Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 30, 2016

MPT Bonus (အပိုဆောင်းငွေ) သတ်မှတ်ရက်ကျော်ခဲ့လျှင် သက်တမ်းတိုးသုံးစွဲနိုင်ဟုဆို




MPT သုံးစွဲသူများ၏ 3G ၀န်ဆောင်မှုများကို ပိုမိုမြန်ဆန်စွာ သုံးစွဲလိုပါက MPTSIMကတ်အာ3းGရနိုင်သည့်Slot1တွင်ထည့်သွင်းအသုံးပြုရမည် ဖြစ်ပြီး `ဆွေသဟာ`သုံးစွဲသူများအတွက် ပိုမိုမြန်ဆန်သော အင်တာနက် မြန်နှုန်းကို ရရှိမည်ဟု သိရသည်။

အောင်သူရိန်
................................
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ စတင်လိုက်သည့် 3G 9+ ကွန်ရက် အထူးအစီအစဇဉ်ဖြင့် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အတွင်းMPT ငွေဖြည့်ကတ်သုံးစွဲသူများအားအပိုဆောင်းငွေပေးအပ်ရာတွင် သတ်မှတ်ရက် ၁၅ ရက် ကျော်လွန်သွားလည်း နောက်ထပ် ၁၅ ရက် ထပ်မံသက်တမ်းတိုးခံစားနိုင်ခွင့်ရှိကြောင်း MPT မှ သိရသည်။

`ဥပမာ ငွေဖြည့်ကတ် ၁၀,၀၀၀ ဖြည့်ရင် အပိုဆောင်းငွေ ၁၀,၀၀၀ ရမယ်။ စဖြည့်ပြီးသတ်မှတ်ရက်၁၅ရက်အတွင်းမှာအပိုဆောင်းငွေမကုန်ခဲ့ရင် နောက်ထပ် ၁၀၀၀ တကတ်ဖြည့်လိုက်ရင် ကျန်နေတဲ့အပိုဆောင်းငွေကို နောက်ထပ် ၁၅ရက်အတွင်းထပ်သုံးလို့ရတယ်`ဟုဗိုလ်အောင်ကျော် မြန်မာ့ဆက်သွယ်ရေးရုံးမှ Team Manager (Level-1)ဒေါ်မေမျိုးဟန်က ပြောသည်။

MPT သုံးစွဲသူများ၏ 3G ၀န်ဆောင်မှုများကို ပိုမိုမြန်ဆန်စွာ သုံးစွဲလိုပါက MPTSIMကတ်အား3Gရနိုင်သည့်Slot1တွင်ထည့်သွင်းအသုံးပြုရမည် ဖြစ်ပြီး `ဆွေသဟာ`သုံးစွဲသူများအတွက် ပိုမိုမြန်ဆန်သော အင်တာနက် မြန်နှုန်းကို ရရှိမည်ဟု သိရသည်။

အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment