Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 20, 2016

ၿဗိတိန္က ျမန္မာ့ သယ္ပို႔ အေျခခံအေဆာက္အအုံ အတြက္ ကူညီမယ္

 ျမန္မာ့ ပို႔ေဆာင္ေရး အေျခခံ အေဆာက္အအုံေတြ အတြက္ ၿဗိတိန္ကူညီဖို႔ ရွိ
ျမန္မာနိုင္ငံရဲ့ ပို႔ေဆာင္ေရး အေျခခံ အေဆာက္အအုံပိုင္း က႑ေတြမွာ ၿဗိတိသၽွ ကုမၸဏီေတြ ပါဝင္ ေဆာင္ရြက္နိုင္မယ့္ စီးပြားေရး အခြင့္အလမ္းေတြ ရွာေဖြဖို႔နဲ႔ ယူေကဘက္က ျမန္မာနိုင္ငံကို ထုတ္ကုန္ တင္ပို႔တဲ့အခါမွာ ပံ့ပိုး ေပးဖို႔ ၿဗိတိန္နိုင္ငံက အေမရိကန္ ေဒၚလာ သန္း ၃၀၀ ဘိုး ေထာက္ပံ့ ကူညီသြားမယ္လို႔ ၿဗိတိန္ရဲ့ ပို႔ေဆာင္ေရး ဝန္ႀကီး ေလာ့ဒ္ အာမာ့ဒ္က ေျပာပါတယ္။

ေသာၾကာေန႔က ျမန္မာနိုင္ငံ ကုန္သည္မ်ားနဲ႔ စက္မွုလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္မွာ က်င္းပတဲ့ ျမန္မာနိုင္ငံရဲ့ သယ္ယူပို႔ေဆာင္ေရး အေျခခံအေဆာက္အအုံပိုင္း လိုအပ္ခ်က္မ်ားနဲ႔ ယူေကရဲ့ အခန္းက႑ ဆိုင္ရာ ေဆြးေႏြးပြဲမွာ ေျပာခဲ့တာပါ။

ဒါနဲ႔ ပတ္သက္လို႔ အဲဒီေဆြးေႏြးပြဲကို ကိုယ္တိုင္ တက္ေရာက္ခဲ့တဲ့ ျမန္မာနိုင္ငံ ကုန္သည္မ်ားနဲ႔ စက္မွုလုပ္ငန္းရွင္မ်ား အသင္း ဒုတိယဥကၠဌ ေဒါက္တာ ေမာင္ေမာင္ေလးက ၿဗိတိသၽွ ပို႔ေဆာင္ေရး ဝန္ႀကီးဟာ ပို႔ေဆာင္ေရးက႑နဲ႔ ပတ္သက္လို႔ ကၽြမ္းက်င္ၿပီး အေတြ႕အၾကဳံ မ်ားသူ ျဖစ္တာေၾကာင့္ ျမန္မာနိုင္ငံအေနနဲ႔ အဲဒီက႑မွာ ဘယ္လို ေရွ႕ဆက္သြားမလဲ ဆိုတာနဲ႔ ပတ္သက္လို႔ အခြင့္အေရးေတြနဲ႔ စိန္ေခၚမွုေတြကို ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

ဒီပံ့ပိုး ေပးသြားမယ့္ ေဒၚလာသန္း ၃၀၀ ကိုေတာ့ ေငြသား အျဖစ္မဟုတ္ဘဲ ျမန္မာဘက္က ၿဗိတိသၽွ ကုမၸဏီေတြဆီကေန ဝယ္ယူတဲ့ အခါမွာ အဲဒီ ကုမၸဏီေတြကို ပိုက္ဆံ စိုက္ထုတ္ေပးတဲ့ သေဘာျဖစ္ေၾကာင္း၊ တခ်ိန္မွာ ျပန္ဆပ္ရမွာ ျဖစ္ၿပီး နိုင္ငံေတာ္နဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့ အေျခခံအေဆာက္အအုံ စီမံကိန္းေတြ မွာ ပံ့ပိုးေပးသြားဖို႔ အတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီပံ့ပိုးေငြ ေတြကို ယူေကရဲ့ ထုတ္ကုန္တင္ပို႔ေရး ဘ႑ာေငြ ဆိုင္ရာ အဖြဲ႕ UKEF ကေနၿပီး ပံ့ပိုးေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

BBC Burmese
http://www.bbc.com/burmese
.......
  မြန်မာ့ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေ အတွက် ဗြိတိန်ကူညီဖို့ ရှိ
မြန်မာနိုင်ငံရဲ့ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံပိုင်း ကဏ္ဍတွေမှာ ဗြိတိသျှ ကုမ္ပဏီတွေ ပါဝင် ဆောင်ရွက်နိုင်မယ့် စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့နဲ့ ယူကေဘက်က မြန်မာနိုင်ငံကို ထုတ်ကုန် တင်ပို့တဲ့အခါမှာ ပံ့ပိုး ပေးဖို့ ဗြိတိန်နိုင်ငံက အမေရိကန် ဒေါ်လာ သန်း ၃၀၀ ဘိုး ထောက်ပံ့ ကူညီသွားမယ်လို့ ဗြိတိန်ရဲ့ ပို့ဆောင်ရေး ဝန်ကြီး လော့ဒ် အာမာ့ဒ်က ပြောပါတယ်။

သောကြာနေ့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံပိုင်း လိုအပ်ချက်များနဲ့ ယူကေရဲ့ အခန်းကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

ဒါနဲ့ ပတ်သက်လို့ အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ဗြိတိသျှ ပို့ဆောင်ရေး ဝန်ကြီးဟာ ပို့ဆောင်ရေးကဏ္ဍနဲ့ ပတ်သက်လို့ ကျွမ်းကျင်ပြီး အတွေ့အကြုံ များသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ အဲဒီကဏ္ဍမှာ ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ အခွင့်အရေးတွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

ဒီပံ့ပိုး ပေးသွားမယ့် ဒေါ်လာသန်း ၃၀၀ ကိုတော့ ငွေသား အဖြစ်မဟုတ်ဘဲ မြန်မာဘက်က ဗြိတိသျှ ကုမ္ပဏီတွေဆီကနေ ဝယ်ယူတဲ့ အခါမှာ အဲဒီ ကုမ္ပဏီတွေကို ပိုက်ဆံ စိုက်ထုတ်ပေးတဲ့ သဘောဖြစ်ကြောင်း၊ တချိန်မှာ ပြန်ဆပ်ရမှာ ဖြစ်ပြီး နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ မှာ ပံ့ပိုးပေးသွားဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပံ့ပိုးငွေ တွေကို ယူကေရဲ့ ထုတ်ကုန်တင်ပို့ရေး ဘဏ္ဍာငွေ ဆိုင်ရာ အဖွဲ့ UKEF ကနေပြီး ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment