Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

ကေလးေခြးကိုက္ခံရရာမွ အေခ်အတင္ စကားမ်ားျပီး လူသတ္မႈ ျဖစ္ပြား


31 January 2016


ေက်ာက္ျဖဴ၊ ဇန္န၀ါရီ ၃၀

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴျမိဳ႕နယ္ အုန္းေတာေက်းရြာ အုပ္စု ေက်ာက္တင္ဆိပ္ ေက်းရြာတြင္ အသက္ (၆) ႏွစ္အရြယ္ ကေလးငယ္ တစ္ဦး ေခြးကိုက္ခံရရာမွ အေခ်အတင္ စကားမ်ားျပီး လူသတ္မႈ ျဖစ္ပြားခဲ့သည္ဟု သတင္း ရရွိသည္။

” ေခြးကိုက္ခံရရာမွ စတင္ျပီး ရန္ျဖစ္ၾကတယ္လို႕ သိရတယ္။ တစ္ဦးေသတယ္။ ေနာက္တစ္ဦး ဒဏ္ရာရတယ္။ ဒဏ္ရာရတဲ့ သူက ေဆးရံုမွာ တက္ေရာက္ ေဆးကုသေနတယ္” ဟု ေက်ာက္ျဖဴ ရဲစခန္း တာ၀န္ရွိသူ တစ္ဦး က နိရဥၥရာသို႕ အတည္ျပဳ ေျပာၾကားသည္။

ေက်ာက္ျဖဴျမိဳ႕နယ္၊ အုန္းေတာေက်းရြာအုပ္စု၊ ေက်ာက္တင္ဆိပ္ေက်းရြာတြင္ ဇန္န၀ါရီ(၂၉)ရက္ ညေန ၇ နာရီခန္႔က ေဒၚမပုမ ေနအိမ္တြင္ေမြးျမဴ ထားေသာ ေခြးက ေဒၚေထြးေထြးရီ၏ သား အသက္(၆)ႏွစ္ ကို ကိုက္သည္။

ယင္းေခြးကိုက္မႈ ေၾကာင့္ ေဒၚေထြးေထြးရီ၏ ေမာင္ျဖစ္သူ ဦးေမာင္ျမင့္စိုး အသက္(၃၅)ႏွစ္ႏွင့္ ေခြးပိုင္ရွင္ ေဒၚမပုမသား ေမာင္ေအာင္ေဇာ္လင္း အသက္(၂၆)ႏွစ္တို႔ စကားမ်ားရန္ျဖစ္ၾကသည္။

စကားမ်ား ရန္ျဖစ္ရာမွ အျပန္အလွန္ ဓါးထိုးမႈ ျဖစ္ပြား ရာ ေမာင္ေအာင္ေဇာ္လင္းမွာ ဘယ္ဘက္ လည္မ်ိဳတြင္ ဓါးဒဏ္ရာ ရရွိခဲ့ျပီး ယင္းဒဏ္ရာျဖင့္ ေဆးရံုးအေရာက္တြင္ ေသဆံုးသြားခဲ့သည္။

ဓါးထိုးမႈ ျဖစ္ပြားရာတြင္ ပါ၀င္သူ ဦးေမာင္ျမင့္စိုး (၃၅) ႏွစ္တြင္ ၀ဲဘက္လည္ပင္းတြင္ ထိုးသြင္းဒဏ္ရာ တစ္ခ်က္၊ ၀ဲဘက္နား တြင္ ျပက္ရွ ဒဏ္ရာ တစ္ခ်က္၊ ၀ဲဘက္ပခံုးပြန္းပဲ့ ဒဏ္ရာတစ္ ခ်က္ ရရွိခဲ့သည္။

ယခု လူေသမႈႏွင့္ ပတ္သက္ျပီး ေက်ာက္ျဖဴျမိဳ႕မ ရဲစခန္းမွဴး ဒုရဲမွဴး မိုးေဇာ္သူ ကတာ၀န္ယူ စစ္ေဆး အေရး ယူေဆာင္ ရြက္လ်က္ရွိေၾကာင္း သိရသည္။

ေက်ာ္၀င္း
Arakan State
https://www.facebook.com/NarinjaraNews

................................................

ကလေးခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွား
31 January 2016

ကျောက်ဖြူ၊ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာ အုပ်စု ကျောက်တင်ဆိပ် ကျေးရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦး ခွေးကိုက်ခံရရာမှ အချေအတင် စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

” ခွေးကိုက်ခံရရာမှ စတင်ပြီး ရန်ဖြစ်ကြတယ်လို့ သိရတယ်။ တစ်ဦးသေတယ်။ နောက်တစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူက ဆေးရုံမှာ တက်ရောက် ဆေးကုသနေတယ်” ဟု ကျောက်ဖြူ ရဲစခန်း တာဝန်ရှိသူ တစ်ဦး က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ကျောက်တင်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ(၂၉)ရက် ညနေ ရ နာရီခန့်က ဒေါ်မပုမ နေအိမ်တွင်မွေးမြူ ထားသော ခွေးက ဒေါ်ထွေးထွေးရီ၏ သား အသက်(၆)နှစ် ကို ကိုက်သည်။

ယင်းခွေးကိုက်မှု ကြောင့် ဒေါ်ထွေးထွေးရီ၏ မောင်ဖြစ်သူ ဦးမောင်မြင့်စိုး အသက်(၃၅)နှစ်နှင့် ခွေးပိုင်ရှင် ဒေါ်မပုမသား မောင်အောင်ဇော်လင်း အသက်(၂၆)နှစ်တို့ စကားများရန်ဖြစ်ကြသည်။

စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ဓါးထိုးမှု ဖြစ်ပွား ရာ မောင်အောင်ဇော်လင်းမှာ ဘယ်ဘက် လည်မျိုတွင် ဓါးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒဏ်ရာဖြင့် ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့သည်။

ဓါးထိုးမှု ဖြစ်ပွားရာတွင် ပါ၀င်သူ ဦးမောင်မြင့်စိုး (၃၅) နှစ်တွင် ၀ဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက်နား တွင် ပြက်ရှ ဒဏ်ရာ တစ်ချက်၊ ၀ဲဘက်ပခုံးပွန်းပဲ့ ဒဏ်ရာတစ် ချက် ရရှိခဲ့သည်။

ယခု လူသေမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သူ ကတာဝန်ယူ စစ်ဆေး အရေး ယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment