Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 26, 2016

ေကာင္းကံလုပ္ေနပါလွ်က္ ကံမေကာင္းရျခင္းအေၾကာင္း

 ေကာင္းကံလုပ္ေနပါလွ်က္ ကံမေကာင္းရျခင္းအေၾကာင္း

ဒကာေလးတစ္ေယာက္က ေမးလာပါတယ္။
“တပည့္ေတာ္ မၾကာခဏဆုိသလုိ ကုသုိလ္ေတြ လုပ္ျဖစ္ပါတယ္။ အထူးသျဖင့္ ေရကုသုိလ္မ်ားမ်ားလုပ္ျဖစ္ပါတယ္တဲ့။ ဒါေပမယ့္ တပည့္ေတာ္ဘ၀က ထူးျခားမလာဘူးဘုရား”ဒီေမးခြန္းကေတာ့ မၾကာခဏအေမးခံရတဲ့ေမးခြန္း၊
ဆရာေတာ္မ်ားလည္း မၾကာခဏေျဖၾကားေပးေနတဲ့ေမးခြန္းေလးပါ။

ဘုရားရွင္လက္ထက္က “အနာထပိဏ္သူေဌး”ဆုိတာ
စြန္႔ၾကဲလွဴဒါန္းတဲ့ေနရာမွာ ဧတဒဂ္ရထား တဲ့သူပါ။ ေသာတာပန္ပုဂၢိဳလ္ျဖစ္ၿပီး သီလကုိ ဘယ္ေတာ့မွ
မခ်ိဳးေဖာက္ေတာ့တဲ့သူပါ။ ဒီလုိပုဂၢိဳလ္ေတာင္မွ ကုန္းေကာက္စရာမရွိေအာင္ ဆင္းရဲတဲ့ဘ၀ကို
ေရာက္ခဲ့ဖူးတယ္။ သူဟာ ေကာင္းတာေတြ လုပ္ေနပါလ်က္ ဘာလုိ႔ခုလုိ ကံဆုိးမႈနဲ႔ ၾကဳံရတာလဲ။

ဒီအေၾကာင္းကုိ ဘုရားရွင္ကုိယ္ေတာ္ျမတ္က
♦“မေကာင္းတာလုပ္ေနတဲ့သူဟာ မေကာင္းတဲ့ကံ
အက်ိဳးေပးဖုိ႔ မရင့္သန္ေသးခင္မွာေတာ့ ေကာင္းတာေတြ ေတြ႕ျမင္ခံစားေနရပါတယ္။
ဒါေပမယ့္ သူျပဳထားတဲ့ မေကာင္းကံေတြ ရင့္သန္လာရင္ေတာ့ မေကာင္းက်ိဳးေတြ
ဆက္တုိက္ခံစားၾကဳံေတြ႕ရပါလိမ့္မယ္။

♦ဆန္႔က်င္ဘက္အားျဖင့္ ေကာင္းတာလုပ္ေနတဲ့သူဟာ
ထုိကုသုိလ္ေတြ မရင့္သန္ေသးခင္မွာေတာ့ အတိက္ကျပဳခဲ့တဲ့ မေကာင္းက်ိဳးေလးေတြ
ေတြ႕ျမင္ ခံစားရပါတယ္။ ထုိအကုသုိလ္ကံ အားနည္းလာၿပီး ကုသုိလ္ကံရင့္သန္လာခ်ိန္မွာေတာ့
ေကာင္းတဲ့အက်ိဳးေတြ ဆက္တိုက္ ၾကဳံေတြ႕ခံစားရပါလိမ့္မယ္။”
ေဟာၾကားေတာ္မူပါတယ္။

ဒါေၾကာင့္ ေကာင္းတာလုပ္ေနေသာ္လည္း
အခ်ိန္မတန္ေသးလုိ႔ ဘ၀ထူးျခားမလာေသးတာပါ။ ကုိယ္လက္ရွိလုပ္ေနတဲ့ေကာင္းတဲ့အလုပ္ကုိ
ယုံၾကည့္မႈအျပည့္အ၀ျဖင့္ ဆက္လက္လုပ္ေဆာင္ဖုိ႔လုိပါတယ္။

♠ယုံၾကည္မႈအားနည္းရင္ ရင့္က်က္မႈအားနည္းမယ္။
♠ေနာက္တစ္ခုအၾကံေပးခ်င္တာက ဘာကုသုိလ္ပဲ
လုပ္လုပ္ ဘုရားေလာင္းစိတ္ဓာတ္လုိ လုပ္ၾကည့္ပါ။ ဘုရားေလာင္းတုိ႔ဟာ ဒါနစသည္
ကုသုိလ္လုပ္ တဲ့အခါမွာ အက်ိဳးကုိ မစဥ္းစားပါဘူး။ အမ်ားသတၱ၀ါေတြ ခ်မ္းသာေစဖုိ႔ပဲ ၾကည့္ပါတယ္။
ဒါေၾကာင့္ အလွဴခံပုဂၢိဳလ္မေရြးပါဘူး။

ေရအုိးစင္မွာ ေရျဖည့္တဲ့အခါ “ဒီလိုေရျဖည့္လုိ႔ ထီမ်ားေပါက္ေလမလား၊
လူေတြက ငါ့ကုိ ခ်ီးက်ဴးၿပီး ဆုခ်မွာလား”ဆုိတဲ့ ရည္ရြယ္နဲ႔ ျဖည့္တာထက္
“ငါျဖည့္လုိက္တဲ့ေရကုိ ေသာက္သုံးရလုိ႔ ခရီးသြားသူ မ်ားဗုိလ္လူ အေမာေျပ၊
အင္အားျပည့္၀ၿပီး စိတ္ခ်မ္းသာပါေစ”ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ျဖည့္တာ ဘယ္ဟာက
ပုိျမင့္ျမတ္သလဲ စဥ္းစားၾကည့္ပါ။

ဒါေၾကာင့္ ဓမၼမိတ္ေဆြမ်ား ေကာင္းကံလုပ္ေနလ်က္
ကံမေကာင္းလာေသးလုိ႔ စိတ္ဓာတ္မက်ပါနဲ႔ ။ ကံမေကာင္းလာေသးေလ ေကာင္းကံေတြ
တုိးၿပီးလုပ္ရေလပါပဲ။ ဘုရားေလာင္းစိတ္ဓာတ္ေမြးၿပီး ေကာင္း ကံေတြျပဳလုိ႔
“ကံေကာင္းျခင္းလက္ေဆာင္မ်ား” ရရွိႏုိင္ၾကပါေစ။

- (ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ)

Dhamma Danã Source ►
...............
 ကောင်းကံလုပ်နေပါလျှက် ကံမကောင်းရခြင်းအကြောင်း

ဒကာလေးတစ်ယောက်က မေးလာပါတယ်။
“တပည့်တော် မကြာခဏဆိုသလို ကုသိုလ်တွေ လုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရေကုသိုလ်များများလုပ်ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် တပည့်တော်ဘဝက ထူးခြားမလာဘူးဘုရား”ဒီမေးခွန်းကတော့ မကြာခဏအမေးခံရတဲ့မေးခွန်း၊
ဆရာတော်များလည်း မကြာခဏဖြေကြားပေးနေတဲ့မေးခွန်းလေးပါ။

ဘုရားရှင်လက်ထက်က “အနာထပိဏ်သူဌေး”ဆိုတာ
စွန့်ကြဲလှူဒါန်းတဲ့နေရာမှာ ဧတဒဂ်ရထား တဲ့သူပါ။ သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီး သီလကို ဘယ်တော့မှ
မချိုးဖောက်တော့တဲ့သူပါ။ ဒီလိုပုဂ္ဂိုလ်တောင်မှ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့ဘဝကို
ရောက်ခဲ့ဖူးတယ်။ သူဟာ ကောင်းတာတွေ လုပ်နေပါလျက် ဘာလို့ခုလို ကံဆိုးမှုနဲ့ ကြုံရတာလဲ။

ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က
♦“မကောင်းတာလုပ်နေတဲ့သူဟာ မကောင်းတဲ့ကံ
အကျိုးပေးဖို့ မရင့်သန်သေးခင်မှာတော့ ကောင်းတာတွေ တွေ့မြင်ခံစားနေရပါတယ်။
ဒါပေမယ့် သူပြုထားတဲ့ မကောင်းကံတွေ ရင့်သန်လာရင်တော့ မကောင်းကျိုးတွေ
ဆက်တိုက်ခံစားကြုံတွေ့ရပါလိမ့်မယ်။

♦ဆန့်ကျင်ဘက်အားဖြင့် ကောင်းတာလုပ်နေတဲ့သူဟာ
ထိုကုသိုလ်တွေ မရင့်သန်သေးခင်မှာတော့ အတိက်ကပြုခဲ့တဲ့ မကောင်းကျိုးလေးတွေ
တွေ့မြင် ခံစားရပါတယ်။ ထိုအကုသိုလ်ကံ အားနည်းလာပြီး ကုသိုလ်ကံရင့်သန်လာချိန်မှာတော့
ကောင်းတဲ့အကျိုးတွေ ဆက်တိုက် ကြုံတွေ့ခံစားရပါလိမ့်မယ်။”
ဟောကြားတော်မူပါတယ်။

ဒါကြောင့် ကောင်းတာလုပ်နေသော်လည်း
အချိန်မတန်သေးလို့ ဘဝထူးခြားမလာသေးတာပါ။ ကိုယ်လက်ရှိလုပ်နေတဲ့ကောင်းတဲ့အလုပ်ကို
ယုံကြည့်မှုအပြည့်အဝဖြင့် ဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်။

♠ယုံကြည်မှုအားနည်းရင် ရင့်ကျက်မှုအားနည်းမယ်။
♠နောက်တစ်ခုအကြံပေးချင်တာက ဘာကုသိုလ်ပဲ
လုပ်လုပ် ဘုရားလောင်းစိတ်ဓာတ်လို လုပ်ကြည့်ပါ။ ဘုရားလောင်းတို့ဟာ ဒါနစသည်
ကုသိုလ်လုပ် တဲ့အခါမှာ အကျိုးကို မစဉ်းစားပါဘူး။ အများသတ္တဝါတွေ ချမ်းသာစေဖို့ပဲ ကြည့်ပါတယ်။
ဒါကြောင့် အလှူခံပုဂ္ဂိုလ်မရွေးပါဘူး။

ရေအိုးစင်မှာ ရေဖြည့်တဲ့အခါ “ဒီလိုရေဖြည့်လို့ ထီများပေါက်လေမလား၊
လူတွေက ငါ့ကို ချီးကျူးပြီး ဆုချမှာလား”ဆိုတဲ့ ရည်ရွယ်နဲ့ ဖြည့်တာထက်
“ငါဖြည့်လိုက်တဲ့ရေကို သောက်သုံးရလို့ ခရီးသွားသူ များဗိုလ်လူ အမောပြေ၊
အင်အားပြည့်ဝပြီး စိတ်ချမ်းသာပါစေ”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြည့်တာ ဘယ်ဟာက
ပိုမြင့်မြတ်သလဲ စဉ်းစားကြည့်ပါ။

ဒါကြောင့် ဓမ္မမိတ်ဆွေများ ကောင်းကံလုပ်နေလျက်
ကံမကောင်းလာသေးလို့ စိတ်ဓာတ်မကျပါနဲ့ ။ ကံမကောင်းလာသေးလေ ကောင်းကံတွေ
တိုးပြီးလုပ်ရလေပါပဲ။ ဘုရားလောင်းစိတ်ဓာတ်မွေးပြီး ကောင်း ကံတွေပြုလို့
“ကံကောင်းခြင်းလက်ဆောင်များ” ရရှိနိုင်ကြပါစေ။

- (ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ)

Dhamma Danã Source ►

No comments:

Post a Comment