Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 20, 2016

ရန္ကုန္လႊတ္ေတာ္အမတ္ေတြ ကုိ ေအးရွားေဖာင္ေဒးရွင္း သင္တန္းေပး


ရန္ကုန္ၿမိဳ႕ ေတာ္ဝင္စင္တာမွာ The Asia Foundation ဦးစီးက်င္းပတဲ့ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ျပည္သူ႔ဘ႑ာေငြ ဗဟုိခ်ဳပ္ကိုင္မႈနဲ႔ အုပ္ခ်ဳပ္ေရးဗဟုိခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ေရး သင္တန္းကို ေဖေဖာ္ဝါရီလ ၂ဝ ရက္ေန႔က က်င္းပျပဳလုပ္စဥ္။ Photo: aung thyei kha/RFA
တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ အစိုးရအဖြဲ႔အေနနဲ႔ ဘ႑ာေငြစီမံခန္႔ခြဲမႈ ေကာင္းမြန္မႈ၊ အုပ္ခ်ဳပ္ေရးစနစ္ ပြင့္လင္းျမင္သာမႈရွိမွသာ ႏိုင္ငံဖြံ႔ၿဖိဳးတုိးတက္လာႏိုင္မယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ ေတာ္ဝင္စင္တာမွာ The Asia Foundation က ဒီကေန႔ ဦးစီးက်င္းပတဲ့ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ျပည္သူ႔ဘ႑ာေငြ ဗဟုိခ်ဳပ္ကိုင္မႈနဲ႔ အုပ္ခ်ဳပ္ေရးဗဟုိခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ေရး သင္တန္းမွာ လွည္းကူးၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

"က်ေနာ္တို႔တိုင္းျပည္ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈ ေနာက္က်ခဲ့တဲ့အေၾကာင္းရင္းဟာ ဘက္ဂ်က္ကိုစီမံခန္႔ခြဲႏိုင္မႈ ေကာင္းေကာင္းမရွိႏိုင္ခဲ့လို႔ပါ၊ အုပ္ခ်ဳပ္ေရးစနစ္မွာ တကယ္ပြင့္လင္းျမင္သာမႈ မရွိခဲ့ဘူး၊ က်ေနာ္တို႔ဟာ ဖက္ဒရယ္စနစ္ကိုသြားမယ္၊ တကယ္ကို ျပည္ေထာင္စုစနစ္ကို ႀကိဳးပမ္းၾကမယ္ဆိုရင္ တိုင္းေဒသႀကီးလႊတ္ေတာ္ေတြ တိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ ေအာက္မွာရွိေနတယ္ေပါ့ေနာ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေနတဲ့ ေနရာေတြအားလံုးမွာ စနစ္တက်လည္ပတ္ႏိုင္တဲ့ ဝန္ထမ္းအင္အားေတြ၊ ေငြေၾကးစီမံခန္႔ခြဲမႈေတြ၊ အုပ္ခ်ဳပ္ေရးစနစ္ပံုစံေတြကို စနစ္တက်လုပ္ဖို႔ က်ေနာ္တို႔ လိုတယ္ပါတယ္၊ ဒီအေျခအေနေတြအတြက္ က်ေနာ္တို႔ ဒီမွာအလုပ္ရံုေဆြးေႏြးပြဲေတြက အေထာက္အကူ တစံုတရာျဖစ္လိမ့္မယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္၊ ဒီသင္တန္းဟာ က်ေနာ္တို႔ အေျပာင္းအလဲအတြက္ အေရးႀကီးတဲ့ ကိစၥတစ္ရပ္ျဖစ္ပါတယ္"

ဖက္ဒရယ္ျပည္ေထာင္စုစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ေငြေၾကးစီမံခန္႔ခြဲမႈေတြ အုပ္ခ်ဳပ္ေရးစနစ္ ပုံစံေတြကုိ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြကေန အစိုးရနဲ႔ စနစ္တက်လည္ပတ္ႏုိင္ဖို႔ ဒီသင္တန္းကို ျပဳလုပ္တာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ အရည္အေသြး ပိုမုိျမႇင့္တင္ႏုိင္ေအာင္ စြမ္းရည္ျမႇင့္သင္တန္းေတြကို The Asia Foundation က ဆက္လက္ ပုိ႔ခ်သြားဦးမယ္လို႔ သိရပါတယ္။

ဒီစြမ္းရည္ျမႇင့္ သင္တန္းကို ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ The Asia Foundation တာဝန္ရွိသူေတြ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........

ရန်ကုန်မြို့ တော်ဝင်စင်တာမှာ The Asia Foundation ဦးစီးကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြည်သူ့ဘဏ္ဍာငွေ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်ရေးဗဟိုချုပ်ကိုင်မှုလျှော့ချရေး သင်တန်းကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကျင်းပပြုလုပ်စဉ်။ Photo: aung thyei kha/RFA
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရအဖွဲ့အနေနဲ့ ဘဏ္ဍာငွေစီမံခန့်ခွဲမှု ကောင်းမွန်မှု၊ အုပ်ချုပ်ရေးစနစ် ပွင့်လင်းမြင်သာမှုရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရန်ကုန်မြို့ တော်ဝင်စင်တာမှာ The Asia Foundation က ဒီကနေ့ ဦးစီးကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်သူ့ဘဏ္ဍာငွေ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်ရေးဗဟိုချုပ်ကိုင်မှုလျှော့ချရေး သင်တန်းမှာ လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

"ကျနော်တို့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တဲ့အကြောင်းရင်းဟာ ဘက်ဂျက်ကိုစီမံခန့်ခွဲနိုင်မှု ကောင်းကောင်းမရှိနိုင်ခဲ့လို့ပါ၊ အုပ်ချုပ်ရေးစနစ်မှာ တကယ်ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး၊ ကျနော်တို့ဟာ ဖက်ဒရယ်စနစ်ကိုသွားမယ်၊ တကယ်ကို ပြည်ထောင်စုစနစ်ကို ကြိုးပမ်းကြမယ်ဆိုရင် တိုင်းဒေသကြီးလွှတ်တော်တွေ တိုင်းဒေသကြီးလွှတ်တော်ရဲ့ အောက်မှာရှိနေတယ်ပေါ့နော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ နေရာတွေအားလုံးမှာ စနစ်တကျလည်ပတ်နိုင်တဲ့ ဝန်ထမ်းအင်အားတွေ၊ ငွေကြေးစီမံခန့်ခွဲမှုတွေ၊ အုပ်ချုပ်ရေးစနစ်ပုံစံတွေကို စနစ်တကျလုပ်ဖို့ ကျနော်တို့ လိုတယ်ပါတယ်၊ ဒီအခြေအနေတွေအတွက် ကျနော်တို့ ဒီမှာအလုပ်ရုံဆွေးနွေးပွဲတွေက အထောက်အကူ တစုံတရာဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဒီသင်တန်းဟာ ကျနော်တို့ အပြောင်းအလဲအတွက် အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်"

ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ ငွေကြေးစီမံခန့်ခွဲမှုတွေ အုပ်ချုပ်ရေးစနစ် ပုံစံတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကနေ အစိုးရနဲ့ စနစ်တကျလည်ပတ်နိုင်ဖို့ ဒီသင်တန်းကို ပြုလုပ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အသွေး ပိုမိုမြှင့်တင်နိုင်အောင် စွမ်းရည်မြှင့်သင်တန်းတွေကို The Asia Foundation က ဆက်လက် ပို့ချသွားဦးမယ်လို့ သိရပါတယ်။

ဒီစွမ်းရည်မြှင့် သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ The Asia Foundation တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment