Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

အစိုးရသစ္လက္ထက္မွာ မသန္စြမ္း အခြင့္အေရး ပိုရလာဖို႔ ေမၽွာ္လင့္ေန

မသန္စြမ္း ကေလးငယ္ အေရအတြက္ ရဲ့ ထက္ဝက္ ေက်ာ္ ဟာလည္း ေက်ာင္း ပညာေရး ကို မရ ရွိနိုင္ ျဖစ္ေနရ။

ျမန္မာနိုင္ငံ မွာ မသန္စြမ္း ဥေပဒ ဆိုၿပီး အခု ႏွစ္ထဲမွာပဲ ထြက္ေပၚ လာခဲ့ ေပမယ့္ မသန္စြမ္း ပုဂၢိဳလ္ေတြ ရဲ့ အခြင့္အေရး ကို ကာကြယ္ ေစာင့္ေရွာက္ နိုင္ေရး အတြက္ လက္ေတြ႕ က်င့္သုံးဖို႔ရာ နည္းဥပေဒ ေတြ ဆက္လက္ ထြက္ေပၚ လာဖို႔ လိုအပ္ ေန ေသးတယ္ ဆိုၿပီး မသန္စြမ္း အခြင့္အေရး အတြက္ လွုပ္ရွား ေနသူေတြ က ေျပာပါတယ္။

နည္းဥပေဒ ေတြ နဲ႔ တကြ ဥပေဒ တစ္ရပ္ အျဖစ္ ခိုင္ခိုင္မာမာ အသက္ဝင္ လာမွလည္း မသန္စြမ္း ပုဂၢိဳလ္ ေတြ အေနနဲ႔ ခြဲျခား ဆက္ဆံ ခံေနရတာ ေတြ၊ ေဘးဖယ္ ခံေနရတာ ေတြ ကို ေျဖရွင္း ေက်ာ္လႊား နိုင္မွာ ျဖစ္တယ္ လို႔ ျမန္မာ နိုင္ငံ မသန္စြမ္းသူမ်ား ေရွ႕ေဆာင္အဖြဲ႕ က ပရိုဂရမ္ ဒါရိုက္တာ ကိုေနလင္းစိုး က ဘီဘီစီ ကို ေျပာပါတယ္။

ဒါေပမယ့္ အခု ဆယ္စုႏွစ္ အတြင္းမွာေတာ့ မသန္စြမ္းသူ ေတြ ရဲ့ လွုပ္ရွားမွု ေတြ ဖြံ့ၿဖိဳး လာၿပီး အႏွစ္သာရ အရလည္း သနား က႐ုဏာနဲ႔ အေထာက္အပံ့ ရရွိဖို႔ မဟုတ္ေတာ့ပဲ အခြင့္အေရး ရရွိဖို႔ အတြက္ ရည္ရြယ္ အေျချပဳ လွုပ္ရွား လာၾကတယ္ လို႔ ကိုေနလင္းစိုး က ေျပာပါတယ္။

အမ်ိဳးသား ပညာေရး ဥပေဒ ထဲမွာလည္း မသန္စြမ္းသူေတြ အခြင့္အေရး အတြက္ အတိတက် ထည့္သြင္း ထားၿပီး မသန္စြမ္း ဥပေဒ အရလည္း ဒုသမၼတ တစ္ေယာက္ ဦးေဆာင္တဲ့ မသန္စြမ္းသူေတြ အခြင့္အေရး ကို အေကာင္အထည္ ေဖာ္မယ့္ နိုင္ငံေတာ္ အဆင့္ ေကာ္မတီ တစ္ရပ္ ဖြဲ႕ဖို႔ အေရး ေတြ ပါဝင္ ေနတာေၾကာင့္ အစိုးရသစ္ လက္ထက္မွာ မသန္စြမ္း သူေတြဟာ ဥပေဒရဲ့ အကာအကြယ္ ပိုမို ရရွိနိုင္မယ္ လို႔ ေမၽွာ္လင့္ရတယ္ ဆိုၿပီးေတာ့လည္း ကိုေနလင္းစိုး က ေျပာပါတယ္။

ျမန္မာနိုင္ငံ ဟာ လက္ရွိ အေျခအေန မွာေတာ့ အာဆီယံ နိုင္ငံေတြထဲ မသန္စြမ္းေတြရဲ အခြင့္ေရး အနည္းဆုံး နိုင္ငံ သုံးနိုင္ငံ ထဲမွာ ပါဝင္ ေနၿပီး မသန္စြမ္း ကေလးငယ္ အေရအတြက္ ရဲ့ ထက္ဝက္ ေက်ာ္ ဟာလည္း ေက်ာင္း ပညာေရး ကို မရ ရွိနိုင္ ျဖစ္ေနရတယ္ လို႔ အခြင့္အေရး လွုပ္ရွားသူ ေတြက ဆိုပါတယ္။

BBC Burmese
http://www.bbc.com/burmese
.............
 မသန်စွမ်း ကလေးငယ် အရေအတွက် ရဲ့ ထက်ဝက် ကျော် ဟာလည်း ကျောင်း ပညာရေး ကို မရ ရှိနိုင် ဖြစ်နေရ။

မြန်မာနိုင်ငံ မှာ မသန်စွမ်း ဥပေဒ ဆိုပြီး အခု နှစ်ထဲမှာပဲ ထွက်ပေါ် လာခဲ့ ပေမယ့် မသန်စွမ်း ပုဂ္ဂိုလ်တွေ ရဲ့ အခွင့်အရေး ကို ကာကွယ် စောင့်ရှောက် နိုင်ရေး အတွက် လက်တွေ့ ကျင့်သုံးဖို့ရာ နည်းဥပဒေ တွေ ဆက်လက် ထွက်ပေါ် လာဖို့ လိုအပ် နေ သေးတယ် ဆိုပြီး မသန်စွမ်း အခွင့်အရေး အတွက် လှုပ်ရှား နေသူတွေ က ပြောပါတယ်။

နည်းဥပဒေ တွေ နဲ့ တကွ ဥပဒေ တစ်ရပ် အဖြစ် ခိုင်ခိုင်မာမာ အသက်ဝင် လာမှလည်း မသန်စွမ်း ပုဂ္ဂိုလ် တွေ အနေနဲ့ ခွဲခြား ဆက်ဆံ ခံနေရတာ တွေ၊ ဘေးဖယ် ခံနေရတာ တွေ ကို ဖြေရှင်း ကျော်လွှား နိုင်မှာ ဖြစ်တယ် လို့ မြန်မာ နိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ က ပရိုဂရမ် ဒါရိုက်တာ ကိုနေလင်းစိုး က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် အခု ဆယ်စုနှစ် အတွင်းမှာတော့ မသန်စွမ်းသူ တွေ ရဲ့ လှုပ်ရှားမှု တွေ ဖွံ့ဖြိုး လာပြီး အနှစ်သာရ အရလည်း သနား ကရုဏာနဲ့ အထောက်အပံ့ ရရှိဖို့ မဟုတ်တော့ပဲ အခွင့်အရေး ရရှိဖို့ အတွက် ရည်ရွယ် အခြေပြု လှုပ်ရှား လာကြတယ် လို့ ကိုနေလင်းစိုး က ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ထဲမှာလည်း မသန်စွမ်းသူတွေ အခွင့်အရေး အတွက် အတိတကျ ထည့်သွင်း ထားပြီး မသန်စွမ်း ဥပဒေ အရလည်း ဒုသမ္မတ တစ်ယောက် ဦးဆောင်တဲ့ မသန်စွမ်းသူတွေ အခွင့်အရေး ကို အကောင်အထည် ဖော်မယ့် နိုင်ငံတော် အဆင့် ကော်မတီ တစ်ရပ် ဖွဲ့ဖို့ အရေး တွေ ပါဝင် နေတာကြောင့် အစိုးရသစ် လက်ထက်မှာ မသန်စွမ်း သူတွေဟာ ဥပဒေရဲ့ အကာအကွယ် ပိုမို ရရှိနိုင်မယ် လို့ မျှော်လင့်ရတယ် ဆိုပြီးတော့လည်း ကိုနေလင်းစိုး က ပြောပါတယ်။

မြန်မာနိုင်ငံ ဟာ လက်ရှိ အခြေအနေ မှာတော့ အာဆီယံ နိုင်ငံတွေထဲ မသန်စွမ်းတွေရဲ အခွင့်ရေး အနည်းဆုံး နိုင်ငံ သုံးနိုင်ငံ ထဲမှာ ပါဝင် နေပြီး မသန်စွမ်း ကလေးငယ် အရေအတွက် ရဲ့ ထက်ဝက် ကျော် ဟာလည်း ကျောင်း ပညာရေး ကို မရ ရှိနိုင် ဖြစ်နေရတယ် လို့ အခွင့်အရေး လှုပ်ရှားသူ တွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment