Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 24, 2016

မနီလာသိန္းကုိ ဖမ္းဆီးၿပီး အင္းစိန္ေထာင္မွာ ထိန္းသိမ္း

မနီလာသိန္း ကို ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးကို ေခၚေဆာင္လာစဥ္။ Photo: Kyaw Zaw Win/RFA
တရားခံေျပးအျဖစ္ သတ္မွတ္ခံထားရတဲ့ ၈၈ မ်ဳိးဆက္ ၿငိ္မ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္းက မနီလာသိန္းဟာ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးမွာ အာမခံမယူတဲ့အတြက္ အင္းစိန္ေထာင္ကို ပို႔ခံလိုက္ရပါတယ္။

မနီလာသိန္းက သူ႔ကို တရားခံေျပးအျဖစ္ သတ္မွတ္ခဲ့တဲ့ ဘုရင့္ေနာင္နယ္ေျမ ရဲစခန္းမွဴး ဦးသန္းဝင္း ကို ျပန္လည္တရားစဲြဆိုသြားမယ္လို႔ တရားရံုးခ်ိန္းမွာ ေျပာပါတယ္။

"စခန္းမွဴးဆိုၿပီး တာဝန္ကို ယူထားေပမယ့္ တကယ္တန္း ေအာက္လက္ငယ္သားေတြကုိပဲ ခိုင္းၿပီးေတာ့ သူတို႔ရဲ႕ တပ္ဖြဲ႕ေတြသြားရွာတယ္၊ အုပ္ခ်ဳပ္ေရးမွဴးကိုသြားေမးတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြနဲ႔တင္ ခိုင္လံုၿပီလို႔ယူဆၿပီးေတာ့ တာဝန္ယူမႈ တာဝန္ခံမႈမရွိဘဲနဲ႔ က်မတို႔ရဲ႕ဂုဏ္သိကၡာကို ညိွးႏြမ္းေအာင္ျပဳလုပ္ခဲ့တဲ့ တရားခံေျပးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်မက ဘုရင့္ေနာင္စခန္းမွဴး ဦးသန္းဝင္း ကို တရားေရးအရ အေရးယူေဆာင္ရြက္မယ္လို႔ ရံုးေတာ္မွာတင္ျပခဲ့ပါတယ္၊ အဲ့လိုမ်ဳိးတင္ျပမႈကို ရံုးကလည္း မွတ္တမ္းတင္ထားပါတယ္၊ ၿပီးေတာ့ စခန္းမွဴး ဦးသန္းဝင္း ကလည္း ဒီဟာကို လက္ခံခဲ့ပါတယ္"

မရမ္းကုန္းၿမိဳ႕နယ္ တရားသူႀကီးက မနီလာသိန္းအျပင္ တရားစဲြဆိုတဲ့ ဘုရင့္ေနာင္ စခန္းမွဴး ရဲအုပ္ဦးသန္း၀င္း ကိုလည္း စစ္ေဆးခဲ့ပါတယ္။

ဒီကေန႔ တရားစဲြဆိုလိုက္တဲ့ အမႈဟာၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလက ရန္ကုန္ၿမိဳ႕ သမိုင္းလမ္းဆံုမွာ လက္ပံတန္းေက်ာင္းသားသပိတ္ကို ေထာက္ခံတဲ့ဆႏၵျပပဲြမွာ မနီလာသိန္းက ပါ၀င္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

မနီလာသိန္းလို လက္ပံတန္းေက်ာင္းသားသပိတ္ကို ေထာက္ခံဆႏၵျပခဲ့သူေတြထဲက  ဗကသ ေက်ာင္းသာား လင္းထက္ႏိုင္ (ခ) ဂ်ိမ္း ၊မၿဖိဳးၿဖိဳးေအာင္ တို႔ကိုလည္း မနီလာသိန္းနဲ႔အတူ မရမ္းကုန္းတရားရုံးမွာ  စစ္ေဆးခဲ့ပါတယ္။

ပုဒ္မ ၁၈ အတြက္ အာမခံမေလ်ာက္ထားတာေၾကာင့္ ရုံးထုတ္စစ္ေဆးအၿပီးမွာ  မနီလာသိန္းကို အင္းစိန္အက်ဥ္းေထာင္ဆီ ဖမ္းဆီးေခၚေဆာင္သြားပါတယ္။ ဒီေန႔အမႈကို လာမယ့္ မတ္လ ၇ ေန႔မွာ မရမ္းကုန္းတရားရုံးမွာ ထပ္မံစစ္ေဆးမယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
 မနီလာသိန်း ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးကို ခေါ်ဆောင်လာစဉ်။ Photo: Kyaw Zaw Win/RFA
တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိ်မ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ အာမခံမယူတဲ့အတွက် အင်းစိန်ထောင်ကို ပို့ခံလိုက်ရပါတယ်။

မနီလာသိန်းက သူ့ကို တရားခံပြေးအဖြစ် သတ်မှတ်ခဲ့တဲ့ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှူး ဦးသန်းဝင်း ကို ပြန်လည်တရားစွဲဆိုသွားမယ်လို့ တရားရုံးချိန်းမှာ ပြောပါတယ်။

"စခန်းမှူးဆိုပြီး တာဝန်ကို ယူထားပေမယ့် တကယ်တန်း အောက်လက်ငယ်သားတွေကိုပဲ ခိုင်းပြီးတော့ သူတို့ရဲ့ တပ်ဖွဲ့တွေသွားရှာတယ်၊ အုပ်ချုပ်ရေးမှူးကိုသွားမေးတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့တင် ခိုင်လုံပြီလို့ယူဆပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့ ကျမတို့ရဲ့ဂုဏ်သိက္ခာကို ညှိးနွမ်းအောင်ပြုလုပ်ခဲ့တဲ့ တရားခံပြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမက ဘုရင့်နောင်စခန်းမှူး ဦးသန်းဝင်း ကို တရားရေးအရ အရေးယူဆောင်ရွက်မယ်လို့ ရုံးတော်မှာတင်ပြခဲ့ပါတယ်၊ အဲ့လိုမျိုးတင်ပြမှုကို ရုံးကလည်း မှတ်တမ်းတင်ထားပါတယ်၊ ပြီးတော့ စခန်းမှူး ဦးသန်းဝင်း ကလည်း ဒီဟာကို လက်ခံခဲ့ပါတယ်"

မရမ်းကုန်းမြို့နယ် တရားသူကြီးက မနီလာသိန်းအပြင် တရားစွဲဆိုတဲ့ ဘုရင့်နောင် စခန်းမှူး ရဲအုပ်ဦးသန်းဝင်း ကိုလည်း စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ တရားစွဲဆိုလိုက်တဲ့ အမှုဟာပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ်ကို ထောက်ခံတဲ့ဆန္ဒပြပွဲမှာ မနီလာသိန်းက ပါ၀င်ခဲ့တာကြောင့်ဖြစ်ပါတယ်။

မနီလာသိန်းလို လက်ပံတန်းကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့သူတွေထဲက  ဗကသ ကျောင်းသာား လင်းထက်နိုင် (ခ) ဂျိမ်း ၊မဖြိုးဖြိုးအောင် တို့ကိုလည်း မနီလာသိန်းနဲ့အတူ မရမ်းကုန်းတရားရုံးမှာ  စစ်ဆေးခဲ့ပါတယ်။

ပုဒ်မ ၁၈ အတွက် အာမခံမလျောက်ထားတာကြောင့် ရုံးထုတ်စစ်ဆေးအပြီးမှာ  မနီလာသိန်းကို အင်းစိန်အကျဉ်းထောင်ဆီ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီနေ့အမှုကို လာမယ့် မတ်လ ရ နေ့မှာ မရမ်းကုန်းတရားရုံးမှာ ထပ်မံစစ်ဆေးမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment