Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 31, 2015

သမၼတတာဝန္ထမ္းေဆာင္ခဲ့သူ၏ လုံၿခဳံေရးဆိုင္ရာဥပေဒၾကမ္းကို ျပင္ဆင္ခ်က္၁၆ခ်က္ျဖင့္အတည္ျပဳ

Friday, January 1, 2016
ႏိုင္ငံေတာ္သမၼတရာထူးတာဝန္ထမ္းေဆာင္ခဲ့သူ လုံၿခဳံေရးဆိုင္ရာဥပေဒၾကမ္းကို ျပည္သူ႕လႊတ္ေတာ္က ျပင္ဆင္ခ်က္၁၃ခ်က္ျဖင့္အတည္ျပဳခဲ့ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာၾကားသည္။
ႏိုင္ငံေတာ္သမၼတတာဝန္ထမ္းေဆာင္သူ သက္တမ္းကုန္ဆုံးခ်ိန္တြင္ ၎ကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိသားစုဝင္ေသာ္လည္းေကာင္း၊ တာဝန္ထမ္းေဆာင္ခ်ိန္ေဆာင္႐ြက္ခဲ့ရသည့္ ကိစၥရပ္မ်ားေၾကာင့္လည္းေကာင္း အကာအကြယ္တစ္ရပ္ျဖစ္ေစရန္ ယင္းဥပေဒကိုအတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကဆိုသည္။
ယင္းဥပေဒၾကမ္းကို ျပည္ထဲေရးဝန္ႀကီးဌာနကတင္သြင္းခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႕လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီ၏ ျပင္ဆင္ခ်က္၁၃ခ်က္၊ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦး၏ ျပင္ဆင္ခ်က္၃ခ်က္ စုစုေပါင္းျပင္ဆင္ခ်က္၁၆ခ်က္၊ျဖည့္စြက္ခ်က္၁ခ်က္ျဖင့္ အတည္ျပဳေပးလိုက္ျခင္းျဖစ္သည္။

ယင္းဥပေဒၾကမ္းပါ ႏိုင္ငံေတာ္သမၼတတာဝန္ထမ္းေဆာင္သူသည္ တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း တာဝန္အရေဆာင္႐ြက္ခ်က္မ်ားကို အေၾကာင္းျပဳလ်က္ ယင္းအားတရားစြဲဆိုျခင္းႏွင့္ အေရးယူျခင္းမရွိေစရဆိုသည့္အခ်က္ကို ေျမပုံမဲဆႏၵနယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကျပင္ဆင္ရန္တင္ျပခဲ့ေသာ္လည္း လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုကလက္မခံခဲ့ေၾကာင္း ကိုယ္စားလွယ္မ်ားကေျပာသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ၃၇၃တြင္ ျပစ္မႈက်ဴးလြန္သူမည္သူ႔ကိုမဆို ယင္းျပစ္မႈက်ဴးလြန္သည့္အခ်ိန္က အတည္ျဖစ္လ်က္ရွိေသာ သက္ဆိုင္ရာဥပေဒအရသာ ျပစ္မႈထင္ရွားစီရင္ရမည္ဟု ေဖာ္ျပထားေၾကာင္းလည္း ဦးေဖသန္းကဆိုသည္။

ဦးေဖသန္း၏ေျပာဆိုခ်က္ႏွင့္ပတ္သက္၍ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဗိုလ္မႉးခ်ဳပ္ေက်ာ္ေက်ာ္ထြန္းက “ဒါကိုပယ္ဖ်က္ဖို႔မသင့္ပါဘူး၊ မူလအဆိုျပဳခ်က္မွာ ဥပေဒႏွင့္အညီဆိုသည့္ စကားရပ္ျဖည့္စြက္ခ်က္ထည့္သြင္းေပးပါရန္ျဖစ္ပါတယ္” ဟု တုံ႔ျပန္ေျပာဆိုသည္။
ႏိုင္ငံေတာ္သမၼတတာဝန္ထမ္းေဆာင္သူသည္ တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း တာဝန္အရဥပေဒႏွင့္အညီေဆာင္႐ြက္ခ်က္မ်ားကိုအေၾကာင္းျပဳလ်က္ ယင္းအားတရားစြဲဆိုျခင္းႏွင့္ အေရးယူျခင္းမရွိေစရဟူေသာအခ်က္ကို ျပည္သူ႕လႊတ္ေတာ္ကအတည္ျပဳေပးခဲ့ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကဆိုသည္။
The Voice Weekly
................
သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို ပြင်ဆင်ချက်၁၆ချက်ဖြင့်အတည်ပြု
Friday, January 1, 2016
နိုင်ငံတော်သမ္မတရာထူးတာဝန်ထမ်းဆောင်ခဲ့သူ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်၁၃ချက်ဖြင့်အတည်ပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်သူ သက်တမ်းကုန်ဆုံးချိန်တွင် ၎င်းကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်သော်လည်းကောင်း၊ တာဝန်ထမ်းဆောင်ချိန်ဆောင်ရွက်ခဲ့ရသည့် ကိစ္စရပ်များကြောင့်လည်းကောင်း အကာအကွယ်တစ်ရပ်ဖြစ်စေရန် ယင်းဥပဒေကိုအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုသည်။
ယင်းဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနကတင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်၁၃ချက်၊ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ပြင်ဆင်ချက်၃ချက် စုစုပေါင်းပြင်ဆင်ချက်၁၆ချက်၊ဖြည့်စွက်ချက်၁ချက်ဖြင့် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းပါ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်သူသည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်အရဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအားတရားစွဲဆိုခြင်းနှင့် အရေးယူခြင်းမရှိစေရဆိုသည့်အချက်ကို မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြင်ဆင်ရန်တင်ပြခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်အများစုကလက်မခံခဲ့ကြောင်း ကိုယ်စားလှယ်များကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၇၃တွင် ပြစ်မှုကျူးလွန်သူမည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်ဟု ဖော်ပြထားကြောင်းလည်း ဦးဖေသန်းကဆိုသည်။
ဦးဖေသန်း၏ပြောဆိုချက်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက “ဒါကိုပယ်ဖျက်ဖို့မသင့်ပါဘူး၊ မူလအဆိုပြုချက်မှာ ဥပဒေနှင့်အညီဆိုသည့် စကားရပ်ဖြည့်စွက်ချက်ထည့်သွင်းပေးပါရန်ဖြစ်ပါတယ်” ဟု တုံ့ပြန်ပြောဆိုသည်။
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်သူသည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်အရဥပဒေနှင့်အညီဆောင်ရွက်ချက်များကိုအကြောင်းပြုလျက် ယင်းအားတရားစွဲဆိုခြင်းနှင့် အရေးယူခြင်းမရှိစေရဟူသောအချက်ကို ပြည်သူ့လွှတ်တော်ကအတည်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။
The Voice Weekly

No comments:

Post a Comment