Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

ျမန္မာနိုင္ငံသားေတြကို ကြင္းလုံးကၽြတ္ လႊတ္ဖို႔ ထိုင္းေရွေနမ်ား အဖြဲ႕ ေတာင္းဆို

   တရားလို ေရွ႕ေန ေတြ ဘက္က ကိုင္စြဲ ထားတဲ့ အဓိက အခ်က္ ၃ ခ်က္ စလုံး ကို ျပန္လည္ ေျဖရွင္း နိုင္တဲ့ အတြက္ စီရင္ခ်က္ ခ်မွတ္ တဲ့ အခါ အေျဖေကာင္း ထြက္ လာနိုင္တယ္။

ၿဗိတိန္ နိုင္ငံသား ႏွစ္ဦး အသတ္ခံရမွုနဲ႔ ထိုင္းနိုင္ငံမွာ ဖမ္းဆီး တရားစြဲဆို ခံထားရတဲ့ ျမန္မာနိုင္ငံသား ႏွစ္ဦး ကို အမွုကေန ကြင္းလုံးလြတ္ကၽြတ္ လႊတ္ေပးဖို႔ ထိုင္းေရွေနမ်ား အဖြဲ႕က ေၾကညာခ်က္ ထုတ္ ေတာင္းဆို လိုက္ပါတယ္။

အဲဒီ့အမွု ကို ထိုင္းတရား႐ုံးက အမိန္႔ ခ်မွတ္ေတာ့မယ့္ ဒီဇင္ဘာ ၂၄ ရက္ ၾကာသာပေတးေန႔ မတိုင္ခင္ အခုလို ေၾကညာခ်က္ ထြက္လာတာပါ။

ျမန္မာနိုင္ငံသား ႏွစ္ဦး ျဖစ္တဲ့ ေဇာ္လင္း နဲ႔ ဝင္းေဇာ္ထြန္း ေခၚ ေဝၿဖိဳး တို႔ဟာ ၿပီးခဲ့တဲ့ ႏွစ္ စက္တင္ဘာလ တုန္းက ထိုင္း နိုင္ငံ ေတာင္ပိုင္း ေကာ္ေတာင္ကၽြန္းမွာ ျဖစ္ေပၚခဲ့တဲ့ ၿဗိတိသၽွ အမ်ိဳးသမီး Hannah Witheridge ကို အဓမၼ ျပဳက်င့္ၿပီး သတ္ျဖတ္မွု၊ ၿဗိတိသၽွ အမ်ိဳးသား David Miller ကို သတ္ျဖတ္မွု ေတြ နဲ႔ ဖမ္းဆီး စြဲဆို ခံ ေနရတာ ျဖစ္ပါတယ္။

တရားခံလို႔ အစြပ္စြဲ ခံထားရသူ ျမန္မာ နိုင္ငံသား ႏွစ္ဦးဘက္က ဥပေဒအရ ထုေခ် နိုင္ဖို႔ အတြက္ ထိုင္းေရွ႕ေနမ်ား ေကာင္စီက ဘန္ေကာက္ၿမိဳ႕ ျမန္မာ သံ႐ုံးနဲ႔ ညႇိႏွိုင္းၿပီး အခမဲ့ အက်ိဳးေဆာင္ ေပး ေနတာ ျဖစ္ပါတယ္။

တရားလို ေရွ႕ေန ေတြ ဘက္က ကိုင္စြဲ ထားတဲ့ အဓိက အခ်က္ ၃ ခ်က္ စလုံး ကို ျပန္လည္ ေျဖရွင္း နိုင္တဲ့ အတြက္ စီရင္ခ်က္ ခ်မွတ္ တဲ့ အခါ အေျဖေကာင္း ထြက္ လာနိုင္တယ္ ဆိုၿပီး ဘန္ေကာက္ ျမန္မာသံ႐ုံး ဥပေဒအႀကံျပဳ ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ဘီဘီစီ ကို ေျပာပါတယ္။

ပထမ အခ်က္ ျဖစ္တဲ့ တရားခံ ေတြ က ေျဖာင့္ခ်က္ ေပးခဲ့တယ္ ဆိုၿပီး ထိုင္းရဲ က တင္ၿပ ခဲ့တဲ့ အခ်က္ ဟာ ေျဖာင့္ခ်က္ ရယူ တုန္းက လိုက္နာရမယ့္ ဥပေဒ ထုံးတမ္းေတြ နဲ႔ မကိုက္ညီ လို႔ ပ်က္ျပယ္ ခဲ့ရၿပီး ျဖစ္တဲ့ အျပင္၊ ဒုတိယ အခ်က္ ျဖစ္တဲ့ DNA စမ္းစစ္ ခ်က္ နဲ႔ ပတ္သက္ၿပီးေတာ့ လည္း ထိုင္း အမ်ိဳးသား ဆရာဝန္ႀကီး ေဒါတာ ဖြန္သစ္ရဲ့ တရားခြင္မွာ လာေရာက္ ထြက္ဆိုမွု ဟာ တရားခံ အျဖစ္ စြပ္စြဲ ခံထားရသူေတြ ဘက္ အေလးသာ ေစခဲ့တယ္လို႔ ဦးေအာင္မ်ိဳးသန္႔က ဆိုပါတယ္။

ေနာက္ဆုံး အခ်က္ ျဖစ္တဲ့ ထိုင္းရဲ က ဝင္းေဇာ္ထြန္း ရဲ့ ပုံ အျဖစ္ CCTV မွတ္တမ္း ဓာတ္ပုံ ကိုလည္း အဂၤလန္ အထိ ပို႔ၿပီး ကၽြမ္းက်င္သူေတြ နဲ႔ စစ္ေဆး ရာက ထိုင္းရဲ ေတြ စြပ္စြဲ ထားသလို မဟုတ္ ဘူး ဆိုၿပီး အေၿဖ ရထား တဲ့ အတြက္ တရား႐ုံး ကို တင္ၿပ ထားၿပီး ျဖစ္တယ္ လို႔ ဦးေအာင္မ်ိဳးသန္႔က ေျပာပါတယ္။

ဒါ့ေၾကာင့္ ၾကာသာပေတး ေန႔ ေကာ့စမြီ ကၽြန္း တရား႐ုံးက ေန အမိန္႔ ခ်မွတ္တဲ့ အခါ တရားခံ အျဖစ္ စြပ္စြဲ ခံေနရ သူေတြ အတြက္ အေျဖေကာင္း ထြက္လာ နိုင္ဖို႔ တရားခံ ေရွ႕ေနေတြ ဘက္က ေမၽွာ္လင့္ ေနၾက ပါတယ္။

BBC Burmese
http://www.bbc.com/burmese

...............................................

မြန်မာနိုင်ငံသားတွေကို ကွင်းလုံးကျွတ် လွှတ်ဖို့ ထိုင်းရှေနေများ အဖွဲ့ တောင်းဆို

   တရားလို ရှေ့နေ တွေ ဘက်က ကိုင်စွဲ ထားတဲ့ အဓိက အချက် ၃ ချက် စလုံး ကို ပြန်လည် ဖြေရှင်း နိုင်တဲ့ အတွက် စီရင်ချက် ချမှတ် တဲ့ အခါ အဖြေကောင်း ထွက် လာနိုင်တယ်။

ဗြိတိန် နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီး တရားစွဲဆို ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦး ကို အမှုကနေ ကွင်းလုံးလွတ်ကျွတ် လွှတ်ပေးဖို့ ထိုင်းရှေနေများ အဖွဲ့က ကြေညာချက် ထုတ် တောင်းဆို လိုက်ပါတယ်။

အဲဒီ့အမှု ကို ထိုင်းတရားရုံးက အမိန့် ချမှတ်တော့မယ့် ဒီဇင်ဘာ ၂၄ ရက် ကြာသာပတေးနေ့ မတိုင်ခင် အခုလို ကြေညာချက် ထွက်လာတာပါ။

မြန်မာနိုင်ငံသား နှစ်ဦး ဖြစ်တဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း ခေါ် ဝေဖြိုး တို့ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ တုန်းက ထိုင်း နိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဗြိတိသျှ အမျိုးသမီး Hannah Witheridge ကို အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ်မှု၊ ဗြိတိသျှ အမျိုးသား David Miller ကို သတ်ဖြတ်မှု တွေ နဲ့ ဖမ်းဆီး စွဲဆို ခံ နေရတာ ဖြစ်ပါတယ်။

တရားခံလို့ အစွပ်စွဲ ခံထားရသူ မြန်မာ နိုင်ငံသား နှစ်ဦးဘက်က ဥပဒေအရ ထုချေ နိုင်ဖို့ အတွက် ထိုင်းရှေ့နေများ ကောင်စီက ဘန်ကောက်မြို့ မြန်မာ သံရုံးနဲ့ ညှိနှိုင်းပြီး အခမဲ့ အကျိုးဆောင် ပေး နေတာ ဖြစ်ပါတယ်။

တရားလို ရှေ့နေ တွေ ဘက်က ကိုင်စွဲ ထားတဲ့ အဓိက အချက် ၃ ချက် စလုံး ကို ပြန်လည် ဖြေရှင်း နိုင်တဲ့ အတွက် စီရင်ချက် ချမှတ် တဲ့ အခါ အဖြေကောင်း ထွက် လာနိုင်တယ် ဆိုပြီး ဘန်ကောက် မြန်မာသံရုံး ဥပဒေအကြံပြု ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီ ကို ပြောပါတယ်။

ပထမ အချက် ဖြစ်တဲ့ တရားခံ တွေ က ဖြောင့်ချက် ပေးခဲ့တယ် ဆိုပြီး ထိုင်းရဲ က တင်ပြ ခဲ့တဲ့ အချက် ဟာ ဖြောင့်ချက် ရယူ တုန်းက လိုက်နာရမယ့် ဥပဒေ ထုံးတမ်းတွေ နဲ့ မကိုက်ညီ လို့ ပျက်ပြယ် ခဲ့ရပြီး ဖြစ်တဲ့ အပြင်၊ ဒုတိယ အချက် ဖြစ်တဲ့ DNA စမ်းစစ် ချက် နဲ့ ပတ်သက်ပြီးတော့ လည်း ထိုင်း အမျိုးသား ဆရာဝန်ကြီး ဒေါတာ ဖွန်သစ်ရဲ့ တရားခွင်မှာ လာရောက် ထွက်ဆိုမှု ဟာ တရားခံ အဖြစ် စွပ်စွဲ ခံထားရသူတွေ ဘက် အလေးသာ စေခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

နောက်ဆုံး အချက် ဖြစ်တဲ့ ထိုင်းရဲ က ဝင်းဇော်ထွန်း ရဲ့ ပုံ အဖြစ် CCTV မှတ်တမ်း ဓာတ်ပုံ ကိုလည်း အင်္ဂလန် အထိ ပို့ပြီး ကျွမ်းကျင်သူတွေ နဲ့ စစ်ဆေး ရာက ထိုင်းရဲ တွေ စွပ်စွဲ ထားသလို မဟုတ် ဘူး ဆိုပြီး အဖြေ ရထား တဲ့ အတွက် တရားရုံး ကို တင်ပြ ထားပြီး ဖြစ်တယ် လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒါ့ကြောင့် ကြာသာပတေး နေ့ ကော့စမွီ ကျွန်း တရားရုံးက နေ အမိန့် ချမှတ်တဲ့ အခါ တရားခံ အဖြစ် စွပ်စွဲ ခံနေရ သူတွေ အတွက် အဖြေကောင်း ထွက်လာ နိုင်ဖို့ တရားခံ ရှေ့နေတွေ ဘက်က မျှော်လင့် နေကြ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment