Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

NLD အစိုးရသစ္အေပၚ ေမွ်ာ္လင့္မႈမ်ား


နအဖစစ္အစိုးရကဖန္တီးခဲ့တဲ့ ပထမအႀကိမ္လႊတ္ေတာ္ငါးႏွစ္သက္တမ္းဟာ ဇန္န၀ါရီလ (၂၈)ရက္ေန႕က ၿပီးဆံုးသြားခဲ့ပါၿပီ။ အခု ေဖေဖၚ၀ါရီလ (၁)ရက္ေန႔မွာ ဒုတိယအႀကိမ္လႊတ္တမ္းသက္တမ္းကိုစတင္ေတာ့မွာပါ။ ဒီတႀကိမ္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD က ၂၀၁၅ေရြးေကာက္ပဲြမွာ မဲအျပတ္အသတ္အႏိုင္ရခဲ့တဲ့ ပါတီႀကီး အေနနဲ႕ လႊတ္ေတာ္ေနရာအမ်ားစုကိုရရွိထားတာေၾကာင့္ အစိုးရသစ္ဖဲြ႕စည္းဖို႔လည္း ျပင္ဆင္ေနပါၿပီ။ မၾကာခင္ေပၚလာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္မယ့္ အစိုးရသစ္ အေပၚ ျပည္သူအမ်ားက ဘယ္လိုေမွ်ာ္လင့္ထားၾကပါသလဲ။ AFPနဲ႕ Reuters သတင္းေတြကို အေျခခံၿပီးမအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

၂၀၀၈ဖဲြ႕စည္းပံုအေျခခံဥပေဒအရ လႊတ္ေတာ္မွာ အလိုအေလ်ာက္ေနရာယူထားတဲ့ ၂၅% စစ္တပ္ကိုယ္စားလွယ္ေတြကို ဖယ္လိုက္ရင္ လႊတ္ေတာ္ေနရာေပါင္း ၈၀%နီးပါး အႏိုင္ရထားတဲ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ အခုဆိုရင္ ေနျပည္ေတာ္ျပည္ေထာင္စုလႊတ္ေတာ္ကို ေရာက္ရွိေနၾကပါၿပီ။ အခုလိုလႊတ္ေတာ္သက္တမ္း လက္ေျပာင္းလက္လဲႊ ကိစၥ ေခ်ာေမြ႕ေအာင္ေဆာင္ရြက္ခဲ့တာေတြနဲ႔ပတ္သက္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုတာ၀န္ယူခဲ့ၾကတဲ့ သူရဦးေရႊမန္းနဲ႔ ဦးခင္ေအာင္ျမင့္တို႔ကလည္း ဇန္န၀ါရီလ (၂၈)ရက္နဲ႔ ၂၉ ရက္ေန႔ေတြကက်င္းပခဲ့တဲ့ လႊတ္ေတာ္ႏွတ္ဆက္ပဲြ အခမ္းအနားေတြမွာ ထုတ္ေဖၚေျပာဆိုခဲ့ၾကပါတယ္။

အလားတူ ေဒၚေအာင္ဆန္းစုၾကည္ကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေတြရဲ႕ေဆာင္ရြက္ခ်က္ေတြေၾကာင့္ ကိုယ္စားလွယ္သစ္ေတြအတြက္ လမ္းဟာ ပိုၿပီးပြင့္လင္းလာတယ္လို႔ သူ႕ရဲ႕မိန္႕ခြန္းမွာ ဂုဏ္ျပဳေျပာဆိုခဲ့သလို ဒီမိုကေရစီႏိုင္ငံျဖစ္လာဖို႔ ၀ိုင္း၀န္းပူးေပါင္းလုပ္ေဆာင္ၾကဖို႔ လည္း အခုလိုတိုက္တြန္းသြားပါတယ္။

”ကၽြန္မတို႕ ႏိုင္ငံေရးမွာ ဒီမိုကေရစီ စနစ္ ထြန္းကားအျမစ္တြယ္ရံုမကပဲ၊ ကၽြန္မတို႕ ႏိုင္ငံသူ ႏိုင္ငံသားမ်ားဟာ ခ်မ္းသာ ၾကြယ္၀ၿပီးေတာ့ ၿငိမ္းခ်မ္းတဲ့ ျပည္ေထာင္စုႀကီးမွာ ဆက္လက္ၿပီးေတာ့ ရွင္သန္သြားႏိုင္မယ္ လို႕ ကၽြန္မ ယံုၾကည္ပါတယ္။”

NLD က ေနရာအမ်ားစုကိုရထားတဲ့ အခုလႊတ္ေတာ္သက္တမ္းအသစ္မွာ ပါတီေခါင္းေဆာင္ျဖစ္တဲ့ေဒၚေအာင္ဆန္းစုၾကည္ဟာ အစိုးရနဲ႔လႊတ္ေတာ္ကို ထိန္းခ်ဳပ္မယ့္လကၡဏာေတြ႕ရၿပီး ဒါကိုလည္း စစ္တပ္ကအသိအမွတ္ျပဳပံု ရွိတယ္လို႔ ျမန္မာႏိုင္ငံေရးသံုးသပ္သူ ေဒါက္တာခင္ေဇာ္၀င္းကျမင္ပါတယ္။

”ဒီအမ်ားစုႀကီးကို သူကထိန္းေက်ာင္းမွာပါ။ ခင္ဗ်ားလည္းသိပါတယ္။ အစိုးရ၊ ဥပေဒျပဳလႊတ္ေတာ္ေတြ ဒါေတြကို သူက ထိန္းခ်ဳပ္ပဲ့ကိုင္ရမယ့္ အင္မတန္အေရးပါတဲ့ေနရာပါ။ စစ္တပ္ကလည္း ဒါကို အသိအမွတ္ျပဳထားပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ကလည္း သူဟာ အစိုးရသစ္ရဲ႕သမၼတအထက္မွာ ရွိေနမွာျဖစ္ၿပီးအဲဒီအတြက္လည္း စီစဥ္ထားၿပီးၿပီလို႕ ေရြးေကာက္ပဲြအၿပီးျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။ ဒါေၾကာင့္ လာမယ့္အစိုးရသစ္ဖဲြ႕စည္းခ်ိန္ သမၼတေနရာမွာ ဘယ္သူကိုထားမလဲဆိုတာ အမ်ားက စိတ္၀င္တစား ျဖစ္ေနၾကပါတယ္။ ဒါေပမဲ့ ဒီသမၼတေနရာကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ပဲယူလိမ့္မယ္လို႔ျမင္ေၾကာင္း ေဒါက္တာခင္ေဇာ္၀င္းကဆိုပါတယ္။

”သူဘယ္သူ႔ကိုေရြးမလဲဆိုတာက သိပ္ကို အေရးမႀကီးပါဘူး။ ဘာလို႔လည္းဆိုေတာ့ ဒါဟာဟန္ျပျဖစ္ၿပီး အားလံုးသိတိုင္းအတိုင္း သူက တေယာက္ေယာက္ ကို ေရြးခ်ယ္ၿပီးေနာက္ အဲဒီေနရာမွာ အခ်ိန္ကာလ တခုထား ထားမွာပါ။ ဒီေနာက္ အားလံုးေဆာင္ရြက္ၿပီးခ်ိန္က်ရင္ စီစဥ္ထားတဲ့အတိုင္း သူကအဲဒီေနရာကိုယူမယ္လို႔ က်ေနာ္ထင္ပါတယ္။”

၂၀၀၈ဖဲြ႕စည္းပံုအေျခခံဥပေဒအရ စစ္တပ္ဟာ အေရးပါတဲ့ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႕ နယ္စပ္ေရးရာ၀န္ႀကီးဌာနသံုးခုကို ထိန္းခ်ဳပ္ထားမယ္ ဆိုေပမယ့္လည္း အခု တနလၤာေန႔မွာ စတင္မယ့္ လႊတ္ေတာ္သက္တမ္းအသစ္မွာ အမ်ားျပည္သူမဲဆႏၵနဲ႔ေရြးေကာက္တင္ေျမွာက္ခံရတဲ့ NLD လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအမ်ားစုရွိေနတာေၾကာင့္ ျပည္သူအမ်ားကေတာ့ အေျပာင္းအလဲေတြျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြရွိေနၾကပါတယ္။

”တရားဥပေဒ စိုးမိုးေရးပါပဲ။ တရားဥပေဒ စိုးမိုးမွ တည္ၿငိမ္မွ ကၽြန္ေတာ္တို႕ တိုင္းျပည္ ေအးခ်မ္းသာယာမွာေလ။ တရားဥပေဒ စိုးမိုးမႈ မရွိတရင္ တိုင္းျပည္ ေအးခ်မ္းသာယာမွာ မဟုတ္တဲ့အတြက္ တရားဥပေဒ စိုးမိုးမႈကို အဓိက ပိုၿပီးေတာ့ သေဘာက်ပါတယ္။ အဲဒါမွ က်န္တဲ့ဟာအားလံုးက အဆင္ေျပမယ္လို႕ ယံုၾကည္တယ္။”

ဒါကေတာ့ ရန္ကုန္ၿမိဳ႕မွာ ၀က္သားထုတ္ထိုးေရာင္းတဲ့ ကိုႏိုင္ႀကီးက ေျပာသြားတာပါ။

အခုလို NLD အေနနဲ႕ အစိုးရဖြဲ႕ႏိုင္ဖို႕ အရင္ကတည္းက ေမွ်ာ္လင့္ခဲ့ေၾကာင္း လူငယ္ သြားဆရာ၀န္ ကိုေက်ာ္ထက္ ကလည္း ေျပာပါတယ္။

”ကၽြန္ေတာ္တို႕လည္း အရင္ကတည္းက ေမွ်ာ္လင့္တယ္ေပါ့။ ဒီ NLD အစိုးရတက္လာဖို႕ကို ေပါ့။ အခု တက္လာေတာ့ ေက်နပ္တယ္။ ေက်နပ္တယ္ေပါ့။ အားရတယ္ေပါ့။ ဒီလိုျဖစ္ေစခ်င္တာက ၾကာၿပီ။”

အစိုးရသစ္အေနနဲ႕ ပညာေရးပိုင္းကို ဦးစားေပး လုပ္ေဆာင္လိမ့္မယ္လို႕ ျမင္သူကေတာ့ စီးပြားေရး တကၠသိုလ္ ေက်ာင္းသူ မေအးျမတ္မြန္ျဖစ္ပါတယ္။

”ေဒၚေအာင္ဆန္းစုၾကည္ အစိုးရတက္လာလို႕ရွိရင္ ပညာေရးပိုင္းကို ပိုၿပီးေတာ့ ဦးစားေပးလုပ္ေဆာင္သြားမယ္လို႕ ျ့မင္တယ္။ ၿပီးေတာ့ ပိုၿပီးေတာ့လည္း ေကာင္းလာလိမ့္မယ္လို႕ ျမင္တယ္။”

ေဖေဖၚ၀ါရီလ (၁)ရက္ေန႕မွာစတင္မယ့္ ဒုတိယအႀကိမ္ လႊတ္ေတာ္ သက္တမ္းအတြက္ အသစ္ေရြးခ်ယ္ထားတဲ့ စစ္တပ္ကိုယ္စားလွယ္ ၂၅%လည္း ၂၀၁၅ ေရြးေကာက္ပဲြမွာအႏိုင္ရခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔အတူ တက္ေရာက္မွာျဖစ္ပါတယ္။ မတ္လေနွာင္းပိုင္းမွာေတာ့ NLD ဦးေဆာင္မယ့္ အစိုးရသစ္ကို လက္ရွိအစိုးရက အာဏာလဲႊေျပာင္းေပးမွာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................................


နအဖစစ်အစိုးရကဖန်တီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်ငါးနှစ်သက်တမ်းဟာ ဇန်နဝါရီလ (၂၈)ရက်နေ့က ပြီးဆုံးသွားခဲ့ပါပြီ။ အခု ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ ဒုတိယအကြိမ်လွှတ်တမ်းသက်တမ်းကိုစတင်တော့မှာပါ။ ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD က ၂၀၁၅ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ ပါတီကြီး အနေနဲ့ လွှတ်တော်နေရာအများစုကိုရရှိထားတာကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေပါပြီ။ မကြာခင်ပေါ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ် အပေါ် ပြည်သူအများက ဘယ်လိုမျှော်လင့်ထားကြပါသလဲ။ AFPနဲ့ Reuters သတင်းတွေကို အခြေခံပြီးမအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ အလိုအလျောက်နေရာယူထားတဲ့ ၂၅% စစ်တပ်ကိုယ်စားလှယ်တွေကို ဖယ်လိုက်ရင် လွှတ်တော်နေရာပေါင်း ၈၀%နီးပါး အနိုင်ရထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခုဆိုရင် နေပြည်တော်ပြည်ထောင်စုလွှတ်တော်ကို ရောက်ရှိနေကြပါပြီ။ အခုလိုလွှတ်တော်သက်တမ်း လက်ပြောင်းလက်လွှဲ ကိစ္စ ချောမွေ့အောင်ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ယူခဲ့ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ကလည်း ဇန်နဝါရီလ (၂၈)ရက်နဲ့ ၂၉ ရက်နေ့တွေကကျင်းပခဲ့တဲ့ လွှတ်တော်နှတ်ဆက်ပွဲ အခမ်းအနားတွေမှာ ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေရဲ့ဆောင်ရွက်ချက်တွေကြောင့် ကိုယ်စားလှယ်သစ်တွေအတွက် လမ်းဟာ ပိုပြီးပွင့်လင်းလာတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ ဂုဏ်ပြုပြောဆိုခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့ လည်း အခုလိုတိုက်တွန်းသွားပါတယ်။

”ကျွန်မတို့ နိုင်ငံရေးမှာ ဒီမိုကရေစီ စနစ် ထွန်းကားအမြစ်တွယ်ရုံမကပဲ၊ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ ချမ်းသာ ကြွယ်ဝပြီးတော့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးမှာ ဆက်လက်ပြီးတော့ ရှင်သန်သွားနိုင်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။”

NLD က နေရာအများစုကိုရထားတဲ့ အခုလွှတ်တော်သက်တမ်းအသစ်မှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့လွှတ်တော်ကို ထိန်းချုပ်မယ့်လက္ခဏာတွေ့ရပြီး ဒါကိုလည်း စစ်တပ်ကအသိအမှတ်ပြုပုံ ရှိတယ်လို့ မြန်မာနိုင်ငံရေးသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကမြင်ပါတယ်။

”ဒီအများစုကြီးကို သူကထိန်းကျောင်းမှာပါ။ ခင်ဗျားလည်းသိပါတယ်။ အစိုးရ၊ ဥပဒေပြုလွှတ်တော်တွေ ဒါတွေကို သူက ထိန်းချုပ်ပဲ့ကိုင်ရမယ့် အင်မတန်အရေးပါတဲ့နေရာပါ။ စစ်တပ်ကလည်း ဒါကို အသိအမှတ်ပြုထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူဟာ အစိုးရသစ်ရဲ့သမ္မတအထက်မှာ ရှိနေမှာဖြစ်ပြီးအဲဒီအတွက်လည်း စီစဉ်ထားပြီးပြီလို့ ရွေးကောက်ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဒါကြောင့် လာမယ့်အစိုးရသစ်ဖွဲ့စည်းချိန် သမ္မတနေရာမှာ ဘယ်သူကိုထားမလဲဆိုတာ အများက စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ ဒါပေမဲ့ ဒီသမ္မတနေရာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲယူလိမ့်မယ်လို့မြင်ကြောင်း ဒေါက်တာခင်ဇော်ဝင်းကဆိုပါတယ်။

”သူဘယ်သူ့ကိုရွေးမလဲဆိုတာက သိပ်ကို အရေးမကြီးပါဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာဟန်ပြဖြစ်ပြီး အားလုံးသိတိုင်းအတိုင်း သူက တယောက်ယောက် ကို ရွေးချယ်ပြီးနောက် အဲဒီနေရာမှာ အချိန်ကာလ တခုထား ထားမှာပါ။ ဒီနောက် အားလုံးဆောင်ရွက်ပြီးချိန်ကျရင် စီစဉ်ထားတဲ့အတိုင်း သူကအဲဒီနေရာကိုယူမယ်လို့ ကျနော်ထင်ပါတယ်။”

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနသုံးခုကို ထိန်းချုပ်ထားမယ် ဆိုပေမယ့်လည်း အခု တနင်္လာနေ့မှာ စတင်မယ့် လွှတ်တော်သက်တမ်းအသစ်မှာ အများပြည်သူမဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေအများစုရှိနေတာကြောင့် ပြည်သူအများကတော့ အပြောင်းအလဲတွေဖြစ်ဖို့ မျှော်လင့်ချက်တွေရှိနေကြပါတယ်။

”တရားဥပဒေ စိုးမိုးရေးပါပဲ။ တရားဥပဒေ စိုးမိုးမှ တည်ငြိမ်မှ ကျွန်တော်တို့ တိုင်းပြည် အေးချမ်းသာယာမှာလေ။ တရားဥပဒေ စိုးမိုးမှု မရှိတရင် တိုင်းပြည် အေးချမ်းသာယာမှာ မဟုတ်တဲ့အတွက် တရားဥပဒေ စိုးမိုးမှုကို အဓိက ပိုပြီးတော့ သဘောကျပါတယ်။ အဲဒါမှ ကျန်တဲ့ဟာအားလုံးက အဆင်ပြေမယ်လို့ ယုံကြည်တယ်။”

ဒါကတော့ ရန်ကုန်မြို့မှာ ၀က်သားထုတ်ထိုးရောင်းတဲ့ ကိုနိုင်ကြီးက ပြောသွားတာပါ။

အခုလို NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ အရင်ကတည်းက မျှော်လင့်ခဲ့ကြောင်း လူငယ် သွားဆရာဝန် ကိုကျော်ထက် ကလည်း ပြောပါတယ်။

”ကျွန်တော်တို့လည်း အရင်ကတည်းက မျှော်လင့်တယ်ပေါ့။ ဒီ NLD အစိုးရတက်လာဖို့ကို ပေါ့။ အခု တက်လာတော့ ကျေနပ်တယ်။ ကျေနပ်တယ်ပေါ့။ အားရတယ်ပေါ့။ ဒီလိုဖြစ်စေချင်တာက ကြာပြီ။”

အစိုးရသစ်အနေနဲ့ ပညာရေးပိုင်းကို ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မြင်သူကတော့ စီးပွားရေး တက္ကသိုလ် ကျောင်းသူ မအေးမြတ်မွန်ဖြစ်ပါတယ်။

”ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာလို့ရှိရင် ပညာရေးပိုင်းကို ပိုပြီးတော့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ြ့မင်တယ်။ ပြီးတော့ ပိုပြီးတော့လည်း ကောင်းလာလိမ့်မယ်လို့ မြင်တယ်။”

ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာစတင်မယ့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အသစ်ရွေးချယ်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅%လည်း ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။ မတ်လနှောင်းပိုင်းမှာတော့ NLD ဦးဆောင်မယ့် အစိုးရသစ်ကို လက်ရှိအစိုးရက အာဏာလွှဲပြောင်းပေးမှာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment