှာ အလွန်ဝန်လေးတတ်ကြသည်။ ထို့ကြောင့် ဤဆောင်းပါးဖြင့် ကိုယ်တွေ့ကြုံခဲ့ရသော ဆေးနည်းတစ်ခုကို ရေးသားဖော်ပြရခြင်းဖြစ် သည်။

ကျွန်မတို့နေ့စဉ်စားသုံးနေသော အသီးအနှံများထဲမှ ကျော်ကဖရုံသီး၏ အကျိုးအာနိသင်ကို ဖော်ပြပေး ချင်သည်။ ကျွန်မ၏ခင်ပွန်းသည် ကျောက်ကပ်ရောဂါကို ပြင်းထန်စွာခံစားခဲ့ရသည်။ ဆေးခန်းပေါင်း များစွာကိုပြသခဲ့သော်လည်း ဆေးထိုးစဉ် ခဏသာသက်သာခဲ့သည်။ တစ်နေ့ကျွန်မ၏မိတ်ဆွေက အမျိုးသားခံစားနေရသော ရောဂါအကြောင်းစကားစပ်ပြောမိရာ ကျောက်ကပ်ရောဂါနှင့် ပတ်သက် လျှင် ကျောက်ဖရုံသီးဖြင့် အမြစ်ပြတ်နိုင်ကြောင်း အကြံဉာဏ်ပေးသောကြောင့် ကျောက်ဖရုံသီးကို ဂျစ် ဖြင့်ခြစ်ကာ ဆားအနည်းငယ်၊ သကြားသင့်တော်ရုံထည့်၍ ဖျော်ရည်အဖြစ်ပြုလုပ်ပြီး နေ့စဉ်နံနက်တစ် ခွက် ညတစ်ခွက်အမြဲသောက်သုံးပေးသောကြောင့် မခံမရပ်နိုင်အောင်ခံစားနေရသော ဝေဒနာသည် နှစ်ပတ်ခန့်အကြာတွင် ယူပစ်သလိုသက်သာပျောက်ကင်းသွားသည်ကို လက်တွေ့ကြံုခဲ့ရသည်။ ကျောက်ဖရုံသီးသည် ကျောက်ကပ်ရောဂါသာမက ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းများကို လည်း ပျောက်ကင်းစေကြောင်း သိခဲ့ရသည်။

ဆီးလမ်းကြောင်းတွင် ပိတ်ဆို့နေသော ကျောင်းများကိုပင် အရည်ပျော်စေသည်မှာ အမျိုးသားကြောင့် လက်တွေ့ကြံုခဲ့ဖူးပါသည်။ ထို့ကြောင့်ဆီးနှင့်ပတ်သက်သော ရောဂါများတွင်လည်း ကျောက်ဖရုံသီးကို လိုအပ်သလို စားသုံးပေးခြင်းဖြင့် ငွေကုန်သက်သာ လူမပင်ပန်းဘဲ ရောဂါပျောက်ကင်းစေသည်။ ထို့ ကြောင့်မြန်မာ့စိုက်ပျိုးရေးမှ ထွက်သောသီးနှံများသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာများဖြစ်သလို အလွန်အသုံးဝင်သော ဆေးစွမ်းကောင်းများလည်းဖြစ်သည်။ ကျောက်ဖရုံ သီးကိုကြော်ချက်၍လည်းကောင်း၊ ဟင်းချိုအဖြစ်လည်းကောင်း၊ နှစ်သက်သလို ချက်ပြုတ်၍လည်း စား သုံးနိုင်သည်။ ဝေဒနာခံစားရသောရောဂါအတွက် ငွေကုန်ကြေးကျသက်သာသည့် ဆေးကောင်းတစ် လက်ပင်ဖြစ်သည်။

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဟူသော စကားနှင့်အညီ မြန်မာနိုင်ငံတွင် ပေါက်ရောက်နေသော အပင် များသည်တိုင်းရင်းဆေးအဖြစ် အသုံးဝင်လျက်ရှိသည်ကို အသိနည်းနေသေးသည်။ နိုင်ငံခြားဆေးများ ကိုသာ အလေးထားသုံးစွဲနေခြင်းကြောင့် ဘေးထွက်ဆိုးကျိုးတို့ကို တောရွာများသာမက မြို့ပေါ်၌ပင် ခံစားနေရခြင်းဖြစ်သည်။ နိုင်ငံခြားမှတင်သွင်းသော ပဋိဇီဝဆေးများသည် အခန့်မသင့်လျှင် ဆိုးကျိုး များဖြစ်ပေါ်စေပြီး အထူးသဖြင့် ကျေးလက်ဒေသနှင့် တောင်ပေါ်ဒေသတို့တွင် ကျွမ်းကျင်ဆရာ၊ ဆရာ မများရှားပါးနေခြင်းကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဟူသောစကားကို မေ့လျော့လျက် ဆိုး ကျိုးအချို့ကို ကြံု့တွေ့နေရခြင်းဖြစ်သည်။ ကျောက်ကပ်ဝေဒနာသည် လွန်စွာခံရခက်သော ဝေဒနာ ဖြစ်ကြောင်းခံစားရဖူးသူတိုင်း သိရှိပြီးဖြစ်သည်။ ယောကျ်ားတွင် ဆီး၊ မိန်းမတွင် မီးဟူသော စကားနှင့် အညီအမျိုးသမီးများအတွက် ကျောက်ကပ်ရောဂါသည်လည်း ဆိုးရွားစွာခံစားရကာ အသက်အန္တရာယ် နှင့်နီးစပ်ကြောင်း ဝေဒနာခံစားရဖူးသူတိုင်း သိရှိပြီးဖြစ်သည်။

ကျောက်ဖရုံသီးတစ်လုံးလုံးသာမက အရွတ်၊ အမြစ်ပါ ကျောက်ကပ်ရောဂါအတွက် အသုံးဝင်နေပါ ကြောင်းကို အသုံးပြုနိုင်ရန် စာဖတ်သူတို့ထံ တင်ပြအပ်ပါသည်။

မြန်မာ့အလင်းသတင်းစာ

No comments:

Post a Comment