Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

မာဒါယာၿမိဳ႕မွာ လူ၁၆ေယာက္ထက္မနည္း ေသဆုံး

31 January 2016 

 ဆီးရီးယားက မာဒါယာၿမိဳ႕မွာ လူ၁၆ေယာက္ထက္မနည္း ေသဆုံးခဲ့တယ္လို႔ MSF နယ္စည္းမျခား ဆရာဝန္မ်ားအဖြဲ႕ က ေျပာပါတယ္။
ဆီးရီးယားက အစိုးရစစ္တပ္ဝိုင္းထားတဲ့ မာဒါယာၿမိဳ႕မွာ ဒီလအေစာပိုင္းက အကူအညီေပးေရး ယာဥ္တန္း ဝင္ေရာက္ဖို႔ ခြင့္ျပဳခဲ့ၿပီး ခ်ိန္ေနာက္ပိုင္းမွာေတာင္ လူ၁၆ေယာက္ထက္မနည္း ေသဆုံးခဲ့တယ္လို႔ MSF နယ္စည္းမျခား ဆရာဝန္မ်ားအဖြဲ႕ က ေျပာပါတယ္။

အဲဒီၿမိဳ႕မွာ အစာေရစာငတ္မြတ္မွုကို ခံစားေနရတဲ့ လူေပါင္း ၃၀၀ပေက်ာ္ရွိၿပီး အနည္းဆုံးလူ ၃၀ေလာက္ဟာ အသက္အႏၲရယ္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။

မာဒါယာၿမိဳ႕ကို စစ္တပ္ဝိုင္းရံထားတာ လအေတာ္ၾကာရွိခဲ့ပါၿပီ။ ဒီကိစၥနဲ႔ပတ္သက္လို႔ ေသာၾကာေန႔က ဂ်နီဗာၿမိဳ႕မွာ မေန႔ကစတင္က်င္းပတဲ့ ကုလသမဂၢက အစည္းအေဝးမွာ ထည့္သြင္းေဆြးေႏြးမွာ ျဖစ္ပါတယ္။ ဆီးရီးယား အတိုက္အခံဘက္က ေျပာခြင့္ရ Farrah el-Atassi က ေတာ့ အတိုက္အခံေတြဘက္ စိုးရိမ္ပူပန္မွုေတြကို အေနာက္နိုင္ငံေတြက ထည့္သြင္းေဆြးေႏြးမယ္ဆိုတာ အာမခံခ်က္ရခဲ့ၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

လူသားခ်င္းစာနာမွုဆိုင္ရအကူအညီေပးေရးနဲ႔ နိုင္ငံေရးအက်ဥ္းသားေတြအေရးကို အဲဒီညီလာခံမွာ အဓိကထားရမယ့္ အခ်က္ေတြျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese

...................................................

မာဒါယာမြို့မှာ လူ၁၆ယောက်ထက်မနည်း သေဆုံး
31 January 2016 
 ဆီးရီးယားက မာဒါယာမြို့မှာ လူ၁၆ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က ပြောပါတယ်။
ဆီးရီးယားက အစိုးရစစ်တပ်ဝိုင်းထားတဲ့ မာဒါယာမြို့မှာ ဒီလအစောပိုင်းက အကူအညီပေးရေး ယာဉ်တန်း ဝင်ရောက်ဖို့ ခွင့်ပြုခဲ့ပြီး ချိန်နောက်ပိုင်းမှာတောင် လူ၁၆ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က ပြောပါတယ်။

အဲဒီမြို့မှာ အစာရေစာငတ်မွတ်မှုကို ခံစားနေရတဲ့ လူပေါင်း ၃၀၀ပကျော်ရှိပြီး အနည်းဆုံးလူ ၃၀လောက်ဟာ အသက်အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မာဒါယာမြို့ကို စစ်တပ်ဝိုင်းရံထားတာ လအတော်ကြာရှိခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်လို့ သောကြာနေ့က ဂျနီဗာမြို့မှာ မနေ့ကစတင်ကျင်းပတဲ့ ကုလသမဂ္ဂက အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆီးရီးယား အတိုက်အခံဘက်က ပြောခွင့်ရ Farrah el-Atassi က တော့ အတိုက်အခံတွေဘက် စိုးရိမ်ပူပန်မှုတွေကို အနောက်နိုင်ငံတွေက ထည့်သွင်းဆွေးနွေးမယ်ဆိုတာ အာမခံချက်ရခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

လူသားချင်းစာနာမှုဆိုင်ရအကူအညီပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေးကို အဲဒီညီလာခံမှာ အဓိကထားရမယ့် အချက်တွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment