Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

အာဆီယံႏိုင္ငံမ်ားအၾကား ျမန္မာ ဖြံ႔ၿဖိဳးမႈအနည္းဆံုးျဖစ္

ရန္ကုန္ၿမိဳ႕ကို ဒလဘက္ကမ္းကေန ေတြ႕ရစဥ္
Photo: RFA
ကုလသမဂၢဖြံ႔ၿဖိဳးမႈအစီအစဥ္ UNDP က ထုတ္ေဝလုိက္တဲ့ ၂ဝ၁၅ ခုႏွစ္ လူသားဖြံ႔ၿဖိဳးမႈညြန္းကိန္းမွာ  ျမန္မာႏုိင္ငံကုိ အဆင့္ ၁၄၈ သတ္မွတ္ၿပီး ဖြံ႔ၿဖိဳးမႈနည္းပါးႏုိင္ငံစာရင္း ထည့္သြင္းထားပါတယ္။ အေရွ႕ေတာင္အာရွႏုိင္ငံေတြ ထဲမွာ ျမန္မာျပည္က အနိမ့္ဆုံးလည္းျဖစ္ပါတယ္။ ကမာၻ႔ႏုိင္ငံ ၁၈၈ ႏုိင္ငံပါဝင္တဲ့ အဲဒီစာရင္းကုိ ၁။ ဖြံ႔ၿဖိဳးမႈ အလြန္ျမင့္မားေသာႏုိင္ငံမ်ား၊  ၂။ ဖြံ႔ၿဖိဳးမႈျမင့္မားႏုိင္ငံမ်ား၊ ၃။  ဖြံ႔ၿဖိဳးမွဳအလယ္အလတ္ ႏုိင္ငံမ်ားနဲ႔ ၄။  ဖြံ႔ၿဖိဳးမႈနည္း ပါးႏုိင္ငံမ်ားဆုိၿပီး အုပ္စု ၄ ခုခြဲထားပါတယ္။

UNDP က ဒီဇင္ဘာလ ၁၅ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ အဲဒီစာရင္းအရ ကမာၻေပၚမွာ ဖြံၿဖိဳးမႈအျမင့္ဆုံးႏုိင္ငံ အျဖစ္ ေနာ္ေဝႏုိင္ငံကုိသတ္မွတ္ထားၿပီး ၾသစေၾတးလ်က ဒုတိယနဲ႔ ဆြစ္ဇာလန္က တတိယျဖစ္ပါတယ္။ အေမရိ ကန္ျပည္ေထာင္စုက အဆင့္ ၈ ျဖစ္ၿပီး အာရွႏုိင္ငံေတြထဲမွာ ထိပ္ဆုံးျဖစ္တဲ့  စကၤာပူက အဆင့္ ၁၁၊ ဂ်ပန္က အဆင့္ ၂ဝ၊ တရုတ္က အဆင့္ ၉ဝ၊ ထုိင္းက ၉၃ နဲ႔ အိႏၵိယက အဆင့္ ၁၃ဝ ျဖစ္ပါတယ္။

ကုလသမဂၢဖြံ႔ၿဖိဳးေရး အစီအစဥ္က ႏွစ္စဥ္ထုတ္ျပန္တဲ့ အဲဒီစာရင္းကုိ ႏုိင္ငံအသီးသီးရဲ႕ လူ႔သက္တမ္း၊ ပညာေရးနဲ႔ လူေနမွဳအဆင့္အတန္းေတြ အေပၚမူတည္ၿပီး တြက္ခ်က္တယ္လုိ႔ သိရပါတယ္။  အခုထုတ္ျပန္တဲ့စာရင္းအရ လူမႈဘဝအျမင့္မားဆုံး ေနာ္ေဝႏုိင္ငံသားေတြရဲ႕ ပ်မ္းမွ်လူ႔သက္တမ္းက ၈၂ ႏွစ္နဲ႔ ပ်မ္းမွ်တႏွစ္ဝင္ေငြက ေဒၚလာ ၆ ေသာင္းခြဲျဖစ္ပါတယ္။  ေနာ္ေဝႏုိင္ငံသားလူငယ္ေတြ ပ်မ္းမွ်ပညာသင္ၾကတဲ့ကာလက ၁၈ ႏွစ္ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံသားေတြရဲ႕ သက္တမ္းက ၆၆ ႏွစ္၊ တႏွစ္ဝင္ေငြက ေဒၚလာ ၄၆ဝဝ နဲ႔ လူငယ္ေတြ ပ်မ္းမွ် ပညာသင္ၾကားၾကတာက ၉ ႏွစ္ပဲရွိပါတယ္။ ျမန္မာ့အိမ္နီးခ်င္း ထုိင္းႏုိင္ငံသားေတြရဲ႕ ပ်မ္းမွ်လူ႔သက္တမ္းက ၇၅ႏွစ္၊ တႏွစ္ဝင္ေငြက ေဒၚလာ တစ္ေသာင္းသုံးေထာင္ေက်ာ္နဲ႔ လူငယ္ေတြ ပညာသင္ၾကားတဲ့ႏွစ္က ၁၄ ႏွစ္ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...............
 ရန်ကုန်မြို့ကို ဒလဘက်ကမ်းကနေ တွေ့ရစဉ်
Photo: RFA
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ဝေလိုက်တဲ့ ၂ဝ၁၅ ခုနှစ် လူသားဖွံ့ဖြိုးမှုညွန်းကိန်းမှာ  မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံစာရင်း ထည့်သွင်းထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ မြန်မာပြည်က အနိမ့်ဆုံးလည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံပါဝင်တဲ့ အဲဒီစာရင်းကို ၁။ ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများ၊  ၂။ ဖွံ့ဖြိုးမှုမြင့်မားနိုင်ငံများ၊ ၃။  ဖွံ့ဖြိုးမှုအလယ်အလတ် နိုင်ငံများနဲ့ ၄။  ဖွံ့ဖြိုးမှုနည်း ပါးနိုင်ငံများဆိုပြီး အုပ်စု ၄ ခုခွဲထားပါတယ်။

UNDP က ဒီဇင်ဘာလ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီစာရင်းအရ ကမ္ဘာပေါ်မှာ ဖွံဖြိုးမှုအမြင့်ဆုံးနိုင်ငံ အဖြစ် နော်ဝေနိုင်ငံကိုသတ်မှတ်ထားပြီး သြစတြေးလျက ဒုတိယနဲ့ ဆွစ်ဇာလန်က တတိယဖြစ်ပါတယ်။ အမေရိ ကန်ပြည်ထောင်စုက အဆင့် ၈ ဖြစ်ပြီး အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးဖြစ်တဲ့  စင်္ကာပူက အဆင့် ၁၁၊ ဂျပန်က အဆင့် ၂ဝ၊ တရုတ်က အဆင့် ၉ဝ၊ ထိုင်းက ၉၃ နဲ့ အိန္ဒိယက အဆင့် ၁၃ဝ ဖြစ်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်က နှစ်စဉ်ထုတ်ပြန်တဲ့ အဲဒီစာရင်းကို နိုင်ငံအသီးသီးရဲ့ လူ့သက်တမ်း၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းတွေ အပေါ်မူတည်ပြီး တွက်ချက်တယ်လို့ သိရပါတယ်။  အခုထုတ်ပြန်တဲ့စာရင်းအရ လူမှုဘဝအမြင့်မားဆုံး နော်ဝေနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၈၂ နှစ်နဲ့ ပျမ်းမျှတနှစ်ဝင်ငွေက ဒေါ်လာ ၆ သောင်းခွဲဖြစ်ပါတယ်။  နော်ဝေနိုင်ငံသားလူငယ်တွေ ပျမ်းမျှပညာသင်ကြတဲ့ကာလက ၁၈ နှစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းက ၆၆ နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၄၆ဝဝ နဲ့ လူငယ်တွေ ပျမ်းမျှ ပညာသင်ကြားကြတာက ၉ နှစ်ပဲရှိပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ရ၅နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်နဲ့ လူငယ်တွေ ပညာသင်ကြားတဲ့နှစ်က ၁၄ နှစ် ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment