Byဇွဲဉာဏ်On Tue, 2016-01-19 06:30Issue No.No.983 Tuesday, January 19, 2016
စိုင်းစိုင်းခမ်းလှိုင်နှင့် အမျိုးသမီးသရုပ်ဆောင် ငါးဦးတို့ပါဝင် သရုပ်ဆောင်ထားသည့် ‘ဧဒင်ရဲ့ နတ်သမီး’ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ရုံ တင်ပြသတော့မည်ဖြစ်သည်။ ယင်းရုပ်ရှင်ကို လွန်ခဲ့သည့် သုံးနှစ်ခန့်က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ မျက်နှာသစ် အမျိုးသမီးသရုပ်ဆောင်များကို တွဲဖက်သရုပ်ဆောင်စေခဲ့ခြင်းကြောင့် အဆိုပါရုပ်ရှင်သည် ယင်းဇာတ်ကားတွင်ပါဝင်သည့် သရုပ်ဆောင်များအတွက် ပထမဆုံးရုပ်ရှင်အတွေ့အကြုံဖြစ်သည်။ ထို့အတူ စိုင်းစိုင်းခမ်းလှိုင်အတွက်လည်း ခေါင်းဆောင်အနေဖြင့် ပထမဆုံးရုံတင်မည့် ရုပ်ရှင်ဇာတ်ကားဖြစ်သောကြောင့် စိုင်းစိုင်းခမ်းလှိုင်က ယင်းဇာတ်ကားနှင့်ပတ်သက်၍ စာမေးပွဲအောင်စာရင်းနောက်တစ်ခု စောင့်ရသလိုရင်ခုန်သည်ဟု ဖြေကြားထားသည်။ ထို့ကြောင့် အမျိုးသမီးသရုပ်ဆောင်ငါးဦး၏ ရင်ခုန်သံနှင့် ယင်းဇာတ်ကားရိုက်ကူးစဉ်က အတွေ့အကြုံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။
ပိုင်ဖြိုးသူ
‘ဧဒင်ရဲ့ နတ်သမီး’ဇာတ် ကားမှာ ညီမက ဧဒင်ရဲ့ သူငယ် ချင်းသီချင်းရေးဆရာမနေရာက သရုပ်ဆောင်ထားတာပါ။ နာမည်က လမင်းဖြူ၊ ဧဒင် နယ်ကနေ ရန်ကုန်တက်လာတဲ့အချိန်က တည်းက ညီမနဲ့ ကိုသားညီက သူ နဲ့အတူ လိုက်လာပြီး ဧဒင်နာမည် ကြီးတဲ့အချိန်အထိ သူ့အနားမှာရှိ နေတာပေါ့။ အဲဒီကားရိုက်တုန်း က အမှတ်တရတွေကတော့ အ များကြီးပါပဲ။ အချိန်လည်း အများကြီးပေးပြီး ရိုက်ခဲ့ရတယ်။ ဦးပွား ကြီး (ဒါရိုက်တာမီးပွား)ကလည်း ညီမတို့အကုန်လုံးက အသစ်တွေ ဆိုတော့ တော်တော်သင်ရတယ်။ အဝတ်အစား၊ ကာရိုက်တာအ တွက် ပီပြင်အောင် ကိုစိုင်းတို့ရော၊မခင်စန္ဒာမြင့်တို့ရော ဝိုင်းပြီးဈေး ဝယ်ဖို့ ဒီဇိုင်းတွေချပေးတယ်။ ဒီ ကားမှာပါတဲ့ မင်းသား၊ မင်းသမီး တွေအပြင် စက်အဖွဲ့တွေက လည်း ကြိုးစားထားကြတယ်။ ထုတ်လုပ်သူကစပြီး ပါဝင်တဲ့သူ တွေအကုန်လုံး အပင်ပန်းခံထား ကြတယ်။ ဒီကားက ညီမအတွက် ရုပ်ရှင်ကားကြီးမှာ ပထမဆုံး။ အဲ ဒီအချိန်တုန်းကဆိုရင် ညီမအနေ နဲ့က မင်းသမီးအနေနဲ့ ပြန်ရိုက် တာ အရှေ့မှာ ဗီဒီယိုတောင်မှ တစ်ကားပဲရှိသေးတယ်။ ‘စိုင်းစိုင်းကို ချစ်တယ်’တစ်ကားပဲ။ ဒါက ရုပ် ရှင်ကားကြီး ပထမဆုံး။ အဲဒီအ တွက် ကြောက်လည်းကြောက် တယ်။ ပရိသတ်လက်မခံမှာ။ နောက်ပြီး ပိတ်ကားကြီးလည်းဖြစ် တဲ့အတွက် ကိုယ့်ရဲ့လိုအပ်ချက် တွေက ထင်းထင်းကြီးပေါ်မှာ လေ။ အဲဒီအတွက် စိုးရိမ်တယ်။ ညီမအတွက် စာမေးပွဲတစ်ခုဖြေရ သလိုပဲ။
မြနှင်းရည်လွင်
‘ဧဒင်ရဲ့ နတ်သမီး’ဇာတ် ကားမှာ ရှေ့နေအဖြစ် သရုပ် ဆောင်ထားတာ။ ပထမဆုံးဆို တော့ ကိုယ်သရုပ်ဆောင်ထား တာက အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူတာပေါ့။ ဒီကားကို မရိုက် ခင် အစမ်းတွေလည်းရွေးတယ်။ မရိုက်ခင် ဇာတ်ညွှန်းတွေပေးထားတော့ ရှေ့နေရုံးတွေမှာ သွားပြီး လေ့လာတယ်။ ဒီအတိုင်း ကိုယ့် ဟာကိုယ်ဆိုရင် အစ်မလည်း သေချာမသိဘူး။ ဦးမီးပွားကလည်း တော်တော်လေးသင်ပေးတယ်။ ကိုစိုင်းစိုင်းခမ်းလှိုင်ကလည်း သင် ပေးတယ်။ သူတို့တွေက ရှေ့နေဆို တာ အသံအနိမ့်အမြင့် ဘယ်လို ပြောဆိုပြီး သင်ပေးတယ်။ အစ်မ ကလည်း တတ်နိုင်သလောက် ကြိုးစားတယ်။ အမှတ်တရတွေ ကတော့ အများကြီးပါပဲ။ ကိုယ်က ဒိုင်ယာလော့ခ်တွေဆိုရင် ကျက်ရ မယ်ပဲထင်နေတာ။ အမှန်က မကျက်ရဘူး။ အဲဒါကိုလည်း အဲဒီတော့မှ သဘောပေါက်သွား တယ်။ နောက်ပြီး ရှေ့နေသရုပ် ဆောင်ရတာက စစချင်းလည်း ဖြစ်တယ်။ စကားတွေက အပိုဒ် ရှည်တွေပြောရတာဆိုတော့ အဲဒါ တွေက အရမ်းအမှတ်တရတွေ ပေါ့။ ပထမဆုံးမှာ စာပိုဒ်အရှည် ကြီး ချက်နဲ့လက်နဲ့ ပြောရတာက တော့ အမှတ်တရတွေပါ။ ဒီကား ထဲမှာ အခက်အခဲဆုံးကတော့ နောက်ဆုံးအယူခံဝင်တာတို့ ဘာ တို့။ အဲဒါဆိုရင် စာမျက်နှာတစ် မျက်နှာလောက်ရှိတယ်။ ပြီးတော့ သူက စာကျက်သလိုလည်း မဖြစ် ရဘူး။ လေယူလေသိမ်းနဲ့ တရား သူကြီးကို လျှောက်တင်ရတာ။ မျက်လုံးအနေအထား အကုန်လုံး ကတော့ အစ်မအတွက်က ခက် နေတာပဲ။ ကြားထဲမှာ အနုပညာ မလုပ်တော့ပေမယ့် အခုအမှန်အ တိုင်းပြောရရင် စိုးရိမ်နေတယ်။ အစ်မက ဒီကားကိုကြည့်ပြီးမှ ဆုံးဖြတ်လို့ရမှာ။ စိုးလည်းစိုးရိမ် တယ်။ နောက်တစ်မျိုးကကျတော့ အားပြန်တက်လာစေတယ်။ အ ရင်နှစ်တွေတုန်းက ဒီအလုပ်ကို မလုပ်တော့ဘူးဆိုပြီး စိတ်ဓာတ် တွေကျနေတာ။ အခုထွေလာတွေ မှာ မြင်ရတယ်။ အင်တာဗျူးတွေ လုပ်လာရတော့ အားပြန်တက် လာတယ်။ ပြန်လုပ်ချင်လာတယ်။ ခံစားမှုနှစ်မျိုးပေါ့။
ဝင့်ယမုံလှိုင်
‘ဧဒင်ရဲ့ နတ်သမီး’ဇာတ် ကားမှာ ညီမက သတင်းထောက် ပေါ့။ အမှုကိုလိုက်စုံစမ်းရင်းနဲ့ အသတ်ခံလိုက်ရတဲ့ သတင်း ထောက်။ အတတ်နိုင်ဆုံး အ ကောင်းဆုံးကြိုးစားထားတယ်။ လိုအပ်ချက်တွေရှိခဲ့ရင်လည်း နား လည်ပေးပါလို့။ ညီမက စကား ပြောနည်းနည်းမြန်တော့ အပြင် က သတင်းထောက်တွေရဲ့ ပုံစံနဲ့ ကိုက်ညီအောင် အကောင်းဆုံး တော့ ကြိုးစားထားပါတယ်။ ညီမ အရမ်းစိတ်လှုပ်ရှားတယ်။ ဒီကား က လွန်ခဲ့တဲ့သုံးနှစ်လောက်က ရိုက်တဲ့ကားဆိုတော့ အချိန်က တော့ ဟနေတယ်။ သရုပ်ဆောင် ထားတဲ့ပုံစံနဲ့ ရုပ်တွေလည်း တော် တော်ကွာနေပြီပေါ့။ ပထမဆုံး စလုပ်တာဆိုတော့ ပရိသတ်တွေ ကို လိုအပ်တာရှိရင်လည်း နား လည်ပေးပါလို့။ ဒီကားလေးက ပုံစံလည်း ကွဲထွက်တယ်။ ရသ လေးတွေလည်း ပါတယ်ဆိုတော့ ပရိသတ်ကြိုက်မယ်လို့လည်း မျှော်လင့်ပါတယ်။ ညီမတို့ရဲ့ ပထမဆုံးရုပ်ရှင်ကားဆိုတော့ ရင် ခုန်တာကတော့ ကိုယ့်ရဲ့ရုပ်ကို ပိတ်ကားပေါ်မှာ ပြန်ကြည့်ရမယ် ဆိုတော့ အရမ်းရင်ခုန်ပါတယ်။ ပရိသတ်တုံ့ပြန်မှု ဘယ်လိုလာ မလဲဆိုတာကိုလည်း ရင်ခုန်နေပါ တယ်။
မေဂရေ့စ်ပယ်ရီ
မေဂရေ့စ်က ဒီကားထဲမှာ ကချေသည်ကောင်းမလေးနေရာ က သရုပ်ဆောင်ထားပါတယ်။ မေက သရုပ်ဆောင်အလေ့အ ကျင့်မရှိဘူး။ မေ့ရဲ့ ပထမဆုံးရုပ် ရှင်ဆိုတော့ အရမ်းရင်ခုန်နေပါ တယ်။ ဒီကားမှာ သရုပ်ဆောင်အ လေ့အကျင့်မရှိပေမယ့် အရမ်း ကြိုးစားခဲ့တယ်။ စိတ်လည်းလှုပ် ရှားတယ်။ မေက အပြင်မှာ အက အလေ့အကျင့်မရှိတော့ ဒီကား ရိုက်ဖို့ မရိုင်ခင်ကတည်းက အက သင်တန်းတွေ တက်ခဲ့ရတယ်။ Life & Dance နဲ့ သင်တယ်။ ယူ ရေနီယံနဲ့သင်တယ်။ နောက်ပြီး ဦးမီးပွားတို့အပါအဝင် အကုန်လုံး ကလည်း မေ့ကို သေချာသင်ပေး တယ်။ သူတို့ပြောတာတွေကို နား ထောင်ပြီး ကြိုးစားသရုပ်ဆောင်ခဲ့ တယ်။ အမှတ်တရတွေကတော့ သရုပ်ဆောင်နဲ့ပတ်သက်ပြီး မေ့ မှာ အတွေ့အကြုံမရှိတော့ ရှုတင် ရက်တွေအားလုံးက အမှတ်တရ တွေပါပဲ။ ခက်ခက်ခဲခဲသရုပ် ဆောင်ရတာကတော့ အကတွေ သိပ်မကျွမ်းကျင်တော့ နည်းနည်း တော့ ခက်ခဲတယ်။ အမှတ်တရ အဖြစ်ဆုံး ဇာတ်ဝင်ခန်းကတော့ ဧဒင်က မေဂရေ့စ် စတွေ့တဲ့အ ခန်းကို အမှတ်တရဖြစ်တယ်။ ဒီ ကားနဲ့ပတ်သက်ပြီး အကုန်လုံးက အကောင်းဆုံးလုပ်ထားကြတာ ဆိုတော့ ပရိသတ်အကြိုက်တွေ့ မယ်လို့လည်း ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
7Daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 19, 2016
ဧဒင်ရဲ့ နတ်သမီးများနှင့်တွေ့ဆုံခြင်း
ဧဒင်ရဲ့ နတ်သမီးများနှင့်တွေ့ဆုံခြင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 19, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 19, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment