Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

လိပ္ကၽြန္းအမွဳ ဥပေဒအတိုင္း ဆက္မယ္လို႔ ထိုင္းဘက္ဆို

ေကာ့ေတာင္ကၽြန္းအမွုစီရင္ခ်က္ကိုဆန္႔က်င္ဆႏၵျပမွုေတြျမန္မာနိုင္ငံမွာဆက္တိုက္ျဖစ္ခဲ့

ၿဗိတိန္နိုင္ငံသား ၂ ဦးကို သတ္မွုနဲ႔ ျမန္မာနိုင္ငံသား ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ ကို ေအာက္ေၿခ တရား႐ုံးက ေသဒဏ္ အျပစ္ေပး ခဲ့တာနဲ႔ ပတ္သက္ၿပီး ထိုင္း ဥပေဒအတိုင္း ပဲ လုပ္သြားရမွာျဖစ္တယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာ့ယြတ္ က်န္းအိုးခ်ား က ေျပာၾကားခဲ့ပါတယ္။

ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမား ႏွစ္ဦးကို ေသဒဏ္ အမိန္႔ခ် ထားတဲ့ အေပၚ ထိုင္းအစိုးရက ျပန္လည္ သုံးသပ္ ေပးဖို႔ ျမန္မာ အစိုးရ ဘက္က တာဝန္ရွိသူ ေတြနဲ႔ အမ်ား ျပည္သူက ေတာင္းဆို ေနၾက ပါတယ္။

ဒီအေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ကို သတင္းေထာက္ေတြကေမးျမန္းေတာ့ သူက

"တရား႐ုံးက ဆုံးျဖတ္ၿပီးရင္ အယူခံ႐ုံးနဲ႔ တရား႐ုံးခ်ဳပ္ တို႔ကို ဆက္ၿပီး တင္နိုင္တယ္ မဟုတ္လား။ ျမန္မာ ဘက္ကိုလည္း ရွင္းၿပ လို႔ ရပါတယ္။ ျမန္မာ ဘက္က ေတာင္းဆို တာက တရား ဥပေဒ အတိုင္း မၽွမၽွတတေဆာင္ရြက္ ေပးဖို႔ ျဖစ္တယ္။ အမွုကို လုံးဝ ႐ုပ္သိမ္း လိုက္လို႔ ရမလား။ မရဘူး ဆိုရင္ မရတဲ့ အေၾကာင္း ရွင္းၿပ လိုက္ေပါ့။ အယူခံ ဝင္ခြင့္ ေပးထား တယ္ မဟုတ္လား။ ကမၻာ့ ဥပေဒ ေတြလည္း ဒီလိုပဲ ရွိတယ္ မဟုတ္လား။ ထိုင္းမွာ အယူခံ စရာ မလိုဘူးလား၊ ဖိအားေပး တာနဲ႔ အမွုကို ႐ုတ္သိမ္းလိုက္ တာမ်ိဳး လုပ္လို႔ ရပါမလား" လို႔ေျပာခဲ့ ပါတယ္။

ဒီအမွုကို တရားမၽွမၽွ တတ ေဆာင္ရြက္ ေပးဖို႔ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္က ထိုင္း ဒုတိယဝန္ႀကီးခ်ဳပ္ လည္းျဖစ္ ကာကြယ္ေရး ဝန္ႀကီးလည္း ျဖစ္တဲ့ ပရာ့ဝစ္ ဝုံးစူဝမ္း နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး စုမ္မိုင္ ေကာင္းထီရာ့ ကို သဝဏ္လႊာ ေပးပို႔ ခဲ့ပါတယ္။

ဒါကို ျပန္လည္ ရွင္းျပဖို႔ ဗိုလ္ခ်ဳပ္ႀကီး စုမ္မိုင္ ေကာင္းထီရာ့ကို ဒုဝန္ႀကီးခ်ဳပ္ ပရာ့ဝစ္ ဝုံးစူဝမ္းက တာဝန္ေပး လိုက္ပါတယ္။

ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ ရဲ့အမွုကို အခမဲ့ အက်ိဳးေဆာင္ ေပးေနတဲ့ ထိုင္းေရွ႕ေနမ်ား ေကာင္စီက အယူခံဝင္မယ့္အေၾကာင္း သူတို႔ရဲ့ မိခင္ေတြကို ဒီဇင္ဘာ ၃၀ ရက္ေန႔မွာ ရွင္းျပၿပီး သတင္းစာ ရွင္းလင္းပြဲ ျပဳမယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ ထားပါတယ္။

ထိုင္းတရား႐ုံး ရဲ့ဆုံးျဖတ္ခ်က္ကို ရက္ေပါင္း ၃၀ အတြင္း အယူခံ ဝင္ရမွာ ျဖစ္ပါတယ္။

အယူခံ တရား႐ုံးမွာ ေအာက္ေၿခ တရား႐ုံးနဲ႔ ကြဲလြဲၿပီး အနိုင္ေပးတဲ့ အမွုေတြ အမ်ားအျပား ရွိခဲ့ဘူးတယ္လို႔ ျမန္မာ ႏွစ္ဦး ရဲ့ ေရွ႕ေန အဖြဲ႕ အႀကံေပး စူရာ့ဖုန္း ေကာင္းက်န္းထြတ္ခ္ က ရွင္းျပပါတယ္။

ထိုင္းနိုင္ငံမွာ ေသဒဏ္ အမိန္႔ခ်မွတ္ ေပမယ့္ ေသဒဏ္ ေပးတာေတာ့ မရွိေတာ့ဘူး လို႔ ေရွ႕ေန စူရာ့ဖုန္း ေကာင္းက်န္းထြတ္ခ္ က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

....................................................................

လိပ်ကျွန်းအမှု ဥပဒေအတိုင်း ဆက်မယ်လို့ ထိုင်းဘက်ဆို


ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ကို အောက်ခြေ တရားရုံးက သေဒဏ် အပြစ်ပေး ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်း ဥပဒေအတိုင်း ပဲ လုပ်သွားရမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာ့ယွတ် ကျန်းအိုးချား က ပြောကြားခဲ့ပါတယ်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို သေဒဏ် အမိန့်ချ ထားတဲ့ အပေါ် ထိုင်းအစိုးရက ပြန်လည် သုံးသပ် ပေးဖို့ မြန်မာ အစိုးရ ဘက်က တာဝန်ရှိသူ တွေနဲ့ အများ ပြည်သူက တောင်းဆို နေကြ ပါတယ်။

ဒီအကြောင်း ထိုင်းဝန်ကြီးချုပ်ကို သတင်းထောက်တွေကမေးမြန်းတော့ သူက

"တရားရုံးက ဆုံးဖြတ်ပြီးရင် အယူခံရုံးနဲ့ တရားရုံးချုပ် တို့ကို ဆက်ပြီး တင်နိုင်တယ် မဟုတ်လား။ မြန်မာ ဘက်ကိုလည်း ရှင်းပြ လို့ ရပါတယ်။ မြန်မာ ဘက်က တောင်းဆို တာက တရား ဥပဒေ အတိုင်း မျှမျှတတဆောင်ရွက် ပေးဖို့ ဖြစ်တယ်။ အမှုကို လုံးဝ ရုပ်သိမ်း လိုက်လို့ ရမလား။ မရဘူး ဆိုရင် မရတဲ့ အကြောင်း ရှင်းပြ လိုက်ပေါ့။ အယူခံ ဝင်ခွင့် ပေးထား တယ် မဟုတ်လား။ ကမ္ဘာ့ ဥပဒေ တွေလည်း ဒီလိုပဲ ရှိတယ် မဟုတ်လား။ ထိုင်းမှာ အယူခံ စရာ မလိုဘူးလား၊ ဖိအားပေး တာနဲ့ အမှုကို ရုတ်သိမ်းလိုက် တာမျိုး လုပ်လို့ ရပါမလား" လို့ပြောခဲ့ ပါတယ်။

ဒီအမှုကို တရားမျှမျှ တတ ဆောင်ရွက် ပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ဒုတိယဝန်ကြီးချုပ် လည်းဖြစ် ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်တဲ့ ပရာ့ဝစ် ဝုံးစူဝမ်း နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စုမ်မိုင် ကောင်းထီရာ့ ကို သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ်။

ဒါကို ပြန်လည် ရှင်းပြဖို့ ဗိုလ်ချုပ်ကြီး စုမ်မိုင် ကောင်းထီရာ့ကို ဒုဝန်ကြီးချုပ် ပရာ့ဝစ် ဝုံးစူဝမ်းက တာဝန်ပေး လိုက်ပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ရဲ့အမှုကို အခမဲ့ အကျိုးဆောင် ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီက အယူခံဝင်မယ့်အကြောင်း သူတို့ရဲ့ မိခင်တွေကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရှင်းပြပြီး သတင်းစာ ရှင်းလင်းပွဲ ပြုမယ်လို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ထိုင်းတရားရုံး ရဲ့ဆုံးဖြတ်ချက်ကို ရက်ပေါင်း ၃၀ အတွင်း အယူခံ ဝင်ရမှာ ဖြစ်ပါတယ်။

အယူခံ တရားရုံးမှာ အောက်ခြေ တရားရုံးနဲ့ ကွဲလွဲပြီး အနိုင်ပေးတဲ့ အမှုတွေ အများအပြား ရှိခဲ့ဘူးတယ်လို့ မြန်မာ နှစ်ဦး ရဲ့ ရှေ့နေ အဖွဲ့ အကြံပေး စူရာ့ဖုန်း ကောင်းကျန်းထွတ်ခ် က ရှင်းပြပါတယ်။

ထိုင်းနိုင်ငံမှာ သေဒဏ် အမိန့်ချမှတ် ပေမယ့် သေဒဏ် ပေးတာတော့ မရှိတော့ဘူး လို့ ရှေ့နေ စူရာ့ဖုန်း ကောင်းကျန်းထွတ်ခ် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment