Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 29, 2016

ေဒါက္တာ Manny ေျပာတဲ့ Zika ဗိုင္းရပ္စ္ရဲ႕ ႀကီးမားေသာအႏၱရယ္ ၃ခုအေၾကာင္း



Friday, January 29, 2016 

Aedes ageypti ျခင္အမ်ိဳးအစားက အဓိကသယ္ေဆာင္တဲ့ Zika virus မွာ အေမရိကႏွင့္ကာေရဘီကမ္ေဒသအတြင္းရိွ လူေထာင္ေပါင္းမ်ားစြာကို ကူးစက္ပ်ံ႕ႏွံ႔ၿပီးျဖစ္ပါတယ္။ဗိုင္းရပ္စ္နဲ႔ ပတ္သတ္ၿပီး သင္သိထားသင့္ေသာ အခ်က္၃ခ်က္ျဖစ္ပါတယ္။
Zika ဗိုင္းရပ္စ္က ကေလးမ်ားတြင္ ေမြးရာပါ မ်ိဳးရိုးဗီဇေဖာက္ျပန္တဲ့ပံုစံမ်ားျဖစ္ေပၚေစပါတယ္။

အခ်က္အလက္မ်ားအရ ျခင္မွကူးစက္ျပန္႔ပြားေသာဒီေရာဂါမွာ West Nile ဗိုင္းရပ္စ္ ႏွင့္ Chikugunya  တို႔ေၾကာင့္ျဖစ္တဲ့ အသားဝါေရာဂါလိုအဖ်ားမ်ိဳး နဲ႔ ဆင္တူပါတယ္။ ဒီမ်ိဳးစု၀င္ဗိုင္းရပ္စ္ေတြကတစ္ဆင့္ Microcephalyလို ေမြးရာပါမ်ိဳးရိုးဗီဇ ေဖာက္ျပန္တဲ့ပံုစံမ်ိဳးနဲ႔ တိုက္ရိုက္ဆက္ႏြယ္သြားတာကို ေတြ႕ရိွခဲ့တာ ဒါကပထမဆံုးအႀကိမ္ျဖစ္ပါတယ္။

ဒီဗိုင္းရပ္စ္က ကိုယ္၀န္ေဆာင္မိခင္ေတြမွာ အက်ိဳးသက္ေရာက္မႈရွိတယ္လို႔ သိရိွထားၾကၿပီး West Nile လိုဗိုင္းရပ္စ္မ်ိဳးက သီအိုရီအရဆိုရင္ ေစာစီးစြာ သားပ်က္ျခင္းေတြကို ျဖစ္ေစနိုင္တယ္လုိ႔ပဲ သိရိွထားၾကတာပါ။ အရင္တုန္းက ဒီဗိုင္းရပ္စ္မ်ိုးေပါင္းစုထဲမွာ ဒီလိုဗိုင္းရပ္စ္ပံုစံမ်ိုဳးကို ဘယ္တုန္းကမွမေတြ႕ခဲ့ရပါ။ အဲ့ဒီဗိုင္းရပ္စ္မ်ိဳးစုေတြက ကေလးငယ္ရဲ႕ဦးေႏွာက္ကို ပံုစံမက်ေစျခင္းျဖင့္ အဓိကခႏၶာပိုင္းဆိုင္ရာပံုပန္းပ်က္မႈကို ျဖစ္ေစပါတယ္။ ယခုဗိုင္းရပ္စ္ကေတာ့ မိခင္၀မ္းဗိုက္ထဲမွာ သေႏၶသားရဲ႕ဖြံၿဖိဳးတိုးတတ္မႈေတြကို ေပါင္းေပးမွာပါ။ ကေလးငယ္က Microcephaly ေရာဂါလကၡဏာေတြနဲ႔ေမြးလာမွာျဖစ္ၿပီး အသက္ဆက္ရွင္ႏိုင္ဖို႔အတြက္ ဂရုစိုက္ျပဳစုမႈေတြ လိုအပ္မွာျဖစ္ပါတယ္။ဗုိင္းရပ္စ္က ကိုယ္၀န္ေဆာင္အမ်ဳိးသမီးေေတြကိုပဲ ထိခိုက္ေစတာမဟုတ္ပါဘူး။

ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြကို ထိခိုက္ေစနိင္တဲ့ အႏၱရာယ္ေတြကို ေျပာျပၿပီးတဲ့ေနာက္မွာ ဗိုင္းရပ္စ္က လူရဲ႕အာရံုေၾကာအဖဲြ႕အစည္းမ်ားကို တုိက္ခုိက္ေစနုိင္တဲ့အတြက္ ေက်ာရိုးထဲမွာရိွတဲ့  နာဗ္ေၾကာမ်ားေရာင္ရမ္းမႈေတြကိုလည္း ျဖစ္ေစပါတယ္။ အဲ့ဒီလိုျဖစ္ေပၚမႈကိုေတာ့ Guillain-Barre လို႔ေခၚပါတယ္။ နာဗ္ေၾကာေတြကို ရႈပ္ေထြးေစကာ ေျခေထာက္ၾကြက္သားမ်ားကို အားနည္းေစၿပီး ေနာက္ပိုင္းတြင္ လက္ေတြနဲ႔မ်က္နွာေတြအထိပါ ျပန္႔နွံ႔သြားေစပါတယ္။

ကမာၻက်န္းမာေရးအဖြဲ႕အစည္း(WHO) က ဒီဇင္ဘာလ ၁ရက္ေန႔မွ ဇန္န၀ါရီလ ၆ ရက္ေန႔ ငါးပတ္အတြင္း El Salvador မွာ Guillian-Barre ျဖစ္ေပၚမႈ ၄၆ခုေတြ႕ရိွရတယ္လို႔ ေျပာခဲ့ပါတယ္။ခရီးသြားလာျခင္းကိုရာတြင္ အထူးဂရုျပဳရမွာျဖစ္ၿပီး အင္းဆက္ေတြနဲ႔မထိေတြ႕ေအာင္ အ၀တ္အစားကို လံုလံုျခံဳျခံဳ ၀တ္သင့္ပါတယ္။

Zika ရဲ႕ကူးစက္မႈႏႈန္းမွာ အလြန္လွ်င္ျမန္ေနကာ ေတာင္ဘက္ပိုင္းကို မၾကာမီေရာက္ရိွ လာနိုင္ပါတယ္
Zika ဗုိင္းရပ္စ္ကူးစက္ျခင္းခံရေသာ ႏိုင္ငံမ်ားရဲ႕ အခ်ိန္နဲ႔အမွ် သတင္းပို႔ခ်က္မ်ားအရ ကူးစက္မႈေတြရဲ႕နံပါတ္ေတြက တိုးလာတာကို ပဲေတြ႕ရပါတယ္။ ကိုလံဘီယာမွာ ေျပာေရးဆုိခြင့္ရိွသူေတြက သူတို႔ ေတြ ဒီလိုအျဖစ္အပ်က္ ၆သိန္းေလာက္နဲ႔ၾကဳံေတြ႕ရမယ္လို႔ ခန္႔မွန္းထားပါတယ္။ ဗိုင္းရပ္စ္ကလည္း လွ်င္လွ်င္ျမန္ျမန္ကို ကူးစက္ေနတာပါ။

ေရာဂါျဖစ္ပြားေနတဲ့ေဒသမ်ားသို႔ သြားေရာက္စဥ္ Zika ဗိုင္းရပ္စ္ကူးစက္ခံပါက ဗိုင္းရပ္စ္ကို ျပန္႔ပြားေစရန္ ကူးစက္ခံရသူမွာ Aedes aegypti ျခင္ရဲ႕ ပစ္မွတ္ျဖစ္လာပါတယ္။ Zika အတြက္ မည္သည့္ ေဆးကုသမႈ ႏွင့္ ကာကြယ္ေဆးကိုမေတြ႕ရိွၾကေသးပါဘူး။


( Michelle )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Fox News

........................................................

ဒေါက်တာ Manny ပြောတဲ့ Zika ဗိုင်းရပ်စ်ရဲ့ ကြီးမားသောအန္တရယ် ၃ခုအကြောင်း
Friday, January 29, 2016 

Aedes ageypti ခြင်အမျိုးအစားက အဓိကသယ်ဆောင်တဲ့ Zika virus မှာ အမေရိကနှင့်ကာရေဘီကမ်ဒေသအတွင်းရှိ လူထောင်ပေါင်းများစွာကို ကူးစက်ပျံ့နှံ့ပြီးဖြစ်ပါတယ်။ဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး သင်သိထားသင့်သော အချက်၃ချက်ဖြစ်ပါတယ်။
Zika ဗိုင်းရပ်စ်က ကလေးများတွင် မွေးရာပါ မျိုးရိုးဗီဇဖောက်ပြန်တဲ့ပုံစံများဖြစ်ပေါ်စေပါတယ်။

အချက်အလက်များအရ ခြင်မှကူးစက်ပြန့်ပွားသောဒီရောဂါမှာ West Nile ဗိုင်းရပ်စ် နှင့် Chikugunya  တို့ကြောင့်ဖြစ်တဲ့ အသားဝါရောဂါလိုအဖျားမျိုး နဲ့ ဆင်တူပါတယ်။ ဒီမျိုးစုဝင်ဗိုင်းရပ်စ်တွေကတစ်ဆင့် Microcephalyလို မွေးရာပါမျိုးရိုးဗီဇ ဖောက်ပြန်တဲ့ပုံစံမျိုးနဲ့ တိုက်ရိုက်ဆက်နွယ်သွားတာကို တွေ့ရှိခဲ့တာ ဒါကပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်မိခင်တွေမှာ အကျိုးသက်ရောက်မှုရှိတယ်လို့ သိရှိထားကြပြီး West Nile လိုဗိုင်းရပ်စ်မျိုးက သီအိုရီအရဆိုရင် စောစီးစွာ သားပျက်ခြင်းတွေကို ဖြစ်စေနိုင်တယ်လို့ပဲ သိရှိထားကြတာပါ။ အရင်တုန်းက ဒီဗိုင်းရပ်စ်မျိုးပေါင်းစုထဲမှာ ဒီလိုဗိုင်းရပ်စ်ပုံစံမျိုုးကို ဘယ်တုန်းကမှမတွေ့ခဲ့ရပါ။ အဲ့ဒီဗိုင်းရပ်စ်မျိုးစုတွေက ကလေးငယ်ရဲ့ဦးနှောက်ကို ပုံစံမကျစေခြင်းဖြင့် အဓိကခန္ဓာပိုင်းဆိုင်ရာပုံပန်းပျက်မှုကို ဖြစ်စေပါတယ်။ ယခုဗိုင်းရပ်စ်ကတော့ မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားရဲ့ဖွံဖြိုးတိုးတတ်မှုတွေကို ပေါင်းပေးမှာပါ။ ကလေးငယ်က Microcephaly ရောဂါလက္ခဏာတွေနဲ့မွေးလာမှာဖြစ်ပြီး အသက်ဆက်ရှင်နိုင်ဖို့အတွက် ဂရုစိုက်ပြုစုမှုတွေ လိုအပ်မှာဖြစ်ပါတယ်။ဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်အမျိုးသမီးေတွေကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ထိခိုက်စေနိင်တဲ့ အန္တရာယ်တွေကို ပြောပြပြီးတဲ့နောက်မှာ ဗိုင်းရပ်စ်က လူရဲ့အာရုံကြောအဖွဲ့အစည်းများကို တိုက်ခိုက်စေနိုင်တဲ့အတွက် ကျောရိုးထဲမှာရှိတဲ့  နာဗ်ကြောများရောင်ရမ်းမှုတွေကိုလည်း ဖြစ်စေပါတယ်။ အဲ့ဒီလိုဖြစ်ပေါ်မှုကိုတော့ Guillain-Barre လို့ခေါ်ပါတယ်။ နာဗ်ကြောတွေကို ရှုပ်ထွေးစေကာ ခြေထောက်ကြွက်သားများကို အားနည်းစေပြီး နောက်ပိုင်းတွင် လက်တွေနဲ့မျက်နှာတွေအထိပါ ပြန့်နှံ့သွားစေပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း(WHO) က ဒီဇင်ဘာလ ၁ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့ ငါးပတ်အတွင်း El Salvador မှာ Guillian-Barre ဖြစ်ပေါ်မှု ၄၆ခုတွေ့ရှိရတယ်လို့ ပြောခဲ့ပါတယ်။ခရီးသွားလာခြင်းကိုရာတွင် အထူးဂရုပြုရမှာဖြစ်ပြီး အင်းဆက်တွေနဲ့မထိတွေ့အောင် အဝတ်အစားကို လုံလုံခြုံခြံု ၀တ်သင့်ပါတယ်။

Zika ရဲ့ကူးစက်မှုနှုန်းမှာ အလွန်လျှင်မြန်နေကာ တောင်ဘက်ပိုင်းကို မကြာမီရောက်ရှိ လာနိုင်ပါတယ်
Zika ဗိုင်းရပ်စ်ကူးစက်ခြင်းခံရသော နိုင်ငံများရဲ့ အချိန်နဲ့အမျှ သတင်းပို့ချက်များအရ ကူးစက်မှုတွေရဲ့နံပါတ်တွေက တိုးလာတာကို ပဲတွေ့ရပါတယ်။ ကိုလံဘီယာမှာ ပြောရေးဆိုခွင့်ရှိသူတွေက သူတို့ တွေ ဒီလိုအဖြစ်အပျက် ၆သိန်းလောက်နဲ့ကြုံတွေ့ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဗိုင်းရပ်စ်ကလည်း လျှင်လျှင်မြန်မြန်ကို ကူးစက်နေတာပါ။ 

ရောဂါဖြစ်ပွားနေတဲ့ဒေသများသို့ သွားရောက်စဉ် Zika ဗိုင်းရပ်စ်ကူးစက်ခံပါက ဗိုင်းရပ်စ်ကို ပြန့်ပွားစေရန် ကူးစက်ခံရသူမှာ Aedes aegypti ခြင်ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ Zika အတွက် မည်သည့် ဆေးကုသမှု နှင့် ကာကွယ်ဆေးကိုမတွေ့ရှိကြသေးပါဘူး။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com 

Ref : Fox News

No comments:

Post a Comment