Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 7, 2016

သမီးကညာ အခါမလင့်စေနဲ့ (ဘာကြောင့်အိမ်ထောင်စောစောပြုသင့်သလဲ)

ဒီနေ့ခွဲရတဲ့လူနာအတွက်တော့စိတ်မကောင်းဖြစ်ရပါတယ်။
အသက်၄၀နီးပါးမှအိမ်ထောင်ကျတဲ့အပျိုကြီးအတွက်ဆုလာဘ်ကသားအိမ်အတွင်းအသားလုံးနဲ့ဦးခေါင်းခွံပါမလာတဲ့မွေးရာပါချို့ယွင်းချက်ကလေးငယ်ကလေးပါပဲ။
ကျနော့်ဆီလာပြချိန်မှာကိုယ်ဝန်ကလရင့်နေပါပြီ။အာလ်ထရာဆောင်းရိုက်ကြည့်လိုက်တော့မွေးရာပါခေါင်းခွံမပါတာသိလိုက်ရပါတယ်။
မိခင်အသက်အရရော၊သားအိမ်အတွင်းအသားလုံးကြောင့်ရော၊ကလေးအသက်ရှင်နေသေးတာရော၊ဗိုက်နာလာတာရောကြောင့်ခွဲပေးလိုက်ရပါတယ်။
နဂိုကတည်းကလည်းဖြစ်နိုင်ခြေအကုန်မိသားစုကိုရှင်းပြပေးပြီးသဘောတူညီချက်ယူထားပြီးပါပြီ။
အသက်ရှင်နိုင်ခွင့်ရသမျှကလေးအထူးကုကစောင့်ရှောက်သွားမှာပါ။
ဓါတ်မှန်အထူးကုညီမငယ်နဲ့ညီငယ်၊မေ့ဆေးအထူးကု၊ကလေးအထူးကုတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်။
အသက်ကြီးမှအိမ်ထောင်ကျရင်အိုဂျီထံစောနိုင်သမျှကိုယ်ဝန်အပ်ဖို့လိုသလို၊ရှေးလူကြီးတွေပြောခဲ့သလို"သမီးကညာအခါမလင့်စေဖို့"ဆိုတဲ့စကားဟာတစ်ကယ်မှန်ပါတယ်ဆိုတာသိစေချင်လို့ပါ။
ဆေးပညာဗဟုသုတအနေနဲ့တင်ပြတာဖြစ်လို့အမြင်မတော်တဲ့ပုံတွေဖြစ်ခဲ့ရင်နားလည်ပေးဖို့နဲ့ကာယကံရှင်များရဲ့ခွင့်ပြုချက်နဲ့ဖော်ပြထားကြောင်းအသိပေးပါရစေ။
Wai Thit






No comments:

Post a Comment