Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 31, 2015

အသည္းသန္႔ခ်င္သလား ဒါေတြစား

Friday, January 1, 2016
အသည္းဟာ ခႏၶာကိုယ္အတြက္ မရွိမျဖစ္အခရာက်တဲ့ ကိုယ္တြင္း အဂၤါတစ္ခုျဖစ္ၿပီး အစာေျခဖ်က္ မႈ၊ ဇီဝတြင္းျဖစ္ပ်က္မႈ၊ ကိုယ္ခံ စြမ္းအားနဲ႔ အာဟာရဓာတ္ေတြကို စုေဆာင္းေပးတာေတြကို လုပ္ ေဆာင္ပါတယ္။ က်န္းမာတဲ့ အသည္းဟာ ေသြးလည္ပတ္မႈ ေကာင္းေအာင္လုပ္ေဆာင္ၿပီး ေသြးထဲက မလိုအပ္တဲ့အဆိပ္အ ေတာက္ေတြဖယ္ရွားကာ ခႏၶာ ကိုယ္ထဲသုိ႔ အာဟာရဓာတ္ေတြ ပို႔ေဆာင္ေပးသလို ဗီတာမင္၊ သတၱဳဓာတ္နဲ႔ ဂလူးကို႔စ္ေတြကို ထိန္းသိမ္းတာလည္း လုပ္ပါတယ္။ ဒီလိုအေရးပါတဲ့အလုပ္ေတြကို လုပ္ေနတဲ့အသည္း အၿမဲက်န္းမာ ေနေစဖုိ႔အတြက္ စားသင့္တာ ေလးေတြကို ေဖာ္ျပေပးလိုက္ပါ တယ္။
ၾကက္သြန္ျဖဴကေတာ့ အ ဆိပ္အေတာက္ဖယ္ရွားေပးတဲ့ ေနရာမွာ ထိပ္တန္းျဖစ္ၿပီး အသည္းအတြက္ ေကာင္းေကာင္းေထာက္ ကူေပးပါတယ္။ တစ္ေန႔ကို ၾကက္ သြန္ျဖဴ ႏွစ္တက္၊ သံုးတက္ ေလာက္စားေပးတာျဖစ္ျဖစ္၊ ၾကက္သြန္ျဖဴနဲ႔ထုတ္ထားတဲ့ေဆး ကို ဆရာဝန္နဲ႔ တုိင္ပင္ၿပီးေတာ့ ျဖစ္ျဖစ္ ေသာက္သံုးႏုိင္ပါတယ္။
ဗီတာမင္စီႂကြယ္ဝၿပီး ဓာတ္ တိုးဆန္႔က်င္ဂုဏ္သတၱိပါတဲ့ ဂရိတ္ဖ႐ုေတြဟာလည္း အသည္းကို သန္႔စင္ေပးႏုိင္သလို ကိုယ္တြင္း အဆိပ္အေတာက္ေတြနဲ႔ အဆီ ေတြကိုလည္း ဖယ္ရွားေပးပါ တယ္။ မုန္လာဥနီ (ဗီတြတ္)ဟာ လည္း အသည္းအတြက္ ေကာင္းက်ိဳးျပဳသလို ေရွာက္သီး၊ သံပ႐ို သီးကလည္း အသည္းရဲ႕လုပ္ငန္းစဥ္ေတြ ေကာင္းမြန္စြာလည္ပတ္ဖို႔ ေထာက္ကူျပဳပါတယ္။ ဂရင္းတီး ေန႔စဥ္ေသာက္ေပးျခင္းနဲ႔ အသည္းေရာ ဂါေတြျဖစ္ပြားတာကို ကာကြယ္ေပး ႏုိင္သလို ေထာပတ္သီးကလည္း အသည္းပ်က္စီးမႈနဲ႔ အႏၲရာယ္ေပးႏုိင္တဲ့ အဆိပ္အေတာက္ေတြကို သန္႔စင္ေပးႏုိင္ပါတယ္။ နႏြင္းမႈန္႔လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံုကို ေရေႏြးထဲထည့္ၿပီး ေန႔စဥ္ေသာက္တာပဲျဖစ္ျဖစ္ ဟင္းေတြထဲမွာ ထည့္ခ်က္ရင္းျဖစ္ျဖစ္ စားေပးသင့္ပါတယ္။
က်န္းမာေသာ အသည္းျဖစ္ ဖို႔ဆုိရင္လည္း ပန္းသီးေတြက မစားမျဖစ္ပါ။ အူလမ္းေၾကာင္းနဲ႔ အသည္းထဲက အဆိပ္အေတာက္ ေတြ ရွင္းေပးသလို ေသြးတြင္း ကိုလက္စထေရာေတြကို သန္႔စင္ ေပးပါတယ္။ သစ္ၾကားသီးက လည္း အသည္းသန္႔ေအာင္ကူညီ ေပးတဲ့အျပင္ ပန္းေဂၚဖီစိမ္း(ဘ႐ို ကိုလီ)ကလည္း အသည္းအတြက္ ေကာင္းက်ိဳးျပဳပါတယ္။
—Ref: tophomeremedies
7Day Daily
.............
အသည်းသန့်ချင်သလား ဒါတွေစား
Friday, January 1, 2016
အသည်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အခရာကျတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပြီး အစာခြေဖျက် မှု၊ ဇီဝတွင်းဖြစ်ပျက်မှု၊ ကိုယ်ခံ စွမ်းအားနဲ့ အာဟာရဓာတ်တွေကို စုဆောင်းပေးတာတွေကို လုပ် ဆောင်ပါတယ်။ ကျန်းမာတဲ့ အသည်းဟာ သွေးလည်ပတ်မှု ကောင်းအောင်လုပ်ဆောင်ပြီး သွေးထဲက မလိုအပ်တဲ့အဆိပ်အ တောက်တွေဖယ်ရှားကာ ခန္ဓာ ကိုယ်ထဲသို့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂလူးကို့စ်တွေကို ထိန်းသိမ်းတာလည်း လုပ်ပါတယ်။ ဒီလိုအရေးပါတဲ့အလုပ်တွေကို လုပ်နေတဲ့အသည်း အမြဲကျန်းမာ နေစေဖို့အတွက် စားသင့်တာ လေးတွေကို ဖော်ပြပေးလိုက်ပါ တယ်။
ကြက်သွန်ဖြူကတော့ အ ဆိပ်အတောက်ဖယ်ရှားပေးတဲ့ နေရာမှာ ထိပ်တန်းဖြစ်ပြီး အသည်းအတွက် ကောင်းကောင်းထောက် ကူပေးပါတယ်။ တစ်နေ့ကို ကြက် သွန်ဖြူ နှစ်တက်၊ သုံးတက် လောက်စားပေးတာဖြစ်ဖြစ်၊ ကြက်သွန်ဖြူနဲ့ထုတ်ထားတဲ့ဆေး ကို ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။
ဗီတာမင်စီကြွယ်ဝပြီး ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိပါတဲ့ ဂရိတ်ဖရုတွေဟာလည်း အသည်းကို သန့်စင်ပေးနိုင်သလို ကိုယ်တွင်း အဆိပ်အတောက်တွေနဲ့ အဆီ တွေကိုလည်း ဖယ်ရှားပေးပါ တယ်။ မုန်လာဥနီ (ဗီတွတ်)ဟာ လည်း အသည်းအတွက် ကောင်းကျိုးပြုသလို ရှောက်သီး၊ သံပရို သီးကလည်း အသည်းရဲ့လုပ်ငန်းစဉ်တွေ ကောင်းမွန်စွာလည်ပတ်ဖို့ ထောက်ကူပြုပါတယ်။ ဂရင်းတီး နေ့စဉ်သောက်ပေးခြင်းနဲ့ အသည်းရော ဂါတွေဖြစ်ပွားတာကို ကာကွယ်ပေး နိုင်သလို ထောပတ်သီးကလည်း အသည်းပျက်စီးမှုနဲ့ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ရေနွေးထဲထည့်ပြီး နေ့စဉ်သောက်တာပဲဖြစ်ဖြစ် ဟင်းတွေထဲမှာ ထည့်ချက်ရင်းဖြစ်ဖြစ် စားပေးသင့်ပါတယ်။
ကျန်းမာသော အသည်းဖြစ် ဖို့ဆိုရင်လည်း ပန်းသီးတွေက မစားမဖြစ်ပါ။ အူလမ်းကြောင်းနဲ့ အသည်းထဲက အဆိပ်အတောက် တွေ ရှင်းပေးသလို သွေးတွင်း ကိုလက်စထရောတွေကို သန့်စင် ပေးပါတယ်။ သစ်ကြားသီးက လည်း အသည်းသန့်အောင်ကူညီ ပေးတဲ့အပြင် ပန်းဂေါ်ဖီစိမ်း(ဘရို ကိုလီ)ကလည်း အသည်းအတွက် ကောင်းကျိုးပြုပါတယ်။
—Ref: tophomeremedies
7Day Daily

No comments:

Post a Comment