Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 20, 2016

မလန္းႏိုင္ရွာေသာ စစ္ကြ်န္ေခတ္က ပန္းကေလးေတြ



''ေအးေကာင္းပ်ဳိရြယ္သူငယ္ခ်င္းတို႔
လယ္ေတာ္တြင္းကမ်ားတေတြ''”ဤစာစအလွေလးသည္ ကုန္းေဘာင္ေခတ္ အမည္မသိစာဆို၏ ေက်းလက္ရိုးရာ ဟန္ခ်င္းေတးကဗ်ာ အစခီ်ေလးျဖစ္သည္။ စကားလံုးသံုးပံု မည္မွ်ခ်စ္စရာေကာင္းလိုက္ ပါသလဲ။ ေအးသည္ ေအးျမျခင္း၊ ေအးျငိမ္းျခင္း။ ေကာင္းဆိုလိုရင္းမွာ ေကာင္းျမတ္ျခင္း၊ ေကာင္းမြန္ျခင္း။ ပ်ဳိက ပ်ဳိျမစ္ျခင္း၊ နုပ်ဳိျခင္း။ ရြယ္ကို အရြယ္သင့္ျခင္း၊ အရြယ္ထည္ျခင္းဟု အဓိပၸာယ္ကိုယ္စီရိွ ေ၀ါဟာရတလံုး ျခင္းကို တစုတည္းဖဲြ႕ဆိုလိုက္ပံု မည္မွ်ျပည့္စံုလိုက္ပါသလဲ။ တခါျဖဴစင္ ၿငိမ္းခ်မ္းရိုးေအးေသာ မိေကာင္းဖေကာင္းတို႔၏ ျပစ္မ်ဳိးမဲွ႔မထင္ သမီးရြယ္ပ်ဳိမ်ားဟု ဆိုလိုရင္း တမ်ဳိးလွည့္ေကာက္လွ်င္လည္း တဖံုလွသည္ပင္။

အစအဆံုးဖတ္၍ ခံစားမိေသာအခါ ကုန္းေဘာင္ေခတ္အပါအ၀င္ ပုဂံ၊ ပင္းယ၊ စစ္ကိုင္း၊ အင္း၀၊ ေတာင္ငူ၊ ဟံသာ၀တီေခတ္မ်ားဆီမွ ျပည္သူတို႔ဘ၀ကို ထိုမိဘမဲ့ ကဗ်ာေလးမ်ားက ေျပာျပေနသည္။ ၎မွာ သူတို႔ဘ၀ ကိုယ္ဆင္းရဲပင္ပန္းႏြမ္းနယ္ၾကလည္း စိတ္ႏွလံုးခ်မ္းေျမ့ၾကေၾကာင္း၊ ကဗ်ာထဲမွ ရယ္ေမာသံ၊ ရႊင္ျမဴးဟန္တို႔ ၾကားရျမင္ရေသာေၾကာင့္ သိရသည္။ တဆက္တည္း ေရွးျမန္မာမင္းတို႔သည္ ဗုဒၶဘာသာစာေပကို ရဟန္းသံဃာတို႔ထံမွသင္ယူခဲ့ျခင္းေၾကာင့္ မင္းအမ်ားစု မင္းက်င့္တရား (၁၀)ပါးျပည့္ကာ ျပည္သူတို႔ ဘ၀အဖံုဖံု လံုျခံဳရေပသည္တကားဟု ျမင္မိသည္။ ပေဒသရာဇ္ေခတ္တေလွ်ာက္ ဗုဒၶတရားအဆံုးအမေအာက္မွာ မင္းမႈ ထမ္းလည္း သီလလံု၊ လူကံုထံတို႔လည္း ကိုယ္က်င့္စံု၍ ဆင္းရဲ မိေအးလံုမေလးတို႔မွာ မသမာသူတို႔ ဖ်က္ဆီးေသာ ေဘးဘယာမွ ေ၀းကြာခဲ့ၾကရေပသည္တကားဟု ၀မ္းေျမာက္မိရသည္။

ထိုေခတ္အသည္သား မင္းမႈထမ္းစိတ္၀မ္းတူညီ တိုင္းျပည့္အေရး ျပိဳင္တူခီ်မခဲ့၍ လွလိုက္တဲ့ျမန္မာေတြဘ၀ ဘိုးေဘးတို႔ရခဲ့ၾကသည္။ သူတို႔သည္ နိစၥသီလမွကာေမသုကံကို ခ်ဳိးေဖာက္လွ်င္ သံသရာမွာအျပစ္ျဖစ္၍ ေစာင့္ထိန္းၾကသည္။ ျမန္မာတမ်ဳိးသားလံုး လူယဥ္ေက်းမ်ားျဖစ္သည္ကို ရဲ၀ံ့စြာဆိုႏိုင္ေသာကာလသည္ ေရွးျမန္မာမင္းတို႔လက္ထက္ကဟု ေျပာရပါမည္။ ဤစကားကို မိမိဥာဏ္အားျဖင့္ ဖြင့္ဆိုသည္မဟုတ္ပါ။ ကိုလိုနီ ေခတ္တြင္ ေဒါက္တာဘရင္က“''ျမန္မာလူမို်းမ်ားသည္ ေမြးကတည္းက လူၾကီးလူေကာင္းမ်ားျဖစ္သည္''ဟု ဆိုခဲ့ပါသည္။ ဘာ့ေၾကာင့္ ထိုသို႔ဆို နိုင္ရသနည္း။ ၎ျဖတ္သန္းေနေသာ သူ႔ကြ်န္ဘ၀ ျပည္သူမ်ားကို ျမင္ ေတြ႕မည္။ သီလေၾကာင္ နယ္ခဲ်႕သမားႏိုင္ငံတို႔၏လူမႈစရိုက္ကို သူသိမည္။ သူ႔မိဘတို႔၊ ဘိုးဘြားတို႔ထံမွ ျမန္မာပေဒသရာဇ္ လူေနမႈဘ၀ႏွင့္အုပ္ခ်ဳပ္ပံုကို ၾကားသိလိမ့္မည္။ ထို႔ျပင္ အိမ္နီးခ်င္းပေဒသရာဇ္ လူေနမႈစနစ္ကိုလည္း ေလ့လာမိရာသည္။ ၎တို႔ကို ႏိႈင္းယွဥ္၍ အဆိုထုတ္ခဲ့ျခင္းျဖစ္ မည္ဟု ကြ်န္ေတာ္ ေတြးဆေျဖလိုပါသည္။ ေဒါက္တာဘရင္၏ အဂၤလိပ္ လိုေျပာခဲ့ေသာ ထိုအဆိုကို ေရနံ ေခ်ာင္းအမ်ဳိးသားေက်ာင္းသားေလး ေမာင္ေအာင္ဆန္း အလြန္နွစ္သက္၍ က်င့္ေျပာခဲ့ေၾကာင္း သူ့သူငယ္ခ်င္း သခင္ခင္ေဇာ္က ေျပာျပထားသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဘ၀ေခါင္းေဆာင္ျဖစ္လာေသာအခါ ကိုယ့္မင္း ကိုယ့္ခ်င္းအုပ္ခ်ဳပ္စဥ္ ျမင့္ျမတ္ေသာ ျမန္မာတို႔ဘ၀၊ လံုျခံဳစြာေနရေသာ လူမႈဘ၀တို႔အေၾကာင္း ေ၀ဖန္သံုးသပ္ ျပခဲ့သည္။ သူ႔ကြ်န္ေခတ္လံုမတို႔ဘ၀ မလံုျခံဳရသည္ကို တိုင္းျပည္လြတ္ လပ္ေရးရလွ်င္ ျပဳျပင္ဖို႔ ဗိုလ္ခ်ဳပ္အားခဲရည္သန္ခဲ့သည္။

၁၉၆၂ မွ ၈၈ ဦးေန၀င္းေခတ္ ေမွာင္ခိုစနစ္ ဟုန္းဟုန္းထခဲ့ရာ ေအးေကာင္းပ်ဳိရြယ္သမီးငယ္တို႔ ဘ၀ပ်က္ခဲ့ ၾကရသည္။ ဆရာနိုင္၀င္းေဆြ၏ 'မသိန္းရွင္ဆီပို႔ေပးပါ'မွ မိေကာင္းဖခင္သမီးငယ္တို႔ဘ၀ မိုးေမွာင္က် ရျခင္းအား တင္ျပသည္ကို ခံစားၾကည့္စမ္းပါ။
''တခ်ဳိ႕မိန္းကေလးေတြဆိုရင္ ေငြတင္မေက်နပ္လို႔ ဟိုဟာပါေပးရတာ ျမခင္ေလးဆိုၾကည့္ပါလား၊ အသက္(၁၃)နွစ္ မျပည့္ေသးဘူး၊ ဆံေတာက္ကေလးေတာင္ မထားရဲထားရဲ ထားေနတုန္း ဟိုဟာပါေပးရ လို႔ xxx ''”

ဆရာ့ဇာတ္ေကာင္ထဲက ျမခင္ေလး၊ နုနု၊ သင္းသင္း၊ မေအးသြယ္၊ မေအးျမင့္တို႔သည္ ဖတ္ခ်င့္စဖြယ္ျဖစ္ ေအာင္ေရးထားသည့္ လုပ္ဇာတ္ ဇာတ္ရုပ္မ်ားမဟုတ္။ ဦးေန၀င္း စီမံအလဲြေအာက္ သားေကာင္ျဖစ္ရသည့္ ဆရာ့ကိုယ္ေတြ႕မိန္းမပို်မ်ား။ ၁၉၆၂-၆၆ ကာလ ဆရာ၏သံုးသပ္ပံုကို ရင္ခုန္ၾကည့္ပါဦး ''ဒီခိ်န္ခါတြင္ကား အဖိုးတန္မိန္းကေလးတဦး 'ဖာ' ျဖစ္သြားသည္မွာ ထူးဆန္းေသာအေၾကာင္းအရာမဟုတ္''
၁၉၈၈ မွ ယေန႔ထိကား ျမခင္ေလး၊ နုနု၊ သင္းသင္း အစရိွသူတို့ ကား၊ ရထား၊ သေဘၤာမ်ားေပၚမွာသာ မဟုတ္ေတာ့။ စင္တင္ေတးဂီတ၊ Night Club, KTV, အႏိွပ္ခန္း၊ တည္းခိုခန္းႏွင့္ ဟိုတယ္တို႔မွာေရာက္ေနၿပီ။ ဦးေန၀င္းေခတ္က ေမွာင္ခိုမယ္တို႔သာ ဘ၀ပ်က္ရသည္။ ဦးေစာေမာင္၊ ဦးသန္းေရႊ၊ ဦးသိန္းစိန္ေခတ္မွာေတာ့ ေက်းလက္မွ ေကာက္စိုက္၊ ႏွမ္းနုတ္၊ ပ်ဳိျဖဴေလးေတြ ျမိဳ႕ျပမွ ပန္းရန္လမ္းေဖာက္ေက်ာက္သယ္လံုမငယ္မ်ား ဘ၀ပါ မလံုျခံဳၾက။ နားနဲ႔မနာ ဖ၀ါးနဲ႔နာ၊ Semi-Sex Workers ဆိုသည္ကား ျမိဳ႕ၾကီးျပၾကီးမ်ားမွာ စစ္အစိုးရ အုပ္ခ်ဳပ္မႈစနစ္ညံ့့ဖ်င္း၍ေပၚ လာသည့္စကား။ ဆရာနိုင္၀င္းေဆြသာရိွလွ်င္ စစ္ကြ်န္ေခတ္တေလွ်ာက္ ျမန္မာတို႔ ေကာင္းျမတ္သည့္စရိုက္ေပ်ာက္ဆံုးပံုကို အနုပညာေျမာက္စြာ ပီပီျပင္ျပင္ သရုပ္ေဖာ္ေပလိမ့္မည္။

ကြ်န္ေတာ့္အေနႏွင့္မူ ရင္နင့္ဖြယ္ျဖစ္ရပ္မွန္မ်ားထဲက တခုေျပာျပ နိုင္ပါသည္။ ၁၉၉၇-၉၈ ကပါ။ တိုင္းျမိဳ႕ၾကီးတခု၏တည္းခိုခန္းမွာ လံုမပ်ဳိတို႔ကို လိင္ကြ်န္ျပဳထားသည့္သေကာင့္သားသည္ ပညာတတ္ လူယုတ္မာ။ 'သင္း'သည္ မိုက္ေၾကးလာခဲြေသာ စခန္းမွဴးကို ပါးရိုက္ႏိုင္ေသာပါ၀ါရိွျခင္းက သူ႔ေနာက္ကြယ္မွ ေထာက္လွမ္းေရးသမားေတြေၾကာင့္ ျဖစ္သည္။ သူယုတ္မာထံမွာ မင္းၾကိဳက္စိုးၾကိဳက္ ေထာက္လွမ္းေရးၾကိဳက္ အမိုက္စားေလးရိွသည္။ (၁၇) ႏွစ္ အလွေသြးၾကြယ္ သမီးငယ္ေလးမွာ ကိုယ္၀န္ရသြားသည္။ ျပည့္တန္ဆာကို ေခ်ာ (Chore) ဆဲြျခင္းျဖစ္သည္။ ေထာက္လွမ္းေရးတို႔ အလိုရိွရာ ဆက္သရေသာအမည္ခံ လူၾကီး လူေကာင္းတို႔အား ပူေဇာ္ရေသာယစ္ေကာင္ ပ်ဳိမေလး။ ကေလးေမြး၍မျဖစ္။ ဖ်က္ခ်၍ လက္လြန္သြားရာ တိုင္းေဆးရံု တက္ရသည္။

OG ဆရာ၀န္မၾကီးက လူယုတ္မာကို ဌာနဆိုင္ရာမ်ားကို ရက္ေရာစြာကူညီသူ ျမိဳ႕မိျမိဳ႕ဖဟု သိထားသည္။ သင္းကလည္း စကားၾကြယ္စြာပင္။ ''တူမေလးက ေတာကပါ။ ေၾကာရရံုၾကံလာသူေၾကာင့္ ရ,ရရွာေသာ ကိုယ္၀န္ကို အရွက္အတြက္ လက္သည္ႏွင့္ဖ်က္ရာ ဒုကၡေရာက္ရသည္'' ဟု နတ္သံေနွာ၍ေျပာကာ ဆရာ၀န္မၾကီးလည္း ကန္ေတာ့။ အတု တူမထံလည္း ဖန္၊ ခါး၊ ခ်ဳိ၊ ခ်ဥ္ မပူပင္ေစရ။ ေဆးရံုက မဆင္းမီ တေန႔ မွာေတာ့ ဆရာ၀န္မၾကီးကို လံုမပို်ေလးက ဇာတ္ေၾကာင္း လွန္ေတာ့သည္။ ထိုဖာေခါင္းထံ ျပန္မသြားရေအာင္ ကူညီဖို႔ ငိုယိုေတာင္းပန္ သူ႔လိုပင္အလိုမတူဘဲ ခႏၶာကိုယ္ ေရာင္းစားခံေနရေသာ သူေတြရိွပါ ေသးေၾကာင္းေျပာရာ ဆရာ၀န္မၾကီးက သူနွင့္ ေဆးပညာသင္ဘက္၊ ဗိုလ္ခ်ဳပ္ခင္ညြန့္ဇနီး အမ်ဳိးသမီးေရးရာဥကၠ႒ ေဒါက္တာေဒၚခင္၀င္းေရႊထံ ျဖစ္ရပ္မွန္တင္ျပသည္။ မေနသာေတာ့ေသာ ဗိုလ္ခင္ညြန့္ သူ႔ေထာက္လွမ္းေရးမ်ားကိုညႊန္ၾကား သေကာင့္သားအား ဖမ္းစစ္ေဆးအျပစ္ေပးသည္။
ဤတြင္ ဆရာ၀န္မၾကီးဥာဏ္ပညာႏွင့္ စိတ္ထားျမတ္ကို မွတ္တမ္းတင္ရမည္။ သူ႕အေနနွင့္ ဤျဖစ္ရပ္မွန္ကို တိုင္းအာဏာပိုင္တို႔ထံတိုင္ၾကားမရသည္ကိုသိ၍ သူငယ္ခ်င္း ေဒါက္တာေဒၚခင္၀င္းေရႊအား ''မင္းက တနိုင္ငံလံုး အမ်ဳိးသမီးေရးရာဥကၠ႒မို႔ ကိုယ္ဆက္သြယ္တာ''ဟူေသာ စကားေလးႏွင့္တင္ အမႈေပၚလာရျခင္း။ ၂၀၀၀ ျပည့္ေနာက္ပိုင္း စင္တင္ ေတးဂီတ ၊ KTV, အႏိွပ္ခန္းစသည့္ Semi-Sex House တို႔ ထပ္မံတိုးပြားကာ တိုင္း ခရိုင္ျမိဳ႕ၾကီးေတြမွာ မိႈေပါက္သလိုေပၚလာသည္။ ဦးသန္းေရႊ တည္ေထာင္ေသာ က်တ္ေျပးေနျပည္ေတာ္ၾကီး ကား သမိုင္း၀င္ ယဥ္ေက်းမႈ စာေပအနုပညာေလ့လာစရာမရိွေသာ္လည္း ကာမဂုဏ္ ေမြ႕ေလ်ာ္သူ (Fun-Seekers)အတြက္ အႏိွပ္ခန္း (massage) K.T.V အမ်ားဆံုး ျမိဳ႕ေတာ္ၾကီးျဖစ္သည္။

မႏၱေလးကား အေရွ႕နဂါးယဥ္ေက်းမႈ ေလတရၾကမ္း အတိုက္ခံေနရကာ ျမန္မာ့ယဥ္ေက်းမႈေတြ ေၾကြက်ေနျပီ။ ေပါက္ေဖာ္ႏွင့္ ခရိုနီ ေနာက္ခံ KTV ၉၀ နီးပါးရိွသည္။ Massage ၾကီးငါးခု။ ဒီမိုကေရစီ ရေတာ့မည္ဆို၍ အေနာက္ျပင္က စင္တင္ေတးဂီတတို႔ပင္ KTV သို႔ ေျပာင္းေနျပီ။ ယခင္မရိွသည့္ ဘူတာၾကီးမွာလည္း ေပၚေပၚတင္တင္ ေၾကညာထားျပီ။ KTV ၾကီးလွ်င္ လံုမေလးအနည္းဆံုး ၅၀၊ ငယ္လွ်င္ ၃၀။ အႏိွပ္ခန္းတခုမွာ လံုုမ ၁၀၀။ သူတို႔ေလးေတြကို တေနရာမွာထားကာ က်ားသတၱ၀ါ မ်ားလွ်င္မ်ားသလို ေခၚယူသံုးေဆာင္သည္။ တကယ္ေတာ့ ထိုေဆာင္ၾကာျမိဳင္ေဂဟာတို႔ဆီ ျမန္မာျပည္နယ္အစံုက ဘ၀မဖူလံု၍ ျဖားေယာင္းခံရ၍ လူကုန္ကူးခံရ၍ ေရာက္လာရရွာေသာ လံုမေလးတို႔မွာ တဏွာရူး၊ ႏွာဘူးေတြ ေပ်ာ္ေစေရး ဘီယာေလးေတြ အတူခ်။ ပိုင္ရွင္ေၾကြးစိတ္ၾကြယာမ၊ ထိုမွဖိုးစဲြ အက်ဳိးနည္းသြားကာ ကယ္မသူ ေ၀းရသည္။
၁၉၃၄ က သတင္းေထာက္ ဦးလွထြန္းျဖဴသည္ ျပည့္တန္ဆာတန္းသို႔ သြားစံုစမ္း၍ အယ္ဒီတာဦးတင္အား ေပးကာ ျမန္မာ့အလင္း ေမာင္းအခန္းမွ ျပည္သူကိုဖြင့္ခ်ရာ မေကာင္းမႈလုပ္သူမ်ားအား ဖမ္းဆီးခဲ့သည္။ ဦးေဆာင္ဖမ္းသူက ပုလိပ္အဖဲြ႕မဟုတ္။ ငရဲက်ေနသည့္ မိန္းကေလးတို႔ကို အကူအညီေပးသည့္ ကယ္ဆယ္ ေရးတပ္။ ၎ကို ေဒၚညိမ္း ဦးေဆာင္ဖဲြ႕စည္းသည္။ ေဒၚညိမ္းတပ္ကို ပုလိပ္အဖဲြ႕ထက္ပင္ ေၾကာက္ရသည္ဟု လူထုဦးလွ၏ 'ကြ်န္ေတာ္သတင္းေထာက္'တြင္ မွတ္သားရသည္။ သူ႔ကြ်န္္ေခတ္က ၀ံသာနုရကၡိတ တရားျပည့္၀သူမ်ား၏ စြမ္းေဆာင္ခ်က္ ကား သာဓုေခၚစရာမေကာင္းလား။ စစ္ကြ်န္ေခတ္မွာ လူၾကားေကာင္း ေအာင္ အမို်းသမီးေရးရာဖဲြ႔ျငား ေဒၚၾကိဳင္ၾကိဳင္၊ ေဒၚခင္၀င္းေရႊတို႔အပါအ၀င္ ဗိုလ္ခု်ပ္ၾကီးကေတာ္တို႔သည္ ဒုကၡ တြင္းနစ္ေနသည့္ လံုမေလးတို႔ကို ကယ္တင္မေပး။ တဦးထက္တဦးသာေရး ၀န္း ျခံ ေျမ စိန္ ေရႊစု ကာမဂံုအမႈ မွာသာ ေပ်ာ္ေမြ႕ခဲ့ၾကသည္။ အသြင္မတူအိမ္သူမျဖစ္ခ်စ္လင္ ခင္ပြန္း ဗိုလ္ခ်ဳပ္ၾကီးမ်ားကလည္း တသက္စာမက ၾကြယ္၀လိုသူမ်ား။ ေဆာင္ၾကာျမိဳင္ေထာင္စား ခရိုနီမ်ားႏွင့္ ေပါင္းစားသာယာ။ ဦးသိန္းစိန္ သမၼတကေတာ္ ဗိုလ္ခ်ဳပ္လူထြက္ ၀န္ၾကီးကေတာ္တို႔သည္လည္း ကူညီေစာင္မျခင္းမရိွခဲ့။ ပညာကမျပည့္ နွလံုးသားမလွၾကသူ ေတြ အုပ္ခ်ဳပ္ခဲ့ၾက၍ စစ္ကြ်န္ေခတ္ပြင့္ၾကေသာ ပန္းကေလးေတြ ပန္းေျခြသူတို႔ေအာက္ ေရာက္ရသည္။
ဗုဒၶ၏သားေတာ္ ရဟန္းသံဃာတို႔ ေစာင့္ေရွာက္မႈသာမရလွ်င္ လံုမပ်ဳိတို႔ဘ၀က မေတြးရဲစရာ။ ၀မ္းေျမာက္ ၾကည္ႏူးစရာက စစ္ကိုင္းေတာင္ ေျခ ရွမ္း၊ ပေလာင္၊ ၀၊ ဓႏု၊ ဗမာ သီလရွင္ဆရာေလးေတြကို ေက်ာင္းေန ပညာေပးထားသည္မွာ သံဃာတို႔ေက်းဇူးျဖစ္သည္။ သီလရွင္ဆရာေလးတို႔အား ဆြမ္းဆန္ေလာင္းလွဴသည့္ မႏၱေလး၏ယဥ္ေက်းမႈက KTV ယဥ္ေက်းမႈကို ေတာ္လွန္ေနျခင္း။ ဓမၼရိပ္မွ လံုမပ်ဳိတို႔ႏွင့္ KTV မွာ အိပ္ရသည့္ လံုမပ်ဳိတို႔ လံုျခံဳမႈကို ႏိႈင္းယွဥ္ၾကည္ဖို႔မလိုပါ။ အမွန္ကေတာ့ ဘာသာေရးအဖဲြ႕အစည္းေတြက သမီးငယ္တို႔ဘ၀ တာ၀န္ယူရမည္မဟုတ္ပါ။ အစိုးရတာ၀န္။

ယခုအခါ 'ေခတ္ေကာင္း'ကို ျပန္လည္တည္ေဆာက္ရမည့္အခိ်န္။ ဖိႏိွပ္ရက္စက္မႈေတြကို ေတာ္လွန္ရမႈတို႔ မရိွေတာ့ေသာ္လည္း လူမႈေတာ္လွန္ေရးက ဆက္ရဦးမည္။ ဤတြင္ NLD အစိုးရမွာ အဓိကတာ၀န္ရိွသည္။ က်ားရဲတြင္းထဲက်ေနသည့္ ကြ်န္ေတာ္တို႔ သမီးငယ္ေတြကို ကယ္တင္ႏိုင္မည့္ မွန္ကန္သည့္ဥပေဒေတြ ခ်ရမည္။ ဤေဆာင္းပါးေရးေနစဥ္ NLD ၀င္အခ်ဳိ႕ႏွင့္ ေဆြးေႏြးရာ ျပည့္တန္ဆာေတြ မေပ်ာက္ႏိုင္အတူတူ က်န္းမာေရးေဆးစစ္မွတ္ပံုတင္ေပးရမည္ဟု ဆိုၾကသည္။ တခ်ဳိ႕ကလည္း ဗုဒၶေခတ္ကပင္ ျပည့္တန္ဆာရိွသည္ဟု တမိုက္ဥာဏ္ျဖင့္ဆိုျပန္သည္။ (ထိုအဗၼပါလီ ျပည့္တန္ဆာမို်းသည္ လုပ္ခ်င္တိုင္းလုပ္မရ။ အတတ္ပညာ ျပည့္ရံုမက ရုပ္ရည္လွပမႈက တတိုင္းျပည္လံုး ဒိတ္ျဖစ္မွ) ထို NLD မ်ားကပင္ ဆိုေသးသည္။ ဒီမာဆတ္၊ KTV ေတြက International ေတြတဲ့။ ျပည့္တန္ဆာႏိွပ္ကြပ္ေရးဥပေဒျပင္ဖို႔ ျပည့္တန္ဆာတို႔ကို ေဆးစစ္ရမည္ဆိုျခင္းသည္ ေဆာင္ၾကာျမိဳင္ေဂဟာတို႔ တိုးေစမည့္နည္းလမ္းျဖစ္ျပီး ဗိုလ္ခ်ဳပ္ေျပာသည့္- နိုင္ငံဟု ေၾကာ္ျငာလိုက္ျခင္းပင္ျဖစ္မည္။ မိဘေမာင္ဘြား ရဟန္းသံဃာတို႔ႏွင့္ ပတ္၀န္းက်င္တို့အား အရွက္တရားအေၾကာက္ တရားၾကီးမားေသာ ယဥ္ေက်းမႈအသိပိုင္ဆိုင္သည့္နိုင္ငံတြင္ ဤေဆာင ၾကာျမိဳင္တို႔ ရိွေနသည္ကို လိုလိုခ်င္ခ်င္လက္ခံထားျခင္း မဟုတ္သည္ကို တိုင္းျပည္ျပဳျပင္မည္ဆိုေသာ အမတ္နိုင္ငံေရးသမားတို႔ သိေစခ်င္သည္။ ထို႔ေၾကာင့္ ''ျပည့္တန္ဆာျဖစ္ေအာင္ ေသြးေဆာင္ျဖားေယာင္း ေမြးျမဴသူတို႔ကို ႏိွပ္ကြပ္သည့္ဥပေဒ''မွ မွန္မည္ဟု ကြ်န္ေတာ္ ဆိုခ်င္သည္။ ဤတြင္လည္း မိမိဥာဏ္အားနွင့္ ဆိုနိုင္ျခင္းမဟုတ္ပါ။ အမ်ဳိးသားဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ လူမႈမိန္႔ခြန္းေၾကာင့္ပါ။
''ဒုကၡေရာက္ေနတဲ့ အမ်ဳိးသမီးေတြကို ကယ္တင္ရမယ္။ ပညာေပးရမယ္။ အလုပ္အကိုင္ေတြ ဖန္တီးေပးရမယ္။ လူမႈဖူလံုေရးအသင္းေတြ ဘာေတြဖဲြ႕ျပီး ကူညီရမယ္။ အမ်ဳိးသမီးေတြကို ဖ်က္ဆီးတဲ့ ဖာေခါင္းေတြကို ျပင္းျပင္း ထန္ထန္ အေရးယူရမယ္။”

ျပည့္တန္ဆာေတြေပ်ာက္ဖို႔မလြယ္ဘူးဆိုေသာ နိုင္ငံေရးသမားေတြ ဘာေၾကာင့္မေပ်ာက္သနည္း။ အေျဖက တရားဥပေဒမစိုးမိုး၍ျဖစ္သည္။ သို႔ေသာ္လည္း ေရနစ္သူ၀ါးကူထိုးဥပေဒႏွင့္ ေရနစ္ေအာင္လုပ္မည့္သူမ်ား ေပါမ်ားလာေစမည့္ဥပေဒကို ျပ႒ာန္းေနလွ်င္လည္း မေပ်ာက္ရံုမက ဆိုးသမွ်က ကိုးဆပိုလာပါလိမ့္မည္။ တည့္တည့္ေျပာပါမည္။ ဆင္းရဲသား မိန္းကေလးတို႔ကို ဘ၀ပ်က္ေအာင္ ေဆာင္ၾကာျမိဳင္ေထာင္စားသူတို႔ကို ကာကြယ္ေပးသည့္ဥပေဒေတြ ျပ႒ာန္းမေပးဖို႔လိုသည္။ သို႔မွသာ ျပည့္တန္ဆာမေပ်ာက္ေသာ္လည္း တိုးပြားမႈရပ္တန္႔သြားမည္။ စစ္အစိုးရေခတ္မွာ ခရိုနီႏွင့္ အာဏာရိွသူေတြေပါင္း၍ ေရွးကမရိွသည့္ KTV အႏိွပ္ခန္းတို႔ ပြင့္လင္းျမင္သာစြာေပၚလာခဲ့ျပီး လိုင္စင္မရိွ ဖြင့္ခြင့္ေပးထားသည္။ တည္းခိုခန္းမရိွ၍ လွပေနေသာ ဗိုလ္ခ်ဳပ္ဇာတိျမိဳ႕ကေလးမွာဦးသိန္းစိန္ အစိုးရေခတ္က KTV ဖြင့္ဖို႔ ႀကိဳးစားရာ လူထုကလက္မခံ၍ ပိတ္သြားခဲ့ရ သည္။ ယခုဥပေဒႏွင့္အညီ ဖြင့္ခြင့္ေပးမည္ဆို၍ အားခဲေနၾက သူေတြရိွေနျပီ။ Burmese Virgin To Sell ကို ဘန္ေကာက္ ေဆာင္ၾကာျမိဳင္မွာ ခိ်တ္ထားသည့္သတင္းသိရစဥ္က နာက်င္ခဲ့ရဖူးသည္။ NLD ေခတ္မွာ ေတာမက် ျမိဳ႕မက် လမ္းဆံုေလးခြ ေက်းလက္ေဒသတြင္ပါ လူလြန္မသားတို႔ေပ်ာ္စရာ Semi Sex House ေတြ ဖြင့္ခြင့္ေပးမည္ဆိုလွ်င္ေတာ့ ျမန္မာအပ်ဳိစင္ေလးေတြထုတ္လုပ္သည့္ အစိုးရျဖစ္လာမည္။ အိမ္နီးခ်င္းႏိုင္ငံတခု ျမိဳ႕ေတာ္ကို နိုင္ငံျခားသားတဦးက ျပည့္တန္ဆာ ျမိဳ႕ေတာ္ဟု သမုတ္ခဲ့သလို ဆည္းလည္းသံေ၀ ျမန္မာျပည္ မွေန ကမၻာမွာ KTV, မာဆတ္ေဂဟာတို႔ေျမ ျဖစ္လာေတာ့မည္။ ယခုပင္ေက်းလက္ ေတြမွာ ပံ့်ႏံွ႔ေနျပီ။

စစ္ကြ်န္ေခတ္မွာ ပန္းကေလးတို႔ မလွနိုင္၊ မလန္းနိုင္ေအာင္ျဖစ္ခဲ့ ရသည္မွာ ထိုပန္းကေလးတို႕ႏွင့္ စီးပြားရွာ သူယုတ္မာတို႔ႏွင့္ အာဏာပိုင္ ဆိုင္ေသာ လူမ်ား ေပါင္းၾကံခဲ့၍ျဖစ္သည္။ ယေန့အခါ မလန္းနိုင္ရွာေသာ ပန္းကေလးေတြကို ကယ္တင္ကူညီလိုစိတ္၊ သတၱိနွင့္ ပညာ NLD အမတ္ေတြမွာ ရိွေစခ်င္သည္။ NLD အမ်ဳိးသားအမတ္မ်ားလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွလံုးသားႏွင့္သတၱိေသြးတစက္မရိွၾကလွ်င္ ေအးေကာင္း ပ်ဳိရြယ္သမီးငယ္တို႔ဘ၀ န၀တ နအဖေခတ္လိုပင္ ႏြမ္းေၾကမြရသည့္ ပန္းကေလးေတြ ျဖစ္ေနဦးမည္ပင္။
ျပည္သူကိုအက်ဳိးျပုမည္ဆိုေသာ NLD အမတ္ေတြအေနျဖင့္ က်ားရဲတြင္းမေရာက္ေသးသူတို႔ကို မေရာက္ေအာင္၊ ေရာက္ေနသူေတြကို ကူညီရေအာင္ ကိုလိုနီေခတ္က ေဒၚညိမ္းလို စိတ္ဓာတ္မ်ဳိးေမြးရမည္ျဖစ္ ျပီး ဗိုလ္ခ်ဳပ္ပံုခိ်တ္ျပီး မဲဆြယ္သလို ဗိုလ္ခ်ဳပ္လို သတၱိ-ႏွလံုးသားမ်ဳိး ေမြးျမဴနိုင္ရပါမည္။
နိဂံုးအေနျဖင့္ NLD အစိုးရသည္ ပညာေရး၊ က်န္းမာေရးတို႔မွာလည္း ျပည္ခိုင္ျဖိဳးအစိုးရလို လူမႈေရးတြင္ လံုမပ်ဳိတို႔လံုျခံဳေစဖို႔ နည္းလမ္းမရွာဘဲ ဦးသိန္းစိန္အစိုးရနွယ္ ေပလ်ကံဆက္ထားမည္ဆိုလွ်င္ NLD ေခတ္မွာလည္း ေအးေကာင္းပ်ဳိရြယ္သမီးငယ္တို့မွာ မလန္းသာႏြမ္းပါေလဦးမည္ ျဖစ္ပါေၾကာင္း။

ကိုေဌး(နတ္ေမာက္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..........


''အေးကောင်းပျိုရွယ်သူငယ်ချင်းတို့
လယ်တော်တွင်းကများတတွေ''”ဤစာစအလှလေးသည် ကုန်းဘောင်ခေတ် အမည်မသိစာဆို၏ ကျေးလက်ရိုးရာ ဟန်ချင်းတေးကဗျာ အစချီလေးဖြစ်သည်။ စကားလုံးသုံးပုံ မည်မျှချစ်စရာကောင်းလိုက် ပါသလဲ။ အေးသည် အေးမြခြင်း၊ အေးငြိမ်းခြင်း။ ကောင်းဆိုလိုရင်းမှာ ကောင်းမြတ်ခြင်း၊ ကောင်းမွန်ခြင်း။ ပျိုက ပျိုမြစ်ခြင်း၊ နုပျိုခြင်း။ ရွယ်ကို အရွယ်သင့်ခြင်း၊ အရွယ်ထည်ခြင်းဟု အဓိပ္ပာယ်ကိုယ်စီရှိ ဝေါဟာရတလုံး ခြင်းကို တစုတည်းဖွဲ့ဆိုလိုက်ပုံ မည်မျှပြည့်စုံလိုက်ပါသလဲ။ တခါဖြူစင် ငြိမ်းချမ်းရိုးအေးသော မိကောင်းဖကောင်းတို့၏ ပြစ်မျိုးမှဲ့မထင် သမီးရွယ်ပျိုများဟု ဆိုလိုရင်း တမျိုးလှည့်ကောက်လျှင်လည်း တဖုံလှသည်ပင်။

အစအဆုံးဖတ်၍ ခံစားမိသောအခါ ကုန်းဘောင်ခေတ်အပါအဝင် ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီခေတ်များဆီမှ ပြည်သူတို့ဘဝကို ထိုမိဘမဲ့ ကဗျာလေးများက ပြောပြနေသည်။ ၎င်းမှာ သူတို့ဘဝ ကိုယ်ဆင်းရဲပင်ပန်းနွမ်းနယ်ကြလည်း စိတ်နှလုံးချမ်းမြေ့ကြကြောင်း၊ ကဗျာထဲမှ ရယ်မောသံ၊ ရွှင်မြူးဟန်တို့ ကြားရမြင်ရသောကြောင့် သိရသည်။ တဆက်တည်း ရှေးမြန်မာမင်းတို့သည် ဗုဒ္ဓဘာသာစာပေကို ရဟန်းသံဃာတို့ထံမှသင်ယူခဲ့ခြင်းကြောင့် မင်းအများစု မင်းကျင့်တရား (၁၀)ပါးပြည့်ကာ ပြည်သူတို့ ဘဝအဖုံဖုံ လုံခြုံရပေသည်တကားဟု မြင်မိသည်။ ပဒေသရာဇ်ခေတ်တလျှောက် ဗုဒ္ဓတရားအဆုံးအမအောက်မှာ မင်းမှု ထမ်းလည်း သီလလုံ၊ လူကုံထံတို့လည်း ကိုယ်ကျင့်စုံ၍ ဆင်းရဲ မိအေးလုံမလေးတို့မှာ မသမာသူတို့ ဖျက်ဆီးသော ဘေးဘယာမှ ဝေးကွာခဲ့ကြရပေသည်တကားဟု ၀မ်းမြောက်မိရသည်။

ထိုခေတ်အသည်သား မင်းမှုထမ်းစိတ်ဝမ်းတူညီ တိုင်းပြည့်အရေး ပြိုင်တူချီမခဲ့၍ လှလိုက်တဲ့မြန်မာတွေဘဝ ဘိုးဘေးတို့ရခဲ့ကြသည်။ သူတို့သည် နိစ္စသီလမှကာမေသုကံကို ချိုးဖောက်လျှင် သံသရာမှာအပြစ်ဖြစ်၍ စောင့်ထိန်းကြသည်။ မြန်မာတမျိုးသားလုံး လူယဉ်ကျေးများဖြစ်သည်ကို ရဲဝံ့စွာဆိုနိုင်သောကာလသည် ရှေးမြန်မာမင်းတို့လက်ထက်ကဟု ပြောရပါမည်။ ဤစကားကို မိမိဉာဏ်အားဖြင့် ဖွင့်ဆိုသည်မဟုတ်ပါ။ ကိုလိုနီ ခေတ်တွင် ဒေါက်တာဘရင်က“''မြန်မာလူမိုျးများသည် မွေးကတည်းက လူကြီးလူကောင်းများဖြစ်သည်''ဟု ဆိုခဲ့ပါသည်။ ဘာ့ကြောင့် ထိုသို့ဆို နိုင်ရသနည်း။ ၎င်းဖြတ်သန်းနေသော သူ့ကျွန်ဘဝ ပြည်သူများကို မြင် တွေ့မည်။ သီလကြောင် နယ်ချဲ့သမားနိုင်ငံတို့၏လူမှုစရိုက်ကို သူသိမည်။ သူ့မိဘတို့၊ ဘိုးဘွားတို့ထံမှ မြန်မာပဒေသရာဇ် လူနေမှုဘဝနှင့်အုပ်ချုပ်ပုံကို ကြားသိလိမ့်မည်။ ထို့ပြင် အိမ်နီးချင်းပဒေသရာဇ် လူနေမှုစနစ်ကိုလည်း လေ့လာမိရာသည်။ ၎င်းတို့ကို နှိုင်းယှဉ်၍ အဆိုထုတ်ခဲ့ခြင်းဖြစ် မည်ဟု ကျွန်တော် တွေးဆဖြေလိုပါသည်။ ဒေါက်တာဘရင်၏ အင်္ဂလိပ် လိုပြောခဲ့သော ထိုအဆိုကို ရေနံ ချောင်းအမျိုးသားကျောင်းသားလေး မောင်အောင်ဆန်း အလွန်နှစ်သက်၍ ကျင့်ပြောခဲ့ကြောင်း သူ့သူငယ်ချင်း သခင်ခင်ဇော်က ပြောပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းဘဝခေါင်းဆောင်ဖြစ်လာသောအခါ ကိုယ့်မင်း ကိုယ့်ချင်းအုပ်ချုပ်စဉ် မြင့်မြတ်သော မြန်မာတို့ဘဝ၊ လုံခြံုစွာနေရသော လူမှုဘဝတို့အကြောင်း ဝေဖန်သုံးသပ် ပြခဲ့သည်။ သူ့ကျွန်ခေတ်လုံမတို့ဘဝ မလုံခြံုရသည်ကို တိုင်းပြည်လွတ် လပ်ရေးရလျှင် ပြုပြင်ဖို့ ဗိုလ်ချုပ်အားခဲရည်သန်ခဲ့သည်။

၁၉၆၂ မှ ၈၈ ဦးနေဝင်းခေတ် မှောင်ခိုစနစ် ဟုန်းဟုန်းထခဲ့ရာ အေးကောင်းပျိုရွယ်သမီးငယ်တို့ ဘဝပျက်ခဲ့ ကြရသည်။ ဆရာနိုင်ဝင်းဆွေ၏ 'မသိန်းရှင်ဆီပို့ပေးပါ'မှ မိကောင်းဖခင်သမီးငယ်တို့ဘဝ မိုးမှောင်ကျ ရခြင်းအား တင်ပြသည်ကို ခံစားကြည့်စမ်းပါ။
''တချို့မိန်းကလေးတွေဆိုရင် ငွေတင်မကျေနပ်လို့ ဟိုဟာပါပေးရတာ မြခင်လေးဆိုကြည့်ပါလား၊ အသက်(၁၃)နှစ် မပြည့်သေးဘူး၊ ဆံတောက်ကလေးတောင် မထားရဲထားရဲ ထားနေတုန်း ဟိုဟာပါပေးရ လို့ xxx ''”

ဆရာ့ဇာတ်ကောင်ထဲက မြခင်လေး၊ နုနု၊ သင်းသင်း၊ မအေးသွယ်၊ မအေးမြင့်တို့သည် ဖတ်ချင့်စဖွယ်ဖြစ် အောင်ရေးထားသည့် လုပ်ဇာတ် ဇာတ်ရုပ်များမဟုတ်။ ဦးနေဝင်း စီမံအလွဲအောက် သားကောင်ဖြစ်ရသည့် ဆရာ့ကိုယ်တွေ့မိန်းမပိုျများ။ ၁၉၆၂-၆၆ ကာလ ဆရာ၏သုံးသပ်ပုံကို ရင်ခုန်ကြည့်ပါဦး ''ဒီချိန်ခါတွင်ကား အဖိုးတန်မိန်းကလေးတဦး 'ဖာ' ဖြစ်သွားသည်မှာ ထူးဆန်းသောအကြောင်းအရာမဟုတ်''
၁၉၈၈ မှ ယနေ့ထိကား မြခင်လေး၊ နုနု၊ သင်းသင်း အစရှိသူတို့ ကား၊ ရထား၊ သင်္ဘောများပေါ်မှာသာ မဟုတ်တော့။ စင်တင်တေးဂီတ၊ Night Club, KTV, အနှိပ်ခန်း၊ တည်းခိုခန်းနှင့် ဟိုတယ်တို့မှာရောက်နေပြီ။ ဦးနေဝင်းခေတ်က မှောင်ခိုမယ်တို့သာ ဘဝပျက်ရသည်။ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်ခေတ်မှာတော့ ကျေးလက်မှ ကောက်စိုက်၊ နှမ်းနုတ်၊ ပျိုဖြူလေးတွေ မြို့ပြမှ ပန်းရန်လမ်းဖောက်ကျောက်သယ်လုံမငယ်များ ဘဝပါ မလုံခြံုကြ။ နားနဲ့မနာ ဖဝါးနဲ့နာ၊ Semi-Sex Workers ဆိုသည်ကား မြို့ကြီးပြကြီးများမှာ စစ်အစိုးရ အုပ်ချုပ်မှုစနစ်ညံ့့ဖျင်း၍ပေါ် လာသည့်စကား။ ဆရာနိုင်ဝင်းဆွေသာရှိလျှင် စစ်ကျွန်ခေတ်တလျှောက် မြန်မာတို့ ကောင်းမြတ်သည့်စရိုက်ပျောက်ဆုံးပုံကို အနုပညာမြောက်စွာ ပီပီပြင်ပြင် သရုပ်ဖော်ပေလိမ့်မည်။

ကျွန်တော့်အနေနှင့်မူ ရင်နင့်ဖွယ်ဖြစ်ရပ်မှန်များထဲက တခုပြောပြ နိုင်ပါသည်။ ၁၉၉၇-၉၈ ကပါ။ တိုင်းမြို့ကြီးတခု၏တည်းခိုခန်းမှာ လုံမပျိုတို့ကို လိင်ကျွန်ပြုထားသည့်သကောင့်သားသည် ပညာတတ် လူယုတ်မာ။ 'သင်း'သည် မိုက်ကြေးလာခွဲသော စခန်းမှူးကို ပါးရိုက်နိုင်သောပါ၀ါရှိခြင်းက သူ့နောက်ကွယ်မှ ထောက်လှမ်းရေးသမားတွေကြောင့် ဖြစ်သည်။ သူယုတ်မာထံမှာ မင်းကြိုက်စိုးကြိုက် ထောက်လှမ်းရေးကြိုက် အမိုက်စားလေးရှိသည်။ (၁၇) နှစ် အလှသွေးကြွယ် သမီးငယ်လေးမှာ ကိုယ်ဝန်ရသွားသည်။ ပြည့်တန်ဆာကို ချော (Chore) ဆွဲခြင်းဖြစ်သည်။ ထောက်လှမ်းရေးတို့ အလိုရှိရာ ဆက်သရသောအမည်ခံ လူကြီး လူကောင်းတို့အား ပူဇော်ရသောယစ်ကောင် ပျိုမလေး။ ကလေးမွေး၍မဖြစ်။ ဖျက်ချ၍ လက်လွန်သွားရာ တိုင်းဆေးရုံ တက်ရသည်။

OG ဆရာဝန်မကြီးက လူယုတ်မာကို ဌာနဆိုင်ရာများကို ရက်ရောစွာကူညီသူ မြို့မိမြို့ဖဟု သိထားသည်။ သင်းကလည်း စကားကြွယ်စွာပင်။ ''တူမလေးက တောကပါ။ ကြောရရုံကြံလာသူကြောင့် ရ,ရရှာသော ကိုယ်ဝန်ကို အရှက်အတွက် လက်သည်နှင့်ဖျက်ရာ ဒုက္ခရောက်ရသည်'' ဟု နတ်သံနှော၍ပြောကာ ဆရာဝန်မကြီးလည်း ကန်တော့။ အတု တူမထံလည်း ဖန်၊ ခါး၊ ချို၊ ချဉ် မပူပင်စေရ။ ဆေးရုံက မဆင်းမီ တနေ့ မှာတော့ ဆရာဝန်မကြီးကို လုံမပိုျလေးက ဇာတ်ကြောင်း လှန်တော့သည်။ ထိုဖာခေါင်းထံ ပြန်မသွားရအောင် ကူညီဖို့ ငိုယိုတောင်းပန် သူ့လိုပင်အလိုမတူဘဲ ခန္ဓာကိုယ် ရောင်းစားခံနေရသော သူတွေရှိပါ သေးကြောင်းပြောရာ ဆရာဝန်မကြီးက သူနှင့် ဆေးပညာသင်ဘက်၊ ဗိုလ်ချုပ်ခင်ညွန့်ဇနီး အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်းရွှေထံ ဖြစ်ရပ်မှန်တင်ပြသည်။ မနေသာတော့သော ဗိုလ်ခင်ညွန့် သူ့ထောက်လှမ်းရေးများကိုညွှန်ကြား သကောင့်သားအား ဖမ်းစစ်ဆေးအပြစ်ပေးသည်။
ဤတွင် ဆရာဝန်မကြီးဉာဏ်ပညာနှင့် စိတ်ထားမြတ်ကို မှတ်တမ်းတင်ရမည်။ သူ့အနေနှင့် ဤဖြစ်ရပ်မှန်ကို တိုင်းအာဏာပိုင်တို့ထံတိုင်ကြားမရသည်ကိုသိ၍ သူငယ်ချင်း ဒေါက်တာဒေါ်ခင်ဝင်းရွှေအား ''မင်းက တနိုင်ငံလုံး အမျိုးသမီးရေးရာဥက္ကဋ္ဌမို့ ကိုယ်ဆက်သွယ်တာ''ဟူသော စကားလေးနှင့်တင် အမှုပေါ်လာရခြင်း။ ၂၀၀၀ ပြည့်နောက်ပိုင်း စင်တင် တေးဂီတ ၊ KTV, အနှိပ်ခန်းစသည့် Semi-Sex House တို့ ထပ်မံတိုးပွားကာ တိုင်း ခရိုင်မြို့ကြီးတွေမှာ မှိုပေါက်သလိုပေါ်လာသည်။ ဦးသန်းရွှေ တည်ထောင်သော ကျတ်ပြေးနေပြည်တော်ကြီး ကား သမိုင်းဝင် ယဉ်ကျေးမှု စာပေအနုပညာလေ့လာစရာမရှိသော်လည်း ကာမဂုဏ် မွေ့လျော်သူ (Fun-Seekers)အတွက် အနှိပ်ခန်း (massage) K.T.V အများဆုံး မြို့တော်ကြီးဖြစ်သည်။

မန္တလေးကား အရှေ့နဂါးယဉ်ကျေးမှု လေတရကြမ်း အတိုက်ခံနေရကာ မြန်မာ့ယဉ်ကျေးမှုတွေ ကြွေကျနေပြီ။ ပေါက်ဖော်နှင့် ခရိုနီ နောက်ခံ KTV ၉၀ နီးပါးရှိသည်။ Massage ကြီးငါးခု။ ဒီမိုကရေစီ ရတော့မည်ဆို၍ အနောက်ပြင်က စင်တင်တေးဂီတတို့ပင် KTV သို့ ပြောင်းနေပြီ။ ယခင်မရှိသည့် ဘူတာကြီးမှာလည်း ပေါ်ပေါ်တင်တင် ကြေညာထားပြီ။ KTV ကြီးလျှင် လုံမလေးအနည်းဆုံး ၅၀၊ ငယ်လျှင် ၃၀။ အနှိပ်ခန်းတခုမှာ လုံုမ ၁၀၀။ သူတို့လေးတွေကို တနေရာမှာထားကာ ကျားသတ္တဝါ များလျှင်များသလို ခေါ်ယူသုံးဆောင်သည်။ တကယ်တော့ ထိုဆောင်ကြာမြိုင်ဂေဟာတို့ဆီ မြန်မာပြည်နယ်အစုံက ဘဝမဖူလုံ၍ ဖြားယောင်းခံရ၍ လူကုန်ကူးခံရ၍ ရောက်လာရရှာသော လုံမလေးတို့မှာ တဏှာရူး၊ နှာဘူးတွေ ပျော်စေရေး ဘီယာလေးတွေ အတူချ။ ပိုင်ရှင်ကြွေးစိတ်ကြွယာမ၊ ထိုမှဖိုးစွဲ အကျိုးနည်းသွားကာ ကယ်မသူ ဝေးရသည်။
၁၉၃၄ က သတင်းထောက် ဦးလှထွန်းဖြူသည် ပြည့်တန်ဆာတန်းသို့ သွားစုံစမ်း၍ အယ်ဒီတာဦးတင်အား ပေးကာ မြန်မာ့အလင်း မောင်းအခန်းမှ ပြည်သူကိုဖွင့်ချရာ မကောင်းမှုလုပ်သူများအား ဖမ်းဆီးခဲ့သည်။ ဦးဆောင်ဖမ်းသူက ပုလိပ်အဖွဲ့မဟုတ်။ ငရဲကျနေသည့် မိန်းကလေးတို့ကို အကူအညီပေးသည့် ကယ်ဆယ် ရေးတပ်။ ၎င်းကို ဒေါ်ညိမ်း ဦးဆောင်ဖွဲ့စည်းသည်။ ဒေါ်ညိမ်းတပ်ကို ပုလိပ်အဖွဲ့ထက်ပင် ကြောက်ရသည်ဟု လူထုဦးလှ၏ 'ကျွန်တော်သတင်းထောက်'တွင် မှတ်သားရသည်။ သူ့ကျွန််ခေတ်က ၀ံသာနုရက္ခိတ တရားပြည့်ဝသူများ၏ စွမ်းဆောင်ချက် ကား သာဓုခေါ်စရာမကောင်းလား။ စစ်ကျွန်ခေတ်မှာ လူကြားကောင်း အောင် အမိုျးသမီးရေးရာဖွဲ့ငြား ဒေါ်ကြိုင်ကြိုင်၊ ဒေါ်ခင်ဝင်းရွှေတို့အပါအဝင် ဗိုလ်ခုျပ်ကြီးကတော်တို့သည် ဒုက္ခ တွင်းနစ်နေသည့် လုံမလေးတို့ကို ကယ်တင်မပေး။ တဦးထက်တဦးသာရေး ၀န်း ခြံ မြေ စိန် ရွှေစု ကာမဂုံအမှု မှာသာ ပျော်မွေ့ခဲ့ကြသည်။ အသွင်မတူအိမ်သူမဖြစ်ချစ်လင် ခင်ပွန်း ဗိုလ်ချုပ်ကြီးများကလည်း တသက်စာမက ကြွယ်ဝလိုသူများ။ ဆောင်ကြာမြိုင်ထောင်စား ခရိုနီများနှင့် ပေါင်းစားသာယာ။ ဦးသိန်းစိန် သမ္မတကတော် ဗိုလ်ချုပ်လူထွက် ၀န်ကြီးကတော်တို့သည်လည်း ကူညီစောင်မခြင်းမရှိခဲ့။ ပညာကမပြည့် နှလုံးသားမလှကြသူ တွေ အုပ်ချုပ်ခဲ့ကြ၍ စစ်ကျွန်ခေတ်ပွင့်ကြသော ပန်းကလေးတွေ ပန်းခြွေသူတို့အောက် ရောက်ရသည်။
ဗုဒ္ဓ၏သားတော် ရဟန်းသံဃာတို့ စောင့်ရှောက်မှုသာမရလျှင် လုံမပျိုတို့ဘဝက မတွေးရဲစရာ။ ၀မ်းမြောက် ကြည်နူးစရာက စစ်ကိုင်းတောင် ခြေ ရှမ်း၊ ပလောင်၊ ၀၊ ဓနု၊ ဗမာ သီလရှင်ဆရာလေးတွေကို ကျောင်းနေ ပညာပေးထားသည်မှာ သံဃာတို့ကျေးဇူးဖြစ်သည်။ သီလရှင်ဆရာလေးတို့အား ဆွမ်းဆန်လောင်းလှူသည့် မန္တလေး၏ယဉ်ကျေးမှုက KTV ယဉ်ကျေးမှုကို တော်လှန်နေခြင်း။ ဓမ္မရိပ်မှ လုံမပျိုတို့နှင့် KTV မှာ အိပ်ရသည့် လုံမပျိုတို့ လုံခြံုမှုကို နှိုင်းယှဉ်ကြည်ဖို့မလိုပါ။ အမှန်ကတော့ ဘာသာရေးအဖွဲ့အစည်းတွေက သမီးငယ်တို့ဘဝ တာဝန်ယူရမည်မဟုတ်ပါ။ အစိုးရတာဝန်။

ယခုအခါ 'ခေတ်ကောင်း'ကို ပြန်လည်တည်ဆောက်ရမည့်အချိန်။ ဖိနှိပ်ရက်စက်မှုတွေကို တော်လှန်ရမှုတို့ မရှိတော့သော်လည်း လူမှုတော်လှန်ရေးက ဆက်ရဦးမည်။ ဤတွင် NLD အစိုးရမှာ အဓိကတာဝန်ရှိသည်။ ကျားရဲတွင်းထဲကျနေသည့် ကျွန်တော်တို့ သမီးငယ်တွေကို ကယ်တင်နိုင်မည့် မှန်ကန်သည့်ဥပဒေတွေ ချရမည်။ ဤဆောင်းပါးရေးနေစဉ် NLD ၀င်အချို့နှင့် ဆွေးနွေးရာ ပြည့်တန်ဆာတွေ မပျောက်နိုင်အတူတူ ကျန်းမာရေးဆေးစစ်မှတ်ပုံတင်ပေးရမည်ဟု ဆိုကြသည်။ တချို့ကလည်း ဗုဒ္ဓခေတ်ကပင် ပြည့်တန်ဆာရှိသည်ဟု တမိုက်ဉာဏ်ဖြင့်ဆိုပြန်သည်။ (ထိုအဗ္မပါလီ ပြည့်တန်ဆာမိုျးသည် လုပ်ချင်တိုင်းလုပ်မရ။ အတတ်ပညာ ပြည့်ရုံမက ရုပ်ရည်လှပမှုက တတိုင်းပြည်လုံး ဒိတ်ဖြစ်မှ) ထို NLD များကပင် ဆိုသေးသည်။ ဒီမာဆတ်၊ KTV တွေက International တွေတဲ့။ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပြင်ဖို့ ပြည့်တန်ဆာတို့ကို ဆေးစစ်ရမည်ဆိုခြင်းသည် ဆောင်ကြာမြိုင်ဂေဟာတို့ တိုးစေမည့်နည်းလမ်းဖြစ်ပြီး ဗိုလ်ချုပ်ပြောသည့်- နိုင်ငံဟု ကြော်ငြာလိုက်ခြင်းပင်ဖြစ်မည်။ မိဘမောင်ဘွား ရဟန်းသံဃာတို့နှင့် ပတ်ဝန်းကျင်တို့အား အရှက်တရားအကြောက် တရားကြီးမားသော ယဉ်ကျေးမှုအသိပိုင်ဆိုင်သည့်နိုင်ငံတွင် ဤဆောင ကြာမြိုင်တို့ ရှိနေသည်ကို လိုလိုချင်ချင်လက်ခံထားခြင်း မဟုတ်သည်ကို တိုင်းပြည်ပြုပြင်မည်ဆိုသော အမတ်နိုင်ငံရေးသမားတို့ သိစေချင်သည်။ ထို့ကြောင့် ''ပြည့်တန်ဆာဖြစ်အောင် သွေးဆောင်ဖြားယောင်း မွေးမြူသူတို့ကို နှိပ်ကွပ်သည့်ဥပဒေ''မှ မှန်မည်ဟု ကျွန်တော် ဆိုချင်သည်။ ဤတွင်လည်း မိမိဉာဏ်အားနှင့် ဆိုနိုင်ခြင်းမဟုတ်ပါ။ အမျိုးသားဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ လူမှုမိန့်ခွန်းကြောင့်ပါ။
''ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ကယ်တင်ရမယ်။ ပညာပေးရမယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ လူမှုဖူလုံရေးအသင်းတွေ ဘာတွေဖွဲ့ပြီး ကူညီရမယ်။ အမျိုးသမီးတွေကို ဖျက်ဆီးတဲ့ ဖာခေါင်းတွေကို ပြင်းပြင်း ထန်ထန် အရေးယူရမယ်။”

ပြည့်တန်ဆာတွေပျောက်ဖို့မလွယ်ဘူးဆိုသော နိုင်ငံရေးသမားတွေ ဘာကြောင့်မပျောက်သနည်း။ အဖြေက တရားဥပဒေမစိုးမိုး၍ဖြစ်သည်။ သို့သော်လည်း ရေနစ်သူဝါးကူထိုးဥပဒေနှင့် ရေနစ်အောင်လုပ်မည့်သူများ ပေါများလာစေမည့်ဥပဒေကို ပြဋ္ဌာန်းနေလျှင်လည်း မပျောက်ရုံမက ဆိုးသမျှက ကိုးဆပိုလာပါလိမ့်မည်။ တည့်တည့်ပြောပါမည်။ ဆင်းရဲသား မိန်းကလေးတို့ကို ဘဝပျက်အောင် ဆောင်ကြာမြိုင်ထောင်စားသူတို့ကို ကာကွယ်ပေးသည့်ဥပဒေတွေ ပြဋ္ဌာန်းမပေးဖို့လိုသည်။ သို့မှသာ ပြည့်တန်ဆာမပျောက်သော်လည်း တိုးပွားမှုရပ်တန့်သွားမည်။ စစ်အစိုးရခေတ်မှာ ခရိုနီနှင့် အာဏာရှိသူတွေပေါင်း၍ ရှေးကမရှိသည့် KTV အနှိပ်ခန်းတို့ ပွင့်လင်းမြင်သာစွာပေါ်လာခဲ့ပြီး လိုင်စင်မရှိ ဖွင့်ခွင့်ပေးထားသည်။ တည်းခိုခန်းမရှိ၍ လှပနေသော ဗိုလ်ချုပ်ဇာတိမြို့ကလေးမှာဦးသိန်းစိန် အစိုးရခေတ်က KTV ဖွင့်ဖို့ ကြိုးစားရာ လူထုကလက်မခံ၍ ပိတ်သွားခဲ့ရ သည်။ ယခုဥပဒေနှင့်အညီ ဖွင့်ခွင့်ပေးမည်ဆို၍ အားခဲနေကြ သူတွေရှိနေပြီ။ Burmese Virgin To Sell ကို ဘန်ကောက် ဆောင်ကြာမြိုင်မှာ ချိတ်ထားသည့်သတင်းသိရစဉ်က နာကျင်ခဲ့ရဖူးသည်။ NLD ခေတ်မှာ တောမကျ မြို့မကျ လမ်းဆုံလေးခွ ကျေးလက်ဒေသတွင်ပါ လူလွန်မသားတို့ပျော်စရာ Semi Sex House တွေ ဖွင့်ခွင့်ပေးမည်ဆိုလျှင်တော့ မြန်မာအပျိုစင်လေးတွေထုတ်လုပ်သည့် အစိုးရဖြစ်လာမည်။ အိမ်နီးချင်းနိုင်ငံတခု မြို့တော်ကို နိုင်ငံခြားသားတဦးက ပြည့်တန်ဆာ မြို့တော်ဟု သမုတ်ခဲ့သလို ဆည်းလည်းသံဝေ မြန်မာပြည် မှနေ ကမ္ဘာမှာ KTV, မာဆတ်ဂေဟာတို့မြေ ဖြစ်လာတော့မည်။ ယခုပင်ကျေးလက် တွေမှာ ပျံ့နှံ့နေပြီ။

စစ်ကျွန်ခေတ်မှာ ပန်းကလေးတို့ မလှနိုင်၊ မလန်းနိုင်အောင်ဖြစ်ခဲ့ ရသည်မှာ ထိုပန်းကလေးတို့နှင့် စီးပွားရှာ သူယုတ်မာတို့နှင့် အာဏာပိုင် ဆိုင်သော လူများ ပေါင်းကြံခဲ့၍ဖြစ်သည်။ ယနေ့အခါ မလန်းနိုင်ရှာသော ပန်းကလေးတွေကို ကယ်တင်ကူညီလိုစိတ်၊ သတ္တိနှင့် ပညာ NLD အမတ်တွေမှာ ရှိစေချင်သည်။ NLD အမျိုးသားအမတ်များလည်း ဗိုလ်ချုပ်အောင်ဆန်း နှလုံးသားနှင့်သတ္တိသွေးတစက်မရှိကြလျှင် အေးကောင်း ပျိုရွယ်သမီးငယ်တို့ဘဝ နဝတ နအဖခေတ်လိုပင် နွမ်းကြေမွရသည့် ပန်းကလေးတွေ ဖြစ်နေဦးမည်ပင်။
ပြည်သူကိုအကျိုးပြုမည်ဆိုသော NLD အမတ်တွေအနေဖြင့် ကျားရဲတွင်းမရောက်သေးသူတို့ကို မရောက်အောင်၊ ရောက်နေသူတွေကို ကူညီရအောင် ကိုလိုနီခေတ်က ဒေါ်ညိမ်းလို စိတ်ဓာတ်မျိုးမွေးရမည်ဖြစ် ပြီး ဗိုလ်ချုပ်ပုံချိတ်ပြီး မဲဆွယ်သလို ဗိုလ်ချုပ်လို သတ္တိ-နှလုံးသားမျိုး မွေးမြူနိုင်ရပါမည်။
နိဂုံးအနေဖြင့် NLD အစိုးရသည် ပညာရေး၊ ကျန်းမာရေးတို့မှာလည်း ပြည်ခိုင်ဖြိုးအစိုးရလို လူမှုရေးတွင် လုံမပျိုတို့လုံခြံုစေဖို့ နည်းလမ်းမရှာဘဲ ဦးသိန်းစိန်အစိုးရနှယ် ပေလျကံဆက်ထားမည်ဆိုလျှင် NLD ခေတ်မှာလည်း အေးကောင်းပျိုရွယ်သမီးငယ်တို့မှာ မလန်းသာနွမ်းပါလေဦးမည် ဖြစ်ပါကြောင်း။

ကိုဌေး(နတ်မောက်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment