Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 30, 2016







( Michelle )


Ref : UPI

.................................................

Chicago မှ အမျိုးသားတစ်ဦးဟာ သူရဲ့ဒူးခေါင်းကို သံရိုက်တဲ့သေနတ်နဲ့ မတော်တဆ ပစ်မိ


Chicago မှ အမျိုးသားတစ်ဦးဟာ သူရဲ့သံရိုက်သေနတ်နဲ့ မတော်တဆဖြစ်ပြီး နောက်တစ်ရက်မှာရိုက်တဲ့ ဓာတ်မှန်ပုံတွေက သံနှစ်ချောင်းဟာ သူရဲ့အရိုးကို မထိပဲ သီသီလေးဘယ်လိုလွဲသွားလဲ ဆိုတာကိုပြနေပါတယ်။

ချီကာကိုက Wrigely ပန်းခြံနားမှာရှိတဲ့ ကွန်ဒိုတစ်ခုမှာ ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ။ ကျွန်တော်က ခေါင်မိုးကို ကာရံဖို့အတွက် အပေါ်ကိုတက်လာခဲ့ရင်း မီးကာနံရံအတွက်ထားရှိတဲ့ နေရာနှစ်ခုကြားက လွတ်နေတဲ့နေရာလေးကို ကျော်သွားလိုက်တော့ သံရိုက်သေနတ်နဲ့ဆက်ထားတဲ့ ဂတ်စ်ခေါင်းလေးကို မတော်တဆ တတ်နင်းမိလိုက်တာပါ။

သံရိုက်သေနတ်က ရှေ့ကိုဆတ်ခနဲတိုးလာပြီး ကျွန်တော့်ဒူးခေါင်းကို သံနှစ်ချောင်းရိုက်သွင်းခဲ့တာပါလို့ Jesse ကပြောခဲ့ပါတယ်။
သူက နာကျင်မှုဒဏ်မှ သက်သာစေဖို့အတွက် Adrenaline ဆေး သုံးစွဲခဲ့ကာ Cherry Picker တွေက သူကို အောက်သို့ရောက်အောင် ပို့ပေးခဲ့ကြပြီး သူရဲ့တွဲဖက်အလုပ်သမားတွေက Swedish Covenant ဆေးရုံ ကို လိုက်ပို့ပေးခဲ့ကြပါတယ်။

Jesse က ၁၁နာရီကြာခွဲစိတ်မှုခံယူပြီးနောက် သံချောင်းတွေကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Jesse က မတော်တဆဖြစ်တဲ့နေ့က သူရဲ့ လက်သမားအလုပ်သင်အနေနဲ့ နှစ်ရက်မြောက်နေ့ဖြစ်ပြီး သူရဲ့ လက်သမားဘဝနောက်ဆုံးနေ့ ဖြစ်သွားခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

No comments:

Post a Comment