Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

မူဆလင္အမ်ဳိးသမီးမ်ား အဂၤလိပ္စာ မသင္ယူပါက ျပည္ႏွင္ဒဏ္ေပးမည္

ၿဗိတိန္ႏိုင္ငံရွိ မူဆလင္အမ်ိဳးသမီးမ်ားကုိ ေတြ႕ရစဥ္

လန္ဒန္ ၊ ၁၉-၁-၂၀၁၆

မူဆလင္ အမ်ဳိးသမီးမ်ား အေနျဖင့္ အဂၤလိပ္စာကို အဆင့္ျမင့္တန္း တစ္ခုအထိ ေလ့လာသင္ၾကားမႈ မရွိပါက ျပည္ႏွင္ဒဏ္ ေပးခံရမည္ ျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ကင္မရြန္း က ဇန္နဝါရီ ၁၈ ရက္တြင္ ထုတ္ျပန္ ေၾကညာ လိုက္သည္။

ထို႔ျပင္ အဂၤလိပ္စာ အားနည္းသည့္ မူဆလင္ အမ်ဳိးသမီးမ်ားကို ISIS ကဲ့သို႔ အၾကမ္းဖက္ အဖဲြ႕ဝင္မ်ားအျဖစ္ ထင္မွတ္ေစမည္ ျဖစ္ေၾကာင္း ၄င္းက ဆက္လက္ ေျပာၾကားသည္။ သီးျခားခြဲထြက္ ေနေသာ မူဆလင္ အသိုင္းအဝိုင္း အေနျဖင့္ က်န္လူမႈ အသိုင္းအဝိုင္းမ်ားတြင္ ပူးေပါင္းပါဝင္ ႏုိင္ေစရန္ ရည္ရြယ္သည့္ ကင္မရြန္း၏ ကြန္ဆာေဗးတစ္ ပါတီမွျပဳလုပ္ေသာ ယူ႐ိုသန္း ၂ဝ ေထာက္ပံ့ေပးမည့္ ပညာသင္ၾကားေရး အစီအစဥ္ ထုတ္ျပန္ ေၾကညာၿပီးေနာက္ ၄င္း၏ မွတ္ခ်က္ျပဳ ေျပာစကား ထြက္ေပၚလာျခင္း ျဖစ္သည္။

ၿဗိတိန္ႏုိင္ငံ၏ လူဝင္မႈ ႀကီးၾကပ္ေရးက ႏိုင္ငံအတြင္းရွိ ခင္ပြန္း၊ ဇနီးသည္မ်ားထံသို႔ လာေရာက္မည့္ ျပည္ပမွခင္ပြန္း၊ ဇနီးသည္မ်ားကို အဂၤလိပ္စာ အရည္အခ်င္း ဆန္းစစ္မႈ မ်ားျပဳလုပ္ၿပီးမွ ဝင္ခြင့္ျပဳထားၿပီး ျဖစ္ေသာ္လည္း ႏုိင္ငံအတြင္း ႏွစ္ႏွစ္ခြဲ ေနထုိင္ၿပီးသူမ်ား အေနျဖင့္ အဂၤလိပ္စာ အရည္အခ်င္း တိုးတက္မႈရွိ၊ မရွိကို စစ္ေဆးခံရမည္ ျဖစ္ေၾကာင္း ကင္မရြန္းက ဆက္လက္ ေျပာၾကားသည္။

အဂၤလန္ႏုိင္ငံတြင္ လူဦးေရ ၅၃ သန္း ရွိသည့္အနက္ ၂ ဒသမ ၇ သန္းမွာ မူဆလင္ လူမ်ဳိးမ်ားျဖစ္ေၾကာင္း၊ ၁၉ဝဝဝဝ ခန္႔မွာ မူဆလင္ အမ်ဳိးသမီးမ်ား ျဖစ္ၿပီး ၄င္းတို႔အနက္ ၂၂ ရာခိုင္ႏႈန္းသာလွ်င္ အဂၤလိပ္စကားကို
အနည္းငယ္ ေျပာတတ္ေၾကာင္း သိရသည္။

အဆိုပါ ကင္မရြန္း ၏ ေျပာၾကားခ်က္ႏွင့္ စပ္လ်ဥ္း၍ ၿဗိတိန္ႏိုင္ငံ အတြင္းရွိ မူဆလင္ အသိုင္းအဝိုင္းႏွင့္ အတိုက္အခံပါတီ တို႔က ေ၀ဖန္မႈမ်ား ျပဳလုပ္လ်က္ ရွိေၾကာင္း သိရသည္။

#PyiChitThar

.............................................................


မူဆလင်အမျိုးသမီးများ အင်္ဂလိပ်စာ မသင်ယူပါက ပြည်နှင်ဒဏ်ပေးမည်

 လန်ဒန် ၊ ၁၉-၁-၂၀၁၆

မူဆလင် အမျိုးသမီးများ အနေဖြင့် အင်္ဂလိပ်စာကို အဆင့်မြင့်တန်း တစ်ခုအထိ လေ့လာသင်ကြားမှု မရှိပါက ပြည်နှင်ဒဏ် ပေးခံရမည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

ထို့ပြင် အင်္ဂလိပ်စာ အားနည်းသည့် မူဆလင် အမျိုးသမီးများကို ISIS ကဲ့သို့ အကြမ်းဖက် အဖွဲ့ဝင်များအဖြစ် ထင်မှတ်စေမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ သီးခြားခွဲထွက် နေသော မူဆလင် အသိုင်းအဝိုင်း အနေဖြင့် ကျန်လူမှု အသိုင်းအဝိုင်းများတွင် ပူးပေါင်းပါဝင် နိုင်စေရန် ရည်ရွယ်သည့် ကင်မရွန်း၏ ကွန်ဆာဗေးတစ် ပါတီမှပြုလုပ်သော ယူရိုသန်း ၂ဝ ထောက်ပံ့ပေးမည့် ပညာသင်ကြားရေး အစီအစဉ် ထုတ်ပြန် ကြေညာပြီးနောက် ၄င်း၏ မှတ်ချက်ပြု ပြောစကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးက နိုင်ငံအတွင်းရှိ ခင်ပွန်း၊ ဇနီးသည်များထံသို့ လာရောက်မည့် ပြည်ပမှခင်ပွန်း၊ ဇနီးသည်များကို အင်္ဂလိပ်စာ အရည်အချင်း ဆန်းစစ်မှု များပြုလုပ်ပြီးမှ ဝင်ခွင့်ပြုထားပြီး ဖြစ်သော်လည်း နိုင်ငံအတွင်း နှစ်နှစ်ခွဲ နေထိုင်ပြီးသူများ အနေဖြင့် အင်္ဂလိပ်စာ အရည်အချင်း တိုးတက်မှုရှိ၊ မရှိကို စစ်ဆေးခံရမည် ဖြစ်ကြောင်း ကင်မရွန်းက ဆက်လက် ပြောကြားသည်။

အင်္ဂလန်နိုင်ငံတွင် လူဦးရေ ၅၃ သန်း ရှိသည့်အနက် ၂ ဒသမ ရ သန်းမှာ မူဆလင် လူမျိုးများဖြစ်ကြောင်း၊ ၁၉ဝဝဝဝ ခန့်မှာ မူဆလင် အမျိုးသမီးများ ဖြစ်ပြီး ၄င်းတို့အနက် ၂၂ ရာခိုင်နှုန်းသာလျှင် အင်္ဂလိပ်စကားကို
အနည်းငယ် ပြောတတ်ကြောင်း သိရသည်။

အဆိုပါ ကင်မရွန်း ၏ ပြောကြားချက်နှင့် စပ်လျဉ်း၍ ဗြိတိန်နိုင်ငံ အတွင်းရှိ မူဆလင် အသိုင်းအဝိုင်းနှင့် အတိုက်အခံပါတီ တို့က ဝေဖန်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment