Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 30, 2016

ပန်းကန်ပြားပျံတစ်စင်းကို တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ဟု အိန္ဒိယလေတပ် ထုတ်ပြန်


နယူးဒေလီ ၊ ၃၀-၁-၂၀၁၆




PyiChitThar
..........


နယူးဒလေီ ၊ ၃၀-၁-၂၀၁၆

အိန္ဒိယ တိုက်လေယာဉ် တစ်စင်းသည် ပန်းကန်ပြားပျံ တစ်စင်းကို ပစ်ချခဲ့ကြောင်း ယင်းနိုင်ငံ လေကြောင်းတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ဘောလုံးပုံသဏ္ဌာန် ရှိသည့် အဆိုပါ ပန်းကန်ပြားပျံ တစ်စင်းကို ဇန်နဝါရီ ၂၆ ရက်က နိုင်ငံမြောက်ပိုင်း ရာဂျာစတန် ပြည်နယ်၌ တွေ့မြင်ခဲ့ပြီးနောက် လေတပ်မှ Sukhoi Su- 30MKI တိုက်လေယာဉ်အား ၄င်းနေရာသို့ စေလွှတ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် အဆိုပါ ပန်းကန်ပြားပျံကို ပစ်ချခဲ့ကြောင်း အိန္ဒိယ လေတပ်က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ ပန်းကန်ပြားပျံကို ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခွဲခန့် နှင့် နံနက် ၁၁ နာရီခန့်ကြားတွင် လေတပ်၏ ရေဒါမှတစ်ဆင့် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အဆိုပါ ပန်းကန်ပြားပျံမှ အပျက်အစီး တချို့အား သိမ်းယူခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment