Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

ဝုိင္းေမာ္ၿမိဳ႕နယ္က အမ်ဳိးသမီးငယ္အား အလုပ္ရမည္ဟု လိမ္လည္ၿပီး တ႐ုတ္အမ်ဳိးသားႏွင့္ လက္ထပ္ရန္ေရာင္းစားသူကုိ ေဖာ္ထုတ္အေရးယူ


ကခ်င္ျပည္နယ္ ဝုိင္းေမာ္ၿမိဳ႕ နယ္ေန ဖခင္ျဖစ္သူသည္ ျမစ္ႀကီးနား လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕တပ္ဖဲြ႕စု(၁၈)သို႕ ယခုလ ၂၆ရက္တြင္ ေရာက္ရွိလာၿပီး ၄င္း ၏သမီး အသက္ ၁၈ ႏွစ္အရြယ္ရွိ တကၠသိုလ္ဝင္တန္း ေက်ာင္းသူအား ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလခန္႔က တ႐ုတ္ ႏုိင္ငံသားႏွင့္ အိမ္ေထာင္ က်ေနသူမခါးပါ(ခ) ခမ္းမာခါးပါက တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕ရွိ အထည္ ဆုိင္တြင္ အလုပ္အကုိင္ရရွိမည္ျဖစ္ ေၾကာင္း စည္း႐ုံးေခၚေဆာင္သြား ၿပီး တ႐ုတ္အမ်ဳိးသား တစ္ဦးထံ တ႐ုတ္ယြမ္ေငြ၁၅ဝဝဝျဖင့္ ေရာင္း စားခဲ့ေၾကာင္း သိရွိရသျဖင့္ ကူညီ ေဆာင္ရြက္ေပးပါရန္ႏွင့္ အဆုိပါ မခါးပါ(ခ)ခမ္းမာခါးပါသည္ယခု လည္း အမ်ဳိးသမီးမ်ားကို ေခၚ ေဆာင္ရန္ ျမစ္ႀကီးနားသို႕ ေရာက္ရွိ ေနေၾကာင္းသတင္းေပးလာခဲ့သည္။

သို႕ျဖစ္၍ ျမစ္ႀကီးနားမွ တပ္ဖဲြ႕ စု(၁၂)တပ္ဖဲြ႕ဝင္မ်ားသည္ မခါးပါ (ခ)ခမ္းမာခါးပါေရာက္ရွိတည္ ခုိ ေနသည့္ တည္းခုိခန္းသို႔ သြား ေရာက္၍ မခါးပါ(ခ)ခမ္းမာခါးပါ အား တပ္ဖဲြ႕စု႐ုံးသို႕ေခၚေဆာင္ခဲ့ၿပီး ကခ်င္ျပည္နယ္အမ်ဳိးသမီးေရးရာ အဖဲြ႕ဝင္မ်ား၏ေရွ႕တြင္ စစ္ေဆး ေမးျမန္းခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေမးျမန္းခ်က္မ်ားအရ မခါးပါသည္ လြန္ခဲ့ေသာေျခာက္ ႏွစ္ခန္႔က တ႐ုတ္ႏုိင္ငံသားတစ္ဦး ႏွင့္ အိမ္ေထာင္က်ကာ တ႐ုတ္ ႏုိင္ငံ ႐ုယန္ရွင္းၿမိဳ႕တြင္ အေျခခ် ေနထုိင္ခဲ့ေၾကာင္း၊ ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလအတြင္း ျမစ္ႀကီး နားၿမိဳ႕ေန အသက္ ၁၈ႏွစ္အရြယ္ မ---အား တ႐ုတ္ႏုိင္ငံ ေရႊလီ ၿမိဳ႕ရွိ အထည္ဆုိင္တြင္ အလုပ္ လုပ္ပါက တစ္လလွ်င္ တ႐ုတ္ ယြမ္ေငြ ၁ဝဝဝ မွ ၁၅ဝဝ အထိ ရရွိမည္ျဖစ္ေၾကာင္း၊ လမ္းစရိတ္ မ်ားကုိလည္း မိမိကုန္က်ခံမည္ျဖစ္ ေၾကာင္း စည္း႐ုံးေျပာဆုိၿပီးေနာက္ ေရႊလီၿမိဳ႕သို႕ လာေရာက္ႏုိင္ေရး လုိင္းကား စီစဥ္ေပးခဲ့ေၾကာင္း၊ အသက္ ၁၈ ႏွစ္အရြယ္ မ--- သည္ အေဒၚႏွင့္အတူ (တူအရီး ႏွစ္ဦး) ေရႊလီၿမိဳ႕သို႕ လုိက္သြား ခဲ့ေၾကာင္း၊ ေရႊလီၿမိဳ႕သို႕ေရာက္ ေသာအခါ အေဒၚျဖစ္သူအား မခါးပါက ယုံၾကည္ေအာင္ေျပာဆုိ သျဖင့္ အေဒၚျဖစ္သူမွာ မ--- အား မခါးပါထံအပ္ႏွံခဲ့ၿပီး ျမစ္ႀကီး နားသို႕ျပန္သြားခဲ့ေၾကာင္း၊ အေဒၚ ျဖစ္သူျပန္သြားေသာအခါ မခါးပါ သည္ မ---အား ဟုိနန္ျပည္နယ္ လုယန္ၿမိဳ႕နယ္ ႐ုယန္ရွင္းၿမိဳ႕သုိ႕ေခၚ ေဆာင္သြားၿပီး တ႐ုတ္အမ်ဳိးသား တစ္ဦးႏွင့္ လက္ထပ္ရန္အတြက္ တ႐ုတ္ယြမ္ေငြ ၁၅ဝဝဝ ျဖင့္ ေရာင္းစားခဲ့ေၾကာင္း စစ္ေဆး သိရသည္။

သုိ႕ျဖစ္ပါ၍ ၁၈ ႏွစ္အရြယ္ မ---အား တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕ ရွိ အထည္ဆုိင္တြင္ တစ္လလွ်င္ တ႐ုတ္ယြမ္ေငြ ၁ဝဝဝ မွ ၁၅ဝဝ အထိရရွိမည့္ အလုပ္ရမည္ဟု လိမ္လည္ေျပာဆုိကာ တ႐ုတ္ႏုိင္ငံ သို႕ ေခၚေဆာင္သြားၿပီး တ႐ုတ္ အမ်ဳိးသားတစ္ဦးႏွင့္ လက္ထပ္ရန္ ယြမ္ေငြ ၁၅ဝဝဝ ျဖင့္ ေရာင္းစား ခဲ့သူအား အေရးယူေပးပါရန္ ယခု လ၂၇ရက္တြင္ ဖခင္ျဖစ္သူက တရားလိုျပဳလုပ္တုိင္ၾကားသျဖင့္ ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းက (ပ) အမွတ္ ၂၃/၂ဝ၁၆၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ခဲ့ၿပီး ျပစ္မႈက်ဳးလြန္သူ မခါးပါအား အမႈ ျဖင့္ ဖမ္းဆီးစစ္ေဆးလ်က္ရွိသည္။

လူကုန္ကူးခံရသူ မ---အား ျပန္လည္ကယ္တင္ႏုိင္ေရးအတြက္ ျမန္မာ-တ႐ုတ္ႏွစ္ႏုိင္ငံ နယ္စပ္ ဆက္ဆံေရးအရာရွိ႐ုံး(လြယ္ဂ်ယ္- က်န္းဖုန္း)ျဖင့္ ညိႇႏႈိင္းေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

မင္းႏိုင္(လူကုန္တား)
The Union Daily
http://uniondaily.net

...............................................

ဝိုင်းမော်မြို့နယ်က အမျိုးသမီးငယ်အား အလုပ်ရမည်ဟု လိမ်လည်ပြီး တရုတ်အမျိုးသားနှင့် လက်ထပ်ရန်ရောင်းစားသူကို ဖော်ထုတ်အရေးယူ
31 January 2016
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်နေ ဖခင်ဖြစ်သူသည် မြစ်ကြီးနား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု(၁၈)သို့ ယခုလ ၂၆ရက်တွင် ရောက်ရှိလာပြီး ၄င်း ၏သမီး အသက် ၁၈ နှစ်အရွယ်ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသူအား ၂ဝ၁၅ ခုနှစ် စက်တင်ဘာလခန့်က တရုတ် နိုင်ငံသားနှင့် အိမ်ထောင် ကျနေသူမခါးပါ(ခ) ခမ်းမာခါးပါက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ အထည် ဆိုင်တွင် အလုပ်အကိုင်ရရှိမည်ဖြစ် ကြောင်း စည်းရုံးခေါ်ဆောင်သွား ပြီး တရုတ်အမျိုးသား တစ်ဦးထံ တရုတ်ယွမ်ငွေ၁၅ဝဝဝဖြင့် ရောင်း စားခဲ့ကြောင်း သိရှိရသဖြင့် ကူညီ ဆောင်ရွက်ပေးပါရန်နှင့် အဆိုပါ မခါးပါ(ခ)ခမ်းမာခါးပါသည်ယခု လည်း အမျိုးသမီးများကို ခေါ် ဆောင်ရန် မြစ်ကြီးနားသို့ ရောက်ရှိ နေကြောင်းသတင်းပေးလာခဲ့သည်။

သို့ဖြစ်၍ မြစ်ကြီးနားမှ တပ်ဖွဲ့ စု(၁၂)တပ်ဖွဲ့ဝင်များသည် မခါးပါ (ခ)ခမ်းမာခါးပါရောက်ရှိတည် ခို နေသည့် တည်းခိုခန်းသို့ သွား ရောက်၍ မခါးပါ(ခ)ခမ်းမာခါးပါ အား တပ်ဖွဲ့စုရုံးသို့ခေါ်ဆောင်ခဲ့ပြီး ကချင်ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၏ရှေ့တွင် စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်များအရ မခါးပါသည် လွန်ခဲ့သောခြောက် နှစ်ခန့်က တရုတ်နိုင်ငံသားတစ်ဦး နှင့် အိမ်ထောင်ကျကာ တရုတ် နိုင်ငံ ရုယန်ရှင်းမြို့တွင် အခြေချ နေထိုင်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအတွင်း မြစ်ကြီး နားမြို့နေ အသက် ၁၈နှစ်အရွယ် မ---အား တရုတ်နိုင်ငံ ရွှေလီ မြို့ရှိ အထည်ဆိုင်တွင် အလုပ် လုပ်ပါက တစ်လလျှင် တရုတ် ယွမ်ငွေ ၁ဝဝဝ မှ ၁၅ဝဝ အထိ ရရှိမည်ဖြစ်ကြောင်း၊ လမ်းစရိတ် များကိုလည်း မိမိကုန်ကျခံမည်ဖြစ် ကြောင်း စည်းရုံးပြောဆိုပြီးနောက် ရွှေလီမြို့သို့ လာရောက်နိုင်ရေး လိုင်းကား စီစဉ်ပေးခဲ့ကြောင်း၊ အသက် ၁၈ နှစ်အရွယ် မ--- သည် အဒေါ်နှင့်အတူ (တူအရီး နှစ်ဦး) ရွှေလီမြို့သို့ လိုက်သွား ခဲ့ကြောင်း၊ ရွှေလီမြို့သို့ရောက် သောအခါ အဒေါ်ဖြစ်သူအား မခါးပါက ယုံကြည်အောင်ပြောဆို သဖြင့် အဒေါ်ဖြစ်သူမှာ မ--- အား မခါးပါထံအပ်နှံခဲ့ပြီး မြစ်ကြီး နားသို့ပြန်သွားခဲ့ကြောင်း၊ အဒေါ် ဖြစ်သူပြန်သွားသောအခါ မခါးပါ သည် မ---အား ဟိုနန်ပြည်နယ် လုယန်မြို့နယ် ရုယန်ရှင်းမြို့သို့ခေါ် ဆောင်သွားပြီး တရုတ်အမျိုးသား တစ်ဦးနှင့် လက်ထပ်ရန်အတွက် တရုတ်ယွမ်ငွေ ၁၅ဝဝဝ ဖြင့် ရောင်းစားခဲ့ကြောင်း စစ်ဆေး သိရသည်။

သို့ဖြစ်ပါ၍ ၁၈ နှစ်အရွယ် မ---အား တရုတ်နိုင်ငံ ရွှေလီမြို့ ရှိ အထည်ဆိုင်တွင် တစ်လလျှင် တရုတ်ယွမ်ငွေ ၁ဝဝဝ မှ ၁၅ဝဝ အထိရရှိမည့် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ တရုတ်နိုင်ငံ သို့ ခေါ်ဆောင်သွားပြီး တရုတ် အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် ယွမ်ငွေ ၁၅ဝဝဝ ဖြင့် ရောင်းစား ခဲ့သူအား အရေးယူပေးပါရန် ယခု လ၂၇ရက်တွင် ဖခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်ကြားသဖြင့် မြစ်ကြီးနားမြို့မရဲစခန်းက (ပ) အမှတ် ၂၃/၂ဝ၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျုးလွန်သူ မခါးပါအား အမှု ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

လူကုန်ကူးခံရသူ မ---အား ပြန်လည်ကယ်တင်နိုင်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးအရာရှိရုံး(လွယ်ဂျယ်- ကျန်းဖုန်း)ဖြင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မင်းနိုင်(လူကုန်တား)
The Union Daily
http://uniondaily.net

No comments:

Post a Comment