Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 22, 2016

ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များ တွေ့ ဆုံပြီး စီးပွားရေး မူဝါဒများကို အဓိက ဆွေးနွေးခဲ့





ထိုသို့ တွေ့ ဆုံမှုများ အတွင်း ဆွေးနွေးခဲ့ကြသည့် စီးပွားရေး မှုဝါဒများမှာ အခြေခံ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကာကွယ်ရေး ၀န်ဆောင်မှုများ တိုးမြှင့်ပေးနိုင်ရေး၊ ကျေးလက်ဆင်းရဲနွမ်းပါးမှုကို လျှော့ချပြီး လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရေး၊ ယှဉ်ပြိုင်မှုရှိသည့်စီးပွားရေးဝန်းကျင်အနေအထားတစ်ခု ပေါ်ထွန်းလာရန် အားပေးနိုင်ရေး၊ ငွေရေးကြေးရေး ကဏ္ဍတွင် ပြည်သူများ ပိုမို ပါဝင်လာနိုင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးမြှင့် ရရှိရေးနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား စွမ်းရည် မြှင့်တင်နိုင်ရေး တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ၇ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပြီး ယင်းသည် အရှေ့အာရှ၏ အမြန်ဆုံး စာရင်းဝင် ဖြစ်ကြောင်း အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ ပြင် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် နှင့် လူတိုင်းအတွက် အကျိုး ဖြစ်ထွန်းနိုင်မည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ဖော်ဆောင်နိုင်ရန်  မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်အုပ်စုမှ ဆက်လက် အားပေး ကူညီသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

(Xinhua)
...............


    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

    အရှေ့အာရှ နှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ အက်ဇဲလ် ဗန် ထရော့စင်းဘာ့ဂ်သည် မြန်မာနိုင်ငံ၏ခေါင်းဆောင်များနှင့် တွေ ့ဆုံခဲ့ပြီး စီးပွားရေး မူဝါဒများကို အဓိက ဆွေးနွေးခဲ့ကြောင်း ကမ္ဘာ ့ဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်။

အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို ့နှင့် တွေ ့ဆုံခဲ့ပြီး ကမ္ဘာ့ဘဏ်အုပ်စုမှ မြန်မာနိုင်ငံအား လက်ရှိ ပေးနေသောအကူအညီများနှင့် ဆက်လက် ပေးအပ်သွားမည့် အကူအညီများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှေ့အာရှ နှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ အက်ဇဲလ် ဗန် ထရော့စင်းဘာ့ဂ် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-National League for Democracy Facebook)
ထိုသို ့တွေ ့ဆုံမှုများ အတွင်း ဆွေးနွေးခဲ့ကြသည့် စီးပွားရေး မှုဝါဒများမှာ အခြေခံ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကာကွယ်ရေး ၀န်ဆောင်မှုများ တိုးမြှင့်ပေးနိုင်ရေး၊ ကျေးလက်ဆင်းရဲနွမ်းပါးမှုကို လျှော့ချပြီး လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ််မှုကို မြှင့်တင်ရေး၊ ယှဉ်ပြိုင်မှုရှိသည့်စီးပွားရေးဝန်းကျင်အနေအထားတစ်ခု ပေါ်ထွန်းလာရန် အားပေးနိုင်ရေး၊ ငွေရေးကြေးရေး ကဏ္ဍတွင် ပြည်သူများ ပိုမို ပါ၀င်လာနိုင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးမြှင့် ရရှိရေးနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား စွမ်းရည် မြှင့်တင်နိုင်ရေး တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ရ ရာခိုင်နှုန်းခန် ့တိုးတက်ခဲ့ပြီး ယင်းသည် အရှေ့အာရှ၏ အမြန်ဆုံး စာရင်းဝင် ဖြစ်ကြောင်း အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို ့ပြင် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် နှင့် လူတိုင်းအတွက် အကျိုး ဖြစ်ထွန်းနိုင်မည့် စီးပွားရေး ဖွ့ံဖြိုး တိုးတက်မှုများ ဖော်ဆောင်နိုင်ရန်  မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်အုပ်စုမှ ဆက်လက် အားပေး ကူညီသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment