CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 1, 2016
မဘသလုပ္ရပ္ေၾကာင့္ ဒီခ်ဳပ္၏ ႏိုင္ငံေရးဦးတည္ခ်က္မ်ားကို ထိခိုက္နစ္နာလွ်င္ အခ်ိန္မေရြးေျပာရန္ ဆရာေတာ္ႀကီးမ်ား မိန္႔ၾကား
ByနႏၵOn Sat, 2016-01-02 06:30Locationရန္ကုန္Issue No.No.966 Saturday, January 2, 2016
ဒီခ်ဳပ္နာယကဦးတင္ဦး မဘသ ဆရာေတာ္ႀကီးမ်ားအား ေတြ႕ဆုံဖူးေျမာ္စဥ္ (ဓာတ္ပံု − အမ်ိဳးဘာသာသာသနာေစာင့္ေရွာက္ေရးအဖြဲ.)
မဘသဦးေဆာင္ဆရာ ေတာ္ႀကီးမ်ားအား အမ်ဳိးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ နာယက ဦးတင္ဦးႏွင့္ အဖြဲ႕က ဇန္န၀ါရီ ၁ ရက္ မြန္းလြဲ ၂ နာရီ တြင္ မဘသ (ဗဟို) ႐ုံးတည္ရွိရာ အင္းစိန္ရြာမ ပရိယတၱိစာသင္ တိုက္သို႔ လာေရာက္ေတြ႕ဆံု ဂါရ၀ျပဳခဲ့ေၾကာင္း မဘသ(ဗဟို) က သတင္းထုတ္ျပန္သည္။
ဒီခ်ဳပ္နာယကႏွင့္အဖြဲ႕ကို မဘသ(ဗဟို)ဥကၠ႒ အင္းစိန္ ရြာမဆရာေတာ္ ဘဒၵႏၲတိေလာ ကာဘိ၀ံသ၊ မဘသ (ဗဟို) အတြင္းေရးမွဴး ျမေစတီဆရာ ေတာ္ ဘဒၵႏၲ၀ိမလဗုဒၶိႏွင့္ မဘသ (ဗဟို)ဦးေဆာင္ ဆရာေတာ္မ်ား ျဖစ္သည့္ မဇၩိမဂုဏ္ရည္ ေဒါက္ တာအရွင္ေကာ၀ိဒ၊ ေဒါက္တာ အရွင္ေသာပါကတို႔က လက္ခံ ေတြ႕ဆံုခဲ့ေၾကာင္း မဘသက ထုတ္ျပန္သည္။
‘‘ျမေစတီဆရာေတာ္ႀကီးႏွင့္ မဇၩိမဂုဏ္ရည္ဆရာေတာ္တို႔က လည္း မဘသေဆာင္ရြက္မႈမ်ား ႏွင့္ ပတ္သက္၍ ရွင္းလင္းမိန္႔ၾကားေတာ္မူခဲ့ၾကေၾကာင္း၊ မဘသ၏လုပ္ရပ္က တိုင္းျပည္ႏွင့္ လူမ်ဳိး ဘာသာသာသနာအတြက္ လုပ္ ေနတာျဖစ္ေၾကာင္း၊ အဖြဲ႕ခ်ဳပ္ လုပ္ေနတဲ့ ႏုိင္ငံေရးဦးတည္ခ်က္ မ်ားကို ထိခိုက္နစ္နာတယ္ဆိုရင္ အခ်ိန္မေရြးေျပာဖို႔ ထပ္မံ ဖိတ္ မႏၲက ျပဳလိုက္ပါေသးသည္’’ဟု မဘသ (ဗဟို) ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။
အင္းစိန္ရြာမဆရာေတာ္ႀကီးက မဘသေဆာင္ရြက္မႈႏွင့္ ပတ္ သက္၍ မရွင္းတာရွိရင္ ေမးႏုိင္ပါ ေၾကာင္း၊ မဘသဘက္က လြန္တာရွိရင္လည္း တိုက္႐ိုက္ေျပာႏိုင္ပါ ေၾကာင္းျဖင့္ ေမးျမန္းမႈကို ဖိတ္ ေခၚရာ ဦးတင္ဦးက ေမးစရာမရွိ ေၾကာင္း ေလွ်ာက္ထားသြားသည္ဟု မဘသ၏ တရား၀င္လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ထုတ္ျပန္သည္။
‘‘နာယကႀကီးကလည္း ဒီခ်ဳပ္နဲ႔ ပတ္သက္ၿပီး မိန္႔ခ်င္တာရွိရင္ အခ်ိန္မေရြးေခၚပါဘုရားလို႔ ဆရာေတာ္ဘုရားေတြကို ျပန္ၿပီးေလွ်ာက္ထားခဲ့ပါတယ္’’ဟု ဦးတင္ဦးႏွင့္ လိုက္ပါခဲ့သူ ဦးစိုး၀င္းက ေျပာ ၾကားသည္။
‘‘ဆရာေတာ္ႀကီးေတြကို စံုစံု လင္လင္ဖူးခြင့္ရတာ ဒါပထမဆံုး ပါပဲ’’ဟု ဦးတင္ဦးႏွင့္ လိုက္ပါခဲ့သူ ဦးစိုး၀င္းက ေျပာသည္။ မဘသ နဲ႔ အင္န္အယ္လ္ဒီတို႔ရဲ႕ ေတြ႕ဆံုမႈ ဟာ ၂၀၁၆ ရဲ႕ ႏွစ္သစ္မဂၤလာေန႔ မွာ မဂၤလာရွိေသာ ေတြ႕ဆံုမႈျဖစ္ ေၾကာင္း မဘသက ထုတ္ျပန္ သည္။
ဦးတင္ဦးသည္ အထက္ျမန္ မာျပည္မဘသဦးေဆာင္ ဆရာ ေတာ္ ဦး၀ီရသူကိုလည္း ယမန္ႏွစ္က မႏၲေလးၿမိဳ႕သို႔ သြားေရာက္ဖူး ေျမာ္ခဲ့ေသးသည္။
7Daydaily
.........................
မဘသလုပ်ရပ်ကြောင့် ဒီချုပ်၏ နိုင်ငံရေးဦးတည်ချက်များကို ထိခိုက်နစ်နာလျှင် အချိန်မရွေးပြောရန် ဆရာတော်ကြီးများ မိန့်ကြား
Byနန္ဒOn Sat, 2016-01-02 06:30Locationရန်ကုန်Issue No.No.966 Saturday, January 2, 2016
ဒီချုပ်နာယကဦးတင်ဦး မဘသ ဆရာတော်ကြီးများအား တွေ့ဆုံဖူးမြော်စဉ် (ဓာတ်ပုံ − အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ.)
မဘသဦးဆောင်ဆရာ တော်ကြီးများအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦးနှင့် အဖွဲ့က ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီ တွင် မဘသ (ဗဟို) ရုံးတည်ရှိရာ အင်းစိန်ရွာမ ပရိယတ္တိစာသင် တိုက်သို့ လာရောက်တွေ့ဆုံ ဂါရဝပြုခဲ့ကြောင်း မဘသ(ဗဟို) က သတင်းထုတ်ပြန်သည်။
ဒီချုပ်နာယကနှင့်အဖွဲ့ကို မဘသ(ဗဟို)ဥက္ကဋ္ဌ အင်းစိန် ရွာမဆရာတော် ဘဒ္ဒန္တတိလော ကာဘိ၀ံသ၊ မဘသ (ဗဟို) အတွင်းရေးမှူး မြစေတီဆရာ တော် ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် မဘသ (ဗဟို)ဦးဆောင် ဆရာတော်များ ဖြစ်သည့် မဇ္ဈိမဂုဏ်ရည် ဒေါက် တာအရှင်ကောဝိဒ၊ ဒေါက်တာ အရှင်သောပါကတို့က လက်ခံ တွေ့ဆုံခဲ့ကြောင်း မဘသက ထုတ်ပြန်သည်။
‘‘မြစေတီဆရာတော်ကြီးနှင့် မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့က လည်း မဘသဆောင်ရွက်မှုများ နှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားတော်မူခဲ့ကြကြောင်း၊ မဘသ၏လုပ်ရပ်က တိုင်းပြည်နှင့် လူမျိုး ဘာသာသာသနာအတွက် လုပ် နေတာဖြစ်ကြောင်း၊ အဖွဲ့ချုပ် လုပ်နေတဲ့ နိုင်ငံရေးဦးတည်ချက် များကို ထိခိုက်နစ်နာတယ်ဆိုရင် အချိန်မရွေးပြောဖို့ ထပ်မံ ဖိတ် မန္တက ပြုလိုက်ပါသေးသည်’’ဟု မဘသ (ဗဟို) ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အင်းစိန်ရွာမဆရာတော်ကြီးက မဘသဆောင်ရွက်မှုနှင့် ပတ် သက်၍ မရှင်းတာရှိရင် မေးနိုင်ပါ ကြောင်း၊ မဘသဘက်က လွန်တာရှိရင်လည်း တိုက်ရိုက်ပြောနိုင်ပါ ကြောင်းဖြင့် မေးမြန်းမှုကို ဖိတ် ခေါ်ရာ ဦးတင်ဦးက မေးစရာမရှိ ကြောင်း လျှောက်ထားသွားသည်ဟု မဘသ၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်သည်။
‘‘နာယကကြီးကလည်း ဒီချုပ်နဲ့ ပတ်သက်ပြီး မိန့်ချင်တာရှိရင် အချိန်မရွေးခေါ်ပါဘုရားလို့ ဆရာတော်ဘုရားတွေကို ပြန်ပြီးလျှောက်ထားခဲ့ပါတယ်’’ဟု ဦးတင်ဦးနှင့် လိုက်ပါခဲ့သူ ဦးစိုးဝင်းက ပြော ကြားသည်။
‘‘ဆရာတော်ကြီးတွေကို စုံစုံ လင်လင်ဖူးခွင့်ရတာ ဒါပထမဆုံး ပါပဲ’’ဟု ဦးတင်ဦးနှင့် လိုက်ပါခဲ့သူ ဦးစိုးဝင်းက ပြောသည်။ မဘသ နဲ့ အင်န်အယ်လ်ဒီတို့ရဲ့ တွေ့ဆုံမှု ဟာ ၂၀၁၆ ရဲ့ နှစ်သစ်မင်္ဂလာနေ့ မှာ မင်္ဂလာရှိသော တွေ့ဆုံမှုဖြစ် ကြောင်း မဘသက ထုတ်ပြန် သည်။
ဦးတင်ဦးသည် အထက်မြန် မာပြည်မဘသဦးဆောင် ဆရာ တော် ဦးဝီရသူကိုလည်း ယမန်နှစ်က မန္တလေးမြို့သို့ သွားရောက်ဖူး မြော်ခဲ့သေးသည်။
7Daydaily
မဘသလုပ္ရပ္ေၾကာင့္ ဒီခ်ဳပ္၏ ႏိုင္ငံေရးဦးတည္ခ်က္မ်ားကို ထိခိုက္နစ္နာလွ်င္ အခ်ိန္မေရြးေျပာရန္ ဆရာေတာ္ႀကီးမ်ား မိန္႔ၾကား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 01, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment