CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, February 25, 2016
ကရင္ျပည္နယ္မွာ ရြာသား ႏွစ္ေယာက္ကို က်ားဝင္ကိုက္
ကရင္ျပည္နယ္မွာ က်ား ဝင္ေရာက္ခဲ့တဲ့ ေရလယ္ကုန္း ေက်းရြာဟာ ေကာ့ကရိတ္ၿမိဳ႕နဲ႔ တမိုင္ေလာက္ပဲေဝး ကြာပါတယ္။ မနက္ ၅နာရီေလာက္ ရြာနားက ကန္မွာ ငါးဖမ္းပိုက္ ေထာင္ေနတဲ့ ရြာသားႏွစ္ဉီး က်ားကိုက္ခံရလို႔ ေကာ့ကရိတ္ေဆး႐ုံကို ပို႔လိုက္ရပါတယ္။
အဲဒီေနာက္ ေကာ့ကရိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ေတြ နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္ေတြနဲ႔ ရြာသား ၃၀ ေလာက္တို႔ က်ားကို ဖမ္းဆီးဖို႔ ရွာေဖြခဲ့ပါတယ္။
၄နာရီေလာက္ ရွာေဖြၿပီး ေတြ႕တဲ့အခါ လူကို ျပန္လည္ တိုက္ခိုက္တဲ့အတြက္ ရြာသားေတြ အႏၲရာယ္ ကင္းေအာင္ ပစ္သတ္ခဲ့တာလို႔ ေကာ့ကရိတ္ ရဲစခန္းမွ တာဝန္ရွိသူက ဘီဘီစီကို ေျပာပါတယ္။ က်ား သတၱဝါေတြဟာ တန္ဖိုးရွိၿပီး ေမ့ေဆးေသနတ္နဲ႔ ဖမ္းဖို႔ ေကာင္းေပမယ့္ လူကို တိုက္ခိုက္တဲ့ က်ားျဖစ္လို႔ ပစ္သတ္တာ ျဖစ္ေၾကာင္းလည္း သူက ဆက္ေျပာပါတယ္။
အရင္က ဒီရြာဘက္မွာ က်ား မရွိေပမယ့္ ေဒါန ေတာင္တန္းမွာ ရွိတဲ့ က်ားဟာ အစာရွာရင္း ရြာထဲကို ဝင္ေရာက္လာတာ ျဖစ္နိုင္ပါတယ္။ အခု အေသဖမ္းဆီးရမိတဲ့ က်ားဟာ ဘဂၤလားက်ား အမ်ိဳးအစားျဖစ္ၿပီး အၿမီးကေန ေခါင္းအထိ ၈ ေပေလာက္ ရွည္လ်ားကာ လူ ၇ေယာက္ သယ္ေဆာင္ရပါတယ္။
BBC Burmese
http://www.bbc.com/burmese
......
ကရင်ပြည်နယ်မှာ ကျား ဝင်ရောက်ခဲ့တဲ့ ရေလယ်ကုန်း ကျေးရွာဟာ ကော့ကရိတ်မြို့နဲ့ တမိုင်လောက်ပဲဝေး ကွာပါတယ်။ မနက် ၅နာရီလောက် ရွာနားက ကန်မှာ ငါးဖမ်းပိုက် ထောင်နေတဲ့ ရွာသားနှစ်ဉီး ကျားကိုက်ခံရလို့ ကော့ကရိတ်ဆေးရုံကို ပို့လိုက်ရပါတယ်။
အဲဒီနောက် ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့တွေ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ ရွာသား ၃၀ လောက်တို့ ကျားကို ဖမ်းဆီးဖို့ ရှာဖွေခဲ့ပါတယ်။
၄နာရီလောက် ရှာဖွေပြီး တွေ့တဲ့အခါ လူကို ပြန်လည် တိုက်ခိုက်တဲ့အတွက် ရွာသားတွေ အန္တရာယ် ကင်းအောင် ပစ်သတ်ခဲ့တာလို့ ကော့ကရိတ် ရဲစခန်းမှ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။ ကျား သတ္တဝါတွေဟာ တန်ဖိုးရှိပြီး မေ့ဆေးသေနတ်နဲ့ ဖမ်းဖို့ ကောင်းပေမယ့် လူကို တိုက်ခိုက်တဲ့ ကျားဖြစ်လို့ ပစ်သတ်တာ ဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
အရင်က ဒီရွာဘက်မှာ ကျား မရှိပေမယ့် ဒေါန တောင်တန်းမှာ ရှိတဲ့ ကျားဟာ အစာရှာရင်း ရွာထဲကို ဝင်ရောက်လာတာ ဖြစ်နိုင်ပါတယ်။ အခု အသေဖမ်းဆီးရမိတဲ့ ကျားဟာ ဘင်္ဂလားကျား အမျိုးအစားဖြစ်ပြီး အမြီးကနေ ခေါင်းအထိ ၈ ပေလောက် ရှည်လျားကာ လူ ရယောက် သယ်ဆောင်ရပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကရင္ျပည္နယ္မွာ ရြာသား ႏွစ္ေယာက္ကို က်ားဝင္ကိုက္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 25, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 25, 2016
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment