Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 25, 2016

ၫႊန္႔ၫႊန္႔စိန္ႏွင့္ ေဖ့စဖုတ္


"ေစာက္ကျမင္းမ မ်က္စိႏွစ္လံုးပြင့္ကတည္းက အဲ့ဒါပဲပြတ္ေန"
ဒါ အေမလုပ္သူက သမီးျဖစ္သူ ၫြန္႔ၫြန္႔စိန္ကို မနက္တိုင္း ႀကိမ္ဆဲေနၾကစကား...
အေမဆဲလည္း ဆဲခ်င္စရာ...ၫြန္႔ၫြန္႔စိန္တစ္ေယာက္ မနက္ႏိုးၿပီေဟ့ဆိုတာနဲ႔ မ်က္ႏွာမသစ္၊ သြားမတိုက္၊ ေခ်းမပါ၊ ေသးမေပါက္ဘဲ ဒါကိုပဲ ၾကည့္ၾကည့္ၿပီး ပြတ္ပြတ္ေနတာ ေလး၊ ငါးႏွစ္ေလာက္ေတာင္ရွိေပါ့...
အဲ...ၫြန္႔ၫြန္႔စိန္ ပြတ္ပြတ္ေနတဲ့ "ဒါ"ဆိုတာ ဘာဆိုတာကို ခင္ဗ်ားတို႔ ေတြးမိမွာေပါ့...
ဟုတ္ပါတယ္၊ ဖုန္းပါ၊ ဖုန္းမွာမွ တက္စခရင္ဖုန္းပါ...
အေမလုပ္သူက ဒီတက္စခရင္ဖုန္းကို ျဖစ္ႏိုင္ရင္ ကိုင္ေပါက္ခြဲပစ္ခ်င္ေနတယ္ဆိုတာ မေျပာနဲ႔ေတာ့...
ဟုတ္တယ္ေလ တစ္ေန႔တစ္ေန႔ ဘာအလုပ္မွ လက္ေၾကာတင္းေအာင္မလုပ္ဘဲ
ဒီဖုန္းၾကည့္ၿပီး ျပံဳးလိုက္...
ဒီဖုန္းၾကည့္ၿပီး မဲ့လိုက္...
ဒီဖုန္းၾကည့္ၿပီး ရယ္လိုက္...
ဒီဖုန္းၾကည့္ၿပီး ငိုလိုက္...
ဒီဖုန္းၾကည့္ၿပီး ဟင္ခနဲျဖစ္သြားလိုက္...
ဒီဖုန္းၾကည့္ၿပီး ဘုရားတလိုက္နဲ႔...
အမယ္ တစ္ခါတစ္ေလက်ဖုန္းၾကည့္ၿပီး လက္အုပ္ေလးခ်ီလို႔ ရွိခိုးေနတာ...သူငယ္ခ်င္းတစ္ေယာက္ ဘုရားပံုေလး တင္ထားတာ သပၸာယ္လို႔ဆိုပဲ...
တစ္ခါတစ္ေလေတာ့လည္း ၫြန္႔ၫြန္႔စိန္တစ္ေယာက္ ဖုန္းၾကည့္ၿပီး ေဒါသထြက္ေနတာ...ဒီအစိုးရ လုပ္ရက္လိုက္တာတဲ့...
ဒါထက္ ၫြန္႔ၫြန္႔စိန္ ဖုန္းၾကည့္ၿပီး ပြတ္တဲ့အခါ ဘာကို အပြတ္ဆံုးလို႔ထင္လဲ...
ဟုတ္ပါတယ္...ေဖ့စဖုတ္ပါ...
အားအားရွိ ထံုးစံအတိုင္း ဒါပဲေပါ့...
ဒါေပမဲ့ ၫြန္႔ၫြန္႔စိန္က နပ္တယ္ေနာ္...
ေဖ့စဖုတ္ေပၚက သူ႔နာမည္ကို ၫြန္႔ၫြန္႔စိန္လို႔ ဘယ္ေပးမတံုး...
ဒီလိုေပးလိုက္ရင္ ဘယ္သေကာင့္သားမွ သူ႔ကို လာအပ္မွာမဟုတ္သလို၊ ဘယ္သူကမွလည္း လိုက္လုပ္မွာ မဟုတ္ဘူးေလ...
ဒီေတာ့ ေဖ့စဖုတ္ရဲ႕ေဂ်ာကို ေကာင္းေကာင္းသိထားတဲ့ ၫြန္႔ၫြန္႔စိန္က သူ႔ရဲ႕အေကာင့္နာမည္ကို ဒီလိုေပးလိုက္တယ္...
"ခ႐ုအိန္ဂ်ယ္လး"တဲ့ ဘိုလိုေရးေတာ့ "Cute angel lay"ေပါ့...
ဒီလိုေပးလိုက္ေတာ့မွ လာအပ္ၾကတဲ့ ပုရိသေတြဆိုတာ ေသာက္ေသာက္လဲ...
တင္ထားတဲ့ပ႐ိုဖိုင္ကိုလည္းၾကည့္ဦးေလ...
တစ္ထိုင္တည္း႐ိုက္ထားတဲ့ ဓာတ္ပံုေပါင္း ၂၉၈ ပံုထဲကမွ တစ္ပံုကို ေရြးၿပီး၊ ဟိုနားရြဲ႕ ဒီနားေစာင္းေနတဲ့ မ်က္ႏွာကို အပ္ပလီေကးရွင္းေပါင္း ေသာင္းေျခာက္ေထာင္ေလာက္နဲ႔ ရွယ္ျပင္ၿပီး ေသခ်ာတင္ထားမွေတာ့ ဘာေျပာေကာင္းမလဲ...တစ္ခါတည္း ဆယ္လီျဖစ္သြားတာေပ့ါ...
အဲ ၫြန္႔ၫြန္႔စိန္တို႔ ေဖ့စဖုတ္ေပၚမွာ ေက်ာ္ၾကားပံုက မေျပာပါနဲ႔ေတာ့...
မနက္က စေတးတပ္တစ္ခုတင္တယ္...
စာသားက သိပ္မ်ားမ်ား မပါဘူး၊
ႏွစ္လံုးတည္း...
"ေရာ့...အင့္"တဲ့ ႏွစ္လံုးတည္းေရးတင္တာ
"ေရာ့...အင့္" ဖီလင္ စက္ပ႐ိုက္ဆိုၿပီး...
ဒါကို တစ္နာရီအတြင္း လိုက္လုပ္သူ ငါးရာ့ေလးဆယ္...
ကြန္းမန္႔ေရးသူ ရွစ္ဆယ့္ေျခာက္ေယာက္...
ျပန္ရွဲသူက တစ္ရာ့ႏွစ္ဆယ့္သံုး...
အဲ့လိုေအာင္ျမင္တာ...
တစ္ခါကမ်ားဆို ၫြန္႔ၫြန္႔စိန္ကို ေဖ့စဖုတ္ေပၚကေန ႀကိတ္ေႂကြေနတဲ့ ဗလမင္းထင္ကိုကိုဆိုတဲ့ ခ်ာတိတ္ေလးရဲ႕ "သားလွလားဟင္"ဆိုတဲ့ ျပဴးတူးၿပဲတဲဓာတ္ပံုေအာက္မွာ ဝင္ၿပီး "မဆိုးပါပု ခ္ခ္" ဆိုၿပီး ဝင္မန္႔လိုက္တာ ဗလမင္းထင္ကိုကိုခင္ဗ်ာ ကြန္းမန္႔ကိုၾကည့္ၿပီး ေပ်ာ္လြန္းလို႔ ထေျပးလိုက္တာ ကားအက္စီးဒင့္ကိုျဖစ္ေရာ...
အဲ့လို ေက်ာ္ၾကားတာ ၫြန္႔ၫြန္႔စိန္က...
ေနာက္ၿပီး ၫြန္႔ၫြန္႔စိန္တို႔က ဟိုတယ္ေကာင္းေကာင္း၊ စားေသာက္ဆိုင္ေကာင္းေကာင္းေရာက္ၿပီေဟ့ဆို အိမ္သာထဲကကိုထြက္မလာေတာ့ဘူး၊ ဘာဝင္လုပ္တာလဲဆိုေတာ့ ဓာတ္ပံု႐ိုက္တာပါ၊ ပ႐ိုဖိုင္ေကာင္းေကာင္းရဖို႔...
ေခါင္းေလးကိုေစာင္းလိုက္...
ပါးေလးကိုေဖာင္းလိုက္...
လက္ႏွစ္ေခ်ာင္းကိုေထာင္လိုက္...
ပါးစပ္ကိုၿဖဲလိုက္၊ ႏႈတ္ခမ္းကိုဆူလိုက္...
ျပံဳးျပလိုက္၊ ျပဴးျပလိုက္၊ ရြဲ႕ျပလိုက္၊ မဲ့ျပလိုက္နဲ႔
ေနာက္ဆံုး ပံုေပါင္း တစ္ရာေက်ာ္႐ိုက္မွ သံုး၊ ေလးပံုပဲ စိတ္ႀကိဳက္ရတယ္ဆိုပါေတာ့...
အစားအေသာက္တစ္ခုခုမွာၿပီေဟ့ဆိုလည္း ဒီလိုပဲ...
သူငယ္ခ်င္းေတြမွာ စားစရာေတြ ေရွ႕ေရာက္ေနတာကို မစားရေသးဘူး၊ ဘာလုပ္တာလဲဆိုေတာ့ မစားခင္မွာ စားစရာေတြကို နတ္တင္သလိုပဲ...
ေသခ်ာေနရာခ်၊ ေစ်းပိုႀကီးတဲ့ စားစရာေတြကို အလယ္မွာထား ၿပီးမွ ဓာတ္ပံုေသခ်ာ႐ိုက္...
႐ိုက္ေနရင္း သူငယ္ခ်င္းတစ္ေယာက္ကိုေတာင္ ၫြန္႔ၫြန္႔စိန္က လွမ္းၿပီးမာန္လိုက္ေသးတယ္...
"ဟဲ့ ေကာင္မ နင္နည္းနည္းေနာက္ဆုတ္စမ္း ကင္မရာထဲမွာ နင့္လက္ႀကီးပါေနတယ္"
ဒီလိုေျပာေတာ့ ဟိုက ကိုယ္ကိုအသာေလးယို႔ေပးရတယ္...
ၿပီးမွ ဖီလင္...ယမ္မီယမ္မီေပါ့...
ေနာက္ၿပီး ၫြန္႔ၫြန္႔စိန္မွာ လက္သံုးစကားတစ္ခုရွိပါတယ္...
ဘာလဲဆိုေတာ့ "တစ္ခါ like ဖူး သူ႔ေက်းဇူး"ပါ...
ၫြန္႔ၫြန္႔စိန္ကလိုက္ရင္ ၫြန္႔ၫြန္႔စိန္ကို ျပန္လိုက္ရပါမယ္...
ၫြန္႔ၫြန္႔စိန္က လိုက္ဗံုးႀကဲသြားရင္ အႀကဲခံရသူက စခရင္ေရွာ့႐ိုက္ရပါမယ္၊ ၿပီးမွ ေက်းဇူးပါ၊ 10Q ပါ ဘာညာနဲ႔ ေက်းဇူးသိတတ္ရပါမယ္...
မဟုတ္ရင္ ၫြန္႔ၫြန္႔စိန္ရဲ႕အမ်က္ေတာ္ရွျခင္းကို ခံရပါမယ္...
အက်ိဳးဆက္ကေတာ့ အန္ဖရန္႔ပါ၊ ဘေလာ့ပါ...
ၿပီးေတာ့ ၫြန္႔ၫြန္႔စိန္လိုဆယ္လီေတြက သူတို႔မသိတာ ဘာမွမရွိပါဘူး...
ေဖ့စဖုတ္ေပၚမွာ တစ္ခုခုေဟာ့ၿပီေဟ့ဆို ၫြန္႔ၫြန္႔စိန္တို႔ ထိပ္ဆံုးကပါပါတယ္...
ဟိုတစ္ေလာက ၫြန္႔ၫြန္႔စိန္ေရးတဲ့ ႏိုင္ငံေရးစေတးတပ္ကိုလည္း ၾကည့္ဦးေလ...
"ငၿပိန္းေတြသိေအာင္ ေျပာလိုက္ဦးမယ္၊ မေသမခ်င္းမွတ္ထား ဒီမိုကေရစီဆိုတာ လမ္းမအလည္ေခါင္မွာ သမီးရည္းစားေတြ လြတ္လြတ္လပ္လပ္နမ္းခြင့္ရတာမ်ိဳးကို ေခၚတာဟဲ့" အဲ အဲ့ဒါ ၫြန္႔ၫြန္႔စိန္လို ဆယ္လီတစ္ေယာက္ရဲ႕ႏိုင္ငံေရးအေတြးအေခၚထက္ျမက္ပံုေပါ့...
တစ္ေလာကမ်ားဆို ၫြန္႔ၫြန္႔စိန္တို႔လုပ္ခ်လိုက္ပံုက အေမျဖစ္သူကို သတိလစ္ၿပီး ေဆးရံုပို႔ယူရတဲ့အထိေလ...
ျဖစ္ပံုကဒီလို...
အဲ့ေန႔က ၫြန္႔ၫြန္႔စိန္တစ္ေယာက္ အိမ္အျပန္ေနာက္က်တယ္...
ျပန္ေရာက္လာေတာ့ မ်က္ႏွာက မအီမသာ...
အင္မတန္ စိတ္ဓာတ္က်ၿပီး ေသခ်င္ေစာ္နံေနတဲ့ပံု...
အဲ့ေတာ့ အေမလုပ္သူက ေမးတာေပါ့...
"ငါ့သမီး ဘာျဖစ္လာလဲ အေမ့ေျပာစမ္း"
"ဟာ မသိခ်င္ပါနဲ႔ အိုမားရာ၊ သမီးျဖင့္ သတ္ေသခ်င္လြန္းလို႔ပါ"
"ဟဲ့ ငါရင္တုန္လိုက္တာ ၫြန္႔ၫြန္႔စိန္ရယ္၊ ေျပာစမ္းပါ၊ ဘာျဖစ္လာတာလဲလို႔"
"ဟိုေလ လမ္းထိပ္အေပါင္ဆိုင္က ဦးမိုက္ကယ္ရဲ႕သား၊ ေဂ်ာ္နီေပါ့"
"ေအး အဲ့ေဂ်ာ္နီ ဘာျဖစ္လဲ၊ ညတိုင္းမူးေနတဲ့ေကာင္ေလ၊ နင့္ကိုဘာလုပ္လိုက္လဲ၊ ျမန္ျမန္ေျပာစမ္း"
"အဲ့ေကာင္ သ...သမီးကို တက္...တက္လုပ္လိုက္လို႔ အိုမားေရ၊ ခုနကတင္ တက္လုပ္လိုက္လို႔ သမီး အရမ္းစိတ္ညစ္ေနတာ"
"ဘာ နင့္ကို ေဂ်ာ္နီက တက္လုပ္တယ္ ဟုတ္လား"
"အင္းေလ ဒီေန႔နဲ႔ပါဆို သမီးကို အဲ့ေကာင္ တက္လုပ္တာ ေျခာက္ခါရွိသြားၿပီ၊ ေသခ်ာကိုမွတ္ထားတာ၊ ဘယ္ေတာ့မွ မေမ့ဘူး"
"ျမတ္စြာဘုရား"
ဒီလိုနဲ႔ အေမျဖစ္သူ သတိလစ္ၿပီး ေဆးရံုေရာက္သြားတာ သတိျပန္လည္ဖို႔ မနည္းလုပ္ယူရတယ္...
သတိျပန္ရလာမွ ၫြန္႔ၫြန္႔စိန္တစ္ေယာက္ အေမလုပ္သူကို မနည္းရွင္းျပရတယ္ (tag)တက္လုပ္တယ္ဆိုတာ ဘာဆိုတာကို...
အဲ့ေတာ့မွ အေမျဖစ္သူမွာ ဟင္းခ်ႏိုင္ၿပီး တစ္ခြန္းတည္း ျပန္ေျပာတယ္...
"အမယ္ေလးေတာ္ တကယ္တည္း ေစာက္က်ိဳးနည္း"...
ရွိေသးတယ္၊ ရွိေသးတယ္ ၫြန္႔ၫြန္႔စိန္တို႔ ေဖ့စဖုတ္ေပၚက အလြဲေတြ၊ ေနာက္မွ ေဖာက္သည္ခ်ဦးမယ္...
မူရင္းေရးသားသူ
Wai Phyo Maung
Credit Sithu Soe
..............
ညွှန့်ညွှန့်စိန်နှင့် ဖေ့စဖုတ်

"စောက်ကမြင်းမ မျက်စိနှစ်လုံးပွင့်ကတည်းက အဲ့ဒါပဲပွတ်နေ"
ဒါ အမေလုပ်သူက သမီးဖြစ်သူ ညွန့်ညွန့်စိန်ကို မနက်တိုင်း ကြိမ်ဆဲနေကြစကား...
အမေဆဲလည်း ဆဲချင်စရာ...ညွန့်ညွန့်စိန်တစ်ယောက် မနက်နိုးပြီဟေ့ဆိုတာနဲ့ မျက်နှာမသစ်၊ သွားမတိုက်၊ ချေးမပါ၊ သေးမပေါက်ဘဲ ဒါကိုပဲ ကြည့်ကြည့်ပြီး ပွတ်ပွတ်နေတာ လေး၊ ငါးနှစ်လောက်တောင်ရှိပေါ့...
အဲ...ညွန့်ညွန့်စိန် ပွတ်ပွတ်နေတဲ့ "ဒါ"ဆိုတာ ဘာဆိုတာကို ခင်ဗျားတို့ တွေးမိမှာပေါ့...
ဟုတ်ပါတယ်၊ ဖုန်းပါ၊ ဖုန်းမှာမှ တက်စခရင်ဖုန်းပါ...
အမေလုပ်သူက ဒီတက်စခရင်ဖုန်းကို ဖြစ်နိုင်ရင် ကိုင်ပေါက်ခွဲပစ်ချင်နေတယ်ဆိုတာ မပြောနဲ့တော့...
ဟုတ်တယ်လေ တစ်နေ့တစ်နေ့ ဘာအလုပ်မှ လက်ကြောတင်းအောင်မလုပ်ဘဲ
ဒီဖုန်းကြည့်ပြီး ပြုံးလိုက်...
ဒီဖုန်းကြည့်ပြီး မဲ့လိုက်...
ဒီဖုန်းကြည့်ပြီး ရယ်လိုက်...
ဒီဖုန်းကြည့်ပြီး ငိုလိုက်...
ဒီဖုန်းကြည့်ပြီး ဟင်ခနဲဖြစ်သွားလိုက်...
ဒီဖုန်းကြည့်ပြီး ဘုရားတလိုက်နဲ့...
အမယ် တစ်ခါတစ်လေကျဖုန်းကြည့်ပြီး လက်အုပ်လေးချီလို့ ရှိခိုးနေတာ...သူငယ်ချင်းတစ်ယောက် ဘုရားပုံလေး တင်ထားတာ သပ္ပာယ်လို့ဆိုပဲ...
တစ်ခါတစ်လေတော့လည်း ညွန့်ညွန့်စိန်တစ်ယောက် ဖုန်းကြည့်ပြီး ဒေါသထွက်နေတာ...ဒီအစိုးရ လုပ်ရက်လိုက်တာတဲ့...
ဒါထက် ညွန့်ညွန့်စိန် ဖုန်းကြည့်ပြီး ပွတ်တဲ့အခါ ဘာကို အပွတ်ဆုံးလို့ထင်လဲ...
ဟုတ်ပါတယ်...ဖေ့စဖုတ်ပါ...
အားအားရှိ ထုံးစံအတိုင်း ဒါပဲပေါ့...
ဒါပေမဲ့ ညွန့်ညွန့်စိန်က နပ်တယ်နော်...
ဖေ့စဖုတ်ပေါ်က သူ့နာမည်ကို ညွန့်ညွန့်စိန်လို့ ဘယ်ပေးမတုံး...
ဒီလိုပေးလိုက်ရင် ဘယ်သကောင့်သားမှ သူ့ကို လာအပ်မှာမဟုတ်သလို၊ ဘယ်သူကမှလည်း လိုက်လုပ်မှာ မဟုတ်ဘူးလေ...
ဒီတော့ ဖေ့စဖုတ်ရဲ့ဂျောကို ကောင်းကောင်းသိထားတဲ့ ညွန့်ညွန့်စိန်က သူ့ရဲ့အကောင့်နာမည်ကို ဒီလိုပေးလိုက်တယ်...
"ခရုအိန်ဂျယ်လး"တဲ့ ဘိုလိုရေးတော့ "Cute angel lay"ပေါ့...
ဒီလိုပေးလိုက်တော့မှ လာအပ်ကြတဲ့ ပုရိသတွေဆိုတာ သောက်သောက်လဲ...
တင်ထားတဲ့ပရိုဖိုင်ကိုလည်းကြည့်ဦးလေ...
တစ်ထိုင်တည်းရိုက်ထားတဲ့ ဓာတ်ပုံပေါင်း ၂၉၈ ပုံထဲကမှ တစ်ပုံကို ရွေးပြီး၊ ဟိုနားရွဲ့ ဒီနားစောင်းနေတဲ့ မျက်နှာကို အပ်ပလီကေးရှင်းပေါင်း သောင်းခြောက်ထောင်လောက်နဲ့ ရှယ်ပြင်ပြီး သေချာတင်ထားမှတော့ ဘာပြောကောင်းမလဲ...တစ်ခါတည်း ဆယ်လီဖြစ်သွားတာပေ့ါ...
အဲ ညွန့်ညွန့်စိန်တို့ ဖေ့စဖုတ်ပေါ်မှာ ကျော်ကြားပုံက မပြောပါနဲ့တော့...
မနက်က စတေးတပ်တစ်ခုတင်တယ်...
စာသားက သိပ်များများ မပါဘူး၊
နှစ်လုံးတည်း...
"ရော့...အင့်"တဲ့ နှစ်လုံးတည်းရေးတင်တာ
"ရော့...အင့်" ဖီလင် စက်ပရိုက်ဆိုပြီး...
ဒါကို တစ်နာရီအတွင်း လိုက်လုပ်သူ ငါးရာ့လေးဆယ်...
ကွန်းမန့်ရေးသူ ရှစ်ဆယ့်ခြောက်ယောက်...
ပြန်ရှဲသူက တစ်ရာ့နှစ်ဆယ့်သုံး...
အဲ့လိုအောင်မြင်တာ...
တစ်ခါကများဆို ညွန့်ညွန့်စိန်ကို ဖေ့စဖုတ်ပေါ်ကနေ ကြိတ်ကြွေနေတဲ့ ဗလမင်းထင်ကိုကိုဆိုတဲ့ ချာတိတ်လေးရဲ့ "သားလှလားဟင်"ဆိုတဲ့ ပြူးတူးပြဲတဲဓာတ်ပုံအောက်မှာ ဝင်ပြီး "မဆိုးပါပု ခ်ခ်" ဆိုပြီး ဝင်မန့်လိုက်တာ ဗလမင်းထင်ကိုကိုခင်ဗျာ ကွန်းမန့်ကိုကြည့်ပြီး ပျော်လွန်းလို့ ထပြေးလိုက်တာ ကားအက်စီးဒင့်ကိုဖြစ်ရော...
အဲ့လို ကျော်ကြားတာ ညွန့်ညွန့်စိန်က...
နောက်ပြီး ညွန့်ညွန့်စိန်တို့က ဟိုတယ်ကောင်းကောင်း၊ စားသောက်ဆိုင်ကောင်းကောင်းရောက်ပြီဟေ့ဆို အိမ်သာထဲကကိုထွက်မလာတော့ဘူး၊ ဘာဝင်လုပ်တာလဲဆိုတော့ ဓာတ်ပုံရိုက်တာပါ၊ ပရိုဖိုင်ကောင်းကောင်းရဖို့...
ခေါင်းလေးကိုစောင်းလိုက်...
ပါးလေးကိုဖောင်းလိုက်...
လက်နှစ်ချောင်းကိုထောင်လိုက်...
ပါးစပ်ကိုဖြဲလိုက်၊ နှုတ်ခမ်းကိုဆူလိုက်...
ပြံုးပြလိုက်၊ ပြူးပြလိုက်၊ ရွဲ့ပြလိုက်၊ မဲ့ပြလိုက်နဲ့
နောက်ဆုံး ပုံပေါင်း တစ်ရာကျော်ရိုက်မှ သုံး၊ လေးပုံပဲ စိတ်ကြိုက်ရတယ်ဆိုပါတော့...
အစားအသောက်တစ်ခုခုမှာပြီဟေ့ဆိုလည်း ဒီလိုပဲ...
သူငယ်ချင်းတွေမှာ စားစရာတွေ ရှေ့ရောက်နေတာကို မစားရသေးဘူး၊ ဘာလုပ်တာလဲဆိုတော့ မစားခင်မှာ စားစရာတွေကို နတ်တင်သလိုပဲ...
သေချာနေရာချ၊ စျေးပိုကြီးတဲ့ စားစရာတွေကို အလယ်မှာထား ပြီးမှ ဓာတ်ပုံသေချာရိုက်...
ရိုက်နေရင်း သူငယ်ချင်းတစ်ယောက်ကိုတောင် ညွန့်ညွန့်စိန်က လှမ်းပြီးမာန်လိုက်သေးတယ်...
"ဟဲ့ ကောင်မ နင်နည်းနည်းနောက်ဆုတ်စမ်း ကင်မရာထဲမှာ နင့်လက်ကြီးပါနေတယ်"
ဒီလိုပြောတော့ ဟိုက ကိုယ်ကိုအသာလေးယို့ပေးရတယ်...
ပြီးမှ ဖီလင်...ယမ်မီယမ်မီပေါ့...
နောက်ပြီး ညွန့်ညွန့်စိန်မှာ လက်သုံးစကားတစ်ခုရှိပါတယ်...
ဘာလဲဆိုတော့ "တစ်ခါ like ဖူး သူ့ကျေးဇူး"ပါ...
ညွန့်ညွန့်စိန်ကလိုက်ရင် ညွန့်ညွန့်စိန်ကို ပြန်လိုက်ရပါမယ်...
ညွန့်ညွန့်စိန်က လိုက်ဗုံးကြဲသွားရင် အကြဲခံရသူက စခရင်ရှော့ရိုက်ရပါမယ်၊ ပြီးမှ ကျေးဇူးပါ၊ 10Q ပါ ဘာညာနဲ့ ကျေးဇူးသိတတ်ရပါမယ်...
မဟုတ်ရင် ညွန့်ညွန့်စိန်ရဲ့အမျက်တော်ရှခြင်းကို ခံရပါမယ်...
အကျိုးဆက်ကတော့ အန်ဖရန့်ပါ၊ ဘလော့ပါ...
ပြီးတော့ ညွန့်ညွန့်စိန်လိုဆယ်လီတွေက သူတို့မသိတာ ဘာမှမရှိပါဘူး...
ဖေ့စဖုတ်ပေါ်မှာ တစ်ခုခုဟော့ပြီဟေ့ဆို ညွန့်ညွန့်စိန်တို့ ထိပ်ဆုံးကပါပါတယ်...
ဟိုတစ်လောက ညွန့်ညွန့်စိန်ရေးတဲ့ နိုင်ငံရေးစတေးတပ်ကိုလည်း ကြည့်ဦးလေ...
"ငပြိန်းတွေသိအောင် ပြောလိုက်ဦးမယ်၊ မသေမချင်းမှတ်ထား ဒီမိုကရေစီဆိုတာ လမ်းမအလည်ခေါင်မှာ သမီးရည်းစားတွေ လွတ်လွတ်လပ်လပ်နမ်းခွင့်ရတာမျိုးကို ခေါ်တာဟဲ့" အဲ အဲ့ဒါ ညွန့်ညွန့်စိန်လို ဆယ်လီတစ်ယောက်ရဲ့နိုင်ငံရေးအတွေးအခေါ်ထက်မြက်ပုံပေါ့...
တစ်လောကများဆို ညွန့်ညွန့်စိန်တို့လုပ်ချလိုက်ပုံက အမေဖြစ်သူကို သတိလစ်ပြီး ဆေးရုံပို့ယူရတဲ့အထိလေ...
ဖြစ်ပုံကဒီလို...
အဲ့နေ့က ညွန့်ညွန့်စိန်တစ်ယောက် အိမ်အပြန်နောက်ကျတယ်...
ပြန်ရောက်လာတော့ မျက်နှာက မအီမသာ...
အင်မတန် စိတ်ဓာတ်ကျပြီး သေချင်စော်နံနေတဲ့ပုံ...
အဲ့တော့ အမေလုပ်သူက မေးတာပေါ့...
"ငါ့သမီး ဘာဖြစ်လာလဲ အမေ့ပြောစမ်း"
"ဟာ မသိချင်ပါနဲ့ အိုမားရာ၊ သမီးဖြင့် သတ်သေချင်လွန်းလို့ပါ"
"ဟဲ့ ငါရင်တုန်လိုက်တာ ညွန့်ညွန့်စိန်ရယ်၊ ပြောစမ်းပါ၊ ဘာဖြစ်လာတာလဲလို့"
"ဟိုလေ လမ်းထိပ်အပေါင်ဆိုင်က ဦးမိုက်ကယ်ရဲ့သား၊ ဂျော်နီပေါ့"
"အေး အဲ့ဂျော်နီ ဘာဖြစ်လဲ၊ ညတိုင်းမူးနေတဲ့ကောင်လေ၊ နင့်ကိုဘာလုပ်လိုက်လဲ၊ မြန်မြန်ပြောစမ်း"
"အဲ့ကောင် သ...သမီးကို တက်...တက်လုပ်လိုက်လို့ အိုမားရေ၊ ခုနကတင် တက်လုပ်လိုက်လို့ သမီး အရမ်းစိတ်ညစ်နေတာ"
"ဘာ နင့်ကို ဂျော်နီက တက်လုပ်တယ် ဟုတ်လား"
"အင်းလေ ဒီနေ့နဲ့ပါဆို သမီးကို အဲ့ကောင် တက်လုပ်တာ ခြောက်ခါရှိသွားပြီ၊ သေချာကိုမှတ်ထားတာ၊ ဘယ်တော့မှ မမေ့ဘူး"
"မြတ်စွာဘုရား"
ဒီလိုနဲ့ အမေဖြစ်သူ သတိလစ်ပြီး ဆေးရုံရောက်သွားတာ သတိပြန်လည်ဖို့ မနည်းလုပ်ယူရတယ်...
သတိပြန်ရလာမှ ညွန့်ညွန့်စိန်တစ်ယောက် အမေလုပ်သူကို မနည်းရှင်းပြရတယ် (tag)တက်လုပ်တယ်ဆိုတာ ဘာဆိုတာကို...
အဲ့တော့မှ အမေဖြစ်သူမှာ ဟင်းချနိုင်ပြီး တစ်ခွန်းတည်း ပြန်ပြောတယ်...
"အမယ်လေးတော် တကယ်တည်း စောက်ကျိုးနည်း"...
ရှိသေးတယ်၊ ရှိသေးတယ် ညွန့်ညွန့်စိန်တို့ ဖေ့စဖုတ်ပေါ်က အလွဲတွေ၊ နောက်မှ ဖောက်သည်ချဦးမယ်...
မူရင်းရေးသားသူ
Wai Phyo Maung
Credit Sithu Soe

No comments:

Post a Comment