Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 24, 2016

NLD မဲရႈံးေဒသမ်ားရွိ ခ်ဳိ႕တဲ့ကေလးမ်ားကုိ ပညာသင္ေထာက္ပ့ံမႈ အထူးဂရုစုိက္ေပးအပ္ရန္ အဖြဲ႔ခ်ဳပ္ညႊန္ၾကား


အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေသာ NLD ပါတီသည္ ေရြးခ်ယ္ခံထားရေသာ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၏ လစာမွ ခ်ဳိ႕တဲ့ပညာသင္ ကေလးမ်ားအတြက္ သင္ေထာက္ကူပစၥည္းမ်ား ေပးအပ္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိရာ NLD ပါတီ အရႈံးေပၚခဲ့ေသာ ေဒသမ်ားမွာ အထူးအခြင့္အေရး ရရွိလာမည့္ အေျခအေနရွိေၾကာင္း NLD ဗဟုိအလုပ္အမႈေဆာင္ ေကာ္မတီမွ ထုတ္ျပန္သည့္ ညႊန္ၾကားခ်က္အား ရည္ညႊန္းလွ်က္ မေကြးတုိင္း NLD ရုံးမွ ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔က သိရသည္။

‘’မဲမေပးလည္း NLD က ဂရုစုိက္မွာပါ အထူးသျဖင့္ မိတၳီလာလုိ NLDအရႈံးေပၚခဲ့တဲ့ ေနရာေတြကုိ ပုိမုိဂရုတစုိက္ အကူအညီေပးသြားမွာပါ။ ဘယ္သူ႔ကုိမွ မဲမေပးလုိ႔ ခြဲျခားဆက္ဆံတာမလုပ္တာပါဘူး ပုိလုိ႔ေတာင္ ဂရုစုိက္ဖုိ႔ အဖြဲ႔ခ်ဳပ္က ညႊန္ၾကားထားပါတယ္လုိ႔ ‘’မေကြးတုိင္းေဒသႀကီး အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးသိန္းေဇာ္က News Watch သို႔ုိ ေျပာၾကားသည္။

မေကြးတုိင္းေဒသႀကီးတြင္ NLDရႈံးခဲ့ေသာ ေက်းရြာမ်ားစြာရွိၿပီး ပြင့္ျဖဴၿမိဳ႕နယ္တြင္ ေက်းရြာ ၃၀ ခန္႔ႏွင့္ စလင္းၿမိဳ႕နယ္တြင္ ၇ ရြာခန္႔ ရွိသည္။ NLD အႀကီးအက်ယ္မဲရႈံးခဲ့ေသာ ေဒသမွာ မႏၱေလးတုိင္းမွ မိတၳီလာေဒသျဖစ္သည္။ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီအေနျဖင့္ ေရြးေကာက္ပြဲတြင္ အရႈံးေပၚခဲ့ေသာ ေဒသမ်ားအားလုံးရွိ ျပည္သူမ်ားကုိ ပုိမုိအေရးေပးေဆာင္ရြက္သြားမည္ဟုလည္း သိရသည္။

ေစာေက်ာ္၀င္း
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..........


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီသည် ရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များ၏ လစာမှ ချို့တဲ့ပညာသင် ကလေးများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ NLD ပါတီ အရှုံးပေါ်ခဲ့သော ဒေသများမှာ အထူးအခွင့်အရေး ရရှိလာမည့် အခြေအနေရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ထုတ်ပြန်သည့် ညွှန်ကြားချက်အား ရည်ညွှန်းလျှက် မကွေးတိုင်း NLD ရုံးမှ ဖေဖော်ဝါရီ ၂၃ ရက်နေ့က သိရသည်။

‘’မဲမပေးလည်း NLD က ဂရုစိုက်မှာပါ အထူးသဖြင့် မိတ္ထီလာလို NLDအရှုံးပေါ်ခဲ့တဲ့ နေရာတွေကို ပိုမိုဂရုတစိုက် အကူအညီပေးသွားမှာပါ။ ဘယ်သူ့ကိုမှ မဲမပေးလို့ ခွဲခြားဆက်ဆံတာမလုပ်တာပါဘူး ပိုလို့တောင် ဂရုစိုက်ဖို့ အဖွဲ့ချုပ်က ညွှန်ကြားထားပါတယ်လို့ ‘’မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဇော်က News Watch သို့ုိ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးတွင် NLDရှုံးခဲ့သော ကျေးရွာများစွာရှိပြီး ပွင့်ဖြူမြို့နယ်တွင် ကျေးရွာ ၃၀ ခန့်နှင့် စလင်းမြို့နယ်တွင် ရ ရွာခန့် ရှိသည်။ NLD အကြီးအကျယ်မဲရှုံးခဲ့သော ဒေသမှာ မန္တလေးတိုင်းမှ မိတ္ထီလာဒေသဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အရှုံးပေါ်ခဲ့သော ဒေသများအားလုံးရှိ ပြည်သူများကို ပိုမိုအရေးပေးဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment