Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

ဒုကၡသည္ေတြ အတြက္ ခရစၥမတ္ ထမင္းတနပ္

ကခ်င္ျပည္နယ္က ဒုကၡသည္ေတြ ေနရပ္ မျပန္ နိုင္ေသး
  
စစ္ေျပး စစ္ေရွာင္ ဒုကၡသည္ေတြ အတြက္ တစ္ေယာက္ကို က်ပ္ေငြ တစ္ေထာင္တန္ ခရစၥမတ္ ထမင္းတစ္နပ္ေကၽြးနိုင္ဖို႔ ကခ်င္ ၿငိမ္းခ်မ္းေရး ကြန္ရက္ အဖြဲ႕ဝင္ေတြက အလွူေငြ ေကာက္ခံ လွူဒါန္းခဲ့ၾက ပါတယ္။

ခရစ္ယာန္ ဘာသာဝင္ေတြ အတြက္ အေရးႀကီးတဲ့ ခရစၥမတ္အခ်ိန္မွာ ဒုကၡသည္စခန္းမွာ ခိုလွုံေနၾကရသူေတြ အတြက္ တစ္နပ္စာကို မပူမပင္ စားနိုင္ေအာင္၊ အျပင္ထြက္ အလုပ္မလုပ္ဘဲ မိသားစု အတူ ေနနိုင္ေအာင္နဲ႔ ဒုကၡသည္ စခန္းက လူေတြ အခ်င္းခ်င္း ဆုံေတြ႕နိုင္ၾကေအာင္ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ဒီအစီအစဥ္ကို လုပ္ျဖစ္တာလို႔ ကခ်င္ ၿငိမ္းခ်မ္းေရး ကြန္ရက္ က ေဒၚခြန္ဂ်ာက ေျပာပါတယ္။

အမ်ိဳးသားေတြက ေငြရဖို႔ စခန္းျပင္ထြက္ၿပီး အလုပ္ရွာရတဲ့ အျဖစ္မ်ိဳး မျဖစ္ရေအာင္ မိခင္ေတြ အေနနဲ႔ ကေလးေတြကို ထားၿပီး အျပင္ထြက္ အလုပ္မလုပ္ၾကရဘဲ အနည္းဆုံးေတာ့ တစ္ရက္တာ ရယ္ေမာ ေပ်ာ္ရႊင္နိုင္ၾကရေစဖို႔ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

ဒုကၡသည္ စခန္းမွာ ငါးႀကိမ္ေျမာက္ ခရစၥမတ္ ကာလကို ၾကဳံၾကရတဲ့ တခ်ိဳ႕ စခန္းေတြက ဒုကၡသည္ေတြဟာ စားစရာမရွိ ရိကၡာ မရွိျဖစ္ေနၾကတဲ့ အတြက္ ဘုရားေက်ာင္းသြားၿပီး ဘုရားမရွိခိုးနိုင္ ျဖစ္ေနၾကတယ္လို႔လည္း ေဒၚခြန္ဂ်ာက ေျပာပါတယ္။

ျပည္တြင္းျပည္ပက အလွူရွင္ေတြရဲ့ လွူဒါန္းမွုအရ ေလာေလာဆယ္ ဒုကၡသည္ ေလးေသာင္းနီးပါးစာေလာက္ ရထားၿပီလို႔လည္း သူက ေျပာပါတယ္။

ကခ်င္ျပည္နယ္ အတြင္း ေကအိုင္အို ကခ်င္ လြတ္လပ္ေရးအဖြဲ႕ ထိန္းခ်ဳပ္တဲ့ နယ္ေျမမွာ ဒုကၡသည္ စုစုေပါင္း ငါးေသာင္းေလာက္ အတြက္ နဲ႔ ရွမ္းျပည္နယ္ ဝမ္ဟိုင္းနဲ႔ ေက်းသီး ဘက္က ဒုကၡသည္ ေတြ အတြက္ ထမင္း တစ္နပ္စာ လွူဒါန္းမွာ ျဖစ္ၿပီး အခု ေလာေလာဆယ္ လူ သုံးေသာင္းနီးပါးစာေလာက္ကို စခန္းေတြဆီ ေငြလႊဲ ေပးထားၿပီး ျဖစ္တယ္လို႔ လည္း ေဒၚခြန္ဂ်ာက ေျပာပါတယ္။

ထမင္းတစ္နပ္ ေကၽြးမယ့္ အစီအစဥ္ကေတာ့ သက္ဆိုင္ရာ စခန္းေတြရဲ့ အစီအစဥ္ အရ လုပ္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

BBC Burmese
http://www.bbc.com/burmese
.............................
 ကချင်ပြည်နယ်က ဒုက္ခသည်တွေ နေရပ် မပြန် နိုင်သေး
 
စစ်ပြေး စစ်ရှောင် ဒုက္ခသည်တွေ အတွက် တစ်ယောက်ကို ကျပ်ငွေ တစ်ထောင်တန် ခရစ္စမတ် ထမင်းတစ်နပ်ကျွေးနိုင်ဖို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ဝင်တွေက အလှူငွေ ကောက်ခံ လှူဒါန်းခဲ့ကြ ပါတယ်။

ခရစ်ယာန် ဘာသာဝင်တွေ အတွက် အရေးကြီးတဲ့ ခရစ္စမတ်အချိန်မှာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရသူတွေ အတွက် တစ်နပ်စာကို မပူမပင် စားနိုင်အောင်၊ အပြင်ထွက် အလုပ်မလုပ်ဘဲ မိသားစု အတူ နေနိုင်အောင်နဲ့ ဒုက္ခသည် စခန်းက လူတွေ အချင်းချင်း ဆုံတွေ့နိုင်ကြအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီအစီအစဉ်ကို လုပ်ဖြစ်တာလို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် က ဒေါ်ခွန်ဂျာက ပြောပါတယ်။

အမျိုးသားတွေက ငွေရဖို့ စခန်းပြင်ထွက်ပြီး အလုပ်ရှာရတဲ့ အဖြစ်မျိုး မဖြစ်ရအောင် မိခင်တွေ အနေနဲ့ ကလေးတွေကို ထားပြီး အပြင်ထွက် အလုပ်မလုပ်ကြရဘဲ အနည်းဆုံးတော့ တစ်ရက်တာ ရယ်မော ပျော်ရွှင်နိုင်ကြရစေဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒုက္ခသည် စခန်းမှာ ငါးကြိမ်မြောက် ခရစ္စမတ် ကာလကို ကြုံကြရတဲ့ တချို့ စခန်းတွေက ဒုက္ခသည်တွေဟာ စားစရာမရှိ ရိက္ခာ မရှိဖြစ်နေကြတဲ့ အတွက် ဘုရားကျောင်းသွားပြီး ဘုရားမရှိခိုးနိုင် ဖြစ်နေကြတယ်လို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။

ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ လှူဒါန်းမှုအရ လောလောဆယ် ဒုက္ခသည် လေးသောင်းနီးပါးစာလောက် ရထားပြီလို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း ကေအိုင်အို ကချင် လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေမှာ ဒုက္ခသည် စုစုပေါင်း ငါးသောင်းလောက် အတွက် နဲ့ ရှမ်းပြည်နယ် ဝမ်ဟိုင်းနဲ့ ကျေးသီး ဘက်က ဒုက္ခသည် တွေ အတွက် ထမင်း တစ်နပ်စာ လှူဒါန်းမှာ ဖြစ်ပြီး အခု လောလောဆယ် လူ သုံးသောင်းနီးပါးစာလောက်ကို စခန်းတွေဆီ ငွေလွှဲ ပေးထားပြီး ဖြစ်တယ်လို့ လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။

ထမင်းတစ်နပ် ကျွေးမယ့် အစီအစဉ်ကတော့ သက်ဆိုင်ရာ စခန်းတွေရဲ့ အစီအစဉ် အရ လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment