Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

အၾကမ္းဖက္မႈ ဆန္႔က်င္ေရး ဥပေဒ တရုတ္လႊတ္ေတာ္ အတည္ျပဳ

ခရစၥမတ္ အႀကိဳ ေဘဂ်င္း ၿမိဳ႕ေတာ္မွာ လုံၿခံဳေရး တင္းက်ပ္ေနပံု

အျငင္းပြါးဖြယ္ရာ အၾကမ္းဖက္မႈဆန္႔က်င္ေရးဥပေဒတရပ္ကို တရုတ္လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။ ဒီ ဥပေဒမွာ ကြန္ျပဴတာနဲ႔ေရးသားထားတဲ့ encryption လို႔ေခၚတဲ့ အလြယ္တကူဖတ္ရႈလို႔ မရေအာင္ေရးသားထားတဲ့ အခ်က္အလက္ေတြအပါအ၀င္ တျခားအခ်က္အလက္ေတြကို အစိုးရအေနနဲ႔ ေတာင္းဆိုမယ္ဆိုလ်င္ ႏိုင္ငံတကာ နည္းပညာ အဖြဲ႔အစည္းေတြအေနနဲ႔ ေပးအပ္သြားရမွာျဖစ္တယ္ဆိုတဲ့ အခ်က္ပါ၀င္ပါတယ္။

တနဂၤေႏြေန႔မွာ တရုတ္ ျပည္သူ႔လႊတ္ေတာ္ရဲ႕အၿမဲတမ္းေကာ္မတီကေန ဒီဥပေဒကို တခဲနက္အတည္ျပဳလိုက္တာျဖစ္တယ္လို႔ ႏိုင္ငံပိုင္ ဆင္ဟြာ သတင္းဌာနက   ေျပာပါတယ္။ ႏုိင္ငံတြင္းမွာ အၾကမ္းဖက္၀ါဒကို ႏွိမ္နင္းၿပီး ႏုိင္ငံတကာ လံုျခံဳေရးကို အေထာက္အကူျပဳဖို႔ ရည္ရြယ္ၿပီး ဒီဥပေဒကိုျပဌာန္းတာလို႔လည္း သတင္းမွာေဖၚျပထားပါတယ္။

ဇန္န၀ါရိလ ၁ ရက္ေန႔မွာ စတင္အသက္၀င္မွာျဖစ္တဲ့ ဒီဥပေဒနဲ႔ပါတ္သတ္လို႔ ဒီႏွစ္အေစာပိုင္းမွာ အေမရိကန္သမၼတ ဘရက္အိုဘားမားက   ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့ပါတယ္။ တရုတ္ကုမၸဏီေတြအေနနဲ႔ အေမရိကန္ျပည္ေထာင္စုနဲ႔ အလုပ္လုပ္ကိုင္မယ္ဆိုလ်င္ ဒီဥပေဒကို ျပဳျပင္ေျပာင္းလည္းဖို႔လိုတယ္ဆိုၿပီး သမၼတအိုဘားမားက သတိေပးေျပာဆိုခဲ့တာပါ။

တနဂၤေႏြေန႔က တရုတ္လႊတ္ေတာ္ကေန အတည္ျပဳလိုက္တဲ့ ဒီဥပေဒနဲ႔ပါတ္သတ္လို႔ အေမရိကန္ဘက္က ခ်က္ခ်င္းတံု႔ျပန္တာမ်ဳိးေတာ့ မရွိေသးေပမယ့္လည္းအေနာက္ႏိုင္ငံကတန္ဖိုးထားတဲ့ လူ႔အခြင့္အေရးစံသတ္မွတ္ခ်က္ေတြအေပၚ ဒီဥပေဒက သက္ေရာက္မႈေတြရွိမွာကို စိုးရိမ္ေၾကာင္း ေျပာၾကားထားခဲ့တာပါ။

တရုတ္အစိုးရဘက္ကေတာ့ အခုလို စြပ္ဆြဲမႈေတြအေပၚ လက္မခံေၾကာင္း အႀကိမ္ႀကိမ္ေျပာဆိုထားၿပီး တရုတ္ႏုိင္ငံအေနာက္ေျမာက္ပိုင္းက ၀ွီဂါမူဆလင္အမ်ားအျပားေနထိုင္တဲ့ေဒသမွာ အၾကမ္းဖက္၀ါဒအႏၱရာယ္ကို သူတို႔အေနနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာဆိုပါတယ္။


VOA Burmese
http://burmese.voanews.com

.........................................................................

အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေ တရုတ်လွှတ်တော် အတည်ပြု

အငြင်းပွါးဖွယ်ရာ အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေတရပ်ကို တရုတ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီ ဥပဒေမှာ ကွန်ပြူတာနဲ့ရေးသားထားတဲ့ encryption လို့ခေါ်တဲ့ အလွယ်တကူဖတ်ရှုလို့ မရအောင်ရေးသားထားတဲ့ အချက်အလက်တွေအပါအဝင် တခြားအချက်အလက်တွေကို အစိုးရအနေနဲ့ တောင်းဆိုမယ်ဆိုလျင် နိုင်ငံတကာ နည်းပညာ အဖွဲ့အစည်းတွေအနေနဲ့ ပေးအပ်သွားရမှာဖြစ်တယ်ဆိုတဲ့ အချက်ပါ၀င်ပါတယ်။

တနင်္ဂနွေနေ့မှာ တရုတ် ပြည်သူ့လွှတ်တော်ရဲ့အမြဲတမ်းကော်မတီကနေ ဒီဥပဒေကို တခဲနက်အတည်ပြုလိုက်တာဖြစ်တယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက   ပြောပါတယ်။ နိုင်ငံတွင်းမှာ အကြမ်းဖက်ဝါဒကို နှိမ်နင်းပြီး နိုင်ငံတကာ လုံခြံုရေးကို အထောက်အကူပြုဖို့ ရည်ရွယ်ပြီး ဒီဥပဒေကိုပြဌာန်းတာလို့လည်း သတင်းမှာဖေါ်ပြထားပါတယ်။

ဇန်နဝါရိလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တဲ့ ဒီဥပဒေနဲ့ပါတ်သတ်လို့ ဒီနှစ်အစောပိုင်းမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားက   ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အလုပ်လုပ်ကိုင်မယ်ဆိုလျင် ဒီဥပဒေကို ပြုပြင်ပြောင်းလည်းဖို့လိုတယ်ဆိုပြီး သမ္မတအိုဘားမားက သတိပေးပြောဆိုခဲ့တာပါ။

တနင်္ဂနွေနေ့က တရုတ်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ဒီဥပဒေနဲ့ပါတ်သတ်လို့ အမေရိကန်ဘက်က ချက်ချင်းတုံ့ပြန်တာမျိုးတော့ မရှိသေးပေမယ့်လည်းအနောက်နိုင်ငံကတန်ဖိုးထားတဲ့ လူ့အခွင့်အရေးစံသတ်မှတ်ချက်တွေအပေါ် ဒီဥပဒေက သက်ရောက်မှုတွေရှိမှာကို စိုးရိမ်ကြောင်း ပြောကြားထားခဲ့တာပါ။

တရုတ်အစိုးရဘက်ကတော့ အခုလို စွပ်ဆွဲမှုတွေအပေါ် လက်မခံကြောင်း အကြိမ်ကြိမ်ပြောဆိုထားပြီး တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ၀ှီဂါမူဆလင်အများအပြားနေထိုင်တဲ့ဒေသမှာ အကြမ်းဖက်ဝါဒအန္တရာယ်ကို သူတို့အနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောဆိုပါတယ်။


VOA Burmese
http://burmese.voanews.com

No comments:

Post a Comment