Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

အယူခံကာလ အတြင္း ေစာင့္ေရွာက္ေပးဖို႔ ျမန္မာ လူ႔/ခြင့္ ေကာ္မရွင္ ထိုင္းကို ပန္ၾကား

ခိုေထာင္းကြ်န္း လူသတ္မႈနဲ႔ ေသဒဏ္ခ်ခံရတဲ့ ကိုေဇာ္လင္းရဲ႕မိခင္(အလယ္)ကို ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေတြ႕ရစဥ္။
Photo: AFP

ထိုင္းႏုိင္ငံေတာင္ပိုင္း ခိုေထာင္းကြ်န္း လူသတ္မႈမွာ ျမန္မာအလုပ္သမားႏွစ္ဦး ေသဒဏ္ခ်မွတ္ခံရတာနဲ႔ ပတ္သက္ၿပီး အယူခံဝင္တဲ့ကာလအတြင္း လူ႔အခြင့္အေရးအရ ကာကြယ္ေစာင့္ေရွာက္ေပးဖို႔
 ျမန္မာအမ်ိဳးသား လူ႔အခြင့္ အေရးေကာ္မရွင္က ထိုင္းအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ကို ပန္ၾကားလိုက္ပါတယ္။

ထိုင္းအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ ဥကၠဌ ဆီ ဒီကေန႔ရက္စြဲနဲ႔ ေမတၱာရပ္ခံစာ ေပးပို႔လိုက္ေၾကာင္း
 ျမန္မာ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ အဖြဲ႔ဝင္ ေဒါက္တာဥာဏ္ေဇာ္ က ေျပာပါတယ္။

"ေထာင္ထဲမွာ ညွင္းပမ္းႏွိပ္စက္မႈ မျဖစ္ေအာင္ ေျပာတာေပ့ါေနာ္၊ ေဆးပညာကလည္း အခိုင္အမာ မျပႏိုင္ဘူး ဆိုတာသိတယ္၊ မ်က္ျမင္သက္ေသလည္းမရွိဘူး၊ ရဲကလည္း ညွင္းပမ္းႏွိပ္စက္တယ္ဆိုတဲ့ သတင္းေတြလည္း ရတယ္၊ က်ေနာ္တို႔ ၿမိဳ႕ေတြမွာလည္း ဆႏၵျပတယ္ဆိုတဲ့အေၾကာင္း၊ သူတို႔လြတ္ေျမာက္ေရးကို ေတာင္းဆိုေနၾက တာရွိေတာ့ေလ၊ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ တရားမွ်မွ်တတျဖစ္ဖို႔ အယူခံဝင္တဲ့ကာလမွာလည္း ရသင့္ရထိုက္တဲ့ လူ႔အခြင့္အေရးေတြခံစားဖို႔၊ ဥပေဒရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈကို ထိုင္းအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ ဥကၠဌကို ဒီေန႔ပဲ ပို႔လိုက္တာေပါ့ေနာ္"

အယူခံဝင္တဲ့အခါမွာ သူတို႔ႏွစ္ဦးရသင့္ရထုိက္တဲ့ အခြင့္အေရးေတြခံစားခြင့္ရဖို႔၊ ထိုင္းတရားရံုးဘက္က တရားမွ်တစြာနဲ႔ စီရင္ဆံုးျဖတ္ဖို႔၊ ဥပေဒအရ ကာကြယ္ေစာင့္ေရွာက္မႈမွာ ခြဲျခားဆက္ဆံတာေတြ မလုပ္ဖို႔ ေတာင္းဆိုလိုက္တာျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီအတြင္း ျမန္မာႏုိင္ငံသားႏွစ္ဦးအေပၚ စီရင္ခ်က္နဲ႔ ပတ္သက္ၿပီး မေက်နပ္တဲ့ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္က ထိုင္း ျမန္မာနယ္္စပ္ ဘုရားသံုးဆူဂိတ္မွာ ဒီေန႔ ဒုတိယအႀကိမ္ ဆႏၵျပခဲ့ၾကၿပီး၊ ဒီအမႈကို ျပန္လည္ သံုးသပ္ေပးဖို႔ ေမတၱာရပ္ခံစာကို ထိုင္းႏိုင္ငံ ကန္ခ်နပူရီၿမိဳ႕ လက္ေထာက္ၿမိဳ႕ပိုင္ထံ ေပးအပ္ခဲ့ပါတယ္။ ထိုင္းႏုိင္ငံဘက္က စက္ရံုတခ်ဳိ႕လည္း မေန႔ကစၿပီး ရက္ရွည္ပိတ္လိုက္တယ္လို႔ သိရပါတယ္။ အလားတူ စစ္ကိုင္းတုိင္းေဒသႀကီး ကေလးၿမိဳ႔မွာလည္း ၿမိဳ႔ခံေတြက ဒီေန႔ ဆႏၵျပေတာင္းဆုိခဲ့ၾကပါတယ္။

မေလးရွားႏုိင္ငံမွာေတာ့ ဒီအမႈ စီရင္ခ်င္နဲ႔ ပတ္သက္ၿပီး ထိုင္းသံရံုးေရွ႕မွာ ဒီေန႔ ကန္႔ကြက္ဆႏၵျပခဲ့ တဲ့ ျမန္မာႏိုင္ငံသားေတြထဲက ဦးေဆာင္သူႏွစ္ဦးကို မေလးရွားရဲတပ္ဖဲြ႔က ဖမ္းဆီးလိုက္ပါတယ္။

ဆႏၵျပဖို႔အတြက္ ခြင့္ျပဳမိန္႔ရထားၿပီးျဖစ္ေပမဲ့၊ ခြင့္ျပဳထားတဲ့ လူဦးေရထက္ ပိုမိုမ်ားျပားလာတဲ့အတြက္ ဖမ္းဆီးသြားတာျဖစ္တယ္လို႔ ဆႏၵျပရာမွာပါ၀င္တဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား ကူညီေရးအဖြဲ႔က ကိုေက်ာ္သိန္းႏိုင္ က ေျပာပါတယ္။

"ပထမဆံုး ရဲမွဴးေတြေရာက္လာၿပီး သူတို႔ခြင့္မျပဳဘူးလို႔ေျပာတယ္၊ ငါတို႔က ခြင့္ျပဳစာတင္ထားပါတယ္၊ သူတို႔က လံုးဝခြင့္မျပဳဘူး လူႏွစ္ေယာက္ပဲ ထိုင္းသံရံုးထဲ ဝင္လို႔ရမယ္လို႔ ေျပာတယ္ခင္ဗ်၊ က်ေနာ္တို႔က ေျဖးေျဖးရွင္းညိွရင္း နဲ႔ ညိွလို႔မရဘူးျဖစ္ေနတယ္၊ လူေတြကလည္း တျဖည္းျဖည္းမ်ားလာတယ္၊ လူေတြက ဒီအတိုင္းေတာ့ မျပန္ဘူးဆိုၿပီး အားလံုးက
 ေအာ္ဟစ္သြားၾကတာေပါ့၊ ရဲေတြက ေခါင္းေဆာင္ႏွစ္ေယာက္ကို ေခၚသြားတယ္၊ သူတို႔က
 မေလးရွားဥပေဒနဲ႔ မလြတ္ဘူးလို႔ေျပာပါတယ္၊ ႏိုင္ငံျခားသားေတြက ဆႏၵျပလို႔မရဘူးလို႔ေျပာတယ္"

ဆႏၵျပပဲြကို ဦးေဆာင္သူေတြျဖစ္တဲ့ ျမန္မာေရြ႕ေျပာင္းအလုပ္သမား ကူညီေရးအဖဲြ႕က ဦးခ်စ္ေကာင္းနဲ႔ ကပုန္းနာေရးကူညီမႈအသင္း ဥကၠဌ ကိုသန္း၀င္းတုိ႔ကို ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

အဲဒီဆႏၵျပပြဲကို မေလးရွားႏုိင္ငံ ေရာက္ရွိေနတဲ့ စက္ရံု၊ အလုပ္ရံု၊ စားေသာက္ဆုိင္ စတာေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ၅၀၀ ၀န္းက်င္ ပါ၀င္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒီအတြင္း ခုိေထာင္းက်ြန္းလူသတ္မႈမွာ ေသဒဏ္ခ်မွတ္ခံထားရတဲ႔ ကိုေဇာ္လင္းနဲ႔ ကို၀င္းေဇာ္ထြန္း ေခၚ ကိုေ၀ၿဖိဳးတို႔ ဟာ ေထာင္ေျပာင္းအၿပီး၊ သူတို႔ရဲ႕မိခင္ေတြနဲ႔ ဒီေန႔ စကားေျပာဆိုခြင့္ ရရွိခဲ႔ပါတယ္။

သူတို႔ကို ဒီဇင္ဘာ ၂၄ရက္ေန႔က ေသဒဏ္အမိန္႔ခ်မွတ္ခဲ့ၿပီးတဲ့ေနာက္၊ ေကာ႔စေမြေထာင္ကေန၊ လံုျခံဳေရးပိုတင္းၾကပ္တဲ့ နခြန္စီတာမရားေထာင္ကို ေျပာင္းေရြ႔ခဲ႔ပါတယ္။

အဲဒီေထာင္မွာ မိသားစုေထာင္၀င္စာ ေတြ႔ခြင္႔ရတဲ႔ေန႔ဟာ အဂၤါေန႔နဲ႔ ၾကာသပေတးေန႔ျဖစ္တာေၾကာင္႔ လူကိုယ္တိုင္ေတြ႔ခြင္႔မရဘဲ၊ ကြန္ျပဴတာကတဆင္႔သာ စကားေျပာခြင္႔ရခဲ႔တယ္လို႔ သိရပါတယ္။ ကိုေ၀ၿဖိဳးရဲ႕ မိခင္ေဒၚခင္သိန္းက ေျပာပါတယ္။

ေဒၚခင္သိန္းက သူ႔သားကို က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္ရြင္ရြင္ေတြ႔ခဲ႔ရေၾကာင္း၊ ဒါေပမဲ႔ ၂၄နာရီ ေျခခ်င္းခတ္ ထားတာေတြ႔ရၿပီး၊ ထိုင္းနိုင္ငံဥပေဒအရ တစ္လတိတိ ေထာင္ထဲမွာ ေျခခ်င္းခတ္ခံရမယ္လို႔ သိရေၾကာင္း ေျပာပါတယ္။

ကိုေဇာ္လင္းနဲ႔  ကိုေ၀ၿဖိဳး တို႔အေနနဲ႔ ေထာင္ေျပာင္းလိုက္ခ်ိန္မွာ   စိုးရိမ္မႈေတြရွိေနေပမဲ႔  ေထာင္၀န္ထမ္းေတြနဲ႔ အက်ဥ္းသားေတြက  ေကာင္းေကာင္းမြန္မြန္ဆက္ဆံၿပီး အားေပးစကားေျပာၾကားၾကေၾကာင္း၊  ေနေရးထိုင္ေရး လည္း အရင္ေထာင္ထက္ ပိုမိုေကာင္းမြန္ေၾကာင္းေျပာျပတယ္လို႔  ကိုေ၀ၿဖိဳးရဲ႕မိခင္ ေဒၚခင္သိန္း က ေျပာပါ တယ္။

ေဒၚခင္သိန္း ကို ဦးတင္ေအာင္ခိုင္ ဆက္သြယ္ေမးျမန္းခဲ့တာ နားဆင္ႏိုင္ပါတယ္။


RFA Burmese
http://www.rfa.org/burmese

.............................................................

အယူခံကာလ အတွင်း စောင့်ရှောက်ပေးဖို့ မြန်မာ လူ့/ခွင့် ကော်မရှင် ထိုင်းကို ပန်ကြား

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်း လူသတ်မှုမှာ မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အယူခံဝင်တဲ့ကာလအတွင်း လူ့အခွင့်အရေးအရ ကာကွယ်စောင့်ရှောက်ပေးဖို့
 မြန်မာအမျိုးသား လူ့အခွင့် အရေးကော်မရှင်က ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပန်ကြားလိုက်ပါတယ်။

ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဆီ ဒီကနေ့ရက်စွဲနဲ့ မေတ္တာရပ်ခံစာ ပေးပို့လိုက်ကြောင်း
 မြန်မာ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် က ပြောပါတယ်။

"ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်မှု မဖြစ်အောင် ပြောတာပေ့ါနော်၊ ဆေးပညာကလည်း အခိုင်အမာ မပြနိုင်ဘူး ဆိုတာသိတယ်၊ မျက်မြင်သက်သေလည်းမရှိဘူး၊ ရဲကလည်း ညှင်းပမ်းနှိပ်စက်တယ်ဆိုတဲ့ သတင်းတွေလည်း ရတယ်၊ ကျနော်တို့ မြို့တွေမှာလည်း ဆန္ဒပြတယ်ဆိုတဲ့အကြောင်း၊ သူတို့လွတ်မြောက်ရေးကို တောင်းဆိုနေကြ တာရှိတော့လေ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားမျှမျှတတဖြစ်ဖို့ အယူခံဝင်တဲ့ကာလမှာလည်း ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေခံစားဖို့၊ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌကို ဒီနေ့ပဲ ပို့လိုက်တာပေါ့နော်"

အယူခံဝင်တဲ့အခါမှာ သူတို့နှစ်ဦးရသင့်ရထိုက်တဲ့ အခွင့်အရေးတွေခံစားခွင့်ရဖို့၊ ထိုင်းတရားရုံးဘက်က တရားမျှတစွာနဲ့ စီရင်ဆုံးဖြတ်ဖို့၊ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုမှာ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံသားနှစ်ဦးအပေါ် စီရင်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်က ထိုင်း မြန်မာနယ််စပ် ဘုရားသုံးဆူဂိတ်မှာ ဒီနေ့ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြပြီး၊ ဒီအမှုကို ပြန်လည် သုံးသပ်ပေးဖို့ မေတ္တာရပ်ခံစာကို ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ လက်ထောက်မြို့ပိုင်ထံ ပေးအပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က စက်ရုံတချို့လည်း မနေ့ကစပြီး ရက်ရှည်ပိတ်လိုက်တယ်လို့ သိရပါတယ်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာလည်း မြို့ခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မလေးရှားနိုင်ငံမှာတော့ ဒီအမှု စီရင်ချင်နဲ့ ပတ်သက်ပြီး ထိုင်းသံရုံးရှေ့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ တဲ့ မြန်မာနိုင်ငံသားတွေထဲက ဦးဆောင်သူနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဆန္ဒပြဖို့အတွက် ခွင့်ပြုမိန့်ရထားပြီးဖြစ်ပေမဲ့၊ ခွင့်ပြုထားတဲ့ လူဦးရေထက် ပိုမိုများပြားလာတဲ့အတွက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါ၀င်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးအဖွဲ့က ကိုကျော်သိန်းနိုင် က ပြောပါတယ်။

"ပထမဆုံး ရဲမှူးတွေရောက်လာပြီး သူတို့ခွင့်မပြုဘူးလို့ပြောတယ်၊ ငါတို့က ခွင့်ပြုစာတင်ထားပါတယ်၊ သူတို့က လုံးဝခွင့်မပြုဘူး လူနှစ်ယောက်ပဲ ထိုင်းသံရုံးထဲ ဝင်လို့ရမယ်လို့ ပြောတယ်ခင်ဗျ၊ ကျနော်တို့က ဖြေးဖြေးရှင်းညှိရင်း နဲ့ ညှိလို့မရဘူးဖြစ်နေတယ်၊ လူတွေကလည်း တဖြည်းဖြည်းများလာတယ်၊ လူတွေက ဒီအတိုင်းတော့ မပြန်ဘူးဆိုပြီး အားလုံးက
 အော်ဟစ်သွားကြတာပေါ့၊ ရဲတွေက ခေါင်းဆောင်နှစ်ယောက်ကို ခေါ်သွားတယ်၊ သူတို့က
 မလေးရှားဥပဒေနဲ့ မလွတ်ဘူးလို့ပြောပါတယ်၊ နိုင်ငံခြားသားတွေက ဆန္ဒပြလို့မရဘူးလို့ပြောတယ်"

ဆန္ဒပြပွဲကို ဦးဆောင်သူတွေဖြစ်တဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့က ဦးချစ်ကောင်းနဲ့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ကိုသန်းဝင်းတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲကို မလေးရှားနိုင်ငံ ရောက်ရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင် စတာတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ၅၀၀ ၀န်းကျင် ပါ၀င်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအတွင်း ခိုထောင်းကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း ခေါ် ကိုဝေဖြိုးတို့ ဟာ ထောင်ပြောင်းအပြီး၊ သူတို့ရဲ့မိခင်တွေနဲ့ ဒီနေ့ စကားပြောဆိုခွင့် ရရှိခဲ့ပါတယ်။

သူတို့ကို ဒီဇင်ဘာ ၂၄ရက်နေ့က သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးတဲ့နောက်၊ ကော့စမွေထောင်ကနေ၊ လုံခြုံရေးပိုတင်းကြပ်တဲ့ နခွန်စီတာမရားထောင်ကို ပြောင်းရွေ့ခဲ့ပါတယ်။

အဲဒီထောင်မှာ မိသားစုထောင်ဝင်စာ တွေ့ခွင့်ရတဲ့နေ့ဟာ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ဖြစ်တာကြောင့် လူကိုယ်တိုင်တွေ့ခွင့်မရဘဲ၊ ကွန်ပြူတာကတဆင့်သာ စကားပြောခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ကိုဝေဖြိုးရဲ့ မိခင်ဒေါ်ခင်သိန်းက ပြောပါတယ်။

ဒေါ်ခင်သိန်းက သူ့သားကို ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင်တွေ့ခဲ့ရကြောင်း၊ ဒါပေမဲ့ ၂၄နာရီ ခြေချင်းခတ် ထားတာတွေ့ရပြီး၊ ထိုင်းနိုင်ငံဥပဒေအရ တစ်လတိတိ ထောင်ထဲမှာ ခြေချင်းခတ်ခံရမယ်လို့ သိရကြောင်း ပြောပါတယ်။

ကိုဇော်လင်းနဲ့  ကိုဝေဖြိုး တို့အနေနဲ့ ထောင်ပြောင်းလိုက်ချိန်မှာ   စိုးရိမ်မှုတွေရှိနေပေမဲ့  ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေက  ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အားပေးစကားပြောကြားကြကြောင်း၊  နေရေးထိုင်ရေး လည်း အရင်ထောင်ထက် ပိုမိုကောင်းမွန်ကြောင်းပြောပြတယ်လို့  ကိုဝေဖြိုးရဲ့မိခင် ဒေါ်ခင်သိန်း က ပြောပါ တယ်။

ဒေါ်ခင်သိန်း ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။


RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment