Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 25, 2016

ရာထူးမွ ဆင္းေပးဖို႔ ၅ ပတ္သာလိုခ်ိန္ အလုပ္အမ်ားႀကီး လုပ္ဖို႔အေၾကာင္းျပၿပီး စိတၱရမဟီ ပထမထပ္မွာ ေနထိုင္ခြင့္ေတာင္းတဲ့ မီလီလ်ံနာဝန္ႀကီး

ျမန္မာႏုိင္ငံရဲ႕ အခ်မ္းသာဆံုးစာရင္းဝင္ ဝန္ႀကီးတစ္ဦးျဖစ္ခဲ့ၿပီး သမၼတ႐ံုးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးစိုးသိန္းဟာ အလုပ္အမ်ားႀကီးလုပ္ဖို႔ အေၾကာင္းျပကာ မႏၱေလးၿမိဳ႕က စိတၱရမဟီ ပထမထပ္မွာ ေနထိုင္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။ ဝန္ႀကီးရာထူးကဆင္းေပးဖို႔ ရက္သတၱပတ္ ၅ ပတ္သာလိုေတာ့ခ်ိန္မွာ အခုလို ေတာင္းဆိုတဲ့ လက္ေရးမူတစ္ခု လူမႈကြန္ရက္ေပၚရွိ ဝန္ထမ္းမ်ားအၾကား ပ်ံ႕ႏွံ႔ခဲ့ၿပီး မီလီလ်ံနာတစ္ေယာက္ အေနနဲ႔ ဆင္းခါနီးအထိ ရသမွ်အကုန္ယူေနတာျဖစ္ေၾကာင္း ေဝဖန္ခံေနရပါတယ္။

စိတၱရမဟီ အိမ္ရာစီမံကိန္းဟာ အမွန္တကယ္ ေနစရာလံုးဝမရွိတဲ့ ဝန္ထမ္းမ်ားစြာအတြက္ ရည္ရြယ္ ေဆာက္လုပ္ေနတာျဖစ္ၿပီး ဦးစိုးသိန္းလို သန္းၾကြယ္သူေဌးတစ္ဦးအေနနဲ႔ ေနစရာမရွိသည့္ ဝန္ထမ္းမ်ား ဆီက ေနစရာလုယူျခင္းအေပၚ ဝန္ထမ္းအသိုင္းအဝိုင္းက ႐ႈတ္ခ်ေျပာဆိုေနေၾကာင္း သိရပါတယ္။

ဦးစိုးသိန္းရဲ႕ သား/သမီးေတြ သာမက ဇနီးေတြအားလံုးဟာ ႏိုင္ငံျခားမွာေနၾကၿပီး သားျဖစ္သူ ဦးေအးခ်မ္း ဟာ စကၤာပူႏုိင္ငံမွာေနေၾကာင္း သိရပါတယ္။ ဦးစိုးသိန္းရဲ႕သမီး ေဒၚသီတာေအးဟာ လက္ရွိအေမရိကန္မွာ ေနထုိင္ၿပီး ၎ရဲ႕ခင္ပြန္းက အေမရိကန္နုိင္ငံသား ခံယူထားသူ ျပင္သစ္လူမ်ိဳးတစ္ဦး ျဖစ္ပါတယ္။ ဦးစိုးသိန္း သမီးေနာက္တစ္ေယာက္ျဖစ္တဲ့ ေဒၚရည္မြန္ေအး ခင္ပြန္းက ၿဗိတိန္ႏုိင္ငံသားျဖစ္ၿပီး ယခု လင္မယား ႏွစ္ေယာက္စလံုး အဂၤလန္မွာ ေနပါတယ္။ ရန္ကုန္၊ ေနျပည္ေတာ္နဲ႔ ၿမိဳ႕တခ်ိဳ႕မွာ အိမ္အလြတ္ႀကီးေတြ ရွိေနၿပီး မႏၱေလးမွာ အိမ္မရွိေသးလို႔ ဝန္ႀကီးျပဳတ္ခါနီး ဆင္းခါနီးမွာ အရအမိ ႏိႈက္ယူေနတာ ျဖစ္ပါတယ္။

ဦးစိုးသိန္းဟာ ယခင္စက္မႈဝန္ႀကီးဌာနဝန္ႀကီး လုပ္စဥ္ကလည္း ကိုယ္က်ိဳးအတြက္ ႏိုင္ငံပိုင္စက္႐ံုမ်ားနဲ႔ ေျမေနရာေတြကို စံႏႈန္းသတ္မွတ္ခ်က္မရွိဘဲ ငွားရမ္းတာေတြ၊ ေရာင္းခ်တာေတြ လုပ္ခဲ့ပါတယ္။ ျပည္သူ႔ ဘ႑ာေငြရမယ့္ စီမံကိန္းေတြကို တင္ဒါမေခၚဘဲ နီးစပ္သူေတြဆီက သိန္းေပါင္းမ်ားစြာလာဘ္ယူၿပီး အလြန္ နည္းတဲ့ ေစ်းႏႈန္းေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။

စစ္အစိုးရလက္ထက္ စက္မႈ(၂)၀န္ႀကီးျဖစ္စဥ္ကလည္း တ႐ုတ္ျပည္က ကားေတြကို စက္မႈ(၂)မွ ထုတ္၍ ေရာင္းသည္ဟုေျပာၿပီး စက္မႈ(၂)တံဆိပ္တပ္ကာ ေရာင္းခ်တဲ့ WAGON ကား အစီး(၅၀၀၀)ေက်ာ္ကို တင္သြင္းေပးတဲ့ ကုမၸဏီေတြဆီက တစ္စီးကို ေဒၚလာ(၃၀၀၀) ဝန္ႀကီးအတြက္ သီးသန္႔ လာဘ္ယူခဲ့ ပါတယ္။ ဒါ့အျပင္ စက္မႈဇုန္ကားထုတ္လုပ္ခြင့္ လိုင္စင္ခ်ေပးတိုင္း တစ္စီးကိုက်ပ္ဆယ္သိန္း ေတာင္းခဲ့ပါ တယ္။ ဦးစိုးသိန္းလက္ထက္မွာ အစီးေရ ၃၀၀၀ ေက်ာ္ လိုင္စင္ထုတ္ေပးၿပီး တရားမ၀င္ တင္သြင္းလာတဲ့ ကားေတြ ကို စက္မႈဇုန္လိုင္စင္ရေအာင္ လုပ္ေပးခဲ့ပါတယ္။ ႏုိင္ငံေတာ္ ဘက္ဂ်က္မ်ားစြာဆံုးရံႈးခဲ့ေပမယ့္ ဦးစိုးသိန္း ကေတာ့ အခ်မ္းသာဆံုးစာရင္းဝင္ ထိပ္တန္းသူေဌးတစ္ဦးျဖစ္သြားပါတယ္။ တခ်ိဳ႕ဝန္ႀကီးဌာနမွာ ရွိၾကတဲ့ ဝန္ထမ္းေတြဟာ ဦးစိုးသိန္းကို (ဦးခိုးသိမ္း)ဆိုၿပီး ေခၚၾကေလာက္ေအာင္အထိ သူ႔ရဲ႕ မေကာင္း သတင္းက နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့ပါတယ္။

သမၼတဦးသိန္းစိန္ အစိုးရလက္ထက္မွာ ျမန္မာႏိုင္ငံ စက္မႈလုပ္ငန္းဖြံ႔ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒ အျဖစ္ ခန္႔ထားျခင္းခံရေသာ္လည္း ေငြေၾကးအရႈပ္ေတာ္ပံုေတြေၾကာင့္ ဥကၠ႒ရာထူးက ဖယ္ရွားခံခဲ့ရသူ ျဖစ္ပါတယ္။

ဒီလိုအက်င့္ပ်က္မႈေပါင္းမ်ားစြာ၊ လာဘ္စားမႈေပါင္းမ်ားစြာနဲ႔ နာမည္ႀကီးၿပီး ထိပ္တန္း သူေဌးစာရင္းဝင္ ျဖစ္ေနတဲ့ ျပည္ေထာင္စုဝန္ႀကီးတစ္ေယာက္က အိမ္တစ္လံုးကို တျခားေနရာမွာ ကိုယ့္ဘာကိုယ္ မဝယ္ဘဲ ေနစရာမရွိတဲ့ ဝန္ထမ္းေတြဆီက ၾကားျဖတ္လုယူေနတာကို အေျခခံဝန္ထမ္းအသိုင္းအဝုိင္းက အျပစ္တင္ ခဲ့ၾကၿပီး ဦးစိုးသိန္းနဲ႔ ၎မိသားစုဝင္မ်ားရဲ႕ ပိုင္ဆုိင္မႈကို စစ္ေဆးဖို႔ ေတာင္းဆိုမႈေတြ ရွိေနေၾကာင္း သိရပါ တယ္။

ဒီမိုပလူတုိ
--------
https://www.facebook.com/profile.php?id=1000122097464406
https://www.facebook.com/photo.php?fbid=961016230653893&set=a.360787830676739.88329.100002365754291&type=3&theater
..............
ရာထူးမှ ဆင်းပေးဖို့ ၅ ပတ်သာလိုချိန် အလုပ်အများကြီး လုပ်ဖို့အကြောင်းပြပြီး စိတ္တရမဟီ ပထမထပ်မှာ နေထိုင်ခွင့်တောင်းတဲ့ မီလီလျံနာဝန်ကြီး
========================================
မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် ဝန်ကြီးတစ်ဦးဖြစ်ခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ အလုပ်အများကြီးလုပ်ဖို့ အကြောင်းပြကာ မန္တလေးမြို့က စိတ္တရမဟီ ပထမထပ်မှာ နေထိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးရာထူးကဆင်းပေးဖို့ ရက်သတ္တပတ် ၅ ပတ်သာလိုတော့ချိန်မှာ အခုလို တောင်းဆိုတဲ့ လက်ရေးမူတစ်ခု လူမှုကွန်ရက်ပေါ်ရှိ ဝန်ထမ်းများအကြား ပျံ့နှံ့ခဲ့ပြီး မီလီလျံနာတစ်ယောက် အနေနဲ့ ဆင်းခါနီးအထိ ရသမျှအကုန်ယူနေတာဖြစ်ကြောင်း ဝေဖန်ခံနေရပါတယ်။

စိတ္တရမဟီ အိမ်ရာစီမံကိန်းဟာ အမှန်တကယ် နေစရာလုံးဝမရှိတဲ့ ဝန်ထမ်းများစွာအတွက် ရည်ရွယ် ဆောက်လုပ်နေတာဖြစ်ပြီး ဦးစိုးသိန်းလို သန်းကြွယ်သူဌေးတစ်ဦးအနေနဲ့ နေစရာမရှိသည့် ဝန်ထမ်းများ ဆီက နေစရာလုယူခြင်းအပေါ် ဝန်ထမ်းအသိုင်းအဝိုင်းက ရှုတ်ချပြောဆိုနေကြောင်း သိရပါတယ်။

ဦးစိုးသိန်းရဲ့ သား/သမီးတွေ သာမက ဇနီးတွေအားလုံးဟာ နိုင်ငံခြားမှာနေကြပြီး သားဖြစ်သူ ဦးအေးချမ်း ဟာ စင်္ကာပူနိုင်ငံမှာနေကြောင်း သိရပါတယ်။ ဦးစိုးသိန်းရဲ့သမီး ဒေါ်သီတာအေးဟာ လက်ရှိအမေရိကန်မှာ နေထိုင်ပြီး ၎င်းရဲ့ခင်ပွန်းက အမေရိကန်နိုင်ငံသား ခံယူထားသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ ဦးစိုးသိန်း သမီးနောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရည်မွန်အေး ခင်ပွန်းက ဗြိတိန်နိုင်ငံသားဖြစ်ပြီး ယခု လင်မယား နှစ်ယောက်စလုံး အင်္ဂလန်မှာ နေပါတယ်။ ရန်ကုန်၊ နေပြည်တော်နဲ့ မြို့တချို့မှာ အိမ်အလွတ်ကြီးတွေ ရှိနေပြီး မန္တလေးမှာ အိမ်မရှိသေးလို့ ဝန်ကြီးပြုတ်ခါနီး ဆင်းခါနီးမှာ အရအမိ နှိုက်ယူနေတာ ဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ ယခင်စက်မှုဝန်ကြီးဌာနဝန်ကြီး လုပ်စဉ်ကလည်း ကိုယ်ကျိုးအတွက် နိုင်ငံပိုင်စက်ရုံများနဲ့ မြေနေရာတွေကို စံနှုန်းသတ်မှတ်ချက်မရှိဘဲ ငှားရမ်းတာတွေ၊ ရောင်းချတာတွေ လုပ်ခဲ့ပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေရမယ့် စီမံကိန်းတွေကို တင်ဒါမခေါ်ဘဲ နီးစပ်သူတွေဆီက သိန်းပေါင်းများစွာလာဘ်ယူပြီး အလွန် နည်းတဲ့ စျေးနှုန်းတွေနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

စစ်အစိုးရလက်ထက် စက်မှု(၂)၀န်ကြီးဖြစ်စဉ်ကလည်း တရုတ်ပြည်က ကားတွေကို စက်မှု(၂)မှ ထုတ်၍ ရောင်းသည်ဟုပြောပြီး စက်မှု(၂)တံဆိပ်တပ်ကာ ရောင်းချတဲ့ WAGON ကား အစီး(၅၀၀၀)ကျော်ကို တင်သွင်းပေးတဲ့ ကုမ္ပဏီတွေဆီက တစ်စီးကို ဒေါ်လာ(၃၀၀၀) ဝန်ကြီးအတွက် သီးသန့် လာဘ်ယူခဲ့ ပါတယ်။ ဒါ့အပြင် စက်မှုဇုန်ကားထုတ်လုပ်ခွင့် လိုင်စင်ချပေးတိုင်း တစ်စီးကိုကျပ်ဆယ်သိန်း တောင်းခဲ့ပါ တယ်။ ဦးစိုးသိန်းလက်ထက်မှာ အစီးရေ ၃၀၀၀ ကျော် လိုင်စင်ထုတ်ပေးပြီး တရားမဝင် တင်သွင်းလာတဲ့ ကားတွေ ကို စက်မှုဇုန်လိုင်စင်ရအောင် လုပ်ပေးခဲ့ပါတယ်။ နိုင်ငံတော် ဘက်ဂျက်များစွာဆုံးရှုံးခဲ့ပေမယ့် ဦးစိုးသိန်း ကတော့ အချမ်းသာဆုံးစာရင်းဝင် ထိပ်တန်းသူဌေးတစ်ဦးဖြစ်သွားပါတယ်။ တချို့ဝန်ကြီးဌာနမှာ ရှိကြတဲ့ ဝန်ထမ်းတွေဟာ ဦးစိုးသိန်းကို (ဦးခိုးသိမ်း)ဆိုပြီး ခေါ်ကြလောက်အောင်အထိ သူ့ရဲ့ မကောင်း သတင်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်ထားခြင်းခံရသော်လည်း ငွေကြေးအရှုပ်တော်ပုံတွေကြောင့် ဥက္ကဋ္ဌရာထူးက ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီလိုအကျင့်ပျက်မှုပေါင်းများစွာ၊ လာဘ်စားမှုပေါင်းများစွာနဲ့ နာမည်ကြီးပြီး ထိပ်တန်း သူဌေးစာရင်းဝင် ဖြစ်နေတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ယောက်က အိမ်တစ်လုံးကို တခြားနေရာမှာ ကိုယ့်ဘာကိုယ် မဝယ်ဘဲ နေစရာမရှိတဲ့ ဝန်ထမ်းတွေဆီက ကြားဖြတ်လုယူနေတာကို အခြေခံဝန်ထမ်းအသိုင်းအဝိုင်းက အပြစ်တင် ခဲ့ကြပြီး ဦးစိုးသိန်းနဲ့ ၎င်းမိသားစုဝင်များရဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးဖို့ တောင်းဆိုမှုတွေ ရှိနေကြောင်း သိရပါ တယ်။

ဒီမိုပလူတို
--------
https://www.facebook.com/profile.php?id=1000122097464406

No comments:

Post a Comment