လူ႔အခြင့္အေရး နဲ႔ လူ႔ဂုဏ္သိကၡာ

ရုပ္ရွင္ဒါရိုက္တာ ဦးမင္းထင္ကိုကိုႀကီး
ဒီတပတ္ ျမန္မာ့ဒီမုိကေရစီေရးရာ ေဆြးေႏြးခန္းအစီအစဥ္မွာ ျမန္မာႏိုင္ငံမွာ ျပဳလုပ္ေနတဲ့ လူ႔အခြင့္အေရးနဲ႔ လူ႔ဂုဏ္သိကၡာ ခရီးသြားရုပ္ရွင္ပဲြေတာ္ဟာ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ယဥ္ေက်းမႈ အားေကာင္းလာေအာင္ ရည္ရြယ္လုပ္ေဆာင္တာ ျဖစ္ေပမယ့္၊ ဒီ အစီအစဥ္ ႏွစ္စဥ္က်င္းပသြားႏိုင္ဖို႔ အခက္အခဲေတြ စိန္ေခၚမႈ ၿခိမ္းေျခာက္ခံရမႈေတြ ရိွေနတယ္လို႔ ဒီပဲြေတာ္ကို စီစဥ္သူ ရုပ္ရွင္ဒါရိုက္တာ ဦးမင္းထင္ကိုကိုႀကီးက ေျပာပါတယ္။ ဒီ ခရီးသြားပဲြေတာ္ကေနတဆင့္ ျမန္မာႏိုင္ငံကလူ႕အခြင့္အေရးအေျခအေနကို မီးေမာင္းထိုးျပထားတဲ့ မွတ္တမ္း႐ုပ္ရွင္ေတြကို ျမန္မာႏိုင္ငံတြင္းမွာသာမက ျပည္ပမွာပါ လွည့္လည္ျပသေနတဲ့ ဒါရိုက္တာမင္းထင္ကိုကိုႀကီး က အေမရိကန္ျပည္ေထာင္စုကိုလည္း ေရာက္ရွိလာၿပီး ၿမဳိ႕အသီးသီးမွာ ျမန္မာအသိုင္းအဝိုင္းနဲ႔ ေတြ႔ဆံုခဲ့တာပါ။ ဒါရိုက္တာ ဦးမင္းထင္ကိုကိုႀကီး ၀ါရွင္တန္ဒီစီေရာက္ခိုက္မွာ ကိုသားညြန္႔ဦးက ဗီြအိုေအ Studio မွာ ေတြ႔ဆံုေမးျမန္းထားပါတယ္။

ကိုသားညႊန္႔ဦး ။ ။ ဦးထင္မင္းကိုကိုႀကီး အခုလို ဗီြအိုေအ ကို လာေရာက္ၿပီးေတာ့ ဒီ ေတြ႔ဆံုေမးျမန္းတာကို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ က်ေနာ္ အရင္ဆံုး ေမးခ်င္တာက ကိုမင္းထင္ကိုကိုႀကီးတုိ႔ အခုလုပ္ေနတဲ့ လူ႔အခြင့္အေရးနဲ႔ လူ႔ဂုဏ္သိကၡာ ရုပ္ရွင္ျပပြဲ။ ျပည္တြင္းမွာလည္း ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ခဲ့တာကို ေတြ႔ရပါတယ္။ အခု ျပည္ပမွာလည္း စလုပ္ေနၾကၿပီ။ လုပ္ေနၾကၿပီဆိုေတာ့ ဒီ ရုပ္ရွင္ျပပြဲကို စလုပ္ခဲ့တဲ့ စိတ္ကူးစိတ္သန္ေလး။ ဘယ္လို စိတ္ကူးစိတ္သန္ေတြနဲ႔ စၿပီးေတာ့ အေကာင္အထည္ေဖာ္ျဖစ္သြားတာလဲ။

ဦးမင္းထင္ကိုကိုႀကီး ။ ။ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ မ်က္စိ၊ နားရယ္၊ ပါးစပ္ေတြကို ႏွစ္ေပါင္း (၅၀) အဲဒီအခ်ိန္ ၂၀၁၂ - ၆၂ ႏွစ္ (၅၀) နီးပါး ပိတ္ထားတယ္။ က်ေနာ္တို႔ ႏုိင္ငံေရးအရ နားလည္တဲ့ Human Rights Educators ေတြ ေျပာလိမ့္မယ္။ သူတို႔ သင္တန္းေတြ ေပးလိမ့္မယ္။ အဲဒါက လူေတြကို ေရြးခ်ယ္ၿပီး လူနည္းစုေလးကိုပဲ ဒီဟာေတြ လူ႔အခြင့္အေရး သေဘာတရားေတြေရာက္တာ။ အဲဒီေတာ့ က်ေနာ္တုိ႔က သာမန္ကေလးေတြ၊ အမ်ဳိးသမီးေတြ၊ လူေတြကို သူတုိ႔လည္း လူ႔အခြင့္အေရးဆိုတဲ့ စကားလံုး - က်ေနာ္တို႔ဆိုရင္ပဲ ေျပာရရင္ ၁၉၈၈ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ မိန႔္ခြန္းမွာ လူ႔အခြင့္အေရးဆိုတာကို ေျပာလိုက္မွ က်ေနာ္တို႔ ၾကားဖူးတာ။ အဲဒီေရွ ႔ ၈၈ ေရွ ႔မွာ တခါမွ မၾကားဖူးဘူး။ က်ေနာ္တို႔က ပါးစပ္ေတြပိတ္၊ နားေတြပိတ္ အဲဒါႀကီးက ႏွစ္ (၅၀) ဒီအစိုးရေအာက္မွာ။ အဲဒီေတာ့ က်ေနာ္က ရုပ္ရွင္ကိုသံုးၿပီးေတာ့ ဘာလုပ္လိုရမလဲဆိုတဲ့ဟာမွ ရုပ္ရွင္ပြဲေတာ္၊ ဒီရုပ္ရွင္နဲ႔ လူ႔အခြင့္အေရးနဲ႔ ဒီမိုကရက္တစ္တခုခုနဲ႔ ဘာလုပ္လို႔ရမလဲဆိုတာကိုရွာေတာ့ က်ေနာ္ ဘာကိုေတြ႔ရသလဲဆိုေတာ့ အခုနေျပာတဲ့ ရုပ္ရွင္ကိုျပတယ္။ သာမန္မိန္းမေတြ၊ ခေလးေတြ ရုပ္ရွင္ၾကည့္ဖို႔လာတယ္။ ရုပ္ရွင္ၾကည့္ဖို႔လာတဲ့ သာမန္လူ႔အဖြဲ႔အစည္းထဲမွာရွိတဲ့ အေျခခံလူတန္းစားေတြ လာၾကမယ္။ သူတို႔တေတြေရွ ႔မွာ ဒီ issue နဲ႔ ပတ္သက္ၿပီးေတာ့ ေျပာၾကဆိုၾကမယ္။ သူတို႔ကိုလည္း ေျပာခိုင္းမယ္။ ေျပာခိုင္းမယ္ဆိုတာ ေျပာဖို႔ေနရာတခုကို ဖန္တီးေပးၿပီးေတာ့ ဒီေနရာမွာ ေဆြးေႏြးၾကဆိုတဲ့ဟာေလးတခု အဲဒီ space ေလးကို ရုပ္ရွင္ကိုသံုးၿပီးေတာ့ က်ေနာ္က ခ်ဲ ႔ထြင္ဖို႔ ႀကိဳးစားတာ။ ရုပ္ရွင္ပြဲေတာ္ရဲ ႔ background က အဲဒီဟာပဲ။

ကိုသားညႊန္႔ဦး ။ ။ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ေတာ့ ျမန္မာႏုိင္ငံကေတာ့ ေတာက္ေလွ်ာက္ေတာင္းခဲ့တာပဲ။ ေတာင္းခဲ့ေပမယ့္ ျမန္မာ့လူ႔အဖြဲ႔အစည္းထဲမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ျပတ္ခဲ့တာ အေတာ္ၾကာၿပီ။ က်င့္ႀကံမႈလည္း အားနည္းခဲ့တယ္။ အဲဒီေတာ့ လူ႔အခြင့္အေရးရုပ္ရွင္ျပပြဲ ျပတဲ့အခါမွာ လူေတြရဲ ႔ တုံ႔ျပန္ခ်က္။ လူ႔အခြင့္အေရး စံႏႈန္းစံထားေတြနဲ႔ ပတ္သက္ၿပီး သူတုိ႔ရဲ ႔အျမင္ တံု႔ျပန္ခ်က္၊ သူတုိ႔ရဲ ႔ အယူအဆေတြ၊ ရုပ္ရွင္ပြဲေတာ္နဲ႔ ပတ္သက္ကို ရုိက္ခတ္လာတာေတြ ဘာေတြမ်ား ရွိပါလဲ။

ဦးမင္းထင္ကိုကိုႀကီး ။ ။ ၂၀၁၂ မွာ ႀကိဳးစားလိုက္တာ ၂၀၁၃ ဇြန္လမွာ ျမန္မာႏုိင္ငံရဲ ႔ ပထမဦးဆံုး ႏိုင္ငံတကာ၊ ၿပီးေတာ့ ပထမဦးဆံုး လူ႔အခြင့္အေရး ရုပ္ရွင္ပြဲေတာ္ကို ျမန္မာႏိုင္ငံမွာ က်င္းပႏုိင္ခဲ့တယ္။ က်ေနာ္က အဲဒီေန႔ညမွာ စိတ္ထဲမွာ ငါ့ရုပ္ရွင္ပြဲေတာ္က တႀကိမ္တည္းနဲ႔ ၿပီးရမွာ မဟုတ္ဘူး။ ငါ ေနာက္ထပ္ႏွစ္ေတြ မျဖစ္ျဖစ္ေအာင္ ဆက္ၿပီးလုပ္ရမယ္ဆိုတဲ့ဟာတခုကို အဲဒီေန႔ည (၁၈) ရက္ေန႔ည (၁၂) နာရီထိုး (၅) မိနစ္အလိုမွာ ရတယ္။ ၿပီးေတာ့ ေနာက္တခ်က္က ဘာကို သြားေတြ႔လဲဆိုေတာ့ ငါ ဒီရုပ္ရွင္ကို ရန္ကုန္မွာ - ထားပါေတာ့ အဲဒီေန႔က ရုပ္ရွင္ပြဲေတာ္မွာ လူ။ က်ေနာ္တို႔ လက္မွတ္ေတြေဝၿပီး ေရးထားတာ လူ (၆) ေထာင္ ရွိတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ ရန္ကုန္မွာ လူ (၆) ေထာင္ ၾကည့္ၿပီးေတာ့၊ ၾကည့္ၿပီးတာနဲ႔ ရပ္မလား။ အဲဒါဆို နယ္က ရြာေတြက ၿမိဳ ႔ငယ္ေလးေတြက လူေတြကို ဒီရုပ္ရွင္ေတြၾကည့္ဖို႔ မလုိအပ္ဖူးလား။ အဲဒါေတြကို နယ္ေတြကို သယ္သြားမယ္ဆိုၿပီး၊ နယ္မွာ ခရီးသြားရုပ္ရွင္ပြဲေတာ္ ပထမဦးဆံုးႏွစ္အေနနဲ႔ target က တုိင္းနဲ႔ျပည္နယ္ (၁၄) ခု ရန္ကုန္ဖယ္ (၁၃) ခု က်န္မယ္။ အဲဒီက ၿမိဳ ႔ေတြအားလံုး ဥပမာ မေကြးတုိင္းဆို မေကြး၊ မႏၱေလးတုိင္းဆိုရင္ မႏၱေလး အားလံုး (၁၃) ၿမိဳ ႔ ေရာက္ေအာင္သြားမယ္ဆိုၿပီးေတာ့ ေၾကညာခဲ့တယ္။ ၿပီးေတာ့ ႀကိဳးစားခဲ့တယ္။ သြားႏုိင္ခဲ့တယ္။

ကိုသားညႊန္႔ဦး ။ ။ ေနာက္တခု ေမးခ်င္တာက လူ႔အခြင့္အေရး ရုပ္ရွင္ျပတဲ့အခါမွာ လူနည္းစု အခြင့္အေရးေတြလည္း ေျပာရတယ္။ က်ေနာ္ တႏွစ္မွာ ၾကားလိုက္တာက မဘသ အဖြဲ႔အစည္းကေန ကန္႔ကြက္မႈ ႀကံဳလိုက္ရတယ္လို႔ သိရပါတယ္။ ဒီအေျခအေနကို ဘယ္လုိ ေက်ာ္ျဖတ္ခဲ့ရလဲ။ ဘယ္လို ရွင္းခဲ့ရလဲ အဲဒါကို သိခ်င္ပါတယ္။

ဦးမင္းထင္ကိုကိုႀကီး ။ ။ က်ေနာ္တို႔က ရုပ္ရွင္ႀကီးပဲ ျပေနလို႔လဲ မရဘူး။ ဒီရုပ္ရွင္ ဖန္တီးမႈကိုလည္း အရည္အေသြးတခု ျဖစ္လာေအာင္ လုပ္ဖို႔ေတာ့ လုိအပ္ၿပီဆိုတာကို အဲဒီမွာ ေတြ႔တယ္။ အဲဒါနဲ႔ပဲ သင္တန္းေပးမွ ျဖစ္မယ္ဆိုၿပီးေတာ့ သင္တန္းေပးဖို႔ ႀကိဳးစားတယ္။ ႀကိဳးစားေတာ့ အဲဒီ ပထမဦးဆံုးႏွစ္မွာပဲ သင္တန္း (၄) လ ေပးျဖစ္တယ္။ ႏိုင္ငံတကာက ပညာရွင္ (၂) ေယာက္ကို ဖိတ္ၿပီးေတာ့ က်ေနာ္ အပါအဝင္ ၊ ျပည္တြင္းက ပညာရွင္ေတြအပါအဝင္ ႏိုင္ငံတကာ ပညာရွင္ (၂) ေယာက္နဲ႔ (၄) လေလာက္ၾကာတဲ့ သင္တန္းတခုေလာက္ ေပးတယ္။ အဲဒီ သင္တန္းမွာ အဲဒီ (၃) ေယာက္တဖြဲ႔ documentary တခု ရိုက္ခိုင္းတယ္။ အဲဒီက (၃) ေယာက္က သူတုိ႔ဘာသာ သူတို႔ေရြးခ်ယ္တာ ရိုက္ခ်င္တဲ့ အေၾကာင္းအရာ။ အဲဒီမွာ သူတုိ႔က မိတီၳလာ အေရးအခင္းၿပီးစ အဲဒီအေရးအခင္းေလးကို အေျခတည္ၿပီးေတာ့ Documentary တခု ရိုက္ခ်င္တယ္။ က်ေနာ္လည္း ရိုက္ခြင့္ျပဳတယ္။ အဲဒီ (၃) ေယာက္ထဲမွာ တေယာက္က အမ်ဳိးသမီး စာေရးဆရာမ အစၥလာမ္မစ္ ၊ က်န္တဲ့ ႏွစ္ေယာက္ ဗုဒၶဘာသာ၊ အဲဒီ ဗုဒၶဘာသာႏွစ္ေယာက္ထဲမွာ တေယာက္က ရခိုင္။ တေယာက္က ဆရာဝန္မေလး။ အခုဆို လန္ဒန္မွာ မာစတာတခု သြားတက္ေနတယ္။ သူတို႔သံုးေယာက္ သူတုိ႔ဘာသူတုိ႔ ေရြးခ်ယ္တာ။ သူတုိ႔ ရိုက္ခ်င္တယ္ဆုိၿပီးေတာ့ သူတုိ႔ ရိုက္ခ်င္ေနတာက ဘာသာႏွစ္ခုၾကားထဲမွာ ေမတၱာတရား ႀကီးမားတဲ့လူေတြရွိတယ္။ ဒီ conflict ရဲ ႔ ေနာက္ကြယ္မွာ အေၾကာင္းတရားေတြ ရွိလိမ့္မယ္။ ဒါေပမဲ့ ဒီဟာကိုေတာ့ က်ေနာ္တုိ႔ သူတုိ႔ ုျပမွာမဟုတ္ဘူး။ ဒါေပမဲ့ အဲဒီဘာသာႏွစ္ခုၾကားထဲမွာ ရွိေနတဲ့ ေမတၱာတရားကို ျပခ်င္တာ။ ရွိထားၿပီးသား က်ေနာ္တို႔ ျမန္မာလူ႔အဖြဲ႔အစည္းမွာ တဦးအေပၚမွာတဦး တကယ့္ကိုပဲ ဘာသာလူမ်ဳိး မခြဲျခားဘဲနဲ႔ ထားတဲ့ေမတၱာေတြက ရွိထားၿပီးသား၊ ရွိေနၿပီးသား၊ ရွိေနတယ္။ အခုိင္အမာ ရွိေနတယ္ဆိုတာေလးကို သူတုိ႔က ျပဖို႔ႀကိဳးစားတာ။ ၿပီးေတာ့ က်ေနာ္တုိ႔ ဒုတိယေန႔ ရုပ္ရွင္ပြဲေတာ္ ၂၀၁၂ မွာ ရန္ကုန္မွာ အဲဒီကားကို ျပမယ္လို႔ program ထုတ္လိုက္တယ္။ တပတ္ေလာက္အႀကိဳမွာ က်ေနာ္တို႔ program ဘယ္ကားေတြ ျပမယ္ဆိုတာ ထြက္တာေပါ့။ က်ေနာ္လည္း အရမ္းအလုပ္မ်ားေတာ့ social media facebook ေပၚလဲ မတက္ျဖစ္ဘူး။ facebook မွာ ဘာေတြျဖစ္ေနတာလဲ က်ေနာ္ မသိဘူး။ ဒါေပမဲ့ ရုပ္ရွင္ပြဲေတာ္ ပထမေန႔ က်ေနာ္ မွတ္မိေနေသးတယ္ (၁၅) ရက္ေန႔ မနက္ (၆) နာရီ က်ေနာ္ ႏိုးေနၿပီ။ ရုပ္ရွင္ပြဲေတာ္သြားဖို႔ ျပင္ေနၿပီ။ ဖုန္းတခု ဝင္လာတယ္။ social media ကို ၾကည့္ၾကည့္ပါ ျမင္လားလို႔ က်ေနာ့္မိတ္ေဆြတေယာက္က ခင္မ်ားတုိ႔ အဲဒီရုပ္ရွင္ျပရင္ ရုပ္ရွင္ရံုကို မီးရိႈ ႔မယ္၊ ခင္မ်ားကိုလဲ သတ္မယ္ျဖတ္မယ္လို႔ ၿခိမ္းေျခာက္ထားတယ္။ အဲဒါနဲ႔ ေနာက္ဆံုးက်ေတာ့ က်ေနာ္ ဆံုးျဖတ္လိုက္တယ္ … သူတုိ႔က ဘာကို လိုက္ရွာေနလဲဆိုေတာ့ မိတီၳလာၿပီးေတာ့ ေနာက္ထပ္ လူေတြၾကားထဲမွာ ယမ္းပံုႀကီးက အသစ္ျဖစ္ေနၿပီ။ မီးစေလးတစ spark အဲဒါေလးတခုကို လုိက္ရွာေနတာ။ က်ေနာ္ စဥ္းစားၾကည့္တာ ငါ့ရုပ္ရွင္ပြဲကို ဒီဟာအျဖစ္ အသံုးခ်ေတာ့မယ္။ ဒီဟာကို အသံုးခ် မခံႏိုင္ဘူး။ အဲဒီ ရုပ္ရွင္ပြဲေတာ္ မ်က္ႏွာနဲ႔ ႏိုင္ငံမ်က္ႏွာ ဘယ္ဟာကို ေရြးမလဲ။ ကိစၥမရွိဘူး က်ေနာ္တို႔ ရုပ္ရွင္ပြဲေတာ္ကို ႏိုင္ငံတကာေရွ ႔မွာ ဂုဏ္သိကၡာအားျဖင့္ ထိခို္က္ပါေစ။ ကိစၥမရွိဘူး။ ဒါေပမဲ့ အဲဒီဟာေၾကာင့္ ဒီမွာ မီးပြားႀကီးေတာ့ အျဖစ္မခံႏို္င္ဘူး။ အဲဒီေတာ့ ႏုိင္ငံမ်က္ႏွာကို ေရြးမယ္ဆိုၿပီးေတာ့ အဲဒီ ရုပ္ရွင္ကို withdraw လုပ္လိုက္တယ္။

ကိုသားညႊန္႔ဦး ။ ။ အဲဒါ က်ေနာ္ ေမးခ်င္တာ။ ျမန္မာႏုိင္ငံထဲမွာ လူ႔အဖြဲ႔အစည္းထဲမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ က်င့္ႀကံမႈ အားနည္းတာေတြ ရွိတယ္။ တခ်ဳိ ႔ေနရာေတြမွာ လူနည္းစု အခြင့္အေရး။ အထူးသျဖင့္ေျပာမယ္ဆိုရင္ ျမန္မာ့ရုပ္ရွင္ေလာကမွာ LGBT လိင္တူခ်င္း စံုမက္တဲ့ ကိစၥေတြမွာ ႏိွမ္ခ်တာေတြ၊ ေနာက္ လူမ်ုိးေရးအရ ႏိွမ္ခ်တဲ့ အသံုးအႏႈန္းေတြ၊ အေျပာအဆုိေတြ ျဖစ္တဲ့အခါၾကေတာ့ ကိုမင္းထင္ကိုကိုႀကီးတို႔က လူ႔အခြင့္အေရး ရုပ္ရွင္ပြဲေတာ္ လုပ္တဲ့အခါမွာ ဒီေပၚမွာ ရုပ္ရွင္ေလာကနဲ႔ ဘယ္လိုမ်ား ဆက္စပ္ႏိုင္လဲ။ ရုပ္ရွင္ေလာကေပၚမွာ ဘယ္ေလာက္အထိ သက္ေရာက္မႈ ရွိပါလဲ။

ဦးမင္းထင္ကိုကိုႀကီး ။ ။ လူနည္းစုျဖစ္တဲ့ LGBT ေတြကို သူတို႔က ရုပ္ရွင္မွာေကာ - ဇာတ္လမ္းရုပ္ရွင္ေတြမွာ၊ ေနာက္ၿပီးေတာ့ stage performance အၿငိမ့္ေတြမွာ သူတုိ႔ကို ေတာ္ေတာ္ႀကီး ခြဲျခားဆက္ဆံတယ္ဆိုတာထက္ ႏိွမ္ခ်ဆက္ဆံတဲ့ ရယ္စရာ၊ တကယ့္ကိုပဲ ဂုဏ္သိကၡာအားျဖင့္ က်ဆင္းေစတဲ့ အေျပာအဆို၊ ေလာင္ေျပာင္မႈေတြနဲ႔ လုပ္ေနတာႀကီးက ႏွစ္ေပါင္းကို ေတာ္ေတာ္ႀကီး ၾကာခဲ့ၿပီေပါ့။ အဲဒီဟာေတြကို ရပ္ဖို႔သင့္တဲ့ အခ်ိန္တခုကို က်ေနာ္တို႔ ေရာက္ေနၿပီ။ အဲဒီဟာလဲ က်ေနာ့္စိတ္ထဲမွာ ရွိတယ္။ ဒါေပမဲ့ တခ်ဳိ ႔ဟာေတြၾကေတာ့ issues ေလးေတြက ထားပါေတာ့ အမ်ဳိးသမီး အခြင့္အေရး၊ LGBT အခြင့္အေရးဟာေတြထက္ အေရးႀကီးေနတဲ့ တႏိုင္ငံလံုးနဲ႔ဆုိင္တဲ့ အခြင့္အေရးက ပိုၿပီးအေရးႀကီးေနတာေပါ့။ ဒါေပမဲ့ အဲဒီဟာေတြလဲ လုပ္ရမယ္ဆိုတာကို နားလည္တယ္။ ျမင္တယ္။ ဒုတိယအႀကိမ္ ရုပ္ရွင္ပြဲေတာ္မွာ LGBT issue နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ေက်ာင္းသား ရိုက္ထားတဲ့ ကားေလးကို ျပခဲ့ပါတယ္။

ကိုသားညႊန္႔ဦး ။ ။ ေနာက္တခု ေမးခ်င္တာကေတာ့ လူ႔အခြင့္အေရး ရုပ္ရွင္ျပပြဲ လြတ္လပ္ခြင့္ေပါ့။ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးက တစံုတရာ လြတ္လပ္လာၿပီ ဆိုေပမယ့္ တခ်ဳိ ႔ အထိမခံေသးတဲ့ အေျခအေနရွိတယ္။ ဥပမာ စစ္တပ္နဲ႔ ပတ္သက္လို႔ဟာမ်ဳိးေတြ။ အခုအေျခအေနမွာ သူတို႔ဘက္က ထိတာ ေတာ္ေတာ္ေလး sensitive ျဖစ္ေနတယ့္ အေနအထားမွာရွိတယ္။ အခုန အကိုေျပာတဲ့ထဲမွာ ကေလးစစ္သား issue မ်ဳိးေတြ ပါလာတယ္။ ဒီလုိ issue မ်ဳိးေတြနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္အထိ လူ႔အခြင့္အေရး ရုပ္ရွင္ျပပြဲက လြတ္လြတ္လပ္လပ္နဲ႔ စိတ္ႀကိဳက္ ရိုက္ခြင့္ရၿပီလဲ။ ျပခြင့္ရလဲ။ အကန္႔အသတ္ ရွိလား။

ဦးမင္းထင္ကိုကိုႀကီး ။ ။ အဲဒီအေၾကာင္းကိုေျပာရင္ ရုပ္ရွင္ပြဲေတာ္ (၃) ႏွစ္ က်င္းပၿပီးသြားၿပီ။ က်ေနာ္တို႔ ရုပ္ရွင္ပြဲေတာ္မွာျပမယ့္ ရုပ္ရွင္အားလံုးကို ဆင္ဆာအဖြဲ႔ကို က်ေနာ္တို႔ တင္ရတယ္။ အခုနေျပာတဲ့ Open Sky မိတီၳလာ အေရးအခင္းနဲ႔ ပတ္သက္တဲ့ ရုပ္ရွင္ကလဲ ဆင္ဆာအဖြဲ႔က ခြင့္ျပဳလိုက္တဲ့ကား။ သူတို႔ကို က်ေနာ္တို႔ တင္ရတယ္။ ဘာမွအျဖတ္အေတာက္မရွိ ခြင့္ျပဳလိုက္တယ္။ ေနာက္ၿပီး Article 18 ဆိုတဲ့ ကားေလး။ အဲဒီကားထဲမွာ ဦးသိန္းစိန္ ပံုေတြဘာေတြလဲ ပါတယ္။ အဲဒီထဲမွာ Article 18 နဲ႔ ပတ္သက္ၿပီး ၂၀၁၂ ပတ္ဝန္းက်င္မွာ ေက်ာင္းသားေတြ၊ အဖြဲ႔အစည္းက လူေတြကို ပုဒ္မ ၁၈ နဲ႔ ဖမ္းတဲ့ကိစၥေတြကို ရိုက္ထားတာ။ က်ေနာ္တို႔ေက်ာင္းက ကေလးေတြပဲ ရိုက္ထားတာ။ အဲဒီေတာ့ ရန္ကုန္မွာ ရုပ္ရွင္ပြဲေတာ္လုပ္ဖို႔အတြက္ တင္သမွ် ကားအားလံုးကို သူတို႔က ဒီကားကိုေတာ့ မျပပါနဲ႔ဆိုတဲ့ အခုအထိ ႏိုင္ငံတကာကားေတြ နဲ႔ ျပည္တြင္းကကားေတြကို တခုမွ မရွိခဲ့ဘူး။ အခုနေျပာတဲ့ ကေလးစစ္သားနဲ႔ ပတ္သက္ၿပီးေတာ့လဲ သူတို႔ ခြင့္ျပဳခဲ့တယ္။ အဲဒါကို ျပခြင့္ျပဳခဲ့တယ္။ ဒါေပမဲ့ ျပႆနာတခုက ရန္ကုန္မွာမျဖစ္ဘဲ ဘယ္မွာျဖစ္လဲဆိုေတာ့ က်ေနာ္တုိ႔ ခရီးသြားရုပ္ရွင္ပြဲေတာ္ဆိုၿပီး နယ္ေတြသြားတဲ့အခ်ိန္မွာ ပထမႏွစ္တုန္းက ေျပာလိုက္တယ္ (၁၃) ၿမိဳ ႔မွာ က်င္းပတယ္ဆိုတာ။ အဲဒီ (၁၃) ၿမိဳ ႔မွာ က်ေနာ္တို႔ ပါမစ္ရတာ (၁) ၿမိဳ ႔တည္းပဲရွိတယ္။ ရုပ္ရွင္ရံုမွာ က်င္းပတယ္ဆိုရင္ အနည္းဆံုးက ဆင္ဆာက ခြင့္ျပဳထားတယ္ဆိုတာကို ေပးရေသးတယ္။ ဒါေပမဲ့ ၿမိဳ ႔တိုင္းမွာ ရုပ္ရွင္ရံု မရွိဘူး။ မရွိေတာ့ သက္ဆိုင္ရာ ေဒသခံအဖြဲ႔အစည္းကို ခြင့္ျပဳခ်က္ေတာင္းရတယ္။ က်ေနာ္ မမွားဘူးဆိုရင္ ခ်င္းက တီးတိန္မွာ အဲဒီတပြဲပဲ ခြင့္ျပဳခ်က္ရတယ္။ က်န္တဲ့ (၁၂) ၿမိဳ ႔ ဘယ္ေနရာမွာမွ ခြင့္ျပဳခ်က္ မေပးဘူး။

ကိုသားညႊန္႔ဦး ။ ။ အဲဒါေတြက ဘယ္အေပၚမွာ မူတည္တာလဲ။ သက္ဆုိင္ရာ ျပည္နယ္နဲ႔ တိုင္းအလိုက္ အစိုးရေတြေပၚ မူတည္တာလား။

ဦးမင္းထင္ကိုကိုႀကီး ။ ။ ဟုတ္တယ္။ ဥပမာ ေပးရရင္ ရန္ကုန္ ပထမဆံုးႏွစ္ ၂၀၁၃ ၿပီးၿပီခ်င္း နယ္ကိုသြားမယ္ဆိုေတာ့ က်ေနာ္တို႔ ေရြးလိုက္တဲ့ၿမိဳ ႔က မေကြး။ ဦးဖုန္းေမာ္ေရႊရဲ ႔ … ဘာျဖစ္လို႔ အဲဒါကို ေရြးလိုက္ရလဲဆိုေတာ့ ေရွ ႔မွာတုန္းက ကိုမင္းကိုႏုိင္တို႔ စာေပေဟာေျပာပြဲ လုပ္မယ္ဆိုတဲ့ဟာကို ခြင့္ျပဳခ်က္မေပးလို႔ အဲဒီပြဲ ပ်က္သြားခဲ့တယ္။ အဲဒါနဲ႔ ရုပ္ရွင္ပြဲေတာ္ အဲဒီၿမိဳ ႔ကို သြားလုပ္မယ္ဆိုၿပီး မေကြးကို ေရြးၿပီးေတာ့ ပထမဆံုး ခရီးသြားရုပ္ရွင္ပြဲေတာ္ ၂၀၁၃ ျမန္မာႏုိင္ငံရဲ ႔ ပထမဦးဆံုး ခရီးသြား ရုပ္ရွင္ပြဲေတာ္ မေကြးမွာ က်င္းပဖို႔ ႀကိဳးစားခဲ့ပါတယ္။

ကိုသားညႊန္႔ဦး ။ ။ ကိုမင္းထင္ကိုကိုႀကီး အခုလို ဗီြအိုေအ ကို ေျဖၾကားေပးတာ အမ်ားႀကီး ေက်းဇူးတင္ပါတယ္။

ဦးမင္းထင္ကိုကိုႀကီး ။ ။ ဟုတ္ကဲ့ပါ ေက်းဇူးတင္ပါတယ္။ က်ေနာ့္ကို ဒီမွာလာၿပီးေတာ့ ရုပ္ရွင္ပြဲေတာ္အေၾကာင္းေလး ေျပာခြင့္ျပဳတဲ့အတြက္။

ကိုသားညႊန္႔ဦး / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
 ရုပ်ရှင်ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ယဉ်ကျေးမှု အားကောင်းလာအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပေမယ့်၊ ဒီ အစီအစဉ် နှစ်စဉ်ကျင်းပသွားနိုင်ဖို့ အခက်အခဲတွေ စိန်ခေါ်မှု ခြိမ်းခြောက်ခံရမှုတွေ ရှိနေတယ်လို့ ဒီပွဲတော်ကို စီစဉ်သူ ရုပ်ရှင်ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးက ပြောပါတယ်။ ဒီ ခရီးသွားပွဲတော်ကနေတဆင့် မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေကို မီးမောင်းထိုးပြထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို မြန်မာနိုင်ငံတွင်းမှာသာမက ပြည်ပမှာပါ လှည့်လည်ပြသနေတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး က အမေရိကန်ပြည်ထောင်စုကိုလည်း ရောက်ရှိလာပြီး မြို့အသီးသီးမှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့တာပါ။ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး ၀ါရှင်တန်ဒီစီရောက်ခိုက်မှာ ကိုသားညွန့်ဦးက ဗွီအိုအေ Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဦးထင်မင်းကိုကိုကြီး အခုလို ဗွီအိုအေ ကို လာရောက်ပြီးတော့ ဒီ တွေ့ဆုံမေးမြန်းတာကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက ကိုမင်းထင်ကိုကိုကြီးတို့ အခုလုပ်နေတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပြပွဲ။ ပြည်တွင်းမှာလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အခု ပြည်ပမှာလည်း စလုပ်နေကြပြီ။ လုပ်နေကြပြီဆိုတော့ ဒီ ရုပ်ရှင်ပြပွဲကို စလုပ်ခဲ့တဲ့ စိတ်ကူးစိတ်သန်လေး။ ဘယ်လို စိတ်ကူးစိတ်သန်တွေနဲ့ စပြီးတော့ အကောင်အထည်ဖော်ဖြစ်သွားတာလဲ။

ဦးမင်းထင်ကိုကိုကြီး ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ မျက်စိ၊ နားရယ်၊ ပါးစပ်တွေကို နှစ်ပေါင်း (၅၀) အဲဒီအချိန် ၂၀၁၂ - ၆၂ နှစ် (၅၀) နီးပါး ပိတ်ထားတယ်။ ကျနော်တို့ နိုင်ငံရေးအရ နားလည်တဲ့ Human Rights Educators တွေ ပြောလိမ့်မယ်။ သူတို့ သင်တန်းတွေ ပေးလိမ့်မယ်။ အဲဒါက လူတွေကို ရွေးချယ်ပြီး လူနည်းစုလေးကိုပဲ ဒီဟာတွေ လူ့အခွင့်အရေး သဘောတရားတွေရောက်တာ။ အဲဒီတော့ ကျနော်တို့က သာမန်ကလေးတွေ၊ အမျိုးသမီးတွေ၊ လူတွေကို သူတို့လည်း လူ့အခွင့်အရေးဆိုတဲ့ စကားလုံး - ကျနော်တို့ဆိုရင်ပဲ ပြောရရင် ၁၉၈၈ ဒေါ်အောင်ဆန်းစုကြည်ရဲ ့ မိန့်ခွန်းမှာ လူ့အခွင့်အရေးဆိုတာကို ပြောလိုက်မှ ကျနော်တို့ ကြားဖူးတာ။ အဲဒီရှေ ့ ၈၈ ရှေ ့မှာ တခါမှ မကြားဖူးဘူး။ ကျနော်တို့က ပါးစပ်တွေပိတ်၊ နားတွေပိတ် အဲဒါကြီးက နှစ် (၅၀) ဒီအစိုးရအောက်မှာ။ အဲဒီတော့ ကျနော်က ရုပ်ရှင်ကိုသုံးပြီးတော့ ဘာလုပ်လိုရမလဲဆိုတဲ့ဟာမှ ရုပ်ရှင်ပွဲတော်၊ ဒီရုပ်ရှင်နဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရက်တစ်တခုခုနဲ့ ဘာလုပ်လို့ရမလဲဆိုတာကိုရှာတော့ ကျနော် ဘာကိုတွေ့ရသလဲဆိုတော့ အခုနပြောတဲ့ ရုပ်ရှင်ကိုပြတယ်။ သာမန်မိန်းမတွေ၊ ခလေးတွေ ရုပ်ရှင်ကြည့်ဖို့လာတယ်။ ရုပ်ရှင်ကြည့်ဖို့လာတဲ့ သာမန်လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ အခြေခံလူတန်းစားတွေ လာကြမယ်။ သူတို့တတွေရှေ ့မှာ ဒီ issue နဲ့ ပတ်သက်ပြီးတော့ ပြောကြဆိုကြမယ်။ သူတို့ကိုလည်း ပြောခိုင်းမယ်။ ပြောခိုင်းမယ်ဆိုတာ ပြောဖို့နေရာတခုကို ဖန်တီးပေးပြီးတော့ ဒီနေရာမှာ ဆွေးနွေးကြဆိုတဲ့ဟာလေးတခု အဲဒီ space လေးကို ရုပ်ရှင်ကိုသုံးပြီးတော့ ကျနော်က ချဲ ့ထွင်ဖို့ ကြိုးစားတာ။ ရုပ်ရှင်ပွဲတော်ရဲ ့ background က အဲဒီဟာပဲ။

ကိုသားညွှန့်ဦး ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံကတော့ တောက်လျှောက်တောင်းခဲ့တာပဲ။ တောင်းခဲ့ပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပြတ်ခဲ့တာ အတော်ကြာပြီ။ ကျင့်ကြံမှုလည်း အားနည်းခဲ့တယ်။ အဲဒီတော့ လူ့အခွင့်အရေးရုပ်ရှင်ပြပွဲ ပြတဲ့အခါမှာ လူတွေရဲ ့ တုံ့ပြန်ချက်။ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ ့အမြင် တုံ့ပြန်ချက်၊ သူတို့ရဲ ့ အယူအဆတွေ၊ ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်ကို ရိုက်ခတ်လာတာတွေ ဘာတွေများ ရှိပါလဲ။

ဦးမင်းထင်ကိုကိုကြီး ။ ။ ၂၀၁၂ မှာ ကြိုးစားလိုက်တာ ၂၀၁၃ ဇွန်လမှာ မြန်မာနိုင်ငံရဲ ့ ပထမဦးဆုံး နိုင်ငံတကာ၊ ပြီးတော့ ပထမဦးဆုံး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပနိုင်ခဲ့တယ်။ ကျနော်က အဲဒီနေ့ညမှာ စိတ်ထဲမှာ ငါ့ရုပ်ရှင်ပွဲတော်က တကြိမ်တည်းနဲ့ ပြီးရမှာ မဟုတ်ဘူး။ ငါ နောက်ထပ်နှစ်တွေ မဖြစ်ဖြစ်အောင် ဆက်ပြီးလုပ်ရမယ်ဆိုတဲ့ဟာတခုကို အဲဒီနေ့ည (၁၈) ရက်နေ့ည (၁၂) နာရီထိုး (၅) မိနစ်အလိုမှာ ရတယ်။ ပြီးတော့ နောက်တချက်က ဘာကို သွားတွေ့လဲဆိုတော့ ငါ ဒီရုပ်ရှင်ကို ရန်ကုန်မှာ - ထားပါတော့ အဲဒီနေ့က ရုပ်ရှင်ပွဲတော်မှာ လူ။ ကျနော်တို့ လက်မှတ်တွေဝေပြီး ရေးထားတာ လူ (၆) ထောင် ရှိတယ်။ အဲဒီတော့ ကျနော်တို့ ရန်ကုန်မှာ လူ (၆) ထောင် ကြည့်ပြီးတော့၊ ကြည့်ပြီးတာနဲ့ ရပ်မလား။ အဲဒါဆို နယ်က ရွာတွေက မြို ့ငယ်လေးတွေက လူတွေကို ဒီရုပ်ရှင်တွေကြည့်ဖို့ မလိုအပ်ဖူးလား။ အဲဒါတွေကို နယ်တွေကို သယ်သွားမယ်ဆိုပြီး၊ နယ်မှာ ခရီးသွားရုပ်ရှင်ပွဲတော် ပထမဦးဆုံးနှစ်အနေနဲ့ target က တိုင်းနဲ့ပြည်နယ် (၁၄) ခု ရန်ကုန်ဖယ် (၁၃) ခု ကျန်မယ်။ အဲဒီက မြို ့တွေအားလုံး ဥပမာ မကွေးတိုင်းဆို မကွေး၊ မန္တလေးတိုင်းဆိုရင် မန္တလေး အားလုံး (၁၃) မြို ့ ရောက်အောင်သွားမယ်ဆိုပြီးတော့ ကြေညာခဲ့တယ်။ ပြီးတော့ ကြိုးစားခဲ့တယ်။ သွားနိုင်ခဲ့တယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခု မေးချင်တာက လူ့အခွင့်အရေး ရုပ်ရှင်ပြတဲ့အခါမှာ လူနည်းစု အခွင့်အရေးတွေလည်း ပြောရတယ်။ ကျနော် တနှစ်မှာ ကြားလိုက်တာက မဘသ အဖွဲ့အစည်းကနေ ကန့်ကွက်မှု ကြုံလိုက်ရတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ။ ဘယ်လို ရှင်းခဲ့ရလဲ အဲဒါကို သိချင်ပါတယ်။

ဦးမင်းထင်ကိုကိုကြီး ။ ။ ကျနော်တို့က ရုပ်ရှင်ကြီးပဲ ပြနေလို့လဲ မရဘူး။ ဒီရုပ်ရှင် ဖန်တီးမှုကိုလည်း အရည်အသွေးတခု ဖြစ်လာအောင် လုပ်ဖို့တော့ လိုအပ်ပြီဆိုတာကို အဲဒီမှာ တွေ့တယ်။ အဲဒါနဲ့ပဲ သင်တန်းပေးမှ ဖြစ်မယ်ဆိုပြီးတော့ သင်တန်းပေးဖို့ ကြိုးစားတယ်။ ကြိုးစားတော့ အဲဒီ ပထမဦးဆုံးနှစ်မှာပဲ သင်တန်း (၄) လ ပေးဖြစ်တယ်။ နိုင်ငံတကာက ပညာရှင် (၂) ယောက်ကို ဖိတ်ပြီးတော့ ကျနော် အပါအဝင် ၊ ပြည်တွင်းက ပညာရှင်တွေအပါအဝင် နိုင်ငံတကာ ပညာရှင် (၂) ယောက်နဲ့ (၄) လလောက်ကြာတဲ့ သင်တန်းတခုလောက် ပေးတယ်။ အဲဒီ သင်တန်းမှာ အဲဒီ (၃) ယောက်တဖွဲ့ documentary တခု ရိုက်ခိုင်းတယ်။ အဲဒီက (၃) ယောက်က သူတို့ဘာသာ သူတို့ရွေးချယ်တာ ရိုက်ချင်တဲ့ အကြောင်းအရာ။ အဲဒီမှာ သူတို့က မိတ္ထီလာ အရေးအခင်းပြီးစ အဲဒီအရေးအခင်းလေးကို အခြေတည်ပြီးတော့ Documentary တခု ရိုက်ချင်တယ်။ ကျနော်လည်း ရိုက်ခွင့်ပြုတယ်။ အဲဒီ (၃) ယောက်ထဲမှာ တယောက်က အမျိုးသမီး စာရေးဆရာမ အစ္စလာမ်မစ် ၊ ကျန်တဲ့ နှစ်ယောက် ဗုဒ္ဓဘာသာ၊ အဲဒီ ဗုဒ္ဓဘာသာနှစ်ယောက်ထဲမှာ တယောက်က ရခိုင်။ တယောက်က ဆရာဝန်မလေး။ အခုဆို လန်ဒန်မှာ မာစတာတခု သွားတက်နေတယ်။ သူတို့သုံးယောက် သူတို့ဘာသူတို့ ရွေးချယ်တာ။ သူတို့ ရိုက်ချင်တယ်ဆိုပြီးတော့ သူတို့ ရိုက်ချင်နေတာက ဘာသာနှစ်ခုကြားထဲမှာ မေတ္တာတရား ကြီးမားတဲ့လူတွေရှိတယ်။ ဒီ conflict ရဲ ့ နောက်ကွယ်မှာ အကြောင်းတရားတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ ဒီဟာကိုတော့ ကျနော်တို့ သူတို့ ုပြမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီဘာသာနှစ်ခုကြားထဲမှာ ရှိနေတဲ့ မေတ္တာတရားကို ပြချင်တာ။ ရှိထားပြီးသား ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ တဦးအပေါ်မှာတဦး တကယ့်ကိုပဲ ဘာသာလူမျိုး မခွဲခြားဘဲနဲ့ ထားတဲ့မေတ္တာတွေက ရှိထားပြီးသား၊ ရှိနေပြီးသား၊ ရှိနေတယ်။ အခိုင်အမာ ရှိနေတယ်ဆိုတာလေးကို သူတို့က ပြဖို့ကြိုးစားတာ။ ပြီးတော့ ကျနော်တို့ ဒုတိယနေ့ ရုပ်ရှင်ပွဲတော် ၂၀၁၂ မှာ ရန်ကုန်မှာ အဲဒီကားကို ပြမယ်လို့ program ထုတ်လိုက်တယ်။ တပတ်လောက်အကြိုမှာ ကျနော်တို့ program ဘယ်ကားတွေ ပြမယ်ဆိုတာ ထွက်တာပေါ့။ ကျနော်လည်း အရမ်းအလုပ်များတော့ social media facebook ပေါ်လဲ မတက်ဖြစ်ဘူး။ facebook မှာ ဘာတွေဖြစ်နေတာလဲ ကျနော် မသိဘူး။ ဒါပေမဲ့ ရုပ်ရှင်ပွဲတော် ပထမနေ့ ကျနော် မှတ်မိနေသေးတယ် (၁၅) ရက်နေ့ မနက် (၆) နာရီ ကျနော် နိုးနေပြီ။ ရုပ်ရှင်ပွဲတော်သွားဖို့ ပြင်နေပြီ။ ဖုန်းတခု ဝင်လာတယ်။ social media ကို ကြည့်ကြည့်ပါ မြင်လားလို့ ကျနော့်မိတ်ဆွေတယောက်က ခင်များတို့ အဲဒီရုပ်ရှင်ပြရင် ရုပ်ရှင်ရုံကို မီးရှို ့မယ်၊ ခင်များကိုလဲ သတ်မယ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ အဲဒါနဲ့ နောက်ဆုံးကျတော့ ကျနော် ဆုံးဖြတ်လိုက်တယ် … သူတို့က ဘာကို လိုက်ရှာနေလဲဆိုတော့ မိတ္ထီလာပြီးတော့ နောက်ထပ် လူတွေကြားထဲမှာ ယမ်းပုံကြီးက အသစ်ဖြစ်နေပြီ။ မီးစလေးတစ spark အဲဒါလေးတခုကို လိုက်ရှာနေတာ။ ကျနော် စဉ်းစားကြည့်တာ ငါ့ရုပ်ရှင်ပွဲကို ဒီဟာအဖြစ် အသုံးချတော့မယ်။ ဒီဟာကို အသုံးချ မခံနိုင်ဘူး။ အဲဒီ ရုပ်ရှင်ပွဲတော် မျက်နှာနဲ့ နိုင်ငံမျက်နှာ ဘယ်ဟာကို ရွေးမလဲ။ ကိစ္စမရှိဘူး ကျနော်တို့ ရုပ်ရှင်ပွဲတော်ကို နိုင်ငံတကာရှေ ့မှာ ဂုဏ်သိက္ခာအားဖြင့် ထိခို်က်ပါစေ။ ကိစ္စမရှိဘူး။ ဒါပေမဲ့ အဲဒီဟာကြောင့် ဒီမှာ မီးပွားကြီးတော့ အဖြစ်မခံနို်င်ဘူး။ အဲဒီတော့ နိုင်ငံမျက်နှာကို ရွေးမယ်ဆိုပြီးတော့ အဲဒီ ရုပ်ရှင်ကို withdraw လုပ်လိုက်တယ်။

ကိုသားညွှန့်ဦး ။ ။ အဲဒါ ကျနော် မေးချင်တာ။ မြန်မာနိုင်ငံထဲမှာ လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျင့်ကြံမှု အားနည်းတာတွေ ရှိတယ်။ တချို ့နေရာတွေမှာ လူနည်းစု အခွင့်အရေး။ အထူးသဖြင့်ပြောမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ LGBT လိင်တူချင်း စုံမက်တဲ့ ကိစ္စတွေမှာ နှိမ်ချတာတွေ၊ နောက် လူမျိုးရေးအရ နှိမ်ချတဲ့ အသုံးအနှုန်းတွေ၊ အပြောအဆိုတွေ ဖြစ်တဲ့အခါကြတော့ ကိုမင်းထင်ကိုကိုကြီးတို့က လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် လုပ်တဲ့အခါမှာ ဒီပေါ်မှာ ရုပ်ရှင်လောကနဲ့ ဘယ်လိုများ ဆက်စပ်နိုင်လဲ။ ရုပ်ရှင်လောကပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိပါလဲ။

ဦးမင်းထင်ကိုကိုကြီး ။ ။ လူနည်းစုဖြစ်တဲ့ LGBT တွေကို သူတို့က ရုပ်ရှင်မှာကော - ဇာတ်လမ်းရုပ်ရှင်တွေမှာ၊ နောက်ပြီးတော့ stage performance အငြိမ့်တွေမှာ သူတို့ကို တော်တော်ကြီး ခွဲခြားဆက်ဆံတယ်ဆိုတာထက် နှိမ်ချဆက်ဆံတဲ့ ရယ်စရာ၊ တကယ့်ကိုပဲ ဂုဏ်သိက္ခာအားဖြင့် ကျဆင်းစေတဲ့ အပြောအဆို၊ လောင်ပြောင်မှုတွေနဲ့ လုပ်နေတာကြီးက နှစ်ပေါင်းကို တော်တော်ကြီး ကြာခဲ့ပြီပေါ့။ အဲဒီဟာတွေကို ရပ်ဖို့သင့်တဲ့ အချိန်တခုကို ကျနော်တို့ ရောက်နေပြီ။ အဲဒီဟာလဲ ကျနော့်စိတ်ထဲမှာ ရှိတယ်။ ဒါပေမဲ့ တချို ့ဟာတွေကြတော့ issues လေးတွေက ထားပါတော့ အမျိုးသမီး အခွင့်အရေး၊ LGBT အခွင့်အရေးဟာတွေထက် အရေးကြီးနေတဲ့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အခွင့်အရေးက ပိုပြီးအရေးကြီးနေတာပေါ့။ ဒါပေမဲ့ အဲဒီဟာတွေလဲ လုပ်ရမယ်ဆိုတာကို နားလည်တယ်။ မြင်တယ်။ ဒုတိယအကြိမ် ရုပ်ရှင်ပွဲတော်မှာ LGBT issue နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကျောင်းသား ရိုက်ထားတဲ့ ကားလေးကို ပြခဲ့ပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခု မေးချင်တာကတော့ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲ လွတ်လပ်ခွင့်ပေါ့။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးက တစုံတရာ လွတ်လပ်လာပြီ ဆိုပေမယ့် တချို ့ အထိမခံသေးတဲ့ အခြေအနေရှိတယ်။ ဥပမာ စစ်တပ်နဲ့ ပတ်သက်လို့ဟာမျိုးတွေ။ အခုအခြေအနေမှာ သူတို့ဘက်က ထိတာ တော်တော်လေး sensitive ဖြစ်နေတယ့် အနေအထားမှာရှိတယ်။ အခုန အကိုပြောတဲ့ထဲမှာ ကလေးစစ်သား issue မျိုးတွေ ပါလာတယ်။ ဒီလို issue မျိုးတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲက လွတ်လွတ်လပ်လပ်နဲ့ စိတ်ကြိုက် ရိုက်ခွင့်ရပြီလဲ။ ပြခွင့်ရလဲ။ အကန့်အသတ် ရှိလား။

ဦးမင်းထင်ကိုကိုကြီး ။ ။ အဲဒီအကြောင်းကိုပြောရင် ရုပ်ရှင်ပွဲတော် (၃) နှစ် ကျင်းပပြီးသွားပြီ။ ကျနော်တို့ ရုပ်ရှင်ပွဲတော်မှာပြမယ့် ရုပ်ရှင်အားလုံးကို ဆင်ဆာအဖွဲ့ကို ကျနော်တို့ တင်ရတယ်။ အခုနပြောတဲ့ Open Sky မိတ္ထီလာ အရေးအခင်းနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကလဲ ဆင်ဆာအဖွဲ့က ခွင့်ပြုလိုက်တဲ့ကား။ သူတို့ကို ကျနော်တို့ တင်ရတယ်။ ဘာမှအဖြတ်အတောက်မရှိ ခွင့်ပြုလိုက်တယ်။ နောက်ပြီး Article 18 ဆိုတဲ့ ကားလေး။ အဲဒီကားထဲမှာ ဦးသိန်းစိန် ပုံတွေဘာတွေလဲ ပါတယ်။ အဲဒီထဲမှာ Article 18 နဲ့ ပတ်သက်ပြီး ၂၀၁၂ ပတ်ဝန်းကျင်မှာ ကျောင်းသားတွေ၊ အဖွဲ့အစည်းက လူတွေကို ပုဒ်မ ၁၈ နဲ့ ဖမ်းတဲ့ကိစ္စတွေကို ရိုက်ထားတာ။ ကျနော်တို့ကျောင်းက ကလေးတွေပဲ ရိုက်ထားတာ။ အဲဒီတော့ ရန်ကုန်မှာ ရုပ်ရှင်ပွဲတော်လုပ်ဖို့အတွက် တင်သမျှ ကားအားလုံးကို သူတို့က ဒီကားကိုတော့ မပြပါနဲ့ဆိုတဲ့ အခုအထိ နိုင်ငံတကာကားတွေ နဲ့ ပြည်တွင်းကကားတွေကို တခုမှ မရှိခဲ့ဘူး။ အခုနပြောတဲ့ ကလေးစစ်သားနဲ့ ပတ်သက်ပြီးတော့လဲ သူတို့ ခွင့်ပြုခဲ့တယ်။ အဲဒါကို ပြခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ပြဿနာတခုက ရန်ကုန်မှာမဖြစ်ဘဲ ဘယ်မှာဖြစ်လဲဆိုတော့ ကျနော်တို့ ခရီးသွားရုပ်ရှင်ပွဲတော်ဆိုပြီး နယ်တွေသွားတဲ့အချိန်မှာ ပထမနှစ်တုန်းက ပြောလိုက်တယ် (၁၃) မြို ့မှာ ကျင်းပတယ်ဆိုတာ။ အဲဒီ (၁၃) မြို ့မှာ ကျနော်တို့ ပါမစ်ရတာ (၁) မြို ့တည်းပဲရှိတယ်။ ရုပ်ရှင်ရုံမှာ ကျင်းပတယ်ဆိုရင် အနည်းဆုံးက ဆင်ဆာက ခွင့်ပြုထားတယ်ဆိုတာကို ပေးရသေးတယ်။ ဒါပေမဲ့ မြို ့တိုင်းမှာ ရုပ်ရှင်ရုံ မရှိဘူး။ မရှိတော့ သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းကို ခွင့်ပြုချက်တောင်းရတယ်။ ကျနော် မမှားဘူးဆိုရင် ချင်းက တီးတိန်မှာ အဲဒီတပွဲပဲ ခွင့်ပြုချက်ရတယ်။ ကျန်တဲ့ (၁၂) မြို ့ ဘယ်နေရာမှာမှ ခွင့်ပြုချက် မပေးဘူး။

ကိုသားညွှန့်ဦး ။ ။ အဲဒါတွေက ဘယ်အပေါ်မှာ မူတည်တာလဲ။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရတွေပေါ် မူတည်တာလား။

ဦးမင်းထင်ကိုကိုကြီး ။ ။ ဟုတ်တယ်။ ဥပမာ ပေးရရင် ရန်ကုန် ပထမဆုံးနှစ် ၂၀၁၃ ပြီးပြီချင်း နယ်ကိုသွားမယ်ဆိုတော့ ကျနော်တို့ ရွေးလိုက်တဲ့မြို ့က မကွေး။ ဦးဖုန်းမော်ရွှေရဲ ့ … ဘာဖြစ်လို့ အဲဒါကို ရွေးလိုက်ရလဲဆိုတော့ ရှေ ့မှာတုန်းက ကိုမင်းကိုနိုင်တို့ စာပေဟောပြောပွဲ လုပ်မယ်ဆိုတဲ့ဟာကို ခွင့်ပြုချက်မပေးလို့ အဲဒီပွဲ ပျက်သွားခဲ့တယ်။ အဲဒါနဲ့ ရုပ်ရှင်ပွဲတော် အဲဒီမြို ့ကို သွားလုပ်မယ်ဆိုပြီး မကွေးကို ရွေးပြီးတော့ ပထမဆုံး ခရီးသွားရုပ်ရှင်ပွဲတော် ၂၀၁၃ မြန်မာနိုင်ငံရဲ ့ ပထမဦးဆုံး ခရီးသွား ရုပ်ရှင်ပွဲတော် မကွေးမှာ ကျင်းပဖို့ ကြိုးစားခဲ့ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုမင်းထင်ကိုကိုကြီး အခုလို ဗွီအိုအေ ကို ဖြေကြားပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။

ဦးမင်းထင်ကိုကိုကြီး ။ ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ဒီမှာလာပြီးတော့ ရုပ်ရှင်ပွဲတော်အကြောင်းလေး ပြောခွင့်ပြုတဲ့အတွက်။

ကိုသားညွှန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)