Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

နာမည္ေက်ာ္ YouTube ဂိမ္းကစားျပီး ၁၄ ႏွစ္အရြယ္ ေကာင္ေလးတစ္ဦး ျပင္းထန္စြာ ထိခုိက္ ဒဏ္ရာရခဲ့

၀ါရွင္တန္ျမဳိ႕တြင္ Skylar Fish ဆုိေသာ ၁၄ ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ နာမည္ေက်ာ္ duct tape challenge ကစားနည္းကို ကစားခဲ့ပါတယ္။ ကစားနည္း ဗီြဒီယိုထဲမွာ လူတစ္ေယာက္က တျခားလူတစ္ေယာက္ကုိ တိပ္ေတြနဲ႔ ပတ္ျပီး လြတ္ေျမာက္ေအာင္ ၾကိဳးစားပုံကို ရုိက္ကူး ျပသထားပါတယ္။
ျပီးခဲ့တဲ့ စေနေန႔က Skylar တုိ႔ ဆယ္ေက်ာ္သက္ သူငယ္ခ်င္း အုပ္စုက ေက်ာင္းမွာ ဒီဂိမ္း ကစားနည္းကို ကစားခဲ့ၾကပါတယ္။ Skylar ကုိ တိပ္္ေတြနဲ႔ပတ္ျပီးေနာက္ ျပတင္းေပါက္ေဘာင္ေပၚ ရပ္ေနစဥ္မွာ အရွိန္မထိန္းႏုိ္င္ဘဲ ျပဳတ္က်ခဲ့တာ ျဖစ္ပါတယ္။သူငယ္ခ်င္းေတြ လည္း ေၾကာက္ လန္႔သြားျပီး ၉၁၁ ကို ဖုန္းဆက္ခဲ့ၾကပါတယ္။ ေကာင္ေလးရဲ႕ မ်က္လုံးအိမ္ ထိခုိက္္သြားျပီး ဦးေႏွာက္ေသြးခဲ သြားတဲ့အတြက္ ခြဲစိတ္မႈ လုပ္ခဲ့ရပါတယ္။ ကားတုိက္မႈနဲ႔ ျမင္းကန္ခံရတဲ့ မေတာ္တဆမႈေတြမွာ ေတြ႔ရတဲ့ ဒဏ္ရာေတြနဲ႔ တူညီပါတယ္။
သူအသက္ျပန္ရွင္ျပီး ဦးေႏွာက္ကုိ မထိခုိက္သြားတာ အရမ္းကံေကာင္းတယ္လုိ႔ ဆရာ၀န္ေတြက ေျပာၾကားခဲ့ပါတယ္။ သူအသက္ရွင္ခဲ့ေပမဲ့ အျမင္အာရုံ ျပန္ရဖုိ႔ကေတာ့ မေသခ်ာပါဘူး လုိ႔ သူ႔မိခင္က ေျပာၾကားခဲ့ပါတယ္။ဒဏ္ရာေတြက ျပင္းထန္လြန္းတဲ့ အတြက္ ရဲဌာန မွ လုံျခဳံေရး ကင္မရာမ်ားကို စစ္ေဆးမႈလုပ္ခဲ့ၾကပါျပီး မေတာ္တဆမႈ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
ေကာင္ေလးရဲ႕မိခင္ျဖစ္သူက သူ႔သားလုိမ်ဳိး တျခားကေလးေတြ မၾကဳံေတြ႔ေစဖုိ႔ ဂိမ္းေတြရဲ႕ အႏၱရာယ္ကုိ အေရးတၾကီး သတိေပးလုိက္ပါတယ္ ။ မိဘေတြ အေနနဲ႔ ကုိယ့္ကေလးက ဘယ္လုိ ကစားနည္းမ်ဳိးကို စိတ္၀င္စားေနသလဲ ဆုိတာ ဂရုစိုက္ေစာင့္ၾကည့္ၾကဖုိ႔လည္း တုိက္တြန္းလုိ္က္ပါတယ္။
ref:buzzfeed
TrendMyanmar
.....................................
နာမည်ကျော် YouTube ဂိမ်းကစားပြီး ၁၄ နှစ်အရွယ် ကောင်လေးတစ်ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရခဲ့

၀ါရှင်တန်မြို့တွင် Skylar Fish ဆိုသော ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ နာမည်ကျော် duct tape challenge ကစားနည်းကို ကစားခဲ့ပါတယ်။ ကစားနည်း ဗွီဒီယိုထဲမှာ လူတစ်ယောက်က တခြားလူတစ်ယောက်ကို တိပ်တွေနဲ့ ပတ်ပြီး လွတ်မြောက်အောင် ကြိုးစားပုံကို ရိုက်ကူး ပြသထားပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က Skylar တို့ ဆယ်ကျော်သက် သူငယ်ချင်း အုပ်စုက ကျောင်းမှာ ဒီဂိမ်း ကစားနည်းကို ကစားခဲ့ကြပါတယ်။ Skylar ကို တိပ််တွေနဲ့ပတ်ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ် ရပ်နေစဉ်မှာ အရှိန်မထိန်းနို်င်ဘဲ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
သူငယ်ချင်းတွေလည်း ကြောက်လန့်သွားပြီး ၉၁၁ ကို ဖုန်းဆက်ခဲ့ကြပါတယ်။ ကောင်လေးရဲ့ မျက်လုံးအိမ် ထိခိုက််သွားပြီး ဦးနှောက်သွေးခဲ သွားတဲ့အတွက် ခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ ကားတိုက်မှုနဲ့ မြင်းကန်ခံရတဲ့ မတော်တဆမှုတွေမှာ တွေ့ရတဲ့ ဒဏ်ရာတွေနဲ့ တူညီပါတယ်။
သူအသက်ပြန်ရှင်ပြီး ဦးနှောက်ကို မထိခိုက်သွားတာ အရမ်းကံကောင်းတယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ သူအသက်ရှင်ခဲ့ပေမဲ့ အမြင်အာရုံ ပြန်ရဖို့ကတော့ မသေချာပါဘူး လို့ သူ့မိခင်က ပြောကြားခဲ့ပါတယ်။ဒဏ်ရာတွေက ပြင်းထန်လွန်းတဲ့ အတွက် ရဲဌာန မှ လုံခြုံရေး ကင်မရာများကို စစ်ဆေးမှုလုပ်ခဲ့ကြပါပြီး မတော်တဆမှု ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
ကောင်လေးရဲ့မိခင်ဖြစ်သူက သူ့သားလိုမျိုး တခြားကလေးတွေ မကြုံတွေ့စေဖို့ ဂိမ်းတွေရဲ့ အန္တရာယ်ကို အရေးတကြီး သတိပေးလိုက်ပါတယ် ။ မိဘတွေ အနေနဲ့ ကိုယ့်ကလေးက ဘယ်လို ကစားနည်းမျိုးကို စိတ်ဝင်စားနေသလဲ ဆိုတာ ဂရုစိုက်စောင့်ကြည့်ကြဖို့လည်း တိုက်တွန်းလို်က်ပါတယ်။
ref:buzzfeed
TrendMyanmar

No comments:

Post a Comment